← Chapters

ယီယွင်၏ ဆုလာဘ်

Vol. 14 Ch. 200

ယီယွင်၏ ဆုလာဘ်

Vol. 14 Ch. 200

" ဟုတ်ကဲ့ "

ယီယွင် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူ၏ မြန်ဆန်နေသော နှလုံးခုန်နှုန်းနှင့် လေးတွဲနေသော အသက်ရှုနှုန်းတို့မှာ အစိမ်းရောင်ဝတ် အဖိုးအိုကြောင့် ဖြစ်လေသည်။ ယင်းက မထူးဆန်းလှပေ။ တိုင်အာနတ်မြို့တော် အကြီးအကဲတစ်ဦး၏ ရှေ့မှောက်တွင် လူငယ်တစ်ဦးက ဟန်မပျက်ထိန်းထားနိုင်သည်မှာ ရှားပါးလှလေ၏။

" အသက် ၁၃ နှစ် မပြည့်ခင်မှာ နတ်မျက်လုံးဆံ ဖွဲ့စည်းထားနိုင်တဲ့ မင်းက သိမြင်ခံစားနိုင်စွမ်း ပါရမီအရာမှာ ထူးကဲသာလွန်တာပဲ " အဖိုးအိုက ယီယွင်ကို ချီးကျူးလိုက်သည်။ ယီယွင်က ဆေးပင်ခူးရာတွင် ပါရမီရှိကြောင်းကို သူ ဝတ်ရုံနက်နှင့်လူထံမှ ကြားထားခဲ့သည်။ ယီယွင် ပထမဆုံးနေ့မှာပင် မှော်နဂါးကြေးပြားနှစ်ရာ တန်ကြေးရှိသည့် ဆေးပင်များ ခူးနိုင်ခဲ့သည်။ ယင်းသို့ သိမြင်ခံစားနိုင်စွမ်းက ပြောင်မြောက်လှသည်။

" အကြီးအကဲကျန်းကဲ့က ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် " ယီယွင်က တလေးတစား ဆိုလိုက်သည်။

အဖိုးအိုက ယီယွင်ကို အဓိပ္ပါယ်ပြည့်ဝစွာ ကြည့်လိုက်သည်။ ယီယွင်တွင် ထူးခြားသော ကံကောင်းမှုအချို့ ရှိနေလိမ့်မည်သူ သူ ခန့်မှန်းထားသည်။

တိုင်အာနတ်ပြည်ထောင်တွင် ပါရမီရှ​င်များ မရေမတွက်နိုင်အောင် ရှိလေသည်။ ထူးခြား​သော ကံကောင်းမှုအချို့ ရှိမနေပါက လူသားအရှင်သခင် သို့မဟုတ် ပညာရှိတစ်ဦး ဖြစ်လာရန်အတွက်မှာ အလွန်ခက်ခဲလေသည်။

ပညာရှိများက နှစ်ငါးရာလျှင် တစ်ခါပေါ်ထွန်းလေပြီး အားလုံးက ပါရမီရှင်များ ဖြစ်ကြသည်။ ကြီးမားသော ကံကောင်းမှုများ စုပေါင်းသွားချိန်တွင် သူတို့က မှင်တက်မိိဖွယ်ရာ အခွင့်အရေးများကို ကြုံကြရလေ၏။

ဟုတ်သည်။ လူငယ်ပါရမီရှင်များ၏ ထူးခြားသော ကြုံတွေ့မှုများက တိုင်အာနတ်မြို့တော်မှ အကြီးအကဲများအဆင့် လူများ၏ ရှေ့မှောက်တွင်မူ ဘာမျှမဟုတ်ပေ။

ခရမ်းသွေးနယ်ပယ် စစ်သည်များ ကြုံတွေ့ကြရသည့် အထူးအခွင့်အရေးများက ပညာရှိများအတွက်မူ အရေးမပါပေ။ နတ်မြို့တော်၏ အကြီးအကဲတစ်ဦးအနေဖြင့် စိတ်သဘောထား ကြီးမားကြလေ၏။ နတ်မြို့တော်မှ အကြီးအကဲတစ်ဦးက လူငယ်ဂျူနီယာ၏ အထူးအခွင့်အရေးကို လုယူသွားခဲ့ကြောင်း ကောလဟာလထွက်လာခဲ့ပါက တိုင်အာနတ်ပြည်ထောင်၏ ဂုဏ်သတင်းများ တစ်စစီဖြစ်ရပေလိမ့်မည်။

