ပြန်လည် မွေးဖွားလာသည့် တန်ခိုးရှင်လော ~
Vol. 17 Ch. 245
ရှားနိုင်ငံ သိုင်းဌာနချုပ်...
ခေါင်းဆောင်ဝူမြန့်နှင့် အခြား ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး ထိုင်နေကြသည် ။
" ကိစ္စကြီးတစ်ခု ဖြစ်သွားပြန်ပြီ.."
ခေါင်းဆောင်ဝူ သက်ပြင်းချလိုက်ပြီး...
" ငါ အိပ်ပျော်နေတာကို မဟာသခင်တွေက မက်ဆေ့ တတောင်တောင် ပို့နေလို့ ထလာခဲ့ရတာ .."
ရှားနိုင်ငံ သိုင်းဌာနချုပ်၏ ခေါင်းဆောင်ဖြစ်သဖြင့် ဝူမြန့်သည် အလုပ်ရှုပ်လှ၏ ။ သူသည် နေအလင်းအဆင့်တွင်သာ ရှိနေသေးပြီး မဟာသခင်အဆင့်သို့ ရောက်နိုင်သည့် ပါရမီ ရှိသော်လည်း ကျင့်ကြံရမည့်အချိန် မရှိသဖြင့် နေအလင်းအဆင့် တွင်သာ တစ်နေခြင်းဖြစ်သည် ။ အဆင့်ပြန်မကျ သွားသည်ကပင် ကံကောင်းသည်ဟု ဆိုရပေမည် ။
သူ စောစော အိပ်ရသည်က ရှားလှပြီး ယနေ့ စောစော အိပ်ရာဝင်၍ အိပ်ကောင်းနေစဥ်တွင် မဟာသခင်များထံမှာ မက်ဆေ့များ အဆက်မပြတ် ဝင်လာခဲ့၏ ။
သူ ရုတ်ရက် စိုးရိမ်သွားခဲ့သည် ။ ပြင်ပလောကတိုက်ပွဲကွင်းတွင် ပြသနာတက်နေ၍ လော ။ တခြားနိုင်ငံမှ စစ်နတ်ဘုရားတစ်ပါးက လာ၍ တိုက်ခိုက်နေပြီလော ။ သို့သော်လည်း မက်ဆေ့များကို ဖွင့် ကြည့်လျှင် Black Earth ၏ အကြောင်းသာ ဖြစ်နေခဲ့သည် ။
သူ မက်ဆေ့ ကိုမြင်လျှင် ပထမဆုံး တွေးမိသည်မှာ ထိုမဟာသခင်များက ဗဟုသုတ နည်းပါးလှခြင်းပင် ။ စိတ်စွမ်းအားရှင် နှင့် စိတ်ထိန်းချုပ်သူက လူတစ်ယောက်ထဲတွင် မည်သို့ ရှိနိုင်ပါမည်နည်း ။
သူ့ထံသို့ စာပို့သူ များလာမှသာ မယုံချင်ဘဲ ယုံခဲ့ရသည် ။ သို့သော်လည်း ထိုမဟာသခင်များက Black Earth အကြောင်းကို ဆက်မေးလာခဲ့၏ ။
မဟာသခင်ခန်းမသည် မဟာသခင်များဖြင့်သာ ဖွဲ့စည်းထားသော ရှားနိုင်ငံ အသန်မာဆုံး အဖွဲ့အစည်းဖြစ်သော်လည်း နိုင်ငံ၏ အရေးကိစ္စများတွင် ဝင်မပါခဲ့ပေ ။ နိုင်ငံကို ကာကွယ်ရန် တာဝန်သာ ယူထား၏ ။
ထို့ကြောင့် တစ်နိုင်ငံလုံးအား ထိန်းချုပ်ထားသည့် သိုင်းဌာနချုပ်၏ ခေါင်းပေါ်သို့ Black Earth အားရှာရန် တာဝန်က ရောက်လာခဲ့သည် ။
ဝူမြန့်က Black Earth အကြောင်းကို ရေရေရာရာ မသိ၍ အပြစ်တင်ခံလိုက်ရ၏ ။ သူ၏ စိတ်အခြေအနေမကောင်း ။
