ဆိပ်ကမ်းက ဆိုင်ခန်းတွေ ရောင်းတော့မယ်
Vol. 11 Ch. 275
"နောက်ပြီး ငါတို့ အတန်း '၃/က' ရဲ့ အတန်းက ကျောင်းဆင်းပြီးရင်လည်း ဖွင့်ထားတယ်၊ ညသန်းခေါင်မတိုင်ခင်အထိ ဖွင့်ထားတာ။"
"အတန်းထဲမှာဆို ဖယောင်းတိုင်တွေ အများကြီး သုံးတယ်၊ ဒါကြောင့် နေ့တိုင်း လူတိုင်းက ကိုယ်ပိုင်စာကျက်ဖို့ သွားကြတယ်။ နောက်ပြီး ဆရာကလည်း ရံဖန်ရံခါ လာတယ်။ လူတိုင်းမှာ မေးခွန်းရှိရင် ဆရာ့ကို မေးမြန်းလို့ရတယ်။
ဒါက ကျောင်းတော်က ငါတို့ အတန်း '၃/က' ကို ပေးတဲ့ အထူးအခွင့်အရေးပဲ၊ အထူးသင်တန်းပေးသလိုပဲ၊ တခြားအတန်းတွေမှာ ဒီလိုအခွင့်အရေး မရှိဘူး။"
လီဟွိုက်ယွီသည် ရှောင်ချင်ကို ကြည့်လိုက်သည်။
"ငါတို့အတန်းမှာ မြို့ပေါ်က အတန်းဖော်တွေတောင် ကျောင်းတော်မှာ နေဖို့ ရွေးချယ်ကြတယ်။ ရှောင်ချင်၊ အိမ်ပြန်နေတဲ့ကိစ္စကို မင်းပြန်စဉ်းစားစေချင်တယ်။"
လင်းရှောင်ယွဲ့၏ မျက်နှာသည် တင်းမာသွားသည်။
ဒါ... ၂၁ ရာစုက အထက်တန်းကျောင်းစာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ပုံစံမျိုးပဲ။
ရှောင်ချင်၏ မျက်နှာတွင်လည်း အနည်းငယ် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
ချင်းယွင်ကျောင်းတော်သည် ကျောင်းသားများကို ပျိုးထောင်ရာတွင် ဤမျှလောက် အလေးထားလိမ့်မည်ဟု သူမထင်ခဲ့ပေ။
"ဒါဆိုရင်... ရှောင်ချင်၊ မင်းကျောင်းတော်မှာပဲ နေလိုက်ပါ။ ငါနဲ့မင်းဦးလေးက မြို့ပေါ်ကို ခဏခဏ လာတယ်၊ ဒါမှမဟုတ် မင်းလိုအပ်တာရှိရင် ဆိုင်မှာ အဒေါ်ဝမ်ကို ပြောလိုက်၊ သူငါတို့ကို အကြောင်းကြားပေးလိမ့်မယ်။"
ရှောင်ချင်သည် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆို ဒေါ်လေးပြောသလို လုပ်ပါ့မယ်။" ဟု ပြန်ဖြေလိုက်သည်။
ယခု သူသည် အိမ်အတွက် ဘာမှမလုပ်ပေးနိုင်သေးပေ၊ လုပ်နိုင်သည်မှာ စာကြိုးစားခြင်းသာ ဖြစ်သည်။
နောက်နှစ်တွင် ကျောင်းတော်သားဖြစ်သွားလျှင်၊ အကောင်းဆုံးကတော့ စာမေးပွဲအောင်မြင်လျှင် သူသည် ဒေါ်လေးနှင့် အဘွားကို ကျေးဇူးဆပ်နိုင်မည်။
လင်းရှောင်ယွဲ့၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာပြီး လီဟွိုက်ယွီနှင့် စကားအနည်းငယ်ပြောပြီးမှ ရှောင်ချင်ကို စာရင်းသွင်းဌာနသို့ ခေါ်ဆောင်၍ စာရင်းသွင်းသည်။
ငွေပေးသွင်းပြီး ဝတ်စုံလက်ခံပြီးမှ လီဟွိုက်ယွီအား ရှောင်ချင်ကို အဆောင်သို့ ခေါ်ဆောင်သွားစေသည်။
