← Chapters

အဆင့်အတန်း

Vol. 159 Ch. 2260

အဆင့်အတန်း

Vol. 159 Ch. 2260

"မဟာအင်ပါယာ"

သူက ရှေးခေတ်အခါမှ မဟာအင်ပါယာအဆင့် တည်ရှိမှုပေလား။

ထိုခေတ်က နတ်ဘုရားများ ကျဆုံးခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှေးဟောင်နတ်ဘုရားများ တည်ရှိနေသေးသလား မည်သူမှ မသိတော့ပေ။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း၊ စီဝေ့ကြယ်ကမ္ဘာမှ စီဝေ့မဟာအင်ပါယာ၏ စွမ်းအားတို့က နတ်ဘုရားများခေတ်မှ အကြွင်းအကျန်တို့ ဖြစ်သည်။

ဤလောကတွင် ရှေးဟောင်းနတ်ဘုရားတို့၏ အကြွင်းအကျန်များစွာ ရှိနေသေးသည်။ ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်၌ ရပ်နေသော သူများက ထိုလျှို့ဝှက်ချက်များအကြောင်းကို ပိုမို သိရှိပေလိမ့်မည်။

ထို့ကြောင့် လေးမျက်နှာကျေးရွာမှ မဟာအင်ပါယာတစ်ပါးက မြင်ကွင်းမှ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်နိုင်သလား။

သို့သော် သူတို့သည် လေးမျက်နှာကျေးရွာ၏ ဆရာသခင်က တစ်ချိန်၌ မဟာအင်ပါယာ ဖြစ်ခဲ့ဖူးလျှင်ပင် သူက 'ပြီးပြည့်စုံသည့်' မဟာအင်ပါယာတစ်ပါး မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်ကြသည်။ မဟုတ်လျှင် သူက လေးမျက်နှာကျေးရွာအတွင်း နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ မေ့နေခဲ့သည့် တစ်စုံတစ်ရာ ရှိပေသည်။

အစစ်အမှန် မဟာအင်ပါယာတစ်ပါးသည် အခြားလူများကို အတွေးတစ်ချက်နှင့် သတ်ဖြတ်နိုင်ပြီး မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ငှားယူသုံးစွဲရန် မလိုအပ်ပေ။ ထို့ကြောင့် လေးမျက်နှာကျေးရွာ၏ ဆရာသခင်သည် အချို့သော ကန့်သတ်ချက်များ အောက်၌ ရှိနေခြင်းဖြစ်ရပေမည်။

သို့သော် မည်သို့ပင်ဖြစ်စေ အနည်းဆုံး သူတို့၏ ရှေ့၌ သူက ပြိုင်ဘက်ကင်းပင် ဖြစ်သည်။

အစွမ်းထက်ပုဂ္ဂိုလ်များကြားတွင် ရှန်ချင်းနယ်မြေမှ လူများ၏ စိတ်ထဲ၌ ပြင်းထန်စွာ အသက်ရောက်ဆုံးဖြစ်သည်။ မဟာအင်ပါယာတစ်ပါးကဲ့သို့ စွမ်းအားများနှင့် တည်ရှိမှုတစ်ခုက လေးမျက်နှာကျေးရွာ၌ ပုန်းကွယ်နေခဲ့ပေသည်။ ဤသည်က မည်သည်ကို ရည်ညွှန်းနေသနည်း။

သူတို့သည် အတိတ်ကာလ၌ လေးမျက်နှာကျေးရွာကို တိုက်ခိုက်ကြသည့် အချိန်ကို သတိပြုမိသည့်အခါ သူတို့က အနည်းငယ်ရယ်ရသည်ဟု ခံစားမိကြပေသည်။ ဆရာသခင်က တံခါးပိတ်ကျင့်ကြံနေခဲ့သည့်အတွက် သူက သူတို့ ပထမဆုံး ကျူးကျော်လာသည့်အချိန်၌ မည်သည်ကိုမှ မလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆရာသခင်က သူတို့ကို အမှန်တကယ် သတ်ဖြတ်ရန် ဆန္ဒရှိလျှင် လေးမျက်နှာကျေးရွာအား ကျူးကျော်မှုတွင် ပါဝင်နေသမျှ လူများအားလုံး အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

