← Chapters

အခန်း (၂၅၃+၂၅၄)

Vol. 11 Ch. 253+254

အခန်း (၂၅၃+၂၅၄)

Vol. 11 Ch. 253+254

အခန်း(၂၅၃) မရှိသလို သဘောထားခြင်း

“လူယုတ်မာကြီး! ငါတို့ချင်းမိသားစုကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး! နင့်ကို ပြားသွားအောင် နင်းပြစ်လိုက်မယ်!”။ စူစူလေးက အရှိန်အဝါကြီးစွာဖြင့် ပြန်ချေပလိုက်သည်။

သူမ လက်သီးတွေ ယားနေပါပြီ။

သို့သော်လည်း ဒီနေ့ အိမ်က‌နေ ထွက်မလာခင် သူများကို မထိုးရဘူးဟု သူမ မိဘတွေ မှာထားသည်။

လူသားကမ္ဘာက စိတ်ရှုပ်ဖို့ကောင်းလိုက်တာ! ရန်ဖြစ်ချင်တိုင်းလည်း ရန်ဖြစ်လို့ မရဘူး!

ရှုထျန်းဖေးက စူစူလေးကို အတည်မမှတ်ဘဲ လှောင်ပြုံးပြုံးလိုက်ပါသည်။

ထို့နောက် ခေါင်းမော့လျက် အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ပြောလိုက်သည်။ “ခင်ဗျားတို့က ချင်းမိသားစု ဒေဝါလီ ခံရမှာကို မကြောက်ကြဘူးပေါ့။ ဒီကလေးမလေးအတွက်ကော? ဒီလောက် တက်ကြွ သွက်လက်တဲ့ ကောင်မလေး အနာဂတ်မှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…”

“စိတ်တောင်မကူးနဲ့ မစ္စတာရှု!”။ အဘွားချင်းက ခက်ထန်စွာ သတိပေးလိုက်သည်။ “နင်ဘယ်လိုလူမျိုးလဲဆိုတာ ငါတို့ သိပြီးသား။ နင်က နောက်ကွယ်မှာ ညစ်နွမ်းမှုတွေနဲ့ ပြည့်နှက်နေတာ! လျှို့ဝှက်ချက်တစ်ခုလောက် ဖော်ထုတ်လိုက်ရုံနဲ့ နင့်တစ်ဘဝလုံး ပျက်စီးသွားနိုင်တယ်! ငါတို့က အသက်ကြီးပေမယ့် နင်ထင်နေသလို အသုံးမဝင်တော့တဲ့ လူတွေ မဟုတ်ဘူး!’

“ဟား။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလိုများ ထင်နေလား။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကဆိုရင် ခင်ဗျားတို့ရဲ့စကားကြောင့် ကျုပ် ကြောက်ကောင်း ကြောက်နိုင်လိမ့်မယ်။ အဲ့တုန်းက ခင်ဗျားတို့ အစွမ်းအစရှိသေးတာကိုး။ ဟွာချန့်တစ်မြို့လုံးက ခင်ဗျားတို့ကို လေးစားကြတယ်။ ဒါပေမယ့် အခုကော? ဟားဟား”

ရှုထျန်းဖေးက လှောင်ရယ်လိုက်သည်။

ဒီအဘိုးကြီးနဲ့ အဘွားကြီးနှစ်ယောက်က ၁၀ နှစ်လောက် မြို့ပြင်ရောက်နေကြတာဖြစ်သည်။ အခု မြို့မှာ ဘယ်လို အခြေအနေတွေ ဖြစ်နေပြီလဲ သိသေးပုံ မပေါ်ပါ။

လက်ရှိ ချင်းမိသားစု စက်ရုံတွေ ကုန်ကြမ်းပြဿနာတက်နေတာ တစ်ခုတည်းနဲ့တင် ဟွာချန့်မြို့မှာ ချင်းမိသားစု၏ အာဏာ ဘယ်လောက်ကျဆင်းသွားသလဲဆိုတာ သိသာပါသည်။

အဘိုးချင်းက ပြောလိုက်၏။ “ငါတို့ အဘိုးကြီးအဘွားကြီးတွေ အစွမ်းအစရှိလား မရှိဘူးလားဆိုတာ မင်းစိတ်ပူစရာ မလိုဘူး။ မင်းသိထားရမှာက ငါတို့ မိသားစုကို ပစ်မှတ်လာမထားဖို့ပဲ။ မဟုတ်ရင် မင်းနောင်တ ရသွားစေရမယ်!”