လင်းရှောင်ယွဲ့သည် အတွင်းသို့ ဝင်ရောက်ရန် မသင့်တော်သောကြောင့် 'လျိုရှီရဲ့စားသောက်ဆိုင်'တွင် စောင့်ဆိုင်းနေသည်။
မကြာမီတွင် ရှောင်ချင်နှင့် လီဟွိုက်ယွီတို့ ထွက်လာကြသည်။
လင်းရှောင်ယွဲ့သည် မေးမြန်းရာ ရှောင်ချင်သည် အဆောင်အခြေအနေကို ကျေနပ်သည်ဟု သိရှိသောအခါ ဆက်မမေးတော့ပေ။
ထို့နောက် လီဟွိုက်ယွီကို လမ်းပြခိုင်းပြီး ရှောင်ချင်ကို အဆောင်သုံးပစ္စည်းများ၊ စုတ်တံ၊ မှင်၊ စာရွက် အစရှိသည်တို့ကို ဝယ်ယူရန် ခေါ်ဆောင်သွားသည်။
ဈေးဝယ်နေစဉ်တွင် လင်းရှောင်ယွဲ့သည် ရှောင်ချင်ကို မချို့တဲ့စေရန် ပစ္စည်းအများအပြားကို ဝယ်ယူပေးပြီး အရည်အသွေးကောင်းမွန်သော အမျိုးအစားများကိုသာ ရွေးချယ်သည်။
ရှောင်ချင်ကတော့ သူ့ဒေါ်လေးကို အဲ့လောက်မလိုအပ်ကြောင်း အမြဲသတိလိုက်ပေးနေလေသည်။
လီဟွိုက်ယွီသည်မူ ဘေးတွင်ရယ်မောရင်း ရှောင်ချင်ကို စနောက်သည်၊ သူ့တွင် ကောင်းမွန်သော ဒေါ်လေးတစ်ယောက်ရှိသည်ကို မနာလိုဖြစ်သည်ဟု ဆိုသည်။
လူတစ်စုသည် စကားပြောရင်း 'လျိုရှီရဲ့စားသောက်ဆိုင်'သို့ ပြန်ရောက်လာကြသည်။
ရှောင်ချင်သည် ကျောင်းတော်တွင် နေထိုင်ရန် မှတ်ပုံတင်ပြီးဖြစ်သောကြောင့် ယနေ့ အိမ်မပြန်တော့ပေ။
လင်းရှောင်ယွဲ့သည် အချိန်မစောတော့သည်ကို မြင်သောအခါ ကလေးနှစ်ယောက်နှင့် လီဟွိုက်ယွီကို ချင်မိသားစု စားသောက်ဆိုင်သို့ ခေါ်ဆောင်၍ ထမင်းစားသည်။
ထို့နောက် ရှောင်ချင်ကို လစဉ်သုံးစရိတ် ငွေ၂စပေးပြီးမှ ကျောင်းတော်သို့ ပြန်ပို့သည်။
ရှောင်ချင်သည် အစပိုင်းတွင် လက်မခံဘဲ ဒီလောက်အများကြီး မသုံးနိုင်ဟု ဆိုသည်။
သို့သော် လင်းရှောင်ယွဲ့က တိုက်တွန်းပြီး လီဟွိုက်ယွီက သူသည်လည်း လစဉ် ငွေ၂စသုံးစွဲသည်ဟု ဆိုသောအခါမှ ရှောင်ချင် လက်ခံလိုက်သည်။
ငွေ၂စသည် စားသောက်စရိတ်သာမက စုတ်တံ၊ မှင်၊ စာရွက် အစရှိသည်တို့၏ ကုန်ကျစရိတ်လည်း ပါဝင်သည်။
အတန်း၃မှ ကျောင်းသားများသည် ဤကုန်ကျစရိတ်များ များပြားပြီး အထူးသဖြင့် 'က' တန်းတွင် ပို၍များသည်။
လင်းရှောင်ယွဲ့နှင့် လင်းရှောင်ကျစ်တို့သည် ကျောင်းတော်တံခါးဝတွင် ရှောင်ချင်နှင့် လီဟွိုက်ယွီတို့ ဝင်ရောက်သွားသည်ကို ကြည့်ရှုနေကြသည်။
နှစ်ယောက်သား၏ နောက်ကျောများ ပျောက်ကွယ်သွားမှ မောင်နှမနှစ်ယောက် ထွက်ခွာသွားကြသည်။
'လျိုရှီရဲ့စားသောက်ဆိုင်'သို့ သွား၍ ပစ္စည်းများယူပြီးမှ လင်းရှောင်ယွဲ့သည် နွားလှည်းမောင်း၍ လင်းရှောင်ကျစ်ကို အိမ်သို့ ပြန်ပို့သည်။
......
