← Chapters

အခန်း (၂၃၀+၂၃၁)

Vol. 10 Ch. 230+231

အခန်း (၂၃၀+၂၃၁)

Vol. 10 Ch. 230+231

အခန်း(၂၃၀) စူစူလေးကို မကောင်းမြင်သော

ခုနက မြေပေါ်လဲကျသွားသည့် အဖြစ်အပျက်ကြောင့် ဆရာကြီးရှုယီ ဆေးကုပေးတာကို သေသေချာချာ ခံယူပြီး ခြေထောက်တွေ ပြန်ကောင်းအောင် လုပ်ဖို့ လုကျန်းယွီ ဆုံးဖြတ်ချက် ပိုခိုင်မာသွားခဲ့ပါသည်။

သူအမြန်ဆုံး လူကောင်းတစ်ယောက် ဖြစ်ချင်နေပါပြီ။

အရေးကြီးသည့် အခြေအနေတွေမှာ ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်း ရပ်ကြည့်နေရတာမျိုး မဖြစ်ချင်တော့ပါ။

ချင်းလောင်ယွင်လည်း စူစူလေးလိုပဲ ရေချိုပုစွန်များဖြင့် ပြုလုပ်ထားသည့် အသားလုံးလေးများကို စားနေပြီး သူမ မျက်နှာပေါ်က တင်းမာမှုများ၊ အနေခက်မှုများ ပျောက်ကွယ်သွားကာ စိတ်သက်သာရာရသော အပြုံးတစ်ခု အစားထိုး ဝင်ရောက်လာပါသည်။

အပန်းဖြေခရီး ထွက်ရတာ ဒီလောက်တောင် ပျော်ဖို့ကောင်းတာလား…။

ချင်းစူစူကတောင် စိတ်ရှုပ်စရာ သိပ်မကောင်းတော့ပါ။

ဗိုက်ပြည့်အောင် စားပြီးနောက် ကျန်ရှိနေသည့် ငါးများ၊ ရေချိုပုစွန်များကို ထုပ်ပိုးပြီး အားလုံး အိမ်ပြန်ကြလေသည်။

အားလုံး ကိုယ့်လမ်းကိုယ် သွားရတော့မည့်အခါ စူစူလေးက ငါးပုစွန်ရေပုံးကြီး တစ်ခုလုံးကို ချင်းလောင်ယွင်အား ပေးလိုက်သည်။

ချင်းလောင်ယွင်က စူစူလေးကို ကြောင်စီစီဖြင့် ရပ်ကြည့်နေပါသည်။

“ဘာလုပ်နေတာလဲ ယူလေ!”။ စူစူလေးက တိုက်တွန်းလိုက်သည်။

သူက ဘာလို့ အမြဲတမ်း နှေးကွေးနေရတာလဲ?! အင်းလေ ဘယ်တတ်နိုင်မလဲ။ သူ့တူမလေးပဲ ဥစ္စာ။ မငိုရင်ပြီးတာပဲ။ အဲ့တာဆို နည်းနည်း သည်းခံပေးလို့ရပါတယ်။

“ငါ့ကို တကယ် ပေးနေတာလား”။ ချင်းလောင်ယွင်က မယုံနိုင်စွာ မေးလိုက်သည်။

ဒီနေ့ အဖြစ်အပျက်များကြောင့် စူစူလေးကို သူမ ဘယ်လို မြင်ရမလဲတောင် မသိတော့ပါ။

“တကယ်ပေါ့! နင့်ဟာပဲဥစ္စာ”။ ချင်းလောင်ယွင်၏ မေးခွန်းက အနည်းငယ်ထူးဆန်းနေသည်ဟု ‌တွေးကာ စူစူလေး ပြန်ပြောလိုက်ပါသည်။ သူဖမ်းမိထားတာတွေပဲဥစ္စာ သူပိုင်တာပေါ့။

