ဂြိုလ်သားတွေ တကယ်ရှိတာလား ၂ ~
Vol. 17 Ch. 248
" ငါတို့ ဂြိုလ်ပြာမှာ ဂြိုလ်သား တကယ်ရှိတာလား.."
" ငါ အရင်တည်းကပြောတာကို မင်းမှ မယုံတာ.. "
နက္ခတ္တဗေဒ ပညာရှင်များ၏ အသံက ပို၍ ကျယ်လောင်စွာ ထွက်လာကြသည် ။
" ရီဆိုတယ့် နာမည်ကို ကြားဖူးသလိုပဲ.. "
" နဂါးငွေ့တန်း အလယ်ဗဟိုက ငါတို့နဲ့ ဘယ်လောက်ဝေးလဲ.. "
" ငါ အခုလိုင်းပေါ်ရှာကြည့်တာ အလင်းနှစ်သောင်းချီဝေးတယ်တဲ့ .."
" အဲ့တာက ဘယ်လောက်ဝေးတာလဲ.."
" အပေါ်က လူ စာမသင်ဖူးဘူးလား.. အလင်းအလျင် တစ်စက္ကန့်ကို ကီလို မီတာ ၃၀၀၀၀၀ နှုန်းလေ.. အလင်းနှစ်က တစ်နှစ် ကြာချိန်ဆိုတော့ ကို့ဟာကို တွက်ကြည့်တော့.. "
" အဲ့တာဆို သူဘယ်လိုလုပ်ရောက်လာတာလဲ .."
" ရီက သနားစရာကောင်းလိုက်တာ.. တသက်လုံး လာခဲ့ရမှာ.. "
" သူပြောတာ လွန်ခဲ့တဲ့ နှစ် နှစ်သောင်းထဲက ရောက်နေတာတဲ့.. အဲ့တုန်းက ကျောက်ခေတ်ပဲ ရှိအုံးမှာ.. "
" ရီက ဘာလို့ အနှစ် နှစ်သောင်း အသက်ရှင်နိုင်တာလဲ.."
" ဂြိုလ်သား တွေ့ပြီဆိုတော့ ဖမ်းပြီး မလေ့လာသင့်ဘူးလား.. "
" ဟုတ်တယ် ဟုတ်တယ် ..သုတေသန လုပ်ဖို့ သိုင်းပညာရှင်တွေ ဝိုင်းဖမ်းသင့်တယ်.. "
အင်တာနက်တွင် ဆွေးနွေးသူ များစွာပေါ်ထွက်လာခဲ့သည် ။ ဂြိုလ်ပြာတွင် ဂြိုလ်သားရောက်နေ၍ လူတိုင်းအံ့သြသွားကြ၏ ။ ရီ နှင့် ရှားနိုင်ငံ၏ ဒဏ္ဍာရီ ဟောင်ရီတို့ ဆက်စပ်မှု ရှိမရှိ ငြင်းခုန် နေကြသူများလည်းရှိသည် ။
ရီ အား စာနာနေသူများလည်း ရှိသော်လည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိရှိသွားကြ၏ ။ ရီသာ ကျောက်ခေတ်ကတည်းက ရောက်နေလျှင် သနားရမည့် သူမှာ သူတို့သာ ဖြစ်သည် ။
ရီ ကို ဖမ်း၍ သုတေသနလုပ်ရန် ဆော်သြ နေကြသူများက အသံပိုကျယ်၏ ။
ရီသာ သက်တန်းအဆုံးသို့ ရောက်မနေလျှင် ဒေါသကြောင့် ဂြိုလ်ပြာအား ထက်ခြမ်း ခြမ်းမိပေမည် ။ သူက ထိုအသံများအား လျစ်လျူရှု ထားလိုက်၏ ။
ဆွေးနွေးနေသူများမှာ အချိန်အတော်ကြာမှ ယဥ်ကျေးမှု ပြန်လည်စတင်မည် ဆိုသော် စကားကို သတိရသွားကြသည် ။
" ဂြိုလ်ပြာကို ယဥ်ကျေးမှု ပြန်စမယ်ဆိုတာ ဘာလဲ.. "
" ကျောက်ခေတ် ပြန်ရောက်သွားမယ် ပြောတာဟ.."
