← Chapters

အဆုံးသတ်

Vol. 159 Ch. 2261

အဆုံးသတ်

Vol. 159 Ch. 2261

မည်သူမှ စကားမဆိုကြပေ။ အင်အားစုများစွာက ပြန်မဖြေရဲကြပါချေ။ ထို့ပြင် ယခုချိန်၌ ရှေ့သို့ ထွက်လာပြီး စကားပြောသည့် မည်သူမဆို သူ့က သေတွင်း သူတူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

မင်းသမီးဒွန်ဟောင်က မည်သူမှ စကားမပြောလာသည်ကို မြင်သောအခါ သူမ၏ အကြည့်များက အဝေးရှိ မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က တိုက်ပွဲမှာ ရှင်တို့ ရှုံးနိမ့်ရင် ထွက်သွားပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု ရှင်တို့ မူလဘုံကို ပြန်ရောက်လာတာ မှော်နက်စစ်တပ်နဲ့ နတ္ထိတောင်တန်းက စစ်ပွဲစတင်ဖို့ တမင်သက်သက် ကြိုးစားနေတာလား။"

မှော်နက်လောကနှင့် နတ္ထိဘုံမှကျင့်ကြံသူများက မတုံ့ပြန်ခဲ့ပေ။ လက်ရှိတွင် သူတို့၏ ပြိုင်ဘက်များကြား၌ မဟာအင်ပါယာအဆင့် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ သူတို့က မည်သည့်စကားမှ ဆိုရဲလိမ့်မည် မဟုတ်ပေ။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ထားသည့် ထိုအစွမ်းထက်ပုဂ္ဂိုလ်က သူတို့ကို တိုက်ခိုက်လာလျင် မည်သို့ လုပ်ရမည်နည်း။

မည်သူကမှ သူ့ကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

ပုံမှန်အားဖြင့် မဟာအင်ပါယာအဆင့်မှ ပုဂ္ဂိုလ်များက စစ်ပွဲ၌ ပါဝင်လေ့မရှိကြပေ။ မဟုတ်လျှင် မဟာအင်ပါယာအဆင့် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာသည့်အခါ ကောင်းကင်က ပြိုကျပြီး မြေကြီးက ပျက်စီးသွားရပေလိမ့်မည်။

"မင်းသမီးဒွန်ဟောင် ဒီကို ရောက်နေပြီဆိုမှ ကျုပ်တို့ ထွက်သွားပါတော့မယ်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် ထိုဘုံနှစ်ခုမှ ထိပ်သီးကျင့်ကြံသူများက ထွက်ခွာသွားခဲ့သည်။ သူတို့အတွက် ဤနေရာ၌ ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ တည်ရှိမှုကြောင့် မည်သူက ရီဖူရှင်းကို သတ်ဖြတ်ကာ အမွေအနှစ်ကို လုယူနိုင်ပါမည်နည်း။

ထိုသည်က သေတွင်းတူးနေခြင်းသက်သက်သာ ဖြစ်သွားရပေလိမ့်မည်။

ကောင်းကင်ဒေသ၏ ထိုက်ချူသူတော်စင်အင်ပါယာက သူတို့အတွက် သတိပေးချက် ဖြစ်သွားပေသည်။ ပြိုင်ဘက်က သနားညှာတာမှုပြသပေးခဲ့၍သာ မဟုတ်လျှင် ထိုက်ချူနယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်က ဤနေရာ၌ သေဆုံးသွားရပေလိမ့်မည်။

ဘုံနှစ်ခုမှ ​ကျင့်ကြံသူများက အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။ သူတို့က ကောင်းကင်အာဏာစက်မြို့မှ ထွက်သွားရုံမျှမက ကောင်းကင်အာဏာစက်ဘုံမှပင် ထွက်သွားကြပေသည်။ သူတို့က ဤနေရာ၌ ဆက်နေရန် အကြောင်းရင်းမရှိတော့ပုံရလေသည်။