လျိုအိမ်တွင် လျိုရှီသည် ထမင်းစားပြီးဖြစ်ပြီး ဤအချိန်တွင် မီးဖိုချောင်အဖြစ် ပြုပြင်ထားသော အလုပ်ရုံတွင် ကူညီနေသည်။
သားဖြစ်သူ၏ခေါ်သံကိုကြားသောအခါ သမီးနှင့် သား ပြန်လာပြီဟု ခန့်မှန်းမိပြီး လျိုရှီသည် အလျင်အမြန် ခြံဝင်းထဲသို့ ထွက်ကြည့်သည်။
မောင်နှမနှစ်ယောက်ပြန်လာသည်ကို တွေ့သောအခါ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ပြန်လာကြပြီလား။" ဟု ချက်ချင်း ကြိုဆိုလိုက်သည်။
တစ်ယောက်လျော့နေသည်ကို တွေ့သောအခါ "ရှောင်ချင်ရော။" ဟု မေးလေသည်။
"တူလေးရှောင်ချင်က ကျောင်းတော်မှာ နေလိုက်တယ်၊ ပြန်မလာဘူး။" လင်းရှောင်ယွဲ့ ပြန်မဖြေမီမှာပင် လင်းရှောင်ကျစ်သည် လျိုရှီ၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ သူ့အမေကို ပြောလိုက်သည်။
လျိုရှီက မိမိကိုကြည့်သည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဆရာက ရှောင်ချင်က အခြေခံကောင်းတယ်၊ နောင်မှာ စာမေးပွဲဖြေဆိုနိုင်မယ့် မျှော်လင့်ချက်ရှိတယ်လို့ ပြောတယ်၊ သူ့ကို အတန်း '၃/က' မှာ ထားလိုက်တယ်။ အတန်း ၃ က စာသင်သားတွေက စာများတယ်၊ 'က' တန်းက ပိုဆိုးတယ်။ ကျောင်းတော်မှာ နေရင် စာဖတ်ချိန်ပိုရပြီး ဆရာနဲ့ မေးမြန်းဖို့ အခွင့်အရေးပိုရတယ်လို့ ပြောတယ်။" ဟု လင်းရှောင်ယွဲ့က ရှင်းပြသည်။
လျိုရှီ၏ မျက်လုံးများသည် အရောင်တောက်လာသည်။
စကားမပြောရသေးမီ သမီးဖြစ်သူက ထပ်ပြောသည်ကို ကြားလိုက်ရသည်၊ "နောက်ပြီး ကျရှောင်ကျစ်က အဆင့်တစ် 'က' တန်းမှာ၊ သူလည်း ပျိုးပင်ကောင်းလေးလို့ ပြောတယ်။"
လျိုရှီအလွန်ဝမ်းသာသွားကာ ခေါင်းကိုငုံ့ကြည့်လိုက်သောအခါ သားဖြစ်သူက မိမိကို ဂုဏ်ယူသော မျက်နှာလေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ကောင်းတယ်၊ ကောင်းတယ်။ ဒါဆိုရင် မင်းနဲ့ရှောင်ချင်က စာကောင်းကောင်းသင်ရမယ်။" ဟု လျိုရှီက ပြောရင်း သားဖြစ်သူ၏ ပခုံးလေးကို ပုတ်လိုက်သည်။
လင်းရှောင်ကျစ်သည် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"သိပါပြီ အမေ။" ဟု ကလေးဆန်သော မျက်နှာတွင် ခိုင်မာသော အရိပ်အယောင်များ ရှိနေသည်။
အလုပ်ရုံထဲမှ လူများ ကြားသောအခါ အဒေါ်ကျန်းနှင့် ကျန်းကျွီဟွာတို့ ထွက်လာ၍ ဂုဏ်ပြုစကားဆိုကြသည်။
အခန်းတွင်းမှ ဝမ်အာ့ယာ၊ ကျန်းလန်မေ့နှင့် ကျန်းရှောင်ဟွာတို့လည်း ဂုဏ်ပြုစကားဆိုကြသည်။
"'က' တန်းတွေချည်းပဲ၊ ဒါက တော်တော်ထူးခြားတာပဲ။ အထူးသဖြင့် ချင်းယွင်ကျောင်းတော် အတန်း '၃/က' က ငွေပေးရင်တောင် ဝင်လို့မရဘူးလို့ ကြားတယ်။" ဟု အဒေါ်ကျန်းက ဆိုသည်။
"ကြားရတာတော့ လင်းအိမ်က အဲ့ဒီလောင်ဝူက အရင်နှစ်ဝက်ကမှ 'က' တန်းကို ဝင်သွားတာ၊ အရင်က 'ခ' တန်းမှာလို့ ပြောတယ်။ အရင်က လင်းအိမ်က အဲ့ဒီအဘွားကြီးက အိမ်နီးချင်းတွေကို ကြွားခဲ့တာများ မနည်းဘူး။"