မုယွင်လုံနှင့် မုယွင်လန်သည်လည်း နန်ဟိုင်မိသားစု၏ ထိပ်သီးအင်အားစုများကြား ရှိနေခဲ့သည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် လှိုင်းများက သူတို့နှလုံးသားအတွင်း မုန်တိုင်းထန်နေခဲ့လေသည်။ သူက အမှန်တကယ် ဆရာသခင်ပေလား။

သူတို့သည် ဆရာသခင်က ထူးခြားသော စွမ်းရည်ရှိသည်ကို နားလည်သဘောပေါက်ကြသည်။

မုယွင်လုံက ကျေးရွာအတွင်းရှိ ဆရာသခင်၏ နေရာကို အစားထိုးပြီး လေးမျက်နှာကျေးရွာအား ထိန်းချုပ်ရန်ပင် စဥ်းစားခဲ့သေးသည်။ ယခု တွေးကြည့်မိသည့်အခါ ၎င်းက ဟာသတစ်ခုကဲ့သို့ ခံစားမိပေသည်။ သူက နတ်ဘုရားတစ်ပါးနှင့် တူညီသော တစ်စုံတစ်ယောက်ကို အစားထိုးရန် အမှန်တကယ် စဥ်းစားမိခဲ့ပေသည်။ သူက မည်သည်ကို တွေးနေခဲ့သနည်း။

ထို့ပြင် သူတို့သည် သူတို့၏ ရည်မှန်းချက်ကြောင့် မုယွင်မိသားစုကို လေးမျက်နှာကျေးရွာမှ မောင်းထုတ်ခံရစေခဲ့သည်။

မုယွင်လန်သည်လည်း တူညီစွာ ခံစားခဲ့ရသည်။ သူက မောက်မာကာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟု ကြွေးကြော်ခဲ့သည်။ သူက ရှန်ချင်းနယ်မြေတစ်ခွင်တွင် ကျော်ကြားသူ ဖြစ်လာပြီး နန်ဟိုင်မိသားစု၏ သမီးကို လက်ထပ်ကာ နန်ဟိုင်မိသားစုဝင် ဖြစ်လာပြီး အဆင့်အတန်း မြင့်မားသော ဘဝကို ပိုင်ဆိုင်ခဲ့သည်။ သူသည် တစ်ချိန်က ဆရာသခင်၏ တပည့်ဖြစ်ဖူးခဲ့ပြီး ဆရာသခင်ကို အလွန် လေးစားခဲ့သည်။ သို့သော် ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် သူက ရိုသေလေးစားမှုနှင့် ခံစားချက်များကို ဖြတ်တောက်ပစ်ခဲ့သည်။

ယခုတွင် ထိုအကြောင်းကို တွေးမိသည့်အခါ ဆရာသခင်၏ ထိန်းချုပ်မှုအောက်က မည်သည့်အရာမှ မလွတ်မြော​က်နိုင်ကြောင်း သိလိုက်ရသည်။ သူသည် အရာအားလုံးကို သိမြင်နေသကဲ့သို့ အားလုံးကို မြင်နိုင်စွမ်းရှိသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

ထိုသည်မှာ ရီဖူရှင်း ထွက်ပေါ်မလာခင်အထိ တိုင်အောင် ဖြစ်လေသည်။

နောက်ဆုံးနှစ်ကြိမ် သူ၏ ထွက်ပေါ်လာမှုက ရီဖူရှင်းနှင့် ပတ်သတ်နေပြီး အထူးသဖြင့် ဤတစ်ကြိမ် ဖြစ်သည်။ ရီဖူရှင်းက အန္တရာယ်တောထဲ ရောက်နေသည့်အတွက်ကြောင့် သူက ကောင်းကင်ဒေသမှ​နေ၍ ဤနေရာ၌ ထွက်ပေါ်လာကာ ရီဖူရှင်းအား ကယ်တင်ခဲ့သည်။

သို့ဆိုလျှင် မဟာအင်ပါယာရှန်ကျားနှင့် စီဝေ့မဟာအင်ပါယာအပြင် ဆရာသခင်ကပါ မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ရွေးချယ်ရသနည်း။

မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်ရသနည်း။

ထိုကဲ့သို့ မယုံကြည်နိုင်လောက်သော ကံကောင်းခြင်းကို ​ရရှိရန် ရီဖူရှင်းက မည်မျှ ထူးခြားနေပါသနည်း။ ရှေးခေတ်အခါမှ ​ပုဂ္ဂိုလ်များ၊ ကျဆုံးသွားသည့် နတ်ဘုရားများနှင့် စီဝေ့မဟာအင်ပါယာ၏ ကြွင်းကျန်ရစ်သော အမွေအနှစ်များ အားလုံးက ရီဖူရှင်းကို ရွေးချယ်ခဲ့ကြသည်။

သူက မြင့်မြတ်ရုပ်ကြွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး စီဝေ့မဟာအင်ပါယာကလည်း သူ့အား စီဝေ့ကြယ်ကမ္ဘာကို ထိန်းချုပ်ခွင့်ပြုခဲ့ကာ လေးမျက်နှာကျေးရွာမှ ဆရာသခင်က လူမြင်ကွင်းရှေ့ ထွက်ပေါ်လာပြီး လောကရှိ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

အဖြူရောင်ဆံပင်နှင့် လူငယ်သည် များစွာသော မျက်နှာသာပေးနှစ်သက်မှုများကို ရရှိခဲ့သည်။ ထိုသည်က တိုက်ဆိုင်မှုပေလား။

သို့မဟုတ်လျှင် သူက ထိတ်လန့်တုန်လှုပ်ဖွယ် ပါရမီကို ပိုင်ဆိုင်ထားခဲ့သည်လား။

မည်သူကမှ နားမလည်ကြပေ။ မုယွင်လန်သည်လည်း ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ထိုမျှ များပြားလှသည့် ပုဂ္ဂိုလ်များ၏ အရေးပေးမှုကို ခံရကြောင်း နားမလည်နိုင်ပါချေ။

သူက ကံကြမ္မာ၏ သားတော် ဖြစ်နေသည်လား။

ထိုလေဟာနယ်က ယခင်ကထက် ပို၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။ မည်သူမှ လှုပ်ရှားမှု ပြုလုပ်ရဲခြင်း မရှိပေ။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က လေထဲတွင် ရစ်ဝဲနေပြီး ဆရာသခင်သည် သူ၏ မျက်လုံးများ၌ မည်သည့် လှိုင်းထခြင်းမှမရှိဘဲ အနီးဝန်းကျင်ကို ကြည့်လိုက်သည်။

ယခင်က သူ့ထံမှ အကြည့်တစ်ချက်နှင့်ပင် ထိုက်ချူသူတော်စင်အင်ပါယာအား အနိုင်ယူနိုင်ခဲ့သည်။ မည်သူက ထိုကဲ့သို့ သာလွန်လှသည့် အဆင့်နှင့် တစ်စုံတစ်ယောက်ကို ဆန့်ကျင်လှုပ်ရှားနိုင်ပါမည်နည်း။

ထို့ပြင် သူတို့်အားလုံးက ဆရာသခင်က မည်သည်ကို ဆန္ဒရှိကြောင်း နားလည်ကြသည်။ ဆရာသခင်သည် လေးမျက်နှာကျေးရွာ၏ အပြင်ဘက်မှာကဲ့သို့ပင် အစောပိုင်းက တိုက်ခိုက်မှုသည် ထိုက်ချူသူတော်စင်အင်ပါယာကို ချက်ချင်း သတ်​ဖြတ်နိုင်ခဲ့သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။  ရွာကို ကျူးကျော်လာသော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရစဥ် သူသည် အားလုံး၏ အသက်များကို နှုတ်ယူခြင်း မရှိခဲ့ပါချေ။ ထို့အစား သူသည် နန်ဟိုင်မိသားစုခေါင်းဆောင်ကိုသာ ဒဏ်ရာများစွာ ရရှိစေခဲ့သည်။

