← Chapters

ဖြစ်လာနိုင်သော အန္တရာယ်များကို အပြီးတိုင် ဖြေရှင်းမယ်

Vol. 11 Ch. 254

ဖြစ်လာနိုင်သော အန္တရာယ်များကို အပြီးတိုင် ဖြေရှင်းမယ်

Vol. 11 Ch. 254

ဟိုင်ကန်းက မျက်နှာတွင် အပြုံးဖြင့် "မီးတုတ်နှစ်ချောင်းလောက် ထွန်းလိုက်ရင် လမ်းမြင်ရပါတယ်။ လာတုန်းက ကျွန်တော်ကြည့်ခဲ့တယ်၊ မြို့ပေါ်ပြန်တဲ့လမ်းက ကောင်းပါတယ်။

ဒီတစ်ခေါက်လာတာ အိမ်ကိုလည်း မပြောခဲ့မိဘူး။ မွေးစားအမေရဲ့ ချွေးမလေးတောင် မသိသေးဘူး။"

ဟိုင်ကန်းက ကိုယ်ကို အနည်းငယ်ကိုင်းပြီး လျိုရှီနားသို့ ကပ်ကာ "နောက်တစ်ခေါက်ပေါ့။ မွေးစားအမေ၊ သားက မွေးစားအမေရဲ့ ချွေးမလေးကို ခေါ်ပြီး လာတွေ့ပါ့မယ်။"

လျိုရှီ၏မျက်နှာပေါ်တွင် ချက်ချင်း အပြုံးများ ပေါ်လာသည်။

"ကောင်းပြီ၊ ကောင်းပြီ။" ဟု အလျင်အမြန် ဆို၏။

လင်းရှောင်ယွဲ့နှင့် လီရှောင်တို့၏ မျက်နှာများတွင်လည်း အပြုံးများ ရှိနေသည်။

ဟိုင်ကန်းနှင့် စကားပြောရင်း သူ့ကို တံခါးဝအထိ လိုက်ပို့ကြသည်။

ဟိုင်ကန်း၏ လက်အောက်ငယ်သားများက မြင်းလှည်းကို ထုတ်ပြီးနောက် ဟိုင်ကန်းနှင့် လူများ မြင်းလှည်းပေါ်တက်ကာ ထွက်ခွာသွားကြသည်။

လျိုမိသားစုသည် ဟိုင်ကန်းကို နှုတ်ဆက်ပြီးနောက် ခြံတံခါးဝတွင် ခဏရပ်နေပြီးမှ ခြံထဲသို့ ပြန်ဝင်လာကြသည်။

"ကျွန်မနဲ့ အမေက ပန်းကန်တွေ သွားဆေးမယ်၊ ရှင်တို့တွေ ရေအရင်ချိုးဖို့ တန်းစီလိုက်ကြ။" ဟု လင်းရှောင်ယွဲ့က အိမ်ရှိ ယောကျာ်းသားများကို ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် အရင်ချိုးမယ် အစ်မ။" ဟု လင်းရှောင်ကျစ်က အရင်ဆုံး ပြန်ဖြေသည်။

ထို့နောက် ချင်အာကိုဆွဲကာ ပြေးထွက်သွားသည်။

လီရှောင်သည် ပြုံးလိုက်ပြီး လျိုရှီနှင့် လင်းရှောင်ယွဲ့ကို နှုတ်ဆက်ကာ အိမ်နောက်ဘက်သို့ ထွက်သွားသည်။

လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး ဧည့်ခန်းထဲမှ ပန်းကန်များကို သွားသိမ်းကြသည်။

မီးဖိုချောင်ထဲတွင် လျိုရှီသည် ရေနွေးအိုးထဲသို့ ရေနွေးထပ်ထည့်ရင်း သမီးဖြစ်သူနှင့် စကားပြောနေသည်။

"ယွဲ့အာ၊ ခုနက သမီး လင်းမိသားစုကို ပြောလိုက်တဲ့ ကိစ္စတွေက... တကယ်အမှန်တွေလား။" ဟု လျိုရှီက စပ်စုချင်စိတ်ဖြင့် သမီးကို မေးသည်။

"တကယ်အမှန်တွေပေါ့ အမေရဲ့။" ဟု လင်းရှောင်ယွဲ့က ပြန်ဖြေသည်။

အရင်တုန်းက သမီးဦးနှောက်မကောင်းတော့ အပြင်သိပ်မထွက်ဘူး။ လင်းမိသားစုကလည်း သမီးကိုရှောင်ပြီး ဘာမှမလုပ်ကြတော့ သူတို့ရဲ့ မကောင်းတဲ့ကိစ္စတွေ အများကြီး မြင်ခဲ့ရတယ်။"

လျိုရှီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။

"သူက နည်းနည်း အလိုလိုက်ခံထားရတယ်လို့ပဲ ထင်ခဲ့တာ၊ စိတ်ဓာတ်က ဒီလောက်တောင် ယုတ်မာလိမ့်မယ်လို့ မထင်ခဲ့ဘူး။" ဟု ရေရွတ်လိုက်သည်။

သူမပြောသော 'သူ' ဆိုသည်မှာ လင်းလန်ဟွာကို ဆိုလိုခြင်းဖြစ်သည်။

ကျန့်ရှီကို ခိုးမှုဖြင့် စွပ်စွဲပြီး အိမ်ထောင်ကွာစေလုနီးပါး ဖြစ်ခဲ့သည်။ ကျန့်ရှီသည် အကြီးဆုံးဦးလေးလင်းနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး လင်းမိသားစု၏ ကတ်သတ်မှုကြောင့် သူမသည် မိဘအိမ်နှင့်ပင် အဆက်အသွယ်ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။