လင်းမိသားစုကို ကြားသောအခါ လျိုရှီနှင့် လင်းရှောင်ယွဲ့တို့၏ မျက်နှာများသည် အနည်းငယ် မကျေမနပ်ဖြစ်သွားကြသည်။
အဒေါ်ကျန်းသည်လည်း မြင်သောကြောင့် ဆက်မပြောဝံ့တော့ပေ။
"ဟဟ၊ ရှောင်ချင်က တော်တယ်။ နောက်နှစ်မှာ စာမေးပွဲအောင်သွားရင် ငါတို့သာ့ရှီရွာအတွက် မျက်နှာရစေတာပဲ။
နောက်ပြီး ရှောင်ကျစ်၊ နောင်တစ်ချိန်မှာ သေချာပေါက်ထူးချွန်လာမှာ။"
သူတို့သာ့ရှီရွာတွင် နှစ်နှစ်ဆက်တိုက် ကျောင်းသား မထွက်ပေါ်ခဲ့ပေ။
စာမေးပွဲအောင်မြင်သူမှာမူ အနီးအနား ဆယ်မိုင်ရှစ်ရွာတွင် ဤနှစ်များအတွင်း နှစ်ယောက်သာ ကြားဖူးပြီး သူတို့သာ့ရှီရွာမှ မဟုတ်ပေ။
"အဒေါ်ကျန်းရဲ့ ကောင်းချီးစကားအတွက် ကျေးဇူးတင်ပါတယ်။" ဟု လင်းရှောင်ယွဲ့က ပြုံး၍ ပြန်ဖြေသည်။
လျိုရှီသည်လည်း ပြုံး၍ အဒေါ်ကျန်းအား ကျေးဇူးတင်စကားဆိုသည်။
ထို့နောက် စကားအနည်းငယ်ပြောပြီးမှ အဒေါ်ကျန်းသည် ကျန်းကျွီဟွာကို ခေါ်ဆောင်၍ ပြန်သွားသည်။
ပြန်သွားစဉ်တွင် သမီးဖြစ်သူကို မျက်စောင်းထိုးရန် မမေ့ပေ။
ကျန်းကျွီဟွာသည် အနည်းငယ် ဝမ်းနည်းသွားသည်။
အမေက လျိုမိသားစုကို များများမြှောက်ပင့်ပြီး လျိုမိသားစုနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထားရမည်ဟု ပြောခဲ့သည် မဟုတ်လား။
ခုနက လင်းမိသားစုအကြောင်း ပြောခဲ့သည်မှာ သူမပြောခဲ့သည် မဟုတ်ပေ။
....
တစ်ဖက်တွင်တော့ လင်းရှောင်ယွဲ့သည် လင်းရှောင်ကျစ်ကို ကိုယ်တိုင်သွားကစားခိုင်းပြီး သူမကတော့ လျိုရှီနှင့်အတူ သစ်ပင်ကြီးအောက်သို့ ထွက်သွားလေသည်။
သားအမိနှစ်ယောက်သည် အလုပ်ရုံဘက်သို့ တိတ်တဆိတ် ကြည့်လိုက်ကြပြီးနောက် အတူတကွ ထိုင်ခုံရှည်ပေါ်တွင် ထိုင်လိုက်ကြသည်။
"ဘယ်လိုလဲ အမေ၊ အဒေါ်ကျန်းတို့ ဘာပြဿနာမှ မရှိဘူးမလား။" ဟု လင်းရှောင်ယွဲ့က အသံကိုနှိမ့်၍ လျိုရှီအား မေးသည်။
ဟိုင်ကောက သူမ၏ အမေကို မွေးစားအမေအဖြစ် အသိအမှတ်ပြုပြီး၊ သူမနှင့် လီရှောင်တို့လည်း ရပ်သိရွာသိမင်္ဂလာပွဲပြုလုပ်ပြီးနောက် အဒေါ်ကျန်း၏ သူတို့အိမ်အပေါ် ဆက်ဆံရေး ပြောင်းလဲသွားသည်ကို သူမတွေ့ရှိရသည်။
စကားပြောရာတွင် ယခင်ကဲ့သို့ ရင်းနှီးမှုမရှိဘဲ လေးစားမှုနှင့် ကြောက်ရွံ့မှုများ ပိုမိုပါဝင်လာသည်။
ဤသည်မှာ အဆင့်အတန်း ကွာခြားမှုကြောင့် အဒေါ်ကျန်းမိသားစုက အလိုအလျောက် ပြုမူခြင်း ဖြစ်သည်။
အမှန်တကယ်တွင် မကောင်းသောကိစ္စ မဟုတ်ပေ၊ အနည်းဆုံးတော့ လင်းရှောင်ယွဲ့က ဤသို့ယူဆသည်။
သို့သော် သူမအမေ အသားမကျမည်ကို သူမစိုးရိမ်သည်။
မည်သို့ပင်ဆိုစေ သာ့ရှီရွာတွင် သူမ၏ အမေသည် အဒေါ်ဝမ်နှင့် ဆက်ဆံရေးအကောင်းဆုံးဖြစ်ပြီး နောက်တွင် အဒေါ်ကျန်း ဖြစ်သည်။
"မရှိပါဘူး။" ဟု လျိုရှီက ပြောရင်း အလုပ်ရုံဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
