Chapters

ပြန်လည်မွေးဖွားလာသည့် တန်ခိုးရှင်လော ၂ ~

Vol. 17 Ch. 246

ပြန်လည်မွေးဖွားလာသည့် တန်ခိုးရှင်လော ၂ ~

Vol. 17 Ch. 246

ရီကျန့်သည် အရင်က လင်းမို့အား အသက်စွန့်၍ လုပ်ကြံလိုသော်လည်း ယခု ထိုကဲ့သို့ မလုပ်ချင်​တော့ပေ ။ Black Earth အား ယှဥ်နိုင်မည့် ပါရမီရှင် မရှိ၍ လင်းမို့ သေသည် မသေသည်က မထူးတော့ ။

သူသည် လင်းမို့နှင့် Black Earth တူညီသည်ကို မသိသဖြင့် ရှင်သန်ရသော ဘဝ၏ အဓိပ္ပါယ်ကို လေးလေးနက်နက် စဥ်းစားနေ၏ ။

" Black Earth ကို လုပ်ကြံဖို့ နည်းလမ်းမရှိဘူးလား.. "

ရီကျန့် မေးလိုက်မိ၏ ။

" မရှိဘူး.."

ဘေးတွင်ရှိသော မဟာသခင်အဆင့် အဖိုးကြီးက ခေါင်းခါလိုက်ပြီး...

" အုပ်ထိန်းသူ ခေါ်ထားတဲ့သူကို ဘယ်လိုလုပ် လုပ်ကြံနိုင်မှာလဲ.. "

Black Earth အား လုပ်ကြံရန် အုပ်ထိန်းသူ ဆီသို့ ပြေးသွားပါက အနားသို့ပင် ကပ်နိုင်မည်မဟုတ် ။ အုပ်ထိန်းသူ၏ ခွန်အားက ဂြိုလ်ပြာထက် များစွာကျော်လွန်နေသည် ။

" အများကြီး လျောက်တွေးမနေနဲ့.. "

အဖိုးကြီးက နှစ်သိမ့်လိုက်ပြီး...

" လင်းမို့ကို လုပ်ကြံဖို့ အကုန်စီစဥ်ပြီးပြီ ဆိုတော့.. ငါတို့အလုပ်ကို ငါတို့ ပြီးအောင် လုပ်ရမယ်.. "

ယခုကဲ့သို့ ကိုယ်စားလှယ်အဖွဲ့အသွင်ဖြင့် လာခွင့်ရသည်က ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်သည် ။ မည်သို့ စွန့်လွှတ်နိုင်ပါမည်နည်း ။

လင်းမို့အား နှစ်အနည်းငယ် ရှင်သန်ခွင့်ပေးထားလျှင်ချယ်ရီပန်းနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်သည် ။

မြှားပစ်ရန် ကြိုးဆွဲထားပြီးဖြစ်၍ ပစ်ကို ပစ်ရပေတော့မည် ။

" ဟုတ်ကဲ့ပါ.. "

ရီကျန့်က ခေါင်းညိတ်လိုက်ပြီး...

" လင်းမို့ကို လုပ်ကြံပြီးရင် ကျွန်တော်တို့ သေမှာပဲ.. Black Earth အကြောင်း တွေးနေစရာမှ မလိုတာ.. "

ရီကျန့်၏ မျက်နှာက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လာသည် ။

**

ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်းရှိ ရီ ၏ နန်းတော်တွင်...

ရီသည် ဆူညံနေကြသော ဂြိုလ်ပြာကြီးကို သတိထားမိသွား၏ ။

' ဒါလေးကို အထူးအဆန်းကျနေတာပဲ.. '

ရီ ရယ်လိုက်သည် ။

' နဂါးငွေ့တန်းမှာဆို မရှားဘူး.. ငါတောင် နှစ်မျိုးလုံး သုံးနိုင်တယ် ..'