ချင်းလောင်ယွင် ကြောင်စီစီဖြင့် မတ်တပ်ရပ်နေဆဲဖြစ်ပြီး စူစူလေး၏ စကားလုံးများကို နားလည်နိုင်အောင် ကြိုးစားနေရသည်။

စူစူလေးက စိတ်မရှည်တော့ဘဲ ချင်းလောင်ယွင်၏ လက်ထဲ ရေပုံးကို အမြန်ထည့်ပေးလိုက်သည်။

ငါးတွေပုစွန်တွေနဲ့ ပြည့်နှက်နေသည့် ရေပုံးက အလွန်လေးလံလွန်းသဖြင့် ချင်းလောင်ယွင် မနည်း ကိုင်ထားရသည်။

“ဟုတ်ပြီ။ အခု အိမ်ပြန်တော့။ ကောင်းကောင်းစားနော်”။ စူစူလေးက မှာလိုက်ပြီး ချင်းယုချဲနဲ့ ချင်းယုကျီးတို့နောက်ကို လိုက်ကာ ချင်းအိမ်တော်ထဲ ပြန်ဝင်သွားပါသည်။

ချင်းလောင်ယွင် လက်ထဲက ရေပုံးကို ကြည့်ပြီး အလွန်ကျေနပ်သွားသည်။

နောက်လှည့်ကြည့်လိုက်ရာ လမ်းစွန်တွင် သူမ အဘိုးကို မြင်လိုက်ရပါသည်။ ချင်းကျင်းဖန် စောင့်နေတာ ကြာပြီဖြစ်သည်။

အနားကပ်မလာသည့်အကြောင်းအရင်းက စူစူလေး သူ့ကို သေချာ သတိပေးထားတာကြောင့် ဖြစ်သည်။ ထို့အပြင် ချင်းမိသားစု အိမ်စေတွေကလည်း စူစူလေး၏ အမိန့်ကို နာခံကြသည်။ စူစူလေး မရှိရင်တောင် ချင်းကျင်းဖန်ကို အိမ်နား ကပ်ခွင့်မပေးကြပါ။

ချင်းကျင်းဖန်ကို မြင်သောအခါ ချင်းလောင်ယွင် ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။

ချင်းလောင်ယွင်ကို သွားကြိုပြီးနောက် ချင်းကျင်းဖန်က မေးမြန်းလိုက်ပါသည်။

“ဘယ်လိုလဲ။ ဒီနေ့အခြေအနေ ဘယ်လိုရှိလဲ”

“ကောင်းပါတယ်။ ဒီနေ့အများကြီး ပျော်ခဲ့ရတယ်!”။ ချင်းလောင်ယွင်က မြူးထူးစွာ ပြောလိုက်သည်။

“ဘိုးဘိုး လုပ်ခိုင်းထားတာကော လုပ်ခဲ့သေးလား။ ဟွော်ထျင်းနဲ့ စကားပြောခဲ့လား”

“သ… သမီးဟွော်ထျင်းနဲ့ စကားမပြောခဲ့ဘူး”။ ချင်းလောင်ယွင် ပြန်ပြောလိုက်သည်။

“ဟွော်ထျင်းနဲ့ စကားမပြောခဲ့ဘူး?။ အဲ့တာဆို နင်ဘာလုပ်နေတာလဲ”။

“ငါးမျှားနေတာ…”။ ချင်းလောင်ယွင်က ငါးတွေ၊ ရေချိုပုစွန်တွေ အပြည့်နဲ့ ရေပုံးကို ချင်းကျင်းဖန်အား ပြလိုက်ပါသည်။ “ဘိုးဘိုး ဒီမှာကြည့်။ သမီးဖမ်းထားတဲ့ ငါးတွေပုစွန်တွေလေ!”