အဖိုးအိုက ယီယွင်၏ခန္ဓာကိုယ်ကို နတ်မျက်လုံးနှင့် စစ်ဆေးကြည့်ခဲ့သည်။ တစ်ခုခုထူးခြားနေလျှင် သူ သတိပြုမိပေမည်။ သို့သော် မည်သည့်အရာမျှ ရှိမနေပေ။ ယီယွင် နတ်ရတနာအချို့ စားမိခဲ့ကာ စိတ်ဝိညာဥ် ဆင့်ကဲပြောင်းလဲခြင်းအား ကြုံတွေ့ခဲ့ရသည်ဟု အဖိုးအိုက မှန်းဆထားသည်။

" ဒီတစ်ကြိမ်မှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း အပ်နှံလာခဲ့တဲ့ မင်းက အကျိုးထူးဆောင်လိုက်နိုင်တာပဲ။ ကံမကောင်းစွာနဲ့ပဲ ယန်ဂျင်ဆင်းရဲ့ ပင်မကိုယ်ထည် ထိခိုက်ပျက်စီးနေပြီး ဆေးအဆီအနှစ်တွေ အများကြီးဆုံးရှုံးထားခဲ့တယ်။ တန်ကြေးက ပြီးပြည့်စုံနေတဲ့ ယန်ဂျင်ဆင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီအဖိုးကြီးက တွန့်တိုနေမှာမဟုတ်သလို ပေါပေါပဲပဲဆုလာဘ်ကိုလည်း ပေးမှာမဟုတ်ဘူး "

အဖိုးအို၏စကားကြောင့် ယီယွင် စိတ်သက်သာရာရသွားရသည်။ အကြီးအကဲကျန်းကဲ့၏ ရှေ့မှောက်တွင် ယီယွင်မှာ ကြီးမားသောဖိအားကို ခံစားနေရပြီး တစ်ခုခုမှားယွင်းသွားမည်ကို ကြောက်နေခဲ့ရသည်။

" ငါ မင်းကို မှော်နဂါးကြေးပြားတစ်သောင်းနဲ့ ဂုဏ်အမှတ်သုံးမှတ် ဆုပေးမယ် " အကြီးအကဲကျန်းကဲ့က တံဆိပ်ပြားတစ်ခု ထုတ်ယူလိုက်သည်။ သူ၏စိတ်အား တံဆိပ်ပြားနှင့် ထိတွေ့ပေးလိုက်လေရာ ယီယွင်ဆီသို့ မှော်နဂါးကြေးပြားများစွာ ပြေးဝင်လာလေ၏။

မှော်နဂါးကြေးပြားတစ်သောင်း...။

ထိုမှော်နဂါးကြေးပြားပမာဏက နတ်အရိုင်းမြေခန်းမထဲတွင် တစ်ရက်လုံး နေနိုင်လေ၏။ သူ့အဖို့ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို စုပ်ယူနိုင်မည်သာမက နတ်မြို့တော်အား တည်ထောင်သူသခင်၏ ဥပဒေသအမှန်တရားများကို တစ်ရက်တာလုံး သုံးသပ်ဆင်ခြင်နိုင်ပေလိမ့်မည်။

ဂုဏ်အမှတ်သည် တိုင်အာနတ်မြို့တော်မှ ကျင့်ကြံသူများအတွက် အလွန်ပင် တန်ဖိုးကြီးမားလေသည်။

" ဂုဏ်အမှတ်ကို ဘာတွေနဲ့ လဲလှယ်လို့ရလဲဆိုတာ မေးကြည့်လို့ရလားမသိဘူး " ယီယွင်က မေးလိုက်သည်။

အကြီးအကဲကျန်းကဲ့ ပြုံးကာ ကျောက်စိမ်းစာလိပ်တစ်ခု ထုတ်ယူလိုက်ပြီး ယီယွင်ဆီသို့ ပစ်ပေးလိုက်သည်။

" ဒါက ထိပ်တန်းအဆင့် အဆင့် ၂ ဆုကြေးတွေပဲ။ ထိပ်တန်းအဆင့် ဆုကြေးတွေအားလုံးကို ဂုဏ်အမှတ် အသုံးပြုပြီး လဲလှယ်ပေးရတယ်။ မင်းအနေနဲ့ ကျောက်စိမ်းစာလိပ်ထဲမှာပါတဲ့ ပစ္စည်းအများစုကို ဂုဏ်အမှတ်နဲ့ လဲလှယ်လို့ရတယ်။