အဘိုးချင်း၏ ဒေါသကို အာရုံခံမိပြီး စူစူလေးက အမြန်ဝင်ပြောလိုက်သည်။ “ဖေဖေနဲ့ မေမေ ဒေါသမထွက်နဲ့။ သမီးသူ့ကို လွင့်ထွက်သွားအောင် ထိုးလိုက်မယ်!”

အဘွားချင်းက စူစူလေးကို ဆွဲထားလိုက်ရသည်။ “သမီးလေး မလုပ်ပါနဲ့။ လူကြီးပြဿနာကို လူကြီးတွေ ဖြေရှင်းပါစေ။ သမီးကို ဖေဖေနဲ့ မေမေတို့ ကာကွယ်ပေးမယ်နော်”

“ဒါပေမယ့် သမီးက သန်မာတယ်လေ! ဖေဖေ၊ မေမေနဲ့ ချင်းမိသားစုတစ်စုလုံးကို ကာကွယ်ပေးရမှာ သမီးတာဝန်ပဲ!”။ စူစူလေးက တာဝန်သိစိတ်ဖြင့် ပြောလိုက်ပါသည်။

သူမက အလွန်သတ္တိရှိပြီး ကြမ်းကြုတ်သဖြင့် သူမ မိဘတွေကို ကာကွယ်ပေးရမှာ သူမတာဝန်ဖြစ်သည်။

စူစူလေး၏ စကားလုံးများကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ ရင်ထဲ နွေးထွေးသွားပါသည်။

သူတို့ ရတနာလေးက အမြဲတမ်း သိတတ်လိမ္မာပြီး သူတို့ကို ဂရုစိုက်မှန်း သိပါသည်။ သို့သော်လည်း တကယ့် အန္တရာယ်နဲ့ ကြုံလာရချိန်မှာ မိသားစုကို လူကြီးတွေက ဦးဆောင်ကာကွယ်ပေးရမှာ ဖြစ်သည်။

“သမီးလေး သန်မာတာ ဖေဖေ သိပါတယ်။ ဒါပေမယ့် ဖေဖေလည်း သမီးနဲ့ မေမေ့ကို ကာကွယ်ပေးပြီး ချီးကျူးတာ ခံချင်တယ်လေ။ ဖေဖေ့ကို အခွင့်အရေးပေးပါဦး”။ အဘိုးချင်းက စူစူလေးနဲ့ ညှိနှိုင်းလိုက်သည်။

စူစူလေး ၂ စက္ကန့်လောက် စဉ်းစားလိုက်သည်။ “ဟုတ်ပြီလေ။ ဒါဆို ဖေဖေ့ကို အခွင့်အရေးပေးမယ်!”

စူစူလေး ပျော်ရွှင်စွာ သဘောတူလိုက်ပါသည်။ တခြားရွေးချယ်စရာမရှိပါ။ သူမ ဖေဖေကိုလည်း တစ်ခါတလေ သူရဲကောင်းလုပ်ခွင့် ပေးရမည်။

“လိမ္မာလိုက်တဲ့ အဖိုးတန်လေး! ဖေဖေ့ကို အာဘွားပေးပါဦး”။ အဘိုးချင်း ပါးထိုးပေးလိုက်သည်။

စူစူလေးကလည်း သူမ ဖေဖေကို ‘မွ’ခနဲမြည်အောင် အာဘွားပေးလိုက်ပါသည်။

ဘေးမှာ ရှုထျန်းဖေးတစ်ယောက် အံကြိတ်နေရ၏။

သူရှိနေသေးတာကို တကယ်ကြီး မေ့သွားကြတာလား?!

သူတို့ကို ဒီလောက်ခြိမ်းခြောက်နေတာတောင် မိသားစုလုပ်တန်း ကစားနေကြတုန်းလား?!

ရှုထျန်းဖေး သွေးအေးစွာ မေးလိုက်သည်။ “ခင်ဗျားတို့တွေ ကြည်နူးလို့ ပြီးပြီလား”

အဘိုးချင်းက ဖြည်းညှင်းစွာ ပြန်ထလိုက်သည်။ သူ့အရှိန်အဝါက ရှုထျန်းဖေးအောက် မနိမ့်ပါ။ “ဘာဖြစ်လို့လဲ။ မနာလိုလို့လား။ အားကျနေတာလား။ မင်းမကြည့်နိုင်ရင် မကြည့်နဲ့လေ။ ငါတို့ရှေ့မှာ မျက်စိစပါးမွေးစူးစရာ လာမလုပ်နဲ့!”