“ဖြန်း--”

ချင်းကျင်းဖန်က ရေပုံးကို ချင်းလောင်ယွင်၏ လက်ထဲမှ ရိုက်ချလိုက်သည်။

ရေပုံး မြေကြီးပေါ်ပြုတ်ကျသွားပြီး ငါးတွေ၊ ရေချိုပုစွန်တွေ အကုန် မှောက်ကျကုန်ပါသည်။

ငါးတွေ မြေကြီးပေါ်မှာ ယက်ကန်ယက်ကန်ဖြစ်ကာ အသက်လုနေကြရသည်။ ရေချိုပုစွန်တွေလည်း နေရာပေါင်းစုံသို့ ထွက်ပြေးကုန်ကြပါသည်။

ချင်းလောင်ယွင် ကြက်သေသေသွားပြီး ချင်းကျင်းဖန်ကို စိုက်ကြည့်နေမိသည်။

“နင့်ကို ငါဘာလုပ်ဖို့ လွှတ်လိုက်တာလဲ?! ဒါတွေ ဖမ်းပြီး နင်က ဘာလုပ်မလို့လဲ။ ဒါတွေ ဘယ်လောက် တန်ဖိုး ရှိလို့လဲ”။ ချင်းကျင်းဖန် ဒေါသတကြီး ပြောလိုက်ပါသည်။

“ဒါပေမယ့်… စူစူလေးနဲ့ တခြားသူတွေလည်း… ငါးမျှားနေကြတာ…”

ချင်းလောင်ယွင် မျက်ရည်များ ဝဲလာပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“အဲ့တာ သူ့အလုပ်လေ! နင်က သူနဲ့ တူလို့လား?! သူ့မိဘတွေက ချမ်းသာတယ် နင့်မိဘတွေက ဘယ်မှာလဲ။ ငါတို့ မိသားစု ဘယ်လိုအခြေအနေရောက်နေလဲ မေ့သွားပြီလား?! နင့်မိဘတွေ အသတ်ခံရတော့မှာ!”

ချင်းကျင်းဖန် ဒေါသတွေကို ချင်းလောင်ယွင်အပေါ် ပုံချလိုက်တော့သည်။

… … …

အခန်း(၂၃၁) အရင်တုန်းက ဘာတွေလုပ်ခဲ့လဲ မေ့သွားပြီလား

“ဒါပေမယ့်… ငါးမျှားရတာ ပျော်ဖို့ကောင်းတယ်လေ… အားလုံးလည်း ငါးမျှားနေတော့ သမီး…”

“ဆင်ခြေတွေ လာပေးနေပြန်ပြီ! နင်လူကြီးကို ပြန်ပြောတတ်နေပြီပေါ့ဟုတ်လား”။

ချင်းလောင်ယွင် အကြောက်လွန်ပြီး မျက်ရည်တွေ မထိန်းနိုင်တော့ပါ။

“ဘာလို့ ငိုနေပြန်တာလဲ။ မငိုနဲ့! နင်ငိုလို့ ငါတို့အိမ် ကျက်သရေတုံးနေတာ!”။ မြေးမ ဖြစ်သူ ငိုနေတာကိုကြည့်ပြီး ချင်းကျင်းဖန် ဒေါသပိုထွက်လာသည်။

မျက်ရည်တွေ ကျနေဆဲဖြစ်ပြီး ချင်းလောင်ယွင်တစ်ယောက် ချင်းကျင်းဖန်၏ အင်္ကျီစကို ဆွဲကာ တောင်းပန်လိုက်ပါသည်။ “သ… သမီး မရည်ရွယ်ပါဘူး… ဘိုးဘိုး စိတ်မဆိုးပါနဲ့”။

သူမ အလွန်ကြောက်ရွံ့နေပါသည်။ သူမ အဘိုးဒေါသထွက်တိုင်း သူမကို လျစ်လျူရှုသွားမည်စိုးကာ အလွန် ကြောက်ရွံ့တတ်သည်။