ယီယွင်က ကျောက်စိမ်းစာလိပ်ကို ဖမ်းယူကာ စိတ်အသိ ထိုးသွင်းလိုက်သည်။

ကျောက်စိမ်းစာလိပ်ထဲတွင် လက်နက်များ ၊ ဆေးဝါးများ ၊ အမတေများ အစရှိသဖြင့် ရတနာများရှိလေ၏။ ရတနာများကို စာနှင့်ရှင်းပြထားသည်သာမက ပုံပါ ပြပေးထားလေသည်။

" ပန်းဒေဝါဓား ၊ မှော်နဂါးကြေးပြားတစ်ထောင် ၊ ဂုဏ်အမှတ် တစ်မှတ် "

ယီယွင် ပန်းဒေဝါဓား၏ပုံကို ကြည့်လိုက်သည်။ ယင်းသည် စပါးကြီးအရေခွံ အုပ်ထားသည့် ဓားရှည်တစ်လက် ဖြစ်လေ၏။ ပုံအား ကြည့်ရုံနှင့်ပင် ထက်ရှမှုနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားမိလေသည်။

" ပန်းဒေဝါဓားကို ကောင်းကင်အပြင်ဘက်က သတ္တုနဲ့ ပြုလုပ်ထားတယ်။ ကောင်းကင်ဓားမိသားစု ခေါင်းဆောင်ရဲ့ လက်တွေကို ခုတ်ဖြတ်ထားတဲ့ ဒီဓားကို မန္တန်တွေ ရေးထွင်းထားတယ်။ ဓားကို ပြုလုပ်တဲ့အချိန်မှာ ရှေးဦးမျိုးစိတ်ရဲ့သွေးအဆီအနှစ်ကို ရောထည့်ပေးထားတယ် "

ယီယွင် စိတ်မဝင်စားပေ။ ရှေးဦးမျိုးစိတ်၏ သွေးအဆီအနှစ်နှင့် ပြုလုပ်ထားသည့် နတ်လက်နက်က ကောင်းမွန်သော်လည်း သူ့အတွက် ကိန်းကြီးခမ်းကြီးဖြစ်နေလေ၏။ ပန်းဒေဝါဓားနှင့် အဆင့်တူသည့် လေးနှင့်ဓားမောက်တို့ ရှိနေသည့်တိုင်အောင် ယီယွင်က ဆက်လက်၍သာ ရှာဖွေနေခဲ့သည်။

ယီယွင် ပထမဆုံးသိလိုသည့်အရာမှာ ကိုယ်ပိုင်စွမ်းအားကို တိုးမြင့်စေမည့်အရာဖြစ်ပြီး ပြင်ပအကူပစ္စည်းများကို အသုံးပြုမည်ဟု တွေးမထားပေ။

ယီယွင် ဆက်လက်၍ ဖတ်နေခဲ့သည်။ စာရင်းအား ပိုဖတ်လေလေ ပစ္စည်းများက ပိုမိုဈေးကြီးလာလေ​လေပင်။ အစပိုင်းတွင် ပစ္စည်းများက ဂုဏ်အမှတ်တစ်မှတ်နှင့် မှော်နဂါးကြေးပြားတစ်ထောင်သာ တန်ကြေးရှိခဲ့သည်။

အဆုံးသတ်ပိုင်းနားတွင် ပစ္စည်းအများစုက မှော်နဂါးကြေးပြားသောင်းချီအထိ လိုအပ်လာလေပြီး အချို့ပစ္စည်းများဆိုလျှင် မှော်နဂါးကြေးပြား သိန်းချီအထိ လိုအပ်လေသည်။

" နဂါးခြင်ဆီအမတေ ၊ မှော်နဂါးကြေးပြား ၁၀၀၀ ၊ ဂုဏ်အမှတ် နှစ်မှတ် "

" ဘုရင်အဆင့် ပျက်စီးခြင်းသားရဲတစ်ကောင်ဖြစ်တဲ့ နဂါးတစ်ကောင်ရဲ့ ခြင်ဆီအမတေ ဖြစ်တယ်။ ဒီအရာက လူတစ်ဦးရဲ့ ခြင်ဆီကို ဆေးကြောသန့်စင်ပေးနိုင်ပြီး အတားအဆီးကို ချိုးဖျက်စေနိုင်တယ် "

ကျောက်စိမ်းစာလိပ်ထဲတွင် လဲလှယ်၍ရသည့် အမတေများနှင့် ဆေးဝါးများ များစွာပင်ရှိသည်။ ယီယွင်က ၎င်းတို့ကို စိတ်မဝင်စားပေ။ သူ့တွင် ခရမ်းရောင်သလင်းကျောက် ရှိနေလေသောကြောင့် ကျင့်ကြံရေးအတွက် စွမ်းအင်ချို့တဲ့ခြင်း မရှိပေ။

