← Chapters

လုပ်စရာရှိတာ ပြန်လုပ်လို့ရပြီ ၂ ~

Vol. 17 Ch. 250

လုပ်စရာရှိတာ ပြန်လုပ်လို့ရပြီ ၂ ~

Vol. 17 Ch. 250

ဟောက်ရန်က ဒေါသတကြီး ယွမ် သိန်းဂဏန်းပုံပေးလိုက်သောအခါမှ ဆက်ရှင်ဝင်ရန် ကောင်မလေးတစ်ယောက်က လက်ခံလိုက်၏ ။

" အဲ့ ရီဆိုတဲ့ကောင်ရဲ့ အမွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ.. "

ဟောင်ရန်က ကောင်မလေးကို ခါးမှ သိုင်းဖက်၍ အခန်းသို့ လျောက်သွားစဥ် မထီမဲ့မြင် ပြောလိုက်သည် ။

ကောင်မလေးက...

" ဟောက်ရန်ကိိုကို .. ကိုကိုက ကျန်းနန် တက္ကသိုလ်ကဆိုတာ တကယ်လားဟင်.. "

" ဟမ့်.. ငါ့ပါရမီနဲ့ဆို ကြိုက်တဲ့ ထိပ်တန်း တက္ကသိုလ် တက်လို့ရတယ်.. "

ဟောက်ရန်က အရှက်မရှိ ကြွားလုံးထုတ်လိုက်၏ ။ ကောင်မလေး တစ်ယောက်၏ ရှေ့တွင် လင်းမို့၏ ပေါင်ကိုဖက်၍ လိုက်ခဲ့သည်ဟု မည်သို့ ထုတ်ပြောနိုင်မည်နည်း ။

အခန်း တံခါးကို ပိတ်၍ ကုတင် ပေါ်သို့ ရောက်စဥ်...

" ဒုန်း..."

တံခါး ကန်ဖွင့်ခံလိုက်ရစဥ် ဟောက်ရန်က ဘောင်းဘီချွတ်ရန် ပြင်နေ၏ ။

" ဘာလဲဟ.."

ဟောက်ရန် ထိတ်လန့်သွား၏ ။ မနက်အစောကြီး ပြည့်တန်ဆာ ဖြိုခွင်းရန် ရောက်ရှိနေကြသည်လော ။ သူသိလျှင် လာမည်မဟုတ် ။

ကောင်မလေးလည်း အံ့သြနေ၏ ။

" ဒါ.. ဒါမဖြစ်သင့်ဘူး.. "

" ဒုန်း .. ဝုန်း..."

အခန်းတံခါးက လွင့်ထွက်သွားပြီး ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ထားသည့် သိုင်းပညာရှင် တစ်စု ပြေးဝင်လာသည် ။ အစိုးရ ဌာန တစ်ခုမှ ဖြစ်သည်မှာ သေချာသွားပေသည် ။

ဟောက်ရန်သည် ယခု ပြေးဝင်လာသူများမှာ အလွန်အားကောင်းကြောင်း ခံစားမိလိုက်၏ ။ သာမန် ရဲများပင်ဟုတ်ပုံမရ ။

" မင်းက ကောင်းဟောက်ရန်လား.. "

ခေါင်းဆောင်လာသူ လူလတ်ပိုင်းအရွယ်က သေချာစိုက်ကြည့်ပြီး မေးလိုက်၏ ။

" ကျ...."

ဟောက်ရန်သည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ခေါင်းညိတ်ပြလိုက်သည် ။

" ငါတို့က ရှားနိုင်ငံ သိုင်းဌာနချုပ်က.. "

ခေါင်းဆောင်က သက်သေခံ ကတ်ပြား ထုတ်ပြလိုက်ပြီး...

" ငါတို့နဲ့ လိုက်ခဲ့ပါ.. "

ဟောက်ရန်က ပို၍ပင် အံ့သြသွားသည် ။ ရှားနိုင်ငံ၏ ပြည့်တန်ဆာ ပပျောက်ရေး စီမံချက်က ဤမျှအထိ ကြီးမားနေသည်လော ။ ဌာနချုပ်မှပင် ဆင်းဖမ်းနေလေပြီ ။ ထို့အပြင် ဦးဆောင်လာသူမှာ ကြီးမြတ်သောနေ တံဆိပ် တပ်ဆင်ခွင့်ရထားသော နေအလင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင် ။

' နေအလင်းအဆင့်ကတောင် လိုက်ဖမ်းနေပြီလား.."