"ဒီရက်ပိုင်း ရာသီဥတုက သိပ်မပူတော့ဘူး။ မြို့ပေါ်မှာ ရောင်းရတဲ့ ကောက်ညှင်းအေးတုံး နည်းသွားပြီ၊ နောက်ပြီး ရွှမ်ကျစ်တို့ရဲ့ စီးပွားရေးလည်း အရင်ကလောက် မကောင်းတော့ဘူး။
အလုပ်ရုံမှာ အခု အချိန်ပိုလုပ်စရာမလိုတော့တဲ့အပြင် နောက်ဆိုရင် လူလျှော့ရဦးမယ်။
မင်းအဒေါ်ကျန်းက စိုးရိမ်နေတာ။ မင်းက သူတို့သားအမိလေးယောက်လုံးကို အလုပ်ထုတ်ပစ်မှာ စိုးရိမ်နေတာလေ။ သူတို့လေးယောက်ရဲ့ လုပ်ခက တစ်နေ့ကို မနည်းဘူး။" ဟု လျိုရှီက လင်းရှောင်ယွဲ့အား ဆိုသည်။
လင်းရှောင်ယွဲ့သည် အံ့အားသင့်သွားသည်။
ထို့နောက် ပြုံးလိုက်သည်။
"ဟုတ်တယ်၊ ကောက်ညှင်းအေးတုံး ရက်နည်းနည်းလောက်ပဲ ရောင်းအားကောင်းတော့မှာ။ ဆောင်းရာသီရောက်ရင် မြို့ပေါ်က စားသောက်ဆိုင်တွေကပဲ မှာယူနိုင်လောက်တယ်၊ နောက်ပြီး သမီးတို့ဆိုင်မှာလည်း တွဲရောင်းရုံလောက်ပဲ။
အဲ့ဒီအခါကျရင် တစ်နေ့ကို သမီးတို့ ပွဲနှစ်ဆယ်လောက်ရောင်းရရင်ကို တော်ကာကျနေပြီ။"
ဆောင်းရာသီရောက်လျှင် နှင့် လီလိရွှမ်တို့၏ စီးပွားရေး ရပ်တန့်သွားမည်၊ အနောက်ဈေးဘက်တွင် သူမလည်း ဈေးသွားရောင်းရန် မလိုအပ်တော့ပေ။
စားသောက်ဆိုင်များတွင်သာ ဧည့်သည်များသည် အဆီအဆိမ့်များသော အစားအစာများကို စားသုံးပြီးနောက် ကောက်ညှင်းအေးတုံးကို စားလိုကြပေမည်။
သို့သော် တစ်ပန်းကန်တည်းသာ စားသုံးပြီး အဆီအဆိမ့်ဖြေရန်သာ ဖြစ်သည်။ ယခင်ကဲ့သို့ အိမ်သို့ ပါဆယ်ယူသွားခြင်းမျိုး ရှိတော့မည်မဟုတ်ပေ။
စားသောက်ဆိုင်ငယ်မှာမူ အနည်းငယ် ရောင်းချနိုင်ပေမည်။
ထိုအခါ သူမ၏ မာလာချောင်းနှင့် တွဲရောင်းလျှင်လည်း ဆိုင်တွင်းစားသုံးမှုသာ ဖြစ်သောကြောင့် ရောင်းအားသည် မြင့်မားနိုင်မည် မဟုတ်ပေ။
လျိုရှီ၏ မျက်မှောင်သည် ကြုတ်သွားသည်။
"ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူးလား။" ဟု မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ရှိနေသည်။
ထိုအခါ သူမရွာထဲတွင်လည်း ကောက်ညှင်းအေးတုံး ရောင်းမထွက်တော့မည်ကို စဉ်းစားမိသောအခါ လျိုရှီ၏ မျက်နှာသည် ပိုမိုလေးနက်သွားသည်။
"ကိစ္စမရှိဘူး၊ အဲ့ဒီအခါကျရင် ကောက်ညှင်းအေးတုံးလုပ်ငန်း မကောင်းတော့ရင် သမီးတို့ တခြားအရာတွေ လုပ်လို့ရတာပဲ။" ဟု လင်းရှောင်ယွဲ့က လျိုရှီ၏ လက်ကိုဆုပ်ကိုင်၍ နှစ်သိမ့်သည်။
"လယ်ထဲက ငရုတ်သီးတွေ အသီးတွေ သီးနေပြီ၊ နောက်ရက်အနည်းငယ်ကြာရင် ငရုတ်သီးတွေရင့်လာရင် အလုပ်ရုံကလည်း သိပ်အလုပ်မရှုပ်တော့ဘူး။"
"အဲ့ဒီအခါကျရင် အဒေါ်ကျန်းကို ကျွီဟွာနဲ့ ရှောင်ဟွာကို ငရုတ်သီးခူးခိုင်းလိုက်။ ငရုတ်သီးခူးပြီး ပြန်လာရင် နေလှန်းတာ၊ ပြင်ဆင်တာ၊ ဒါတွေအားလုံး လူလိုတယ်။
နောက်ပြီး ဒီအချိန်အတွင်း အိမ်မှာ သိပ်အလုပ်မရှုပ်ခင် သမီးလည်း အသီးအရွက်ချဉ်နဲ့ ကင်မ်ချီတွေ လုပ်ထားချင်တယ်။ ဒါမှ ဆောင်းရာသီရောက်ရင် ဟင်းချက်ဖို့ သုံးလို့ရမယ်။"