သို့သော်လည်း ရီ၏ စိတ်စွမ်းအားက အဆင့် ၉ သက်ရှိဖြစ်သော်လည်း စိတ်ထိန်ချုပ်သူအဆင့်က ဂြိုလ်ပြာ၏ အဆင့် ၇ တွင်သာ ရှိသည် ။ အပျော်သဘောဖြင့် လေ့ကျင့်ထားခြင်းပင် ။ ဤသေးငယ်သော စွမ်းအားဖြင့် အဆင့် ၅ သက်ရှိအား ချက်ချင်း သတ်ပစ်နိုင်သည် ။

လျိုဝှက်စည်းမျဥ်းများအား စာချုပ်ချုပ်ရာတွင် စိတ်ထိန်းချုပ်သူ စွမ်းရည်အား အသုံးပြုထားခြင်းပင် ။ ထိုစွမ်းအား မရှိလျှင်ပင် အတွေးတစ်ချက်ဖြင့် ဂြိုလ်ပြာရှိ လူများအားလုံးကို သတ်နိုင်သည် ။

' ဒီ လင်းမို့နဲ့ ပက်သက်ပြီး ထူးဆန်းတာက အဆင့်တက်နှုန်းပဲ ..'

ရီက တွေးရင်း ပိုစိတ်ရှုပ်လာ၏ ။ သူမည်သို့ ကြည့်ကြည့် လင်းမို့တွင် ပါရမီ မရှိ ။ မည်သည့် အတွက်ကြောင့် ဤမျှအထိ မြန်ဆန်စွာ တိုးတက်နေရပါနည်း ။

ရုတ်တရက်...

ရီသည် ဖြစ်နိုင်ချေ တစ်ခုကို တွေးလိုက်မိ၏ ။

' လင်းမို့က ပြန်လည်မွေးဖွားလာတဲ့ တန်ခိုးရှင် ဖြစ်မလား.. '

ပြန်လည် မွေးဖွားခြင်းသည် စိတ်ကူးယာဥ် ဇာတ်လမ်းမဟုတ်ပေ ။ တန်ခိုးကြီးမားသော ကျွမ်းကျင်သူများက သက်တမ်းကုန်ဆုံးချိန်တွင် ပြန်လည်မွေးဖွားကြသည်ကို သူကြားဖူးသည် ။

သို့သော်လည်း နဂါးငွေ့တန်း တစ်ခုလုံးတွင် ရီအပါအဝင် မည်သူမှ ထိုအဆင့်အထိ မရောက်သေး ။ နဂါးငွေ့တန်း စကြာဝဠာ ထက် အဆင့်မြင့်မားသည့် စကြဝဠာ များတွင်သာ ထိုသို့ အဆင့်မျိုး ရှိနိုင်သည် ။

' လင်းမို့က တကယ်ပြန်လည်မွေးဖွားလာတဲ့သူ ဆိုရင်.. '

ရီ၏ မျက်လုံးများ ခဏတာ တောက်ပလာသော်လည်း ခေါင်းယမ်း လိုက်သည် ။

' ငါမှာ အချိန်မှ မကျန်တော့တာ.. သူ ကြီးပြင်းလာတဲ့အထိ အသက်မရှင်နိုင်တော့ဘူး.. '

ရီ ပို၍ စိတ်ဆင်းရဲ သွားသည်မှာ လင်းမို့သာ ပြန်လည်မွေးဖွားလာသည့်သူ ဖြစ်ပါက သူ၏ သနားစရာကောင်းသော ပိုင်ဆိုင်မှုလေးများကို စိတ်ဝင်စားမည် မဟုတ်ပေ ။ လင်းမို့အား သူ့အတွက် လက်စားချေပေးရန် တောင်းဆိုမည်ဟု စဥ်းစားလိုက်သော်လည်း မလုပ်ချင်တော့ ။

' ငါ့ အမွေက သူအာရုံစိုက်မိဖို့ မထိုက်တန်လောက်ဘူး.. ကံကြမ္မာအတိုင်းပဲ ကောင်းပါတယ်.. '

ရီသည် အကြောင်းအရာများစွာကို တွေးနေ၏ ။ သူ၏ သက်တန်းကို နှစ်ရာဂဏန်းကျန်သေးသည်ဟု အရင်က ထင်မှတ်ခဲ့သော်လည်း မနေ့က သေရမည့် အချိန်ကို ရုတ်တရက် ခံစားမိလိုက်သည် ။ ၁၉၂ ရက်သာ လို​တော့၏ ။ သူသေရမည့်အချိန်ကို စက္ကန့် အပိုင်းအခြားထိပါ သူခံစားမိနေလေသည် ။

' ငါသေရတော့မယ်ဆို​တော့ အမွေအတွက် ပြင်ရတော့မယ်.. '

ရီသည် အဆင့် ၉ သက်ရှိ တစ်ယောက်အနေဖြင့် သူသေသွားသော်လည်း သူ၏ အမွေအနှစ်ကို ဆက်လက် တည်တံ နေစေချင်သေးသည် ။

Chapter 247

~