" ငါ..ငါ..."

ဟောက်ရန်၏ အတွေးများက ပိုမို ရှုပ်ထွေးသွားသည် ။

" ငါ ဘာမှ မလုပ်ရသေးဘူး.. ဘောင်းဘီတောင် မချွတ်ရသေးဘူး.. ငါ့မဖမ်းပါနဲ့.. "

သို့သော်လည်း ထိုလူများက ဟောက်ရန် ရုန်းကန်နေသည်ကို လျစ်လျူရှု ၍ ငွေလအဆင့် နှစ်ယောက်က ဟောက်ရန်အား နှစ်ဖက် ညှပ်ကိုင်ကာ ကြက်ကလေးတစ်ကောင်လို ဖမ်းသွားကြသည် ။

အခန်းထဲတွင် အလုပ်ကြိုးစားရန် ပြင်ဆင်နေသူ ​ကောင်မလေး တစ်ယောက်သာ မှင်သက်ရင်း ကျန်နေခဲ့၏ ။

' ငါ့ကို ဘာလို့ ဖမ်းမသွားတာလည်း.. "

**

ဟောက်ရန်အား ကလပ်မှ ဖမ်းခေါ်လာပြီး အထူးပြုပြင်ထားသော လုပ်ငန်းသုံး ကားတစ်စီးထဲ ခေါ်သွား၏ ။

ထိုအချိန်မှ ဟောက်ရန်၏ အတွေးများ တည်ငြိမ်သွားသည် ။

' ဒီလူတွေက မှုခင်းနှိမ်နင်းရေးရဲ မဟုတ်ဘူးဘဲ..'

သူ နားလည်သွား၏ ။ ပြည့်တန်ဆာ နှိမ်နင်းရန် ဌာနချုပ်မှ နေအလင်းအဆင့်အား လွှတ်မည်မဟုတ်ပေ ။ သူ့အဖေ ကောင်းဖန်း၏ သူငယ်ချင်းဖြစ်သူက ကျန်းနန်စီရင်စု သိုင်းဌာန၏ ခေါင်းဆောင် ဖြစ်သော်လည်း နေအလင်းအဆင့်တွင်သာ ရှိနေသေးသည် ။

' အဲ့တာဆို သူတို့က ဘာလို့ ငါ့ကို ဖမ်းလာတာလဲ.. ရှားနိုင်ငံရဲ့ အဆင့် ၁ ဖြစ်နေလို့လား ..ဒါပင်မဲ့ ငါ ပါရမီရှင်မဟုတ်တာ အကုန်သိနေကြတာပဲလေ.. '

ဟောက်ရန် လျောက်တွေးနေတုန်း လူလတ်ပိုင်းလူက..

" ကောင်းဟောက်ရန်.. ဒီလို ခေါ်လာခဲ့တာကို နားလည်ပေးပါ.. အထူးကာလဆိုတော့ သတိထားရနေရတယ်.. "

" ရတယ်.. ရတယ်.. ကိစ္စမရှိဘူး.. "

ဟောက်ရန်က ပြာပြာသလဲ ထောက်ခံလိုက်၏ ။ သူမည်သို့ မကျေနပ်ဟု ပြောရဲပါမည်နည်း ။

" ငါ့ကိုယ်ငါ တရားဝင် မိတ်ဆက်ပေးမယ်.. ငါ့နာမည်က ချင်ဟောင်....... "

ထိုလူက မိတ်ဆက်ပြီးမှ...

" မင်း Black Earth နဲ့ ရင်းနှီးလား.. "

" ဘော့စ် Black Earth လား.."

ဟောက်ရန်သည် ထိုအခါမှ နားလည်သွား၏ ။ Black Earth အကြောင်းလာစုံစမ်းခြင်းပင် ။

" သိပ်တော့ မရင်းနှီးဘူး ဂိမ်းထဲမှာ တွေ့တာလေ.. "

" မင်း တကယ်မသိတာလား.. "

ချင်ဟောင်က သေချာအောင် ထပ်မေး၏ ။

" မသိဘူး.."

