ငွေလအဆင့် သိုင်းပညာရှင် လင်းမို့ ၂ ~
Vol. 17 Ch. 252
သူသေရမည်ဖြစ်၍ ရနိုင်သလောက် အပါခေါ်ရသည်က ပိုကောင်းပေသည် ။
" ငါ့အဓိက ပစ်မှတ်က လင်းမို့ပဲ.. သူ့ကို အရင် သေအောင် သတ်ရမယ်.. "
အဘိုကြီး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည် ။ သူ့ မျက်လုံးထဲတွင် လင်းမို့က သေလူ ဖြစ်နေလေပြီ ။
**
ကျန်းနန် တက္ကသိုလ်တစ်ခုလုံး ငြိမ်သက်နေဆဲပင် ။ ကြီးမားသော အန္တရာယ်တစ်ခု ချဥ်းကပ်လာသည်ကို ဘယ်သူမှ သတိမမူမိကြ ။
ထိုအချိန်တွင် လင်းမို့က မြေဆွဲအားခန်းထဲတွင် အိပ်ပျော်နေဆဲပင် ။ ကျန်းနန် တက္ကသိုလ် ရောက်ပြီးနောက် သူ့ဘဝက သာယာလှ၏ ။ တစ်နေကုန် အိပ်လိုက် ၊ စားလိုက်သောက်လိုက် ၊ Black Earth အဖြစ် ရှေးဦးစကြာဝဠာ တွင် သောင်းကျန်းလိုက်ဖြင့် အဆင်ပြေနေသည် ။
ကျန်းနန် တက္ကသိုလ်ရှိ တခြားသူများကတော့ ထိုသို့မထင် ။ တနေကုန် မြေဆွဲအားခန်းထဲတွင် လေ့ကျင့်နေသည်က သူများ မမြင်စေရန် တိတ်တခိုး လေ့ကျင့်နေခြင်းပင် ။ လင်းမို့သည် အပြင်ထွက်၍ လှုပ်လှုပ်ရှားရှား လုပ်သည်ကို မည်သူမှ မမြင်ဘူးသလို ကျောင်း၏ လူမှုရေးကိစ္စများတွင်လည်း ပါဝင်ခြင်းမရှိ ။ လင်းမို့သည် လူမမြင်သည့် ချောင်တစ်ချောင်တွင် အမြဲတမ်း ခိုး၍ လေကျင့်နေသူ ဖြစ်နေ၏ ။
လင်းမို့ မည်မျှ ကြိုးစားလေ့ကျင့်နေခြင်းကို ချီဖုန့်ပို နှင့် ဖုန်ကျစ်ဝေအား အနိုင်ယူခြင်းဖြင့် သက်သေပြပြီးဖြစ်သည် ။
နောက်ဆုံးတွင် လင်းမို့က ကျောင်းသားများအားလုံး၏ စံပြဖြစ်လာပြီး လူတိုင်း သူ့အား အတုယူကာ လေ့ကျင့်ကြတော့သည် ။
' ဟူး.. ငါ့တိုးတက်နှုန်းကလည်း မြန်လိုက်တာ.. "
အိပ်ပျော်နေသော လင်းမို့က မျက်လုံးပွင့်လာပြီး သက်ပြင်းချလိုက်၏ ။ သူ၏ လက်သီးပြင်းအားက တန် ၂၀၀ ကိုကျော်လွန်သွားပြီး ငွေလ အဆင့်သို့ တရားဝင် ရောက်ရှိသွားပြီဖြစ်သည် ။
' ကျန်းနန် တက္ကသိုလ်ကို ရောက်တာ တစ်လပဲ ရှိသေးတယ် ငွေလအဆင့်ကို ရောက်သွားပြီ.. "
လက်သီးပြင်းအား တစ်ခုထဲ တိုးတက်လာသည်မဟုတ် တိုက်ခိုက်ရေးစွမ်းရည်ကပါ အဆင့် ၆ အထွတ်အထိပ်သို့ ရောက်လာခဲ့၏ ။
စိတ်စွမ်းအားရှင် နှင့် စိတ်ထိန်းချုပ်သူ အဆင့်က အဆင့် ၅ နောက်ပိုင်းအဆင့်သို့ ရောက်လာပြီး စိတ်စွမ်းအား အနှစ်သာရ က အဆင့် ၆ အလယ်ဆင့်သို့ ရောက်လာခဲ့သည် ။
စိတ်စွမ်းအား အနှစ်သာရက တိုးတက်ရန် ခက်ခဲလှ၏ ။ ဂြိုလ်ပြာကြီးတွင် အနှစ်သာရ တိုးတက်စေနိုင်ရန် ကျင့်ကြံရသည့် အထူးနည်းလမ်း မရှိပေ ။ သူ၏ ရွှေလက်ချောင်းကြောင့် အနီးအနားရှိ လူများ လေ့ကျင့်နေသော ကဏ္ဍအားလုံး ပေါင်းစုံ ၍ တိုးတက်နေခြင်းပင် ။ သူ လုပ်ရမည်က ငြိမ်ငြိမ်လေး အိပ်စက်နေရန်သာ ဖြစ်သည် ။
လင်းမို့၏ ခွန်အားအရ ငွေလ အဆင့်တွင် ပြိုင်ဘက် မရှိတော့ဘဲ နေအလင်းအဆင့်များဖြင့်ပင် ယှဥ်၍ တိုက်ခိုက်နိုင်လေပြီ ။ နာနို တိုက်ပွဲဝင် ဝတ်စုံ ဖြင့် ပေါင်းလျှင် နေအလင်းအဆင့်များ က သူ့အား သတ်နိုင်ရန် လွယ်တော့မည်မဟုတ် ။ တစ်လ မပြည့်မီပင် လင်းမို့၏ ခွန်အားက ဤအဆင့်အထိ တိတ်တဆိတ် တိုးတက်လာခဲ့၏ ။
' ငါအခုမှ ငွေလအဆင့်ကိုပဲ ရောက်သေးတယ်.. ငါလျောက်ရမယ့် လမ်းက အဝေးကြီးကျန်သေးတာပဲ.. "
ကျန်းနန် တက္ကသိုလ်သို့ ရောက်ပြီး တစ်လ မပြည့်မီ လင်းမို့သည် ငွေလအဆင့်သို့ ရောက်ရှိခဲ့ပြီး ဟောက်ရန်သည်လည်း အိမ်အသစ်အား ရှာတွေ့သွားလေသည် ။
Chapter 253
~