Black Earth ဟူသောနာမည်က လေထဲမှ ရုတ်တရက်ပေါ်လာပြီး အုပ်ထိန်းသူ ခေါ်ဆောင်သွားသည် ဟူသော သတင်းကိုသာ သူသိ၏ ။ ကျန်သည့် နောက်ကြောင်းများက ရှာမတွေ့လေရာ သူမည်သို့ သတင်းပို့ရမည်နည်း ။ ဝူမြန့်လေး ခါးသီးစွာ ခံစားလိုက်ရသည် ။ အိမ်တွင် အိပ်စက်နေစဥ် မိုးကြိုးပစ်ခံလိုက်ရသော သူကဲ့သို့ပင် ။ သူ့တွင် အပြစ်မရှိ ။ သူ အပြစ်ကင်း၏ ။
သူ ပို၍ အံ့အားသင့်ရသည်မှာ Black Earth ၏ သတင်းကြောင့် နိုင်ငံများစွာမှ တာဝန်ရှိသူများက ဂုဏ်ပြုရန် ဆက်သွယ်လာကြ၏ ။ ဦးဆောင်မှုကို နာခံမည့် အရိပ်အယောင်များ ပြသကြသည် ။ ယနေ့မှ စ၍ ရှားနိုင်ငံသည် ဂြိုလ်ပြာ၏ ယာယီ ခေါင်းဆောင် ဖြစ်လာသည်ဟုပင် ပြော၍ရနေလေပြီ ။ အုပ်ထိန်းသူ၏ အမွေကို ဆက်ခံမည့်သူအား မည်သူမှ မဆန့်ကျင်ရဲပေ ။
' ဒါတွေက Black Earth ရဲ့ စွမ်းဆောင်နိုင်မှုကြောင့်ပဲ.. '
ခေါင်းဆောင်ဝူ တွေးသည် ။
' ဒါပင်မယ့် ရယ်စရာကောင်းတာက Black Earth ဆိုတာ ဘယ်သူမှန်း ငါတို့တောင် မသိဘူး.. '
ထို့ကြောင့် ယခုညတွင် ထိုအကြောင်းကို ဆွေးနွေးရန် ရှားတစ်နိုင်ငံလုံးရှိ ဌာနခွဲ ခေါင်းဆောင်များကိုပါ ဖိတ်ခေါ်ထားသည် ။ အားလုံး ဆွေးနွေး၍ အဖြေရှာရပေမည် ။
Black Earth သည် အုပ်ထိန်းသူ၏ အမွေကို ဆက်ခံနိုင်ခဲ့ပါက ဂြိုလ်ပြာ၏ သခင်ဖြစ်လာမည်ဖြစ်သည် ။ အကယ်၍ Black Earth သည် ရှားနိုင်ငံအား ဂရုမစိုက်ဘဲ လျစ်လျုရှုထားပါက မည်သို့ လုပ်ရမည်နည်း ။
ပို၍ ဆိုးသည်က Black Earth သည် နတ်ဆိုးဆန်သူ ဖြစ်ပါက ဂြိုလ်ပြာတစ်ခုလုံး အမှောင်ခေတ်အား ဖြတ်သန်းနေရပေမည် ။
BlacK Earth အားဆက်သွယ်ရန် နည်းလမ်းရှာရမည်ဖြစ်သလို Blacl Earth ၏ စိတ်နေစိတ်ထားအား အကဲဖတ်နိုင်ရန် စိတ်ပညာပါရဂူများ ရှာဖွေရပေမည် ။
ယခုအချိန်အထိ လင်းမို့နှင့် Black Earth အား မည်သူမှ ဆက်စပ်၍ မစဥ်းစားမိကြသေးပေ ။
**
နတ်ဆိုးမြို့...
ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က Black Earth ၏ သတင်းအား ချက်ချင်းကြားသိလိုက်ကြသည် ။
' Black Earth က လူမှ ဟုတ်ရဲ့လား.. "
ရီကျန့် ပြင်းထန်သော ဖိအားကို ခံစားလိုက်မိသည် ။
' လင်းမို့က Black Earth နဲ့ယှဥ်ရင် သာမန်လူ လိုပဲ.. '
အရင်က လင်းမို့အား Black Earth နှင့် တစ်တန်းထဲ ရှိသည်ထင်၍ လုပ်ကြံရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ယခု အဓိပ္ပါယ်မရှိတော့ဟု သူခံစားမိလိုက်သည် ။
Chapter 246
~