ယီယွင် ဆက်လက်၍ ဖတ်ရှုနေခဲ့၏။ နောက်ဆုံးတွင် သူ့အား စိတ်လှုပ်ရှားစေသည့် ပစ္စည်းတစ်ခုကို ရှာတွေ့သွားလေသည်။

" တိုင်အာနတ်ကျင့်စဥ်ရဲ့ ပထမအပိုင်းသုံးပိုင်း ၊ မှော်နဂါးကြေးပြား ၁၀၀၀၀ ၊ ဂုဏ်အမှတ် နှစ်မှတ် "

ယီယွင် မျက်ဝန်းများ တောက်ပသွားသည်။ တိုင်အာနတ်ပြည်ထောင် တည်ထောင်သူဧကရာဇ်က ထိုကျင့်စဥ်ကို ချန်ထားရစ်ခဲ့သည်။ တိုင်အာနတ်ပြည်ထောင်၏ သိုင်းပညာရပ်များထဲတွင် ထိုကျင့်စဥ်က သရဖူဆောင်းအောင်မြင်ထားပြီး တိုင်အာနတ်ပြည်ထောင် တော်ဝင်မိသားစု၏ အမွေအနှစ်လည်း ဖြစ်လေသည်။

နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကဲ့သို့ ကျင့်စဥ်တစ်ခုက အဆင့်နိမ့်သော်လည်း အလွန်အသုံးဝင်လေသောကြောင့် တိုင်အာနတ်ပြည်ထောင်အတွက် လူထုကြားတွင် ထိုကျင့်စဥ်ကို ဖြန့်ဝေပေးရန် ပြဿနာမရှိပေ။

တိုင်အာနတ်ကျင့်စဥ်ကမူ တိုင်အာနတ်ပြည်ထောင်၏ အုတ်မြစ်ဖြစ်ပြီး တော်ဝင်မိသားစုက တင်းတင်းကျပ်ကျပ်ပင် ထိန်းချုပ်ထားလေသည်။

" တိုင်အာနတ်ကျင့်စဥ် ၊ ထင်ထားသလိုပဲ လဲလှယ်လို့ရတာပဲ " ယီယွင်၏ မျက်ဝန်းများ တောက်ပနေသည်။

ကျင့်စဥ်နည်းစနစ်က ယီယွင်အတွက် အလွန်အရေးပါသည်။ တိုင်အာနတ်မြို့သို့ ရောက်လာချိန်တွင် ယီယွင်အတွက် အမတေနှင့်ဆေးဝါးများ ချို့တဲ့ခြင်းမရှိသော်လည်း ကျင့်စဥ်နည်းစနစ်ကမူ မရှိပေ။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို အပ်နှံခဲ့သည့် သူ၏အဓိကရည်ရွယ်ရင်းမှာ အဆင့်မြင့် ကျင့်စဥ်နည်းစနစ်တစ်ခု ရရှိနိုင်ရေး ဖြစ်လေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းထဲမှ စွမ်းအင်များက အမှတ်တကယ်ပင် တန်ဖိုးကြီးသော်လည်း ယီယွင်အတွက်မူ များစွာစုပ်ယူလိုက်ပါက ဆေးအာနိသင်များ နည်းသွားပေလိမ့်မည်။ သူ့တွင် စွမ်းအင်များကို ထိန်းချုပ်ချေဖျက်နိုင်သည့် ကျင့်စဥ်နည်းစနစ် ရှိမနေပေ။

အခြေခံဖြစ်သည့် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းက အနာဂတ်တွင် ယီယွင်၏ ကျင့်ကြံမှုအတွက် ထောက်ပံ့မပေးနိုင်ပေ။

ကျောင်းမြေတွင် ယီယွင် ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက်ခဲ့စဥ်က ကျင့်စဥ်နည်းစနစ် မလုံလောက်မှုကြောင့် စွမ်းအင်များ ထကြွလာသည်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဟု ယီယွင် ခံစားရသည်။

ခန္ဓာကိုယ်အားလေ့ကျင့်သည် အဆင့်မြင့် ကျင့်စဥ်နည်းစနစ် သို့မဟုတ် ယွမ်ချီထိန်းချုပ်သည့် ကျင့်စဥ်နည်းစနစ်တစ်ခု ရှိနေခဲ့ပါက ယီယွင်၏စွမ်းအားများ နောက်တစ်ဆင့်သို့ ရောက်သွားပေလိမ့်မည်။

............