သူတို့ထွက်သွားပြီးနောက် မင်းသမီးဒွန်ဟောင်က ကောင်းကင်ဒေသမှ ပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူမက ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ ရှင်တို့ရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေ ဖြေရှင်းချင်တာကြောင့် စစ်ပွဲဖန်တီးခဲ့တယ်။ ဒီနေ့မှာလည်း ရှင်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာပြီး ကောင်းကင်ဒေသအတွင်း စစ်ပွဲဖြစ်ပွားဖို့ လှုံ့ဆော်ပြန်တယ်။ မှောခနက်လောကနဲ့ နတ္ထိဘုံက ကျွန်မတို့ကို ကျားချောင်းချောင်းနေတာ။ အဲဒါကြောင့် ရှင်တို့ရဲ့ ရန်ငြိုးတွေကို လွတ်လပ်စွာ ဖြေရှင်းတာမျိုး ကျွန်မ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့ မှော်နက်လောက၊ နတ္ထိဘုံတို့နဲ့ နောက်တစ်ခါ ထပ်ပူးပေါင်းရင် အင်ပါယာနန်းတော်က နှောင့်နှေးမှုမရှိဘဲ ရှင်တို့ကို ရင်ဆိုင်ရလိမ့်မယ်။"

မင်းသမီးဒွန်ဟောင်၏ စကားလုံးများကို ကြားသောအခါ အချို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသော်လည်း အချို့က ဖြူဖျော့ကာ ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။

ကောင်းကင်​ဒေသမှ လာသောအချို့အင်အားစုများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ မင်းသမီးဒွန်ဟောင်က ဤကိစ္စကို ဆက်လိုက်ရန် ရည်ရွယ်ချက်ရှိပုံမရပေ။ သို့သော် မူလဘုံရှိ အချို့ ဒေသခံ အင်အားစုများက သူတို့၏ နှလုံးသားများအတွင်းမှ ထွက်ပေါ်လာသည့် အကြောက်တရားက အားကောင်းလာပေသည်။

ယခင်က သူတို့၏ ထိပ်သီးကျင့်ကြံသူများက ရီဖူရှင်း ထိန်းချုပ်ထားသော မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကြောင့် သတ်ဖြတ်ခံခဲ့ရသည်။ သို့သော် အချို့ အင်အားစုများတွင် ထိပ်သီးကျင့်ကြံသူများ ရှိနေဆဲ ဖြစ်၏။ မူလဘုံ၏ ထိပ်သီးအင်အားစုများမှာ လွန်ခဲ့သော နှစ်နှစ်ဆယ်က တိုက်ပွဲကြီးတွင် ပါဝင်ခဲ့ပြီး ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ် ကြီးစွာသော အမုန်းတရားများ ရှိသည်။ ဤအဖြစ်အပျက်ကြောင့် အမုန်းတရားက ပို၍ ပြင်းထန်လာသည်။

လက်ရှိတွင် ရီဖူရှင်းထံ၌ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများနှင့်  အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးများလည်း ရှိနေသည်။ ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ထောက်ပံ့ပေးခြင်း မရှိဘဲ မူလဘုံမှ ထိုအင်အားစုများက ရီဖူရှင်းနှင့် မဟာမိတ်များ၏ စုပေါင်းခွန်အားကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

ရီဖူရှင်း သတိပြန်ရကာ သက်သာလာသည့်အခါ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထပ်မံ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး သူက မူလဘုံမှ ထိပ်သီးကျင့်ကြံသူများကိုပင် ရှင်းလင်းသုတ်သင်ပစ်ရန် အစွမ်းအစ လုံလောက်ပေသည်။

ထိုသို့သော အခြေအနေအောက်တွင် မင်းသမီးက သူတို့၏ ရန်ငြိုးများကို ကိုယ်တိုင်ဖြေရှင်းရန်သာ ပြောကြားခဲ့သည့်အတွက် သူတို့က မည်သို့ အထိတ်တလန့် မဖြစ်ဘဲ နေပါမည်နည်း။

"အရှင်မင်းသမီး ဒီတိုက်ပွဲမှာ  ကောင်းကင်ဒေသက ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေခဲ့ရပြီး မူလဘုံက လူတွေအတွက်တော့ အခြေအနေက ပိုပြီးတော့တောင် ခက်ခဲသေးတယ်။ စစ်ပွဲနှစ်ခု ပြီးတဲ့နောက်မှာ မူလဘုံက အင်အားစုတွေက ဒီရန်ငြိုးကို ကိုင်စွဲထားတော့မှာ မဟုတ်ဘူးလို့ ယူဆမိတယ်။ ဒါကြောင့် မူလဘုံကို ငြိမ်းချမ်းရေး ပြန်ရယူပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘယ်လိုသဘောရပါလဲ အရှင်မင်းသမီး။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ တစ်စုံတစ်ယောက်က မူလဘုံ၏ ရန်ငြိုးကို ဖြေရှင်းရန် အမှန်တကယ် အကြံပြုလာသည်။

ထို့ပြင် ထိုစကားပြောလိုက်သော တစ်ယောက်က မူလဘုံ၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ် ကျန်းအော့ ဖြစ်ပေသည်။