… … …

အခန်း(၂၅၄) ဒိတ်အောက်နေပြီ

အဘိုးချင်းက လုံးဝ အားနည်းချက် မရှိပါ။ မိသားစု စီးပွားရေးကပ်ဆိုက်နေသည့် အချိန်မှာတောင် ယုံကြည်ချက် အပြည့်ဖြင့် တောက်ပနေဆဲဖြစ်သည်။

ရှုထျန်းဖေး မြင်ချင်တာ ဒါမဟုတ်ပါ။

“ပြီးတာပဲ! ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ကံပဲ! ခင်ဗျားတို့ မိသားစုမွဲတေသွားမှ ပြုံးနိုင်သေးလား တကူးတကကို လာကြည့်ဦးမယ်!’

ထိုသို့ ကြိမ်းမောင်းပြီးနောက် ရှုထျန်းဖေး လှည့်ထွက်သွားလေတော့သည်။ ချင်းမိသားစု ပြိုလဲသွားတာကို သူတယ် မြင်ချင်နေမှန်း သိသာပါသည်။

“ဖေဖေနဲ့ မေမေ အဲ့ဒီလူဆိုးကောင်ကြီး ပြန်လာရင် သမီးကိုပြော။ သမီးကာကွယ်ပေးမယ်!”။ စူစူလေးက ပြောလိုက်သည်။

အခု သူမ မူကြိုတက်နေရသဖြင့် သူမမိဘတွေဘေးမှာ အချိန်ပြည့် ရှိမပေးနိုင်ပါ။

သူမ မရှိတုန်း လူဆိုးတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။

တွေးကြည့်ရုံနဲ့ ရင်မောရပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အသဲတုံးလေး စိတ်မပူပါနဲ့။ လူဆိုးတွေ ဖေဖေနဲ့ မေမေ့ကို လာအနိုင်ကျင့်လို့ မေမေတို့ မနိုင်ရင် သမီးလေးကို ခေါ်လိုက်မယ်နော်”။ အဘွားချင်းက အပြုံးဖြင့် ပြောလိုက်ပါသည်။

“အွန်း!”။ စူစူလေး အားရကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် အဘိုးချင်း၊ အဘွားချင်းနဲ့ စူစူလေးတို့ လက်ချင်းတွဲလျက် အနုပညာပြပွဲရှိ ပန်းချီကားများကို ဆက်လက် ကြည့်ရှုကြပါသည်။

ရှုထျန်းဖေးရောက်လာမှုကြောင့် သူတို့ မိသားစု အပျော်မပျက်ပါ။

ချင်းမိသားစုထံမှ ထွက်လာပြီးနောက် ရှုထျန်းဖေးတစ်ယောက် သူ့လုပ်ငန်းပါတနာ ကျန်းကျန့်မင်ထံ လျှောက်သွားလိုက်သည်။

ကျန်းကျန့်မင်တို့ မိသားစု၏ လုပ်ငန်းက ချင်းမိသားစုနဲ့ အပြိုင်ဖြစ်ပြီး ဟွာချန့်မြို့မှာ ဒုတိယ အကြီးမားဆုံး လုပ်ငန်း ဖြစ်ပါသည်။

သို့သော်လည်း ဒုတိယဟူသည့်နေရာမှာ ဘယ်သူမှ တစ်သက်လုံး မနေနိုင်ကြပါ။ ကျန်းကျန့်မင်၏ ရည်မှန်းချက်က သူ့လုပ်ငန်းတွေကို ချဲ့ထွင်ပြီး ချင်းမိသားစုထက် သာလွန်နိုင်ဖို့ ဖြစ်သည်။

ပြဿနာမှာ ချင်းမိသားစုက ရိုးသားပြီး လုပ်ငန်းတွေ အမြဲတမ်း ချောမွေ့အဆင်ပြေနေလေ့ရှိသဖြင့် သူအနိုင်ယူနိုင်ဖို့ အခွင့်အလမ်း မရှိခဲ့ပါ။

သို့သော် ဒီတစ်ခေါက်တော့ ရှုထျန်းဖေးက သူ့ကို အလွန်မက်လောက်စရာကောင်းသော ကမ်းလှမ်းချက်တစ်ခုဖြင့် ချဉ်းကပ်လာခဲ့သည်။