(T/N Rawမှာကို ကင်မ်ချီလို့ပါတာပါနော်)
မုန်ညှင်းချဉ်ငါးဟင်း၊ ငရုတ်သီးစိမ်းငါးဟင်း၊ ငရုတ်သီးစိမ်းဝက်သားဟင်း အစရှိသည်တို့ကို စဉ်းစားမိသောအခါ လင်းရှောင်ယွဲ့သည် တံတွေးမျိုချမိလုမတတ် ဖြစ်သွားသည်။
ဆောင်းရာသီတွင် အိမ်တွင် အလုပ်အားလပ်ချိန် ပိုများသောကြောင့် သူမထမင်းချက်ချိန် ပိုများလာမည်။
သူမသည် အရသာရှိသော အစားအစာများကို ချက်ပြုတ်ရသည်ကို နှစ်သက်ပြီး အရသာရှိသော အစားအစာများကို စားသုံးရသည်ကို ပို၍ နှစ်သက်သည်...
ရုတ်တရက်ကြီး ဆောင်းရာသီကိုတောင် မြန်မြ်ရောက်ချင်လာပြီ။
လျိုရှီသည် သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။
"အာ.. အမေ စိတ်ချပါ၊ အမေ့သမီးမှာ အစီအစဉ်အပြည့်ရှိပါတယ်။" ဟု လင်းရှောင်ယွဲ့က ရင်ဘတ်ကို ပုတ်၍ ဆိုသည်။
လျိုရှီကို အောင်မြင်စွာ ရယ်မောစေခဲ့သည်။
"နောက်ပြီး အဒေါ်ကျန်းကို စိတ်မပူဖို့ ပြောလိုက်ပါ။ ကောက်ညှင်းအေးတုံးကိစ္စ ပြီးသွားရင် သမီးတို့အိမ်က မာလာချောင်း ရောင်းဦးမှာ။ အဲ့ဒီအခါကျရင် ပါဝင်ပစ္စည်းတွေ ပြင်ဆင်တာ၊ တုတ်ချောင်းတွေထိုးတာတွေ လူလိုတယ်။"
အဒေါ်ကျန်းအိမ်မှ သားအမိလေးယောက်၊ ဝမ်အာ့ယာနှင့် ပေါင်းလျှင် စုစုပေါင်း ငါးယောက်။
တကယ်အလုပ်ရှုပ်လာလျှင် သူမက လူမလောက်မှာတောင် စိုးရိမ်နေသည်။
အဘယ်ကြောင့်ဆိုသော်... ဆိပ်ကမ်းဘက်မှ သတင်းရထားသည်မှာ ဆိုင်ခန်းများ မကြာမီ ရောင်းချတော့မည်ဟု ဆိုသည်။
ဤကိစ္စကို သတိရသွားသောအခါ လင်းရှောင်ယွဲ့သည် လျိုရှီကို ကြည့်လိုက်သည်။
"ဟုတ်သားပဲ အမေ၊ အခု အမေ့လက်ထဲမှာ ငွေဘယ်လောက်ရှိသေးလဲ။" ဟု လျိုရှီအား မေးသည်။
လီရှောင်သည် ဤအချိန်အတွင်း သူမအား ငွေစ၁၀၀နီးပါး ပေးခဲ့ပြီး သူမရောင်းချသော ကောက်ညှင်းအေးတုံးမှ စုဆောင်းထားသော ငွေနှင့်ပေါင်းလျှင် သူမလက်ထဲတွင် ငွေစ၃၀၀နီးပါး ရှိနေသည်။
သူမ၏ အမေဘက်တွင် အိမ်မှရောင်းချသော ကောက်ညှင်းအေးတုံးငွေ၊ နေ့စဉ်ပေးသော ကုန်ပစ္စည်းငွေ၊ အားလုံးသည် သူမ၏ အမေက သိမ်းဆည်းထားသောကြောင့် မနည်းလှပေ။
"ဘာ... ဘာဖြစ်လို့လဲ။" ဟု လျိုရှီက သတိကြီးစွာဖြင့် သမီးဖြစ်သူကို ကြည့်လိုက်သည်။
သူမကြောက်မိသည်၊ သမီးဖြစ်သူ ဤသို့မေးတိုင်း ငွေများများလိုအပ်နေတတ်လို့ပင်။
သူမသည် ငွေထုတ်ရန် မလိုလားဘဲ စုဆောင်း... စုဆောင်းပြီးရင်းစုဆောင်း... များများသာစုဆောင်းလိုသည်။
လင်းရှောင်ယွဲ့သည် အမေ၏ မျက်နှာအမူအရာကြောင့် ရယ်မောလိုက်သည်။
"ရှန့်ကုန်းက သတင်းပေးတယ်၊ ဆိပ်ကမ်းက ဆိုင်ခန်းတွေ ဆောက်ပြီးသွားပြီ၊ ခန့်မှန်းရသလောက် နောက်ရက်အနည်းငယ်ကြာရင် ရောင်းတော့မယ်တဲ့။
သမီးတို့နှစ်ယောက်က ဒီအခွင့်အရေးကို အသုံးချပြီး တစ်ခန်းဝယ်ချင်တယ်။ အဲ့ဒီအခါကျရင် လျိုရှီရဲ့ စားသောက်ဆိုင်ခွဲအဖြစ် ဖွင့်မယ်။"