ကျန်းအော့၏ စကားလုံးများကို ကြားသောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များသည် ထိတ်လန့်အံ့အားသင့်သော အမူအရာတို့ကို ပြသလာပြီး သူ့အား အံ့အားတသင့် ကြည့်လိုက်ကြသည်။ မူလဘုံ၌ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်လား။

ကျန်းအော့သည် ဤအခိုက်အတန့်၌ အမှန်တကယ်ပင် မူလဘုံ၌ ငြိမ်းချမ်းမှု ပြန်လည်ထိန်းသိမ်းရန် ပြောခဲ့ပေသည်။

ယခင်က သူသည် မူလဘုံ၏ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကျူးကျော်ရာတွင် ပါဝင်ခဲ့သည်။ ယနေ့လည်း သူက ရီဖူရှင်းကို သတ်ရန် အခြားအင်အားစုများနှင့် ပူးပေါင်းပါဝင်ခဲ့၏။ ယခု ထင်ရှားသည့် ရလဒ်ထွက်ပေါ်လာသောအခါ ငြိမ်းချမ်းရေးကို အကြံပြုနေခဲ့သည်။

မင်းသမီးဒွန်ဟောင်ကလည်း ကျန်းအော့ကို ကြည့်လိုက်သည်။ သူက မည်သို့ဖြစ်၍ ထိုသို့ ပြောရသနည်း။

အမှန်တွင် ယခင်က ရီဖူရှင်းနှင့် ထျန်းရှန်းကျောင်းတော်ကြား၌ ရန်ငြိုးကြီးကြီးမားမား မရှိခဲ့ပေ။ ထို့ပြင် ရီဖူရှင်းသည် တစ်ချိန်က ထျန်းရှန်းကျောင်းတော်၌ ကျင့်ကြံခဲ့ဖူးသည်။ သူသည် ကျန်းချင်းကျူက သူ့ကို တစ်ကြိမ်ကယ်ခဲ့ဖူးသည့်အတွက် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ပေသည်။

သို့သော် ကျန်းအော့က ရီဖူရှင်းအား သတ်ရန် အမြဲ တွေးခဲ့သည်။

"ကျွန်မ အရင်တုန်းက တိုက်ပွဲကို ဝင်မစွက်ဖက်ဘဲ ခွင့်ပြုခဲ့တယ်။ အခုလည်း အဲဒီအတိုင်းပဲ။" မင်းသမီးဒွန်ဟောင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ကျန်းအော့၏ မျက်လုံးများတွင် မကျေမနပ်ဖြစ်မှုတို့ ပေါ်ပေါက်လာသည်။ ယခု ရီဖူရှင်းက ယခင်ကနှင့် မတူတော့ပေ။ စစ်ပွဲဖြစ်ပွားသည့်အခါ သူသည် မဟာမိတ်အင်အားစုများအား ဦးဆောင်၍ မူလဘုံတစ်ခွင်ကို ဖြန့်ကျက်နိုင်စွမ်းရှိသည်။

သူတို့က မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

"တော်တော်ဉာဏ်ကောင်းတာပဲ.. ကျောင်းအုပ်ကြီး။" အရှင်ထိုက်ရွှမ်က သရော်လိုက်သည်။ ကျန်းအော့က မည်သည်ကို တွေးနေသနည်း။ သူက ဆန္ဒရှိစဥ်က တိုက်ခိုက်ခဲ့ပြီး ယခု ငြိမ်းချမ်းရေးရယူရန် ပြောနေသည်လား။

"မင်းက မူလဘုံကို တစ်ညတည်းနဲ့ အဖျက်ဆီးခံရစေချင်တာလား။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ဤတစ်ကြိမ်၌ ပြောလိုက်သူမှာ ကောင်းကင်မျှော်စင်ကျောင်းမှ ထိပ်သီးပုဂ္ဂိုလ်ပင် ဖြစ်သည်။

လက်ရှိတွင် သူတို့အားလုံးက အကြောက်တရားများကြားတွင် ရှိနေကြောင်း ခန့်မှန်းမိပေသည်။

ရီဖူရှင်း သတိရလာပြီး ကောင်းကင်အာဏာစက် ကျောင်းတော်နှင့် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများကို ဦးဆောင်ကာ လက်စားပြန်ချေခဲ့လျှင် မူလဘုံရှိ မည်သည့်အင်အားစုမှ သူတို့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က ဖျက်ဆီးခံရရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။