သေချာစဉ်းစားပြီးနောက် ကျန်းကျန့်မင် သဘောတူလက်ခံခဲ့ပါသည်။

ရှုထျန်းဖေး ဒေါသတကြီး ပြန်ရောက်လာတာကိုမြင်ပြီး ကျန်းကျန့်မင် ရယ်မောလျက် စနောက်လိုက်သည်။ “ကြည့်ရတာ မစ္စတာရှု အခွင့်မသာသေးဘူးထင်တယ်။ အဘိုးကြီးလင်မယားနဲ့ ကလေးလေးတစ်ယောက်ကြောင့် ဒေါသထွက်ပြီး ပြန်လာရတယ်လို့။ မစ္စတာရှု ဒေါသကို ထိန်းတတ်အောင် သင်ယူရဦးမယ်”

“ဒီကိစ္စမှာ ခင်ဗျားလည်း မထိခိုက်သလို ဟန်ဆောင်မနေစမ်းပါနဲ့ မစ္စတာကျန်း။ အဲ့ဒီအဘိုးကြီးတို့ လင်မယား ငယ်စဉ်တုန်းက ဘယ်လောက်အစွမ်းအစရှိလဲ ခင်ဗျားကောင်းကောင်းသိတယ်။ ခင်ဗျားအဖေက သူတို့လက်အောက်မှာ အရှုံးသမားလုံးလုံးဖြစ်ခဲ့တာ မဟုတ်ဘူးလား!”။ ရှုထျန်းဖေးက ဒေါသတကြီး ပြန်ချေပလိုက်ပါသည်။

“ဖြစ်ပြီးတာတွေလည်း ပြီးခဲ့ပါပြီ။ အခုခေတ်မှာ ဘယ်သူမှ ဓာတ်ပြားဟောင်းကြီးကို စိတ်မဝင်စားတော့ဘူး။ အသစ်အဆန်းတွေကိုပဲ စိတ်ဝင်စားကြတယ်။ ကျန်တာတွေက… ကျုပ်တို့ အရေးစိုက်ပြီး စဉ်းစားနေစရာ မလိုတော့ဘူး”။ ကျန်းကျန့်မင်က အဘိုးချင်းတို့ လင်မယားကို အထင်အမြင်သေးစွာ ပြောလိုက်ပါသည်။

ရှုထျန်းဖေးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ကျုပ်တို့သဘောတူထားတဲ့အတိုင်း ခင်ဗျား အခွင့်အရေးကို အမိအရ ယူနိုင်ပါစေနော်”

“စိတ်မပူစမ်းပါနဲ့။ ကျုပ်ကြောင့် ခင်ဗျားစိတ်မပျက်စေရဘူး။ ချင်းမိသားစု ကုန်ကြမ်းတွေမရအောင်သာ သေချာ စီမံထား။ သူတို့ကို ဒေဝါလီခံသွားရအောင် ကျုပ်လုပ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်”။ ကျန်းကျန့်မင်က ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။

“ယုံကြည်ချက် မလွန်ကဲစမ်းပါနဲ့”။ ရှုထျန်းဖေးက သတိပေးလိုက်သည်။

“ယုံကြည်ချက် လွန်ကဲတာမဟုတ်ဘူး။ အဲ့ဒီ အဘိုးကြီးနဲ့ အဘွားကြီးတို့ကို ကြည့်ပါဦး။ သူတို့ ဒီအနုပညာပြပွဲကို ရောက်တာဖြင့် ကြာလှပြီ။ သူတို့ကို ဘယ်သူက စကားသွားပြောလို့လဲ။ ဘယ်သူက အရေးတယူ ဆက်ဆံနေတာ မြင်လို့လဲ။ သူတို့ ခေတ်ရေစီးကြောင်း နောက်မှာ ကျန်ခဲ့ပြီဆိုတာ အသိသာကြီး။ အထက်တန်းစားတွေက သူတို့ကို ဂ၇◌ုမစိုက်တော့ဘူး”။ ကျန်းကျန့်မင်က လှောင်ပြောင်သရော်ကာ ပြောလိုက်ပါသည်။

သူစကားပြောပြီး သိပ််မကြာလိုက်ဘဲ တုတ်ကောက်နဲ့ ဆရာကြီးကောတစ်ယောက် အဘိုးချင်းတို့လင်မယားနဲ့ စူစူလေးထက် တက်တက်ကြွကြွ သွားနေတာကို မြင်လိုက်ရသည်။

ကျန်းကျန့်မင်နဲ့ ရှုထျန်းဖေးတို့၏ စောင့်ကြည့်မှုမျက်လုံးတွေအောက်မှာ ဆရာကြီးကောက ချင်းမိသားစုနဲ့ စကားတွေ စပြောလေသည်။

လုံးဝ မထင်ထားစရာပင်။

ကျန်းကျန့်မင် မျက်နှာ ရုတ်တရက် တောင့်တင်းသွားလေသည်။

All Chapters