Chapters

ငွေလအဆင့် သိုင်းပညာရှင် လင်းမို့ ~

Vol. 17 Ch. 251

ငွေလအဆင့် သိုင်းပညာရှင် လင်းမို့ ~

Vol. 17 Ch. 251

ဟောက်ရန်သည် နောက်တစ်ကြိမ် အဖမ်းခံရမည်စိုး၍ ခပ်ကုပ်ကုပ်ဖြင့် ကလပ်သို့ ပြန်လာခဲ့၏ ။ နောက်ကျောမလုံပေ ။

ဌာနချုပ်မှ အဖမ်းခံလိုက်ရသူက ချက်ချင်းပြန်ရောက်လာ၍ ကလပ်ပိုင်ရှင် နှင့် ဝန်ထမ်းများ၏ မျက်လုံးများ တောက်ပလာကြသည် ။ အနှီ ဖက်တီး၏ နောက်ခံက ပေါ့သေးသေး ဖြစ်ပုံမရ ။

သူတို့က နွေးထွေးစွာ ကြိုဆိုလိုက်ကြသည် ။

ဟောက်ရန်သည် နွေးနွေးထွေးထွေး ကြိုဆိုခံလိုက်ရသဖြင့် အိမ်သို့ ပြန်လာသည်ဟုပင် ခံစားမိလိုက်၏ ။ ဤမြို့သို့ ရောက်ပြီးကတည်းက ကလပ်များက သူ့အိမ်လို ဖြစ်နေပေပြီ ။

**

ရက်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးမြို့မှ ထွက်ခွာလာသော ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ ယာဥ်တန်းသည် ကျန်းနန် မြို့သို့ ရောက်လာခဲ့ကြသည် ။

ရှေ့ဆုံးမှ ဦးဆောင်လာသော အနက်ရောင် ကားထဲ တွင် ရီကျန့်နှင့် မဟာသခင် အဘိုးကြီး ရှိနေကြပြီး ရီကျန့်က မောင်းနှင်နေသည် ။

' ငါတို့ ပန်းတိုင်ရောက်တော့မယ်.. '

သူ က စိတ်လှုပ်ရှားစွာဖြင့် လမ်းဘေး ဆိုင်းဘုတ်များအား လိုက်ကြည့်နေ၏ ။

ရှားနိုင်ငံ တစ်ခုလုံးအား ပတ်ကာ ဇာတ်က ပြီးသည်ဖြစ်၍ အဓိက အချိန်သို့ ရောက်ရှိလာလေပြီ ။

မဟာသခင်က...

" ကျန်းနန် တက္ကသိုလ်ကို ရောက်ရင် အရင်လိုပဲနော် မင်းက လူတွေအားလုံးရဲ့ အာရုံကို ဆွဲဆောင်ထားရမယ်.. လင်းမို့ကို သတ်ဖို့က ငါ့တာဝန်ထား.."

" ဟုတ်ကဲ့ပါ.. "

ရီကျန့်က သူ့တာဝန်ကို သိထား၏ ။ သူသည် ကျန်းနန်တက္ကသိုလ်ရှိ ကျွမ်းကျင်သူများ၏ အာရုံကို အပြည့်အဝ ဆွဲဆောင်ထားနိုင်ပါက အကြီးမားဆုံး ထောက်ပံ့သူ ဖြစ်လာပေလိမ့်မည် ။

လုပ်ကြံမှု အောင်မြင်ပြီးနောက် အားလုံးသေဆုံးရမည်ပင် ။ သို့သော်လည်း မည်သူမှ သေရမည်ကိုမကြောက် ။ အသေခံ၍ လင်းမို့ကို လုပ်ကြံနိုင်လျှင် သေရသည်က ထိုက်တန်သည်ထက်ပင် ပိုနေသေးသည် ။

သူတို့၏ ပါရမီရှင် မင်ကျင့် အတွက် အခွင့်အရေး ပိုမို ရနိုင်စေရန် တက်နိုင်သလောက် လုပ်ကြမည်ဖြစ်သည် ။

Black Earth အကြောင်းကိုတော့ ထည့်မစဥ်းစားကြတော့ ။

" နောက် နာရီဝက်လောက်ဆို ကျန်းနန် တက္ကသိုလ်ကို ရောက်တော့မယ်.. "

ရီကျန့်က...