မင်းသမီးဒွန်ဟောင်က သူ့ကို အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ယခင်က သူတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်သောအခါ မည်သည့်အတွက်ကြောင့် ထိုသို့သော မေးခွန်းမျိုး မတွေးခဲ့ပါသနည်း။

"ရှင်တို့အားလုံး ဘာကြောင့် ဒီမှာ ရှိနေသေးတာလဲ။" မင်းသမီးဒွန်ဟောင်က အခြေအနေကို လျစ်လျူရှုကာ အခြားထိပ်တန်းကျင့်ကြံသူများကို ကြည့်လိုက်သည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ မျက်လုံးများက လင်းလက်သွားသည်။ သူတို့က ချက်ချင်းပြန် အရိုအသေပြုကာ နေရာမှ ထွက်သွားကြ၏။

မူလဘုံမှ ကျင့်ကြံသူများက ၎င်းကို မြင်သည့်အခါ သူတို့သည် မင်းသမီးက သူတို့ကို မည်သည့်အရာမှ မလုပ်ကြောင်း သိရှိခဲ့ကြပေသည်။

သူတို့ကလည်း အလားတူစွာပင် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ အခြေအနေတွေက ယခုအထိ ဖြစ်လာရာ သူတို့အတွက် ပြန်ဆုတ်ခွာရန်သာ ရွေးချယ်စရာ ရှိတော့ပေသည်။

အမျိုးမျိူးသော နေရာများမှ အစွမ်းထက်ကျင့်ကြံသူများက အလျင်အမြန်ပင် ဆုတ်ခွာသွားကြပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားကြပေသည်။

သူတို့ထွက်ခွာသွားပြီးနောက် လေဟာနယ်က အများကြီး တိတ်ဆိတ်သွားပေသည်။ ထိုနေရာ၌ ကျန်နေခဲ့သူများမှာ ရီဖူရှင်းနှင့် သူ၏ မဟာမိတ်များသာ ဖြစ်သည်။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ရီဖူရှင်း ရှိနေသည့် နေရာသို့ ကြည့်ကာ ပြောလိုက်သည်။ "ငါ ဒီရုပ်ကြွင်းကို ယူသွားမယ်။ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်။"

စကားပြောပြီးသည်နှင့် သူက မင်းသမီးဒွန်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်။ "ပြန်တော့မယ်။"

"အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ ဆရာသခင်။" မင်းသမီးဒွန်ဟောင်က အရိုအသေပြုကာ ပြောလိုက်သည်။ ထို့နောက် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ၎င်းသည် လေဟာနယ်ကို ချက်ချင်း ထိုးဖောက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားပေသည်။

မင်းသမီးဒွန်ဟောင်က ခေါင်းကို ငုံ့ကာ အောက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူမက သူမ၏ လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့၏။ ဤအဖြစ်အပျက်ပြီးနောက် မည်သူကမှ ရီဖူရှင်းနှင့် သူ့မဟာမိတ်များကို ပြဿနာရှာရဲလိမ့်တော့မည် မဟုတ်ပေ။

အခြားအင်အားစုများ ထွက်ခွာသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ​စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများက ရီ​ဖူရှင်းအနားသို့ ဝိုင်းရံလာကြသည်။ ထိုအခိုက်အတန့်တွင် သူက သတိလစ်နေခဲ့သည်။ ကြည့်ရသည်မှာ သူက နက်ရှိုင်းစွာ အိပ်မောကျနေသလို ထင်မှတ်ရ​ပေသည်။ ယခင် တိုက်ပွဲ၌ သူ၏ စွမ်းအားများစွာ ဖြုန်းတီးခဲ့ရပေသည်။ နောက်ပိုင်း၌ သူက ထိုက်ချူသူတော်စင်အင်ပါယာ၏ တိုက်ခိုက်မှုကိုပင် ခံခဲ့ရသေးသည်။ သူက မည်မျှများပြားသော ဖိအားကို ခံစားခဲ့ရကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။ သူ၏ စိတ်ဝိညာဥ်က ဖျက်ဆီးမခံရသည်ကပင် အလွန် ကံကောင်းနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူ၏ အသက်စွမ်းအားက အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး မည်သည့်အချိန်မှ သက်သာလာမည်ကို မည်သူမှ မသိပေ။

လူအုပ်ကြီးက ထိုဝန်းကျင်ကို ကြည့်လိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က တိုက်ပွဲအတွင်း၌ ပြားပြားဝပ် ဖျက်ဆီးခံလိုက်ရပေသည်။

***

All Chapters