ဘုံသဘောတရားကို ဆန့်ကျင်၍ ၂ ~
Vol. 17 Ch. 242
" ဘယ်လောက်ပါရမီ ရှိရှိ ဘုံသဘောတရားကို ဆန့်ကျင်လို့ မရဘူးလေ.. "
" ချီးကို မရ.. သူ သုံးတာ မြင်သာနေတာကြီးကို.. "
" ထူးဆန်းလိုက်တာ.. "
" Black Earth ပေါ်လာကတည်းက အမြဲထူးဆန်းနေတာပဲ.. "
" မင်းတို့က အဲ့တာပဲ စဥ်းစားနေ.. အသက် ဆယ့်ရှစ်နှစ်နဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၆ နောက်ပိုင်းအဆင့် ရောက်နေတာလဲ ထည့်တွေးအုံးဟ.. "
" Black Earth မှာ ထူးဆန်းနေတာတွေ အများကြီး တစ်ခုတိုးလာတာ ဘာမှ မထူးဆန်းတော့ဘူး.."
သူတို့ အာရုံပြောင်းသွားစဥ် နောက်တစ်ယောက် အသတ်ခံလိုက်ရပြန်သည် ။ ထိုအချိန်မှ သူတို့ အန္တရာယ် ကြားထဲ ရောက်နေမှန်း သတိထားမိ သွားကြ၏ ။
Black Earth နောက်သို့ လိုက်နေသူ ၄၀ ကျော်ထဲတွင် စိတ်စွမ်းအားရှင် မရှိသလို စိတ်ထိန်းချုပ်သူလည်းမရှိ ။ Black Earth က တာဝေး တိုက်ခိုက်နိုင်သဖြင့် သူတို့ ဒုက္ခတွေ့လေပြီ ။ မြေပုံ အကျဥ်းဆုံး ရောက်ရှိရန် အချိန်လိုသေးသဖြင့် မည်သို့ ဆက်၍ အသက်ရှင်ရမည်နည်း ။ ဤခံစားချက်ကား အဆင်မပြေ ။
လူအုပ်ကြီးက Black Earth နောက် ဆက်လိုက်နေကြသော်လည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည် ။
" ငါတို့ ဘာလုပ်ကြမလဲ ဆက်လိုက်အုံးမှာလား.."
" ငါတို့ လူစုခွဲမှ အကုန်အသတ်ခံရမှာဟ .."
" သူရဲ့ ခွန်အားနဲ့ဆို လေးငါးယောက်လောက်အုပ်စုကို အေးဆေးသတ်နိုင်တယ်.. "
" ရွေးစရာမရှိဘူး.. ငါတို့ ဆက်လိုက်ရမယ်.. "
" သူ အားကုန်လာမယ့် အချိန်ကို စောင့်ပြီး ဝိုင်းနိုင်ဖို့ မျှော်လင့်ရမှာပဲ .."
" အဲ့လိုပဲ လုပ်မှ ရမယ်.. ငါတို့ မဝိုင်းနိုင်ရင် Black Earth ကို ယှဥ်နိုင်မှာ မဟုတ်တော့ဘူး.. သူ့ခွန်အားက အဆင့် ၆ ကို အများကြီးကျော်နေပြီ.. "
" ငါတို့ အကုန်သေသွားရင် Black Earth တော့ ပိုနာမည်ကြီးပြီ.. ဒဏ္ဍာရီ တစ်ပုဒ်ထွက်ဖို့ ငါတို့က အနင်းခံ ကျောက်ပြားတွေ ဖြစ်လာတော့မှာ.. "
" ဒါလဲ ကောင်းတာပဲ မဟုတ်ဘူးလား.. အနည်းဆုံးတော့ သမိုင်းမှတ်တမ်းထဲ ပါတာပေါ့.. "
**
နောက်ဆုံး ကျန်းမူနှင့် ဟောက်ရန်တို့ မြေပေါ်သို့ ရောက်လာကြသည် ။
Black Earth နှင့် ခပ်လှမ်းလှမ်း တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းလိုက်ကြခြင်းပင် ။
ဟောက်ရန်က တိုက်ပွဲကို ကြည့်ရင် မျှော်လင့်ချက်များ တောက်ပလာသည် ။
" ၉၈ ယောက် ဝိုင်းတိုက်တာကိုတောင် အနိုင်ယူနိုင်တယ်.. "
ဟောက်ရန် ဝမ်းသာသွား၏ ။ ဤဒဏ္ဍာရီ တွင်မည့် တိုက်ပွဲတွင် သူသည် Black Earth ၏ ရဲဘော်ရဲဘက် အဖြစ် ပါဝင်ခဲ့လေသည် ။ Black Earth ၏ ပေါင်ကို ဖက်၍ သူ၏ နာမည်သည်လည်း ကြီးချေတော့မည် ။
ဟောက်ရန်က တွေးရင်း ပို၍ စိတ်လှုပ်ရှားလာ၏ ။ သူက ကျန်းမူကို ရဲရဲတင်းတင်းကြည့်၍...