ဆိပ်ကမ်းသည် လူစည်ကားပြီး လီရှောင်နှင့် ဟိုင်ကန်းတို့သည် အချိန်အများစုကို ဆိပ်ကမ်းဘက်တွင် နေထိုင်ကြသောကြောင့် စားသောက်ဆိုင်ငယ်ကို ဆိပ်ကမ်းတွင် ဖွင့်လှစ်လျှင် အကျိုးအမြတ် သေချာပေါက် ရှိမည်။
လျိုရှီ၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဆိုင်ခန်း။" အိမ်ဆောက်ပြီး မကြာသေးတာကို ဆိုင်ခန်းပါဝယ်တော့မှာလား။
သူတို့ရွာတွင် ရွာသူကြီးအိမ်သာ မြို့ပေါ်တွင် ဆိုင်ခန်းရှိပြီး လစဉ် ငှားရမ်းခ မနည်းလှပေ။
လီမိသားစုမှ ကလေးငယ်သည် ချင်းယွင်ကျောင်းတော်တွင် စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်သည်မှာ ထိုဆိုင်ခန်းကြောင့်ပင်။
ဤသို့တွေးမိသောအခါ လျိုရှီ၏ စိတ်ထဲတွင် ပိုမိုစိတ်လှုပ်ရှားသွားသည်။
ဆိုင်ခန်းရှိလျှင် သမီးဖြစ်သူက ဆိုင်ခန်းငှားရန် မလိုအပ်တော့ဘဲ လစဉ် ငွေများစွာ သက်သာမည်။
နောက်ပြီး နောင်တစ်ချိန်တွင် စီးပွားရေးမလုပ်တော့လျှင်ပင် သူများကို ငှားရမ်း၍ ငှားရမ်းခ ကောက်ခံခြင်းသည်လည်း မဆိုးလှပေ။
လင်းရှောင်ယွဲ့သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဆိပ်ကမ်းက လူစည်ကားတယ်၊ ဒီတစ်ခါ ဆိုင်ခန်းတွေ ထွက်လာရင် ဈေးက ဈေးကွက်ပေါက်ဈေးထက် သက်သာတယ်။ ရှန့်ကုန်းက ပြောတယ်၊ အခု စောင့်ကြည့်နေတဲ့သူတွေ မနည်းဘူးတဲ့။ ဒါပေမဲ့ သူနဲ့ဟိုင်ကောက လမ်းကြောင်းရှိတယ်၊ သမီးတို့မှာ ပိုက်ဆံလောက်ရင် တစ်ခန်းဝယ်တာ ပြဿနာမရှိဘူး။"
လင်းရှောင်ယွဲ့သည် လျိုရှီကို ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် "ဟိုင်ကောက ငါးခန်းဝယ်ဖို့ စီစဉ်ထားတယ်။"
လျိုရှီ၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။
"ဘာ။" ဟု တံတွေးမျိုချလိုက်ပြီး မွန်းကြပ်လုမတတ် ဖြစ်သွားသည်။
လင်းရှောင်ယွဲ့သည် အလျင်အမြန် လျိုရှီ၏ ကျောကို ပွတ်သပ်၍ သက်သာစေသည်။
"တကယ်ပါ။ ရှန့်ကုန်းက ပြောတယ်၊ ဟိုင်ကောက ဒီရက်ပိုင်း ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးနေတယ်တဲ့။ ပိုများများစုဆောင်းပြီး ဆိုင်ခန်းတွေ ထွက်လာရင် ဝယ်ဖို့ပဲ။
ဟိုင်ကောက အသိရှိတယ်လို့ ပြောတယ်။ အဲ့ဒီအခါကျရင် အစိုးရရုံးက ဆိုင်ခန်းတွေ ရောင်းရင် သူတို့နှစ်ယောက်က ပိုက်ဆံရတာနဲ့ ဝယ်လို့ရမှာ သေချာတယ်။
နောက်ပြီး အစိုးရရုံးက ဆိုင်ခန်းတွေ ရောင်းချပြီးရင် တစ်လမကြာခင်မှာပဲ ဆိုင်ခန်းဈေးက တက်လာမယ်။ လက်ထဲမှာ ပိုက်ဆံမလိုရင် နောက်တစ်လလောက် ထပ်စောင့်ရင် ဆိုင်ခန်းဈေးက ထပ်တက်ဦးမယ်။"
လင်းရှောင်ယွဲ့သည် လျိုရှီကို ထပ်မံကြည့်လိုက်သည်။
အသံကိုနှိမ့်၍ ဆက်ပြောသည်၊ "အဲ့ဒီအခါကျရင် လက်ထဲက ဆိုင်ခန်းတွေကို ပြန်ရောင်းလိုက်ရင် နှစ်လအတွင်း အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းလောက် အမြတ်ရနိုင်တယ်။"
လျိုရှီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။
"ရှောင်ဟိုင်က..."