ယီယွင်က အခြားရတနာများကို ဆက်လက်ရှာဖွေခဲ့သည်။ ယီယွင်က အခြားကျင့်စဥ်နည်းစနစ်အချို့ကို တွေ့ရှိခဲ့သော်လည်း သေချာစဥ်းစားပြီးသည့်နောက်တွင်မူ တိုင်အာနတ်ကျင့်စဥ်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

တိုင်အာနတ်ကျင့်စဥ်က ကျင့်စဥ်နည်းစနစ်တစ်ခုသာ ဖြစ်သော်လည်း တိုက်ကွက်များ ၊ ဥပဒေသအမှန်တရားများ ၊ လှုပ်ရှားမှုနည်းစနစ်များ ပါဝင်လေသည်။ ယင်းသည် သိုင်းပညာပေါင်းချုပ် ဖြစ်လေ၏။

ထိပ်တန်းအဆင့် အဆင့် ၂ ကျောက်စိမ်းစာလိပ်ထဲတွင် အများစုက ယီယွင်နှင့် ကိုက်ညီလိုက်ဖက်နေလေ၏။ ဟုတ်သည်။ တန်ကြေးက ပိုမိုကြီးမားလာလေ၏။

လက်ရှိတွင် ယီယွင်က တိုင်အာနတ်ကျင့်စဥ်၏ ပထမသုံးတွဲကိုသာ လဲလှယ်နိုင်သည်။ တိုင်အာနတ်ကျင့်စဥ်တွင် အတွဲကိုးတွဲ ရှိလေ၏။ ပထမသုံးတွဲသည် ဂုဏ်အမှတ်နှစ်မှတ်သာ လိုအပ်သော်လည်း စတုတ္ထအတွဲတစ်ခုတည်းကိုမူ ဂုဏ်အမှတ်နှစ်မှတ်နှင့် လဲလှယ်ရပေမည်။

ပဥ္စမအတွဲက ဂုဏ်အမှတ် သုံးမှတ်။ ဆဌမအတွဲ၏ တန်ကြေးကိုမူ ပြောစရာပင်မလိုတော့ပေ။

တိုင်အာနတ်ကျင့်စဥ်၏ သတ္တမအတွဲမှ နဝမအတွဲကမူ ပညာရှိနယ်ပယ်တွင် ရှိနေလေ၏။ သာမန်စစ်သည်တစ်ဦးအဖို့ တစ်သက်တာလုံးတွင်ပင် ၎င်းအတွဲများကို ကျင့်ကြံခွင့်ရမည်မဟုတ်ပေ။

စင်စစ်တွင်မူ လူငယ်သူရဲကောင်းများအတွက် ပထမသုံးတွဲက လုံလောက်လေသည်။ ပထမသုံးတွဲကို ကျွမ်းကျင်သူများအဖို့ တိုင်အာနတ်မြို့တော်ထဲတွင် ထောင်လွှားနိုင်စွမ်းရှိလေ၏။

" မင်း ဆုံးဖြတ်ပြီးပြီလား " အဖိုးအိုက မေးလိုက်သည်။

" ဟုတ်ကဲ့ "

ယီယွင်က တည်ငြိမ်စွာခေါင်းညိတ်ကာ..." ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ချက်မချခင်မှာ အကြီးအကဲကျန်းကဲ့ကို မေးစရာရှိပါတယ် "

" အင်း...မေးပါ "

" ဒီလိုပါ... အကြီးအကဲကျန်းကဲ့ရဲ့ ကျောက်စိမ်းစာလိပ်ထဲကနေ ဂျူနီယာ ဖတ်မိခဲ့တာ​တွေက အဆင့် ၂ ဆုကြေးတွေပါပဲ။ ထိပ်တန်းအဆင့် အဆင့် ၁ ကျောက်စိမ်းစာလိပ်ထဲမှာ ဘာတွေပါမလဲဆိုတာကို ဂျူနီယာ သိချင်ပါတယ် "

ယီယွင်၏မျက်လုံးများ တောက်ပနေ၏။

သူက တိုင်အာနတ်မြို့တော်တွင် ထွန်းတောက်လိုသည်။ သူက နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုမျိုးစုံကို စိန်ခေါ်လိုလေ၏။ တိုင်အာနတ်မြို့တော်ထဲတွင် မည်သည့်ရတနာများ ရှိနေကြောင်းကို သူ သိလိုလေသည်။ သို့မှသာ ယင်းအရာများကို သူ၏ပန်းတိုင်အဖြစ် ထားနိုင်ပေလိမ့်မည်။

All Chapters