" ဒီကောင် ဘာကောင်လဲ.. ငါတို့ဆီမှာ မဟာသခင်တွေ ရှိတာ သူမသိဘူးလား .."
" အဲ့ကောင်ကို ဖမ်းပြီး သောက်ခွက် ဖြတ်ရိုက်ပစ်ရမယ်.. "
" မဟာသခင်တွေက နှစ်နှစ်သောင်းလောက် အသက်ရှည်တဲ့သူကို ယှဥ်နိုင်ပါ့မလား.. ပြီးတော့ ဒီအထိ ရောက်လာနိုင်တာဆိုတော့ နည်းပညာအဆင့်အတန်းက ငါတို့ထက် ပိုမြင့်မှာ.. "
" အဲ့တာဆို ငါတို့ သေတော့မှာလား.."
" ဒါ လူမျိုးတုန်း သတ်ဖြတ်မှုပဲ UN ကို တိုင်ရမယ်.. ICC မှာ တရားစွဲရမယ်.. UN သာ တံခါးပိတ်အစည်းအဝေးလုပ်လိုက်ရင် အဲ့ကောင် ကြောက်ချီးပန်းသွားမှာ.. "
" ဒီဂြိုလ်မှာ အသက်ရှင်တဲ့ သူကျန်အုံးမှာလား.."
ဆွေးနွေးနေကြသူများက အန္တရာယ် ကျရောက်တော့မည်ကို သိသွားကြ၏ ။ လူတိုင်း ထိတ်လန့်သွားကြသည် ။ လူတော်တော်များများက သိုင်းဌာန များသို့ အကူအညီ တောင်းရန် သွားကြတော့၏ ။
သို့သော်လည်း ပို၍ ထိတ်လန့်နေကြသူများမှာ သိုင်းဌာနချုပ်၏ ရာထူးကြီးသူများပင် ။ ဂြိုလ်ပြာ တစ်ခုလုံးတွင် ရီ၏ စွမ်းအားကို နားလည်သူမှာ ဂြိုလ်ပြာ၏ ထိပ်တန်းခေါင်းဆောင်များသာ ဖြစ်သည် ။
ရီက ယဥ်ကျေးမှုကို ပြန်စမည်ဟု ပြောလျှင် တကယ်လုပ်မည်ဖြစ်သည် ။ သူတို့ မည်သို့ ကာကွယ်နိုင်ပါမည်နည်း ။ ဂြိုလ်ပြာ၏ လူဦးရေက တစ်သောင်းပုံ တစ်ပုံကျန်နိုင်လျှင် ကံကောင်း၍ ဖြစ်သည် ။ သိုင်းပညာအား ဆက်လက်လေ့ကျင့်နိုင်ကြတော့မည်မဟုတ် ။ နည်းပညာများလည်း ပျောက်ကွယ်သွားပေမည် ။
သို့သော်လည်း သူတို့ ထိတ်လန့်နေသည်ကို လူထုကို ချမပြရဲ ။ သူတို့ ထုတ်ပြောလိုက်လျှင် ဂြိုလ်ပြာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်သည် ။ ကပ်ဘေးမဖြစ်ခင် လူထု ငြိမ်သက်စေရန် အစွမ်းကုန် ကြိုးစားရပေမည် ။ ထို့ကြောင့် နိုင်ငံအသီးသီး၏ တာဝန်ရှိသူများက လူထုကို နှစ်သိမ့်ပေးရင်း အမွေဆက်ခံနိုင်ရန် ကြိုးစားကြရုံသာ ရှိတော့၏ ။
Chapter 249
~