ဆရာသခင်သည် ရွာထဲ၌ ကြင်နာစွာ သင်ကြားပြသပေးခဲ့ပြီး သူသည် အပြင်ဘက်လောက၌လည်း တူညီစွာပင် ကြင်နာတတ်ပုံရလေသည်။ ရန်သူများကိုပင် အသက်သေသည်ထိ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် နတ်အလင်းတန်းများက လေဟာနယ်အလယ်မှ ကျဆင်းလာသည်။ ၎င်းသည် အလွန် ခမ်းနားထည်ဝါပြီး လူအများက ခေါင်းကို မော့ကြည့်လိုက်လျှင် ကောင်းကင်မှ ကျဆင်းလာသော တောက်ပသည့် အလင်းတို့ကို မြင်တွေ့လိုက်ရပေသည်။ ထိုနေရာ၌ ကောင်းကင်အမြင့်မှ ပုံရိပ်များစွာ ဆင်းသက်လာကာ လေထဲ၌ ရပ်တန့်နေခဲ့သည်။

နတ်အလင်းက တောက်ပနေသည်။ ထိုလူစု၏ ခေါင်းဆောင်ကာ ဖော်ပြရန်ပင် မတတ်စွမ်းအောင် မှင်တက်ဖွယ် လှပသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမက အလွန် မြင့်မြတ်သန့်စင်ကာ လူအများကို သူမအား မရိုမသေ​ဖြင့် အတွေးတစ်ချက်လေးမျှပင် မတွေးရဲစေရန် ဖြစ်စေသည်။

သူမ၏ ပုံရိပ်ကို မြင်လိုက်သည့်အခါ လူအများက ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။ ကောင်းကင်ဒေသတစ်ခွင်မှ ထိပ်သီးကျင့်ကြံသူများက ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။ "အရှင်မင်းသမီး။"

ရောက်ရှိလာသည့် ထိုအမျိုးသမီးက အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးဖြစ်သည့် မင်းသမီးဒွန်ဟောင် ဖြစ်သည်။

မင်းသမီးဒွန်ဟောင်သည် လူအုပ်ကြီးထံသို့ ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး၌ သူမ၏ အကြည့်များက မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းပေါ်တွင် ကျရောက်သွားသည်။ သူမက ရှေ့သို့ ဆက်လှမ်းလိုက်ပြီး နောက်မှ အစွမ်းထက်ပုဂ္ဂိုလ်များက သူမ နောက်မှ လိုက်ပါသွားပေသည်။ သူတို့က လေဟာနယ်ကို ​ဖြတ်သန်းကာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းရှေ့၌ ရောက်လာကြသည်။

လူတိုင်း၏ အံ့သြနေသော အကြည့်များ အောက်၌ မင်းသမီးဒွန်ဟောင်က မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို မျက်နှာချင်းဆိုင်ရင်း သိမ်မွေ့စွာ အရိုအသေပြုလိုက်သည်။ သူမက လေးစားစွာဖြင့် ပြောလိုက်၏။ "ဆရာသခင်။"

ထိုသည်ကို ကြည့်ရင်း ကောင်းကင်​ဒေသမှ အစွမ်းထက်ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် အနည်းငယ် လှိုင်းထသွားပေသည်။ မင်းသမီးက ရောက်ရှိလာပြီး ရိုသေလေးစားသော အမူအရာနှင့် အရိုအသေပေးခဲ့သည်။ ထိုသည်ကို ကြည့်၍ တစ်စုံတစ်ယောက်သည် ဆရာသခင်၏ အဆင့်အတန်းကို ကောင်းစွာ သတိပြုမိနိုင်ပေသည်။ ကြည့်ရသည်မှာ ကောလာဟလများက အမှန် ဖြစ်ပုံရသည်။ အရှင်ဒွန်ဟောင် လေးမျက်နှာကျေးရွာ၌ ကျင့်ကြံခဲ့စဥ်က ဆရာသခင်သည် သူ့ကို လမ်းညွှန်သင်ပြပေးခဲ့သူ ဖြစ်ရပေမည်။

ထိုသို့သော ပတ်သတ်မှုမျိုးနှင့်ဆိုလျှင် လေးမျက်နှာကျေးရွာ၏ အဆင့်အတန်းက သိသာလှပေသည်။

