ဘုံသဘောတရားကို ဆန့်ကျင်၍
Vol. 17 Ch. 241
နောက်မှ လိုက်နေသော အဆင့် ၆ ကစားသမားများ အလွန်အံ့သြသွားကြ၏ ။ အသတ်ခံလိုက်ရသော သတိပေးချက်များက ဂိမ်းမြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားသည် ။
" သောက်ခွေး.."
" ဒါမလွန်ဘူးလား.."
" အဆင့်၅ တွေက ဒါလေးကိုတောင် မရှောင်နိုင်ကြဘူးလား.. "
" Black Earth က ငါတို့ ထင်ထားတာထက် သန်မာနေတာပဲ.. "
" Black Earth က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ နောက်ပိုင်းအဆင့် ရောက်နေတာ သေချာသွားပြီ.. "
အကုန်လုံး အလေးအနက် ထားလိုက်ကြတော့သည် ။ Black Earth ၏ ခွန်အားက သူတို့ ထင်ထားသည်ထက် များစွာပိုနေပြီး စိတ်စွမ်းအားပါ ထည့်ပေါင်းလျှင် အဆင့် ၆ အထွတ်အထိပ်တစ်ယောက်ဟုပင် ဆိုနိုင်ပေသည် ။ သို့သော်လည်း သူတို့ မကြောက်သေး ။
" တက်... မြန်မြန် လိုက်ကြ.. "
" သူ ဒီအတိုင်း ဆက်သတ်နေရင် ငါတို့ မျက်နှာ ပြရဲတော့မှာ မဟုတ်ဘူး.. "
" အဆင့်၆ မရောက်သေးတဲ့ ညီအကိုတွေ ဘေးကို ရှောင်နေတော့.. အမှတ် အလကားမပေးနဲ့.. "
" အဆင့် ၅ တွေ.. အထူးလက်နက် သွားရှာကြ တွေ့ရင် ငါတို့ကို လာပေး .."
လင်းမို့သည် အဆင့် ၅ များကို သတ်ပြီးနောက် ဖိအားပိုတိုးလာသည်ကို ခံစားမိလိုက်၏ ။ နောက်မှ လိုက်လာသော အဆင့် ၆ များက ပိုမို အားစိုက်ထုတ် လာကြသည် ။
ကြက်ဘုရင်ဂိမ်းတွင် မြေပုံက အချိန်တစ်ခုရောက်လျှင် ပို၍ ကျဥ်းလာပြီး အဆိပ်ငွေ့ ဧရိယာများ တိုးလာမည်ဖြစ်သည် ။
လင်းမို့ ကွေ့ပတ် ပြေးရတော့သည် ။ နေရာ ပို၍ ကျဥ်းလာပါက နောက်ဆုံးတွင် သူပြေး၍ ရမည်မဟုတ်တော့ ။
' မဖြစ်တော့ဘူး စိတ်ထိန်းချုပ်သူ သုံးရတော့မယ်.. '
လင်းမို့ တွေးသည် ။ ပြီးနောက် အနီးဆုံးလူကို ဓားဖြင့် လှမ်းပစ်လိုက်၏ ။
" ဟားဟားဟား.. အသုံးမဝင်ဘူးကွ.. "
ထိုလူက လက်တစ်ဖက် အနာခံ၍ ဓားကို ဖမ်းလိုက်သည် ။ ဓားမြှောင်ရရှိရန် လက်တစ်ဖက် ရင်းလိုက်သည်က ပိုကောင်းပေသည် ။ Black Earth တွင် ဓားမရှိပါက အဆင့် ၆ များအား သတ်ရန် လွယ်မည်မဟုတ်တော့ ။
ထိုအခိုက် ပျံသန်းနေသော ဓားက လမ်းကြောင်းပြောင်းသွားသလို ထိုလူ၏ မျက်လုံးများကလည်း ကြောင်တောင်တောင် ဖြစ်သွား၏ ။ ပုံရိပ်ယောင်ထဲ ကျဆင်းသွားလေပြီ ။
" ဖောင်း..."
ထိုလူ၏ ခေါင်း ပေါက်ကွဲသွားသည် ။
ကြက်ဘုရင်ဂိမ်းတွင် အဆင့် ၆ အားသတ်နိုင်ရန် ချက်ကောင်း နှစ်ချက်ထိရမည်ဖြစ်၍ ဓားမြှောင်က ပြန်ကွေ့လာ၏ ။
ထိုလူ၏ ခေါင်းက ချက်ချင်း ပြန်ကောင်းလာသော်လည်း သူသတိမဝင်မီ နောက်တဖန် ပေါက်ကွဲ၍ သေဆုံးသွားလေသည် ။
လူတိုင်း အံ့သြသွားကြ၏ ။
" ဘာလို့ ရုတ်တရက် ကြောင်သွားတာလဲ.. "
" လိုင်းမကောင်းလို့များလား .."
" ပုံရိပ်ယောင် ခေါင်းဆောင်း လိုင်းမကောင်းတာ မကြားဖူးပါဘူးဟ.. "
" ပုံရိပ်ယောင်.. အဲ့တာ ပုံရိပ်ယောင်ဟ.. "
" ပုံရိပ်ယောင် စွမ်းရည် သုံးလိုက်တာ ငါလည်းခံစားမိတယ်.. "
လူတစ်ယောက်၏ အနှစ်သာရသည် အဆင့်တစ်ခုကို ရောက်လျှင် စိတ်စွမ်းအား မသုံးနိုင်သေးသော်လည်း တခြားသူများသုံးသည့် စိတ်စွမ်းအားလှိုင်းများကို ခံစားသိနိုင်သည် ။ အဆင့် ၆ တော်တော်များများ ပုံရိပ်ယောင် စွမ်းရည်ကို ခံစားမိလိုက်၏ ။
" Black Earth က စိတ်ထိန်းချုပ်သူလား.. "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ စိတ်စွမ်းအားရှင်က စိတ်ထိန်းချုပ်သူ မဖြစ်နိုင်ဘူးလေ.. "
" ဟုတ်တယ် ဘုံသဘောတရားအရ စိတ်စွမ်းအားရှင် နဲ့ စိတ်ထိန်းချုပ်သူ က အတူတူ တွဲမရှိနိုင်ဘူး.. "
အခန်း ၂၄၂