" ကျွန်တော်တို့ ရတဲ့ အချက်အလက်တွေအရဆိုရင် လင်းမို့က နေ့တိုင်း မြေဆွဲအားခန်း ထဲမှာပဲ လေ့ကျင့်နေတာတဲ့.. "

" နေ့တိုင်း အဲ့လို လေ့ကျင့်နေတာလား.."

မဟာသခင်အဘိုးကြီးက ခေါင်းခါလိုက်ပြီး...

" ကောလဟာလတွေအတိုင်းပဲ.. လင်းမို့က လက်သီးပြင်းအားကိုပဲ လေ့ကျင့်နေတာ သေချာပြီပေါ့.. တကယ် တော့ သိုင်းလမ်းစဥ်မှာ အရေးကြီးဆုံးက တိုက်ခိုက်ရေးစွမ်းရည် နဲ့ ညဏ်အလင်းပဲ.. "

ညဏ်အလင်း ဆိုသည်က တနည်း​​ပြောရလျှင် တိုက်ခိုက်ရေးစွမ်းရည် နားလည်နိုင်စွမ်းပင် ။ အဆင့်အမြင့်ဆုံးအထိ ရောက်ချင်လျှင် အရေးအကြီးဆုံးမှာ တိုက်ခိုက်ရေးစွမ်းရည်သာ ဖြစ်သည် ။

'ငါ အသက်ကြီးနေပင်မယ့် ဂရုတစိုက်နေအုံးမယ်ဆိုရင် အနှစ်နှစ်ဆယ်လောက်တော့ အသက်ရှည်အုံးမယ်.. '

အဘိုးကြီးက တွေးသည် ။

' လင်းမို့ကို သတ်ဖို့ ငါ့အသက်နဲ့ လဲရတာ တန်လို့လား.. '

အဘိုကြီးက ခေါင်းယမ်းပြီး အတွေးများကို မောင်းထုတ်ပစ်လိုက်၏ ။ တန်သည် မတန်သည်က စဥ်းစားစရာမလို ။ သူ့တာဝန်က လင်းမို့ကို သတ်ဖို့ရန်သာ ဖြစ်သည် ။

" ဆရာကြီး.."

ရီကျန့်က...

" ဆရာကြီးတိုက်ရင် အားကုန်ထုတ်သုံးနော်.. ဧရိယာ ကျယ်ကျယ် ပိုထိလေ ကောင်းလေပဲ.. "

မဟာသခင် အဆင့်များ၏ တိုက်ခိုက်မှုက နျူကလီးယားဗုံးလို ပြင်းထန်လှသည် ။ အဘိုးကြီးသာ အားကုန်ထုတ်သုံးပါက ကျန်းနန် တက္ကသိုလ်ရှိ လူတော်တော်များများ သေရမည်ပင် ။ မဟာသခင်များ တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော သေးငယ်သော လေလှိုင်းများ ဟပ်လျှင် ကောင်းကင်အဆင့် ဆိုပါက ချက်ချင်း သေဆုံးမည်ဖြစ်သည် ။

" အင်း..."

အဘိုးကြီးက...

" အနည်းဆုံးတော့ တက္ကသိုလ်က ကောင်းကင်အဆင့် တော်တော်များများ ကိုပါ အပါခေါ်ရမယ်.. "

ကျန်းနန် တက္ကသိုလ်ရှိ ကျောင်းသားအားလုံးမှာ ပါရမီရှင်များ ဖြစ်ကြ၏ ။ ပါရမီအရှိဆုံး သူများဆိုလျှင် အနာဂတ် မဟာသခင် အဆင့်များပင် ။ သူ၏ တိုက်ခိုက်မှုက အနာဂတ် အန္တရာယ်များအား ဖြေရှင်းပြီး ဖြစ်သွားပေမည် ။

Chapter 252