ဟောက်ရန်က ရှုပ်ထွေးဟန်ဖြင့် ခေါင်းယမ်းလိုက်သည် ။

" အဲ့တာဆို နည်းနည်းတော့ ထူးဆန်းတယ်.. "

ချင်ဟောင်က...

" မင်းနဲ့ အပြင်မှာ မသိဘဲနဲ့ ဘာလို့ ခေါ်ဆော့ပေးနေတာလဲ.. မင်းတို့ နှစ်ယောက်ထဲ ညတိုင်းဆော့နေတာလေ.. "

" သိပ်တော့မသေချာဘူး.."

ဟောက်ရန်က တစ်ဖက်လူ စိတ်ရှုပ်နေသည်ကို မြင်လျှင် သတိထားပြီး...

" ကျွန်တော်က အပေါင်းအသင်း ဆန့်တယ်လေ.. စကားပြောကောင်းလို့ ​ခေါ်ဆော့တာလဲ ဖြစ်မှာပေါ့.. "

ချင်ဟောင်က တွေဝေသွားသော်လည်း ထိုသို့ ဖြစ်နိုင်သည်ဟု အနည်းငယ်လက်ခံလိုက်ရသည် ။ ဟောက်ရန် ဆိုသည့် ကလေးက လင်းမို့၏ ပေါင်ကိုဖက်၍ ကျန်းနန်တက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သလို ယခုလည်း Black Earth ၏ ပေါင်ကိုဖက်၍ ရှားနိုင်ငံ အဆင့်၁ နေရာယူထား၏ ။

သိုင်းဌာနချုပ်က Black Earth အား ဆက်သွယ်လိုသော်လည်း ရှေးဦးစကြာဝဠာ အတွင်းပို့သော မက်ဆေ့များကို Black Earth က အကြောင်းမပြန်၍ သဲလွန်စ ရလိုရညား ဟောက်ရန်ဆီသို့ လာခဲ့ကြခြင်းပင် ။ သို့သော်လည်း ဟောက်ရန်လည်း လုံးဝ မသိဟု သူတို့ ထင်မထားမိ ။

" Black Earth ဘယ်သူလည်း မင်းတကယ်မသိဘူးလား.. "

ချင်ဟောင်က အနည်းငယ် စိတ်ဆိုးသွားပြီး ဟောက်ရန်ထံ၌ သဲလွန်စ ရှိမရှိ မသက်ာသော မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

" ကျွန်တော် တကယ်မသိဘူး.."

ဟောက်ရန်က ရိုးသားစွာဖြေလိုက်ပြီး...

" သူ့အကြောင်းကို စပ်စုရင် ဂိမ်းခေါ်ဆော့ တော့မှာ မဟုတ်ဘူးလေ.. "

" အင်း.."

ချင်ဟောင် ယုံကြည်သွားသည် ။

" အဲ့တာဆို ခင်ဗျားတို့ သိချင်ရင် ကျွန်တော်မေးကြည့်လိုက်ရမလား.. "

ဟောက်ရန်က ပြောလိုက်သည် ။

" ဒါ.."

ချင်ဟောက်သည် အနည်းငယ် သွေးဆောင်ခံလိုက်ရသော်လည်း...

" နေပါစေ.. သူပြောချင်တဲ့ အခါမှ ထုတ်ပြောလိမ့်မယ်.. သွားမမေးနဲ့.. သူ​ မပြောချင်တာကို သွားမေးရင် စိတ်ဆိုးသွားလိမ့်မယ်.. "

သိုင်းဌာနချုပ်က Black Earth ၏ စိတ်အခြေအနေကို အလွန်အလေးထား၏ ။ Black Earth စိတ်ဆိုးမည့် ကိစ္စကို မလုပ်ရဲချေ ။

" ဟုတ်ကဲ့ပါ.."

ဟောက်ရန်က ခေါင်းညိတ်လိုက်သည် ။

" ကဲကဲ မေးစရာရှိတာ မေးပြီးပြီ.."

ချင်ဟောင်က...

" လုပ်စရာရှိတာ ဆက်လုပ်တော့.. "

" ဒါ..ဒါဆို ကျွန်တော် ကလပ်ကို ပြန်သွားတော့မယ်နော်.. "

Chapter 251

All Chapters