သူမ အဖေနဲ့ အမေတို့ကို မတွေ့ရသသည့်အပြင် အဘိုးကပါ ပစ်သွားပါက သူမမှာ ဘယ်သူမှ ရှိမှာ မဟုတ်တော့ပေ။

“ငါ့ကို စိတ်မဆိုးစေချင်ဘူးဟုတ်လား။ အဲ့တာဆို အသုံးကျတာ တစ်ခုခု လုပ်လေ! ဟွော်ထျင်းနဲ့ ကစားပါလို့ မှာထားရဲ့သားနဲ့ ချင်းစူစူနဲ့ အဲ့ဒီ အဓိပ္ပာယ်မရှိတာတွေ လုပ်နေလို့ ဘာအသုံးဝင်လဲ။ လုပ်စရာရှားလို့ ငါးမျှားနေရတယ်လို့!။ နင့်ကို ငါးမျှားဖို့ ငါလွှတ်လိုက်တာလား”

“ဘိုးဘိုး စိတ်မဆိုးပါနဲ့…”။ ချင်းလောင်ယွင် မျက်ရည်တွေနဲ့ တောင်းပန်လိုက်သည်။

ချင်းလောင်ယွင်ကို ချင်းကျင်းဖန် အတန်ကြာအောင်စိုက်ကြည့်ရင်း သေချာစဉ်းစားကာ လေသံပြောင်းပြီး ပြောလိုက်သည်။

“ယွင်ယွင် သမီးကို ဘိုးဘိုး ရက်စက်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘိုးဘိုးတို့ မိသားစု အခြေအနေက အခု တော်တော် ဆိုးရွားနေတာလေ။ အဲ့ဒီလူဆိုးတွေက ဘိုးဘိုးတို့ကို အိမ်ပေါ်က မောင်းချတယ်။ အိမ်ကိုလာပြီး ပစ္စည်းတွေ ဖျက်ဆီး၊ လုယူသွားကြတယ္။ သမီးဖေဖေနဲ့ မေမေတို့ကို ခြေတွေလက်တွေ ဖြတ်ပြစ်မယ်လို့တောင် ခြိမ်းခြောက်သွားတယ်။ သမီး မကြောက်ဘူးလား”

“ဖေကြီးနဲ့ မေကြီးလက်ကို မဖြတ်ပါနဲ့!”

“အင်းလေ သူတို့ကို ပိုက်ဆံပေးမှ သမီးဖေဖေနဲ့ မေမေတို့ လက်ကို မဖြတ်မှာပေါ့။ ဟွော်ထျင်းနဲ့ သူငယ်ချင်းတွေ ဖြစ်သွားရင် ပိုက်ဆံကိစ္စ စိတ်ပူစရာ မလိုတော့ဘူး။ နားလည်လား”။

ချင်းလောင်ယွင် တချို့တဝက်ကို နားလည်ကာ ခေါင်းငြိမ့်လိုက်သည်။

အိမ်မှာ ဘာလို့ ဒီလိုတွေဖြစ်နေသလဲ ဆိုတာကို သူမ နားမလည်ပါ။ လူဆိုးတွေက ဘာကြောင့် သူမတို့ အိမ်ကို အမြဲ လာနေရတာလဲ။ ရဲဦးလေးကြီးတွေကကော ဘာကြောင့် သူမတို့ကို ကာကွယ်မပေးတာလဲ။

သူမ သိတာဆိုလို့ ဘိုးဘိုး စိတ်မဆိုးအောင် သူ့စကားနားထောင်ရမည် ဆိုတာပင်။

ချင်းကျင်းဖန် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပြီ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်မဖြစ်စေနဲ့နော်။ ဟွော်ထျင်းက ဟွာချန့်မြို့မှာ ကြာကြာနေရမှာ မဟုတ်ဘူး။ သူဘယ်တော့ ပြန်ရမလဲ ဆိုတာလည်း မသိဘူး။ အဲ့တာကြောင့် အခွင့်အရေးကို ရတုန်း ယူထားရမယ်”

