Chapters

လုပ်စရာရှိတာ ပြန်လုပ်လို့ရပြီ ~

Vol. 17 Ch. 249

လုပ်စရာရှိတာ ပြန်လုပ်လို့ရပြီ ~

Vol. 17 Ch. 249

ရီ၏ အမိန့်ထွက်လာပြီး မကြာမီ နိုင်ငံ အသီးသီး၏ ဂူအောင်း ကျင့်ကြံနေကြသော မဟာသခင်ကြီးများ အပြင်သို့ ထွက်လာပြီး လူထု တည်ငြိမ်စေရန် ထိန်းသိမ်းရတော့သည် ။

ထိပ်တန်းပါရမီ ရှင်များက ရီ၏ အမွေကို ယှဥ်ပြိုင်နိုင်ရန် အဆင်သင့်ပြင်နေကြ၏ ။ သူတို့ Black Earth အား မယှဥ်နိုင်မှန်း သိသော်လည်း နောက်ဆုံးအချိန်အထိ ကြိုးစားကြပေမည် ။ ဂြိုလ်ပြာကြီးအား အုပ်ထိန်းနိုင်မည့် အခွင့်အရေးအား မည်သူ မလိုချင်ဘဲ ရှိမည်နည်း ။

**

လင်းမို့ ကြက်ဘုရင်ဂိမ်း ကစားပြီး အပြင်သို့ ထွက်လာသည့် အချိန်တွင် ရီ၏ ကြေညာချက်ကို ကြားလိုက်ရသည် ။

' အခြေအနေကို လိုင်းပေါ်တက်ကြည့်အုံးမှ..'

' အယ်.. အုပ်ထိန်းသူဆိုတာ ရီလား.. ဒီနေ့ခေတ် တိုးတက်နေတာ ရီကြောင့်လား.. '

လင်းမို့သည် ရီ မည်မျှ အစွမ်းထက်မှန်း နားလည်သွားတော့သည် ။ နဂါးငွေ့တန်းအတွင်း လှည့်လည်သွားလာနိုင်မည့် ခွန်အား ရှိချင်ပါက ရီ၏ အမွေအနှစ်အား ဆက်ခံရပေမည် ။

' ရီရဲ့ အမွေက ငါ့အတွက်ပဲ ဖြစ်ရမယ်.. '

လင်းမို့ တွေးသည် ။ ရွှေလက်ချောင်း ပိုင်ရှင်တစ်ယောက်အနေဖြင့် တခြားပါရမီရှင်များနှင့် ယှဥ်ပြိုင်ရာတွင် ရှုံးနိမ့်ပါက ရှက်စရာကောင်းပေမည် ။

' နဂါးငွေ့တန်းရဲ့ ဗဟိုမှာ ဘာတွေ ရှိလဲ မသိဘူး.. ခုသွားအိပ်တာပဲ ကောင်းပါတယ်.. '

လင်းမို့ တွေးလိုက်သည် ။ တခြားပါရမီရှင်များ ခွန်အားတိုးတက်နိုင်ရန် အရူးအမူးလေ့ကျင့် နေချိန်တွင် သူက အိပ်ဆက်ရင်း အဆင့်တက်နိုင်၏ ။ လင်းမို့ မြေဆွဲအားခန်းသို့ ဦးတည်၍ ထွက်လာလိုက်သည် ။

**

လင်းမို့ အိပ်ရန် သွားနေစဥ် ဟောက်ရန်က ကီးဘုတ် တိုက်ပွဲ စတင်ရန် ပြင်ဆင်နေပြီဖြစ်သည် ။ သူ ရီ၏ ကြေညာချက်ကို ကြားလိုက်ရ​​​သော်လည်း ဂရုမစိုက် ။ ရီ၏ အမွေက သူနှင့် လုံးမ မသက်ဆိုင်ပေ ။ ပွဲထိုင်ကြည့်နေရုံသာ တက်နိုင်သဖြင့် သူနှင့် သက်ဆိုင်သည့် ကိစ္စကိုသာ အရင်လုပ်ရပေမည် ။

မနေ့ညက Black Earth နှင့် တွဲ၍ တညလုံး ကြက်သားစားခဲ့ပြီး သူ၏ အဆင့် သည် ရှားနိုင်ငံ အဆင့် ၁ သို့ ပြန်လည်ရောက်ရှိသွားခဲ့၏ ။ Black Earth ကဲ့သို့ ပုန်းကွယ်နေသူများ ရှိသော်လည်း အများအမြင်အရ ရှားနိုင်ငံ၏ အဆင့် ၁ ဖြစ်သည် ။

ထို့ကြောင့် မနေ့ညက တိုက်ခိုက်ခဲ့သော ကီးဘုတ် ဖိုက်တာ များနှင့် မကျေပွဲ နွဲရန် ကြက်ဘုရင်ဖိုရမ်သို့ ပြန်လည် ဝင်ရောက်လိုက်၏ ။

မနေ့ညက ပိုစ့်များကို ပြန်တင်၍ သူ့အား ဝိုင်းဆဲကြသူများကို စတင်လှောင်ပြောင်တော့သည် ။ သူ့အား လာငြင်းသူ အနည်းငယ် ရှိသော်လည်း မနေ့ညက Black Earth ၏ ခွန်အားကို ပြသပြီးဖြစ်၍ မည်သို့ နိုင်အောင် ငြင်းနိုင်မည်နည်း ။

ဟောက်ရန်သည် တစ်နာရီလောက် အားရပါးရ လှောင်ပြောင်ပြီးမှ ကျေနပ်သွား၏ ။

' ဒီနေ့ ဂုဏ်ပြုပွဲ ကျင်းပရမယ်.. '

ဟောက်ရန်က သူ့ကိုယ်သူ ဂုဏ်ပြုရန် ဆုံးဖြတ်လိုက်သည် ။ ဂိမ်းထဲတွင် ကြက်သားဝအောင် စားပြီး၍ အပြင်တွင် ကြက်သားစားရမည်ဖြစ်သည် ။

" သွားမယ်.. "

ဟောက်ရန်က သူသွားနေကျ ကလပ်သို့ ခေါင်းမော့ ရင်ကော့ပြီး လေလေးတချွန်ချွန်ဖြင့် အေးဆေး လျောက်လာခဲ့လိုက်သည် ။

ဟောက်ရန် လာနေသည်ကို တွေ့၍ ကလပ်မှ ဝန်ထမ်းများ အံ့သြသွားကြ၏ ။ ကမ္ဘာပျက်မတက် ဖြစ်နေသည့်အချိန်တွင် ဓားကြီးကစားရန် လာသည့်သူ ရှိနေသည်လော ။ မည်သည့် မိန်းကလေးမှ ယခုအချိန်တွင် ဆက်ရှင် ဝင်ချင်မည် မဟုတ်ချေ ။

ဟောက်ရန်သည် ကလပ်အတွင်းသို့ ရောက်ပြီးနောက် ဆွံအနေ၏ ။ လူတိုင်း သတင်းဖတ်နေကြပြီး သူ့အား လျစ်လျူရှု ထားကြသည် ။ သူမည်သို့ သည်းခံနိုင်ပါမည်နည်း ။

Chapter 250

~