ကျန့်ရှီသာ တကယ်ကွာရှင်းခံခဲ့ရလျှင် မိဘအိမ်ပြန်သွားသည့်တိုင် ကောင်းမွန်သော ဘဝကို ရရှိမည်မဟုတ်ပေ။

ထို့အပြင် တန့်ရှီ၏ အခြေအနေမှာ ပိုဆိုးသည်။ လင်းလန်ဟွာက သူမကို ခြိမ်းခြောက်ပြီး ဒုတိယအိမ်၏ စုငွေများကို တောင်းယူခဲ့သည်။ ဤကိစ္စသာ ပေါ်သွားလျှင် တန့်ရှီ၏အဖြစ်သည် ကျန့်ရှီထက်ပင် ဆိုးရွားနိုင်သည်။ ဒုတိယဦးလေးလင်းသာ ဤကိစ္စအမှန်ဖြစ်ကြောင်း သိသွားပြီး ငွေများပြန်မရခဲ့လျှင် တန့်ရှီ ကွာရှင်းခံရရုံသာမက အသတ်ခံရလျှင်ပင် တိန့်မိသားစုက ဘာမှဝင်ပြောရဲမည် မဟုတ်ပေ။

အရင်က သူမသည် လင်းမိသားစုမှ ချွေးမသုံးယောက်ထဲတွင် သူမသာ လင်းလန်ဟွာ၏ အနိုင်ကျင့်မှုကို အခံရဆုံးဟု ထင်ခဲ့သည်။ ယခုကြည့်ရသည်မှာ သူမသည် အဆိုးဆုံး မဟုတ်သေးပေ။

မဟုတ်ဘူး... ဒီလိုတွေးလို့မဖြစ်...

အရင်က အဘွားကြီးလင်းက သူမ၏ သမီးကို ရောင်းစားရန် ကြံစည်ခဲ့သည်မှာ လင်းလန်ဟွာ၏ အကြံဉာဏ်ဟု ကြားသိရသည်။

ထိုမိန်းကလေး၏ နှလုံးသားသည် မည်းနက်နေသည်။

လင်းရှောင်ယွဲ့၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး စိတ်ထဲတွင် အတွေးအချို့ ထပ်မံပေါ်ပေါက်လာသည်။

"အိမ်ပြန်ရောက်ရင် အကြီးဆုံးဦးလေးလင်းနဲ့ ဒုတိယဦးလေးလင်းက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး။ ပြီးတော့ အဘွားကြီးလင်းကလည်း လင်းလန်ဟွာအပေါ်မှာ တကယ် စေတနာမှန်နဲ့ မဟုတ်ဘူး။

ဝူအိမ်နဲ့ စေ့စပ်ပွဲ ပျက်သွားပြီဆိုတော့ လင်းလန်ဟွာရဲ့ လင်းအိမ်က နေ့ရက်တွေက သက်သာမှာမဟုတ်ဘူး။"

သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ သူမသည် နောက်ကွယ်မှ အနည်းငယ် ထပ်မံလှုပ်ရှားဦးမည်။ လင်းလန်ဟွာသည် အရင်ဘဝက အဘွားကြီးလင်းကို တိုက်တွန်းပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကို ရောင်းစားရန် ကြံစည်ခဲ့သည် မဟုတ်လား။

ယခု သူမလည်း ထိုနည်းအတိုင်း ကြိုးစားကြည့်လျှင် ကောင်းမလား။

ဟက်ဟက်၊ အတော်ပဲ၊ ကျန့်ရှီက အမှန်တရားကို သိသွားပြီဆိုတော့ အရင်က သူမကို စွပ်စွဲခဲ့သူအပေါ် မုန်းတီးနေလောက်ပြီ...

"သူ ဒီတစ်ခါ သင်ခန်းစာရပြီး ငါတို့အိမ်ကို ထပ်မနှောင့်ယှက်တော့ဘူးလို့ မျှော်လင့်ပါတယ်။" ဟု လျိုရှီက ဆိုသည်။

"အမေ၊ သူ မလုပ်တော့ပါဘူး။" လင်းရှောင်ယွဲ့က လျိုရှီကို ပြုံးပြလိုက်သည်။

လုံးဝ မနှောင့်ယှက်နိုင်တော့ပါ။ အကြောင်းမှာ သူမသည် ဤပြဿနာဇစ်မြစ်ကို အပြီးတိုင် ရှင်းလင်းရန် နည်းလမ်းရှာဖွေမည် ဖြစ်သောကြောင့်ပင်။

နောက်တစ်နေ့တွင် လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ အပြင်ထွက်၍ စုံစမ်းရန်မလိုဘဲ သတင်းသည် လျိုအိမ်သို့ အလိုအလျောက် ရောက်ရှိလာသည်။ အကြောင်းကတော့ ယခုရွာထဲတွင် လျိုအိမ်သို့ ကောက်ညှင်းအေးတုံးလာဝယ်သူ များပြားနေသောကြောင့် သတင်းအစုံကို လွယ်လွယ်ကူကူ ကြားသိနေရသောကြောင့် ဖြစ်သည်။

***

All Chapters