ကြည့်ရသည်မှာ ယခင်က အရှင်ဒွန်ဟောင် တားမြစ်ချက် ထုတ်​ပြန်ခဲ့ရခြင်းမှာ လေးမျက်နှာကျေးရွာနှင့် ဆရာသခင်၏ ကျင့်ကြံခြင်းကို မည်သူမှ မနှောက်ယှက်စေနိုင်ရန် ဖြစ်ပေလိမ့်မည်။ နောက်ပိုင်းတွင် လေးမျက်နှာကျေးရွာက လောကအတွင်း ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည့်အခါ အရှင်ဒွန်ဟောင်က ကန့်သတ်တားမြစ်ချက်အား ပယ်ဖျက်ပေးလိုက်သည်။ ထိုသည်မှာ သူက ရွာတွင် ဆရာသခင် ရှိနေပြီး မည်သူကမှ လေးမျက်နှာကျေးရွာမှ လူများအပေါ် ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သူ သိ၍ ဖြစ်ပေသည်။

ရယ်စရာကောင်းသော ကိစ္စမှာ ရှန်ချင်းနယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များက ကန့်သတ်ချက် ပယ်ဖျက်ပြီးသည်နှင့် ရွာကို ဝန်းရံတိုက်ခိုက်ခဲ့သည်။

"အရမ်း ယဥ်ကျေးနေစရာမလိုပါဘူး မင်းသမီး။" ဆရာသခင်က ပြောလိုက်သည်။ မင်းသမီးဒွန်ဟောင်က သူမ၏ နှုတ်ခမ်းများကို ဖွင့်ကာ ပြောလိုက်သည်။ "ဆရာသခင် အရင်တုန်းက ကျွန်မရဲ့ အဖေကို သင်ကြားပြသပေးဖူးခဲ့တယ်။ ဒါကြောင့် ကျွန်မက ဆရာသခင်ကို တွေ့တဲ့အခါ အရိုအသေရမှာပေါ့။"

"အဲဒါက နှစ်ပေါင်းများစွာအကြာက ဖြစ်ပျက်ခဲ့တာ။ ပြီးတော့ ပြောဖို့တောင် မထိုက်တန်ပါဘူး။" ဆရာသခင်က သာမန်ကာလျှံကာ ပြောလိုက်သည်။

"ကျွန်မ အဖေက ဆရာသခင်ရဲ့ သင်ကြားပြသပေးမှုကို အမြဲ အမှတ်ရနေတာပါ။" မင်းသမီးဒွန်ဟောင်က အပြုံးနှင့် ပြောလိုက်သည်။ ထို့နောက် သူမက ပြန်လှည့်ကာ ကောင်းကင်ဒေသ၏ ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူမ၏ သိမ်မွေ့နူးညံ့မှုက ချက်ချင်း ပျောက်ကွယ်သွားပြီး ထိတ်လန့်ဖွယ် အေးစက်သည့် ခံစားချက်တို့ အစားထိုးလာသည်။ နတ်မိမယ်တစ်ပါးကဲ့သို့ သူမ၏ အေးစက်နေသော မျက်လုံးများဖြင့် ကောင်းကင်ဒေသ၏ ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။

"မူလဘုံကို သွားဖို့အတွက် လမ်းကြောင်း ဖွင့်ပေးခဲ့ပြီး နယ်မြေဆယ့်ရှစ်ခုက ထိပ်သီးကျင့်ကြံသူတွေကို ဆင့်ခေါ်ခဲ့တာက အဆုံးမှာ ရှင်တို့ အခုလိုလုပ်ဖို့အတွက်လား။ ရှင်တို့က မှော်နက်လောက၊ နတ္ထိဘုံနဲ့တောင် ပူးပေါင်းလိုက်သေးတယ်။" မင်းသမီးဒွန်ဟောင်က အပြစ်တင်ပြောဆိုလိုက်သည်။ သူမ၏ အသံက အေးစက်နေသည့်အခါ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံးက တိတ်ဆိတ်သွားပေသည်။ ထိုထိပ်သီးပုဂ္ဂိုလ်များက မင်းသမီးဒွန်ဟောင်က ကြောက်ရွံ့ခြင်း မရှိသော်လည်း သူတို့က သူမကို အရမ်းကာရော ရန်မစရဲကြပေ။ သူတို့က တော်ဝင်မိသားစုအား အမျက်ရှစေခဲ့လျှင် မည်သူက အကျိုးဆက်ကို ခံနိုင်ပါမည်နည်း။

***

All Chapters