" မင်းပြောတော့ Black Earth အရိုက်ခံရတာ မြင်စေချင်လို့ဆို .. ခုငါမြင်တာတော့ မင်းလူတွေကြည့် သေနေတာပါလား.. "
ကျန်းမူက ဘာမှ ပြန်မပြောဘဲ တိုက်ပွဲကိုသာ ဆက်ကြည့်နေ၏ ။
" မင်း ဘာကြည့်နေတာလဲ.. ဘာမြင်ရလည်း.. "
ဟောက်ရန်က ရယ်လိုက်ပြီး...
" မင်းလည်း လေထီးနဲ့ ဆင်းလာတာဆိုတော့ အဆင့် ၆ မရောက်သေးဘူးမှတ်လား.. မင်းသာ အဲ့တိုက်ပွဲထဲ ရောက်နေရင် တစ်ချက်ထဲနဲ့ အသတ်ခံရမှာပဲ.. "
ကျန်းမူက ဟောက်ရန်အား လျစ်လျူရှုထား၏ ။
" ဟေး.. မင်း .. ငါပြောတာ မကြားဘူးလား.. "
ဟောက်ရန်က ...
" မင်းမကြားရင် ငါသွားတော့မယ်နော်.. "
ဟောက်ရန်သည် အစက သေချင်နေသော်လည်း ယခု မသေချင်တော့ ။ အသက်ရှင်လျက် ကြက်သားစားရသည်က ပို၍ အရသာရှိသည် ။ ကျန်းမူက သူ့အား လျစ်လျူရှုထား၍ ထွက်ပြေးရန် ကြံလိုက်သည် ။ ပုန်းစရာနေရာရှာရင်း Black Earth အတွက် အထူးလက်နက် တွေ့လို တွေ့ညား ရှာကြည့်ရပေမည် ။
ဟောက်ရန် လှည့်ထွက်လိုက်သည်နှင့် ကျန်းမူက ကုတ်မှ ဆွဲမြှောက်ထားလိုက်သည် ။ ကျန်းမူ၏ လက်ထဲတွင်ဖက်တီး၏ အလေးချိန်က မရှိသလောက်ပင် ။
" ငြိမ်ငြိမ်နေ.. ပြေးဖို့ မစဥ်းစားနဲ့.. "
ကျန်းမူက တည်ငြိမ်စွာ ပြောလိုက်၏ ။
" ငါယိုး...."
ဟောက်ရန်က ဒေါသ ထွက်သွားပြီး ကျန်းမူအား လက်သီးဖြင့် ထိုးတော့သည် ။
ကျန်းမူက လျစ်လျူရှု ထားလိုက်ပြန်သည် ။ အဆင့်၂ တစ်ယောက်ထိုးသော လက်သီးက သူ့အား ပန်းနှင့်ပေါက်နေသလိုပင် ။
" ငါ.. "
ဟောက်ရန် စိတ်ဓာတ်ကျသွား၏ ။ တဘက်လူက မတ်တပ်ရပ်၍ ငြိမ်ခံနေသော်လည်း သူ၏ လက်သီးများ နာလာသည်သာ အဖက်တင်သည် ။ ဟိုလူက တုတ်တုတ်မလှုပ် ။
' ဒီကောင် ငါ့ကို အနိုင်ကျင့်တာ များသွားပြီ.. '
ဟောက်ရန် တွေးရင်း ပိုဒေါသ ထွက်လာသည် ။
' ဒီည ဂိမ်းဆော့ပြီးရင်.. နောက်ရက်ကစပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်တော့မယ်.. ဓားကြီးလောကကို ထပ်မသွားတော့ဘူး ..'
အရှက်ခွဲခံရခြင်းမှ သင်ခန်းစာ ယူရမည် ။ ဟောင်ရန်၏ အတွေးများ ပြောင်းလဲသွားလေပြီ ။
**
လင်းမို့ ခုထိ ဒဏ်ရာ မရသေးပေ ။ သူ့နောက်မှ လိုက်နေသူများထဲတွင် နှစ်ဆယ်ကျော်သာ ကျန်တော့၏ ။ သူဖိအား သိပ်မခံစားရတော့ပေ ။ ဆယ်ယောက်ခန့်သာ ကျန်ပါက သူ ပြန်၍ တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်၏ ။
မည်မျှပင် သဘောကောင်းသူ ဖြစ်ပါစေ ဒေါသထွက်တက်၏ ။ တချိန်လုံး နောက်မှ လိုက်ဖမ်းခြင်းကို ခံနေရ၍ သူ၏ ဒေါသက ပေါက်ကွဲထွက်ပေတော့မည် ။ နောက်မှ လူအရေအတွက်က လျင်မြန်စွာ လျေ့ာကျလာသည် ။
" ၂၅.."
" ၁၅.."
" ၁၁.."
လင်းမို့၏ မျက်လုံးများ တောက်ပလာပြီး....
" သေစမ်း...."
Chapter 243
~