ချင်းလောင်ယွင်း ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်ပါသည်။

ချင်းကျင်းဖန် ကျေနပ်သွားပြီး အားပေးနှစ်သိမ့်သည့် သဘောဖြင့် ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပါသည်။

ထို့နောက် သူမ လက်ကို ဆွဲကာ အိမ်ပြန်ဖို့ ပြင်လိုက်သည်။

“ရေပုံး…”။ ချင်းလောင်ယွင်က မသွားသေးဘဲ ငါးတချို့နဲ့ ပုစွန်တချို့ ကျန်နေသေးသည့် ရေပုံးလေးကို တွန့်ဆုတ်စွာ ကြည့်နေသည်။

ဒါ ချင်းစူစူ ပေးထားတာ…။

“အဲ့တာတွေ ဘာလုပ်ဖို့လဲ။ အဲ့ဒီငါးတွေ ပုစွန်တွေ စားလို့ရမှာလည်း မဟုတ်ဘဲနဲ့!”

“ချင်းစူစူပေးထာားတာ”

“ဟား!”။ ချင်းကျင်းဖန်က ရယ်မောလိုက်သည်။ “သူ့ကျတော့ အရသာရှိတာတွေ စားပြီး နင့်ကို အရူးလုပ်ဖို့ ဒီလို အမှိုက်သရိုက်တွေ ပေးလိုက်တာ! သူလှည့်စားတာကို မခံနဲ့နော်! သူသာ နင့်ကို တကယ်ဂရုစိုက်ရင် ဒီလို တန်ဖိုးမရှိတာတွေ မပေးဘူး! ငါတို့ကို အရင်က ဘယ်လိုဆက်ဆံခဲ့သလဲ မေ့သွားပြီလား”

ဟုတ်လား။

ချင်းစူစူက သူမအပေါ် တကယ် သဘောကောင်းတာ မဟုတ်ဘူးလား။

ချင်းစူစူက သူမနဲ့ သူမအဘိုးကို အနိုင်ကျင့်ခဲ့တဲ့ လူဆိုးဖြစ်နေတုန်းပဲလား။

--- --- ---

ဆေးရုံမှာ ရက်ပေါင်းများစွာ အနားယူပြီနောက် အဘိုးကော ပြန်လည် ကျန်းမာသွားပြီဖြစ်သည်။ စိတ်လည်း တက်ကြွနေပါသည်။

ကားအက်ဆီးဒင့်က ပြင်းထန်သော်လည်း ကားသာ ပျက်စီးသွားပြီး သူကတော့ ဒဏ်ရာအသေးအဖွဲများသာ ရခဲ့ပါသည်။

ထို့ကြောင့် စူစူလေးက သူ့ရဲ့ ကံကောင်းစေသော ကြယ်ပွင့်လေးဖြစ်သည်ဟု အဘိုးကော ပိုမိုယုံကြည်သွားလေသည်။

ထို့ကြောင့် ဒီနေ့ ဆေးရုံဆင်းသောအခါ ချိုင်ကျမ့်ယဲ့ကို ခေါ်လိုက်ပြီး အဖိုးတန် လက်ဆောင်တွေ အများကြီး ဝယ်ကာ ချင်းမိသားစုအိမ်သို့ ကျေးဇူးတင်ဖို့ သွားခဲ့ကြလေသည်။

အဘိုးကောလို အဆင့်အတန်းမျိုးနဲ့ လူ လာလည်သဖြင့် ချင်းမိသားစုက တလေးတစား ဧည့်ခံရမှာ ဖြစ်ပါသည်။

သို့သော်လည်း အဘိုးချင်း၊ အဘွားချင်းနဲ့ စူစူလေးတို့ အိမ်မှာ မရှိကြသဖြင့် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ကသာ အဘိုးကောကို ဧည့်ခံခဲ့ရပါသည်။

All Chapters