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဟိုင်ကောက ဒီတစ်ခါ ဈေးကွာခြားချက်ကို အမြတ်ထုတ်ဖို့ပဲ။"
ဘယ်လောက်ကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းလဲ၊ နှစ်လအတွင်း နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်း အမြတ်ရတယ်။
၂၁ ရာစု ကမ္ဘာပျက်မတိုင်ခင်က အိမ်ခြံမြေလုပ်ငန်းလုပ်တာတောင် ဒီလောက်မမြန်ဘူး။
လျိုရှီသည် တိတ်ဆိတ်နေပြီးနောက် မျက်လုံးများတွင် အရောင်တောက်လာသည်။
"ဒီဆိုင်ခန်းက တစ်ခန်းကို ဘယ်လောက်လဲ။" ဟု လင်းရှောင်ယွဲ့အား မေးလိုက်သည်။
အမေက သဘောတူသည်ကို သိသောအခါ လင်းရှောင်ယွဲ့၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငွေစ၅၀၀ ပြင်ဆင်ထားခိုင်းတယ်၊ ဈေးက ဒီထက်မကျော်ဘူးလို့ ပြောတယ်။" ဟု အသံတိုးတိုးဖြင့် ဆိုသည်။
လျိုရှီ၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ထပ်ပြောသည်၊ "သမီးလက်ထဲက၊ ရှန့်ကုန်းပေးတာနဲ့ ပေါင်းရင် ၃၀၀လောက် ရှိတယ်။"
"အမေ အဆင်ပြေရင် သမီးတို့ကို ၂၀၀လောက် ကူညီပေးပါ။ သမီးပိုက်ဆံရရင် ချက်ချင်းပြန်ဆပ်ပါ့မယ်။"
လျိုရှီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။
"ဘာစကားပြောတာလဲ။ အမေ့လက်ထဲက ပိုက်ဆံကလည်း သမီးရှာတာပဲ။ သမီးတို့အခုလိုနေတာက ဖြုန်းတီးဖို့လည်း မဟုတ်ဘူး၊ အမေက မပေးဘဲနေစရာ အကြောင်းမရှိပါဘူး။"
လျိုရှီသည် ပြောရင်း ထိုင်ခုံရှည်မှ ထရပ်လိုက်သည်။
"အမေနဲ့လိုက်ခဲ့၊ အမေတို့အခန်းထဲမှာ ပြောကြမယ်။" ဟု ပြောရင်း အလုပ်ရုံဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
လင်းရှောင်ယွဲ့၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန် လျိုရှီနောက်သို့ လိုက်သွားသည်။
အိမ်နောက်ဘက်သို့ ရောက်သောအခါ လျိုရှီသည် လင်းရှောင်ယွဲ့ကို အခန်းထဲသို့ ဆွဲခေါ်သွားသည်။
ထို့နောက် စားပွဲဘေးသို့ ဆွဲခေါ်ပြီး နေရာလွတ်လက်စွပ်ထဲမှ ငွေများကို စတင်ထုတ်ယူသည်။
ငွေတုံးများ၊ ငွေစများ၊ ကြေးပြား အားလုံးကို သေသေသပ်သပ် စီထားသည်။
ငွေတုံးများမှာ လေးတုံးသာ ရှိပြီး ငွေစများမှာ သေတ္တာကြီးတစ်လုံးအပြည့်၊ ကြေးပြားများမှာမူ သေတ္တာကြီးနှစ်လုံးအပြည့် ထည့်ထားသည်။
သူမအမေသည်လည်း ကြေးပြားများကို သူမကဲ့သို့ပင် တစ်ရာလျှင် တစ်တွဲ ချည်ထားသည်။
***