← Chapters

စစ်သား ၈၀၀ ကို အဆုံးခံ၍ စစ်သား ၁၀၀၀ ကို သတ်ဖြတ်ခြင်း ~

Vol. 17 Ch. 253

စစ်သား ၈၀၀ ကို အဆုံးခံ၍ စစ်သား ၁၀၀၀ ကို သတ်ဖြတ်ခြင်း ~

Vol. 17 Ch. 253

" ဟောက်ရန်.. "

ကျောင်းအုပ်ထူသည် ဟောက်ရန်က ဤမျှ ကြောက်လန့်နေမည်ဟု ထင်မထား ။ သူ ဟောက်ရန်အား လာရှာခြင်းမှာ ကျောင်းမှ နှင်ထုတ်ရန် မဟုတ်ပေ ။ လူအများသိလျှင် ရှက်စရာကောင်းမည့် ကိစ္စ ဖြစ်သောကြောင့် သူ ပုန်းလျိုးကွယ်လျိုး ရောက်လာရခြင်းပင် ။

ကျောင်းအုပ်ထူ ဟောက်ရန်ကို ရှုပ်ထွေးဟန်ဖြင့် ကြည့်၍ ...

" မင်း တက္ကသိုလ်ကို စရောက်ကတည်းက မင်းလုပ်သမျှကို ငါ စောင့်ကြည့်နေတာ.. "

ဟောက်ရန် ထိတ်လန့်သွားသည် ။ မည်သည့် အတွက်ကြောင့် စောင့်ကြည့်နေပါသနည်း ။ ငါးဆားနယ်တစ်ကောင်အား မဟာသခင်က စိတ်ဝင်စားစရာ အကြောင်းမရှိ ။ သူသည် ကျောင်းအုပ်တစ်ယောက် စိတ်ဝင်စားမည့် မည်သည့်ကိစ္စကိုမှ မလုပ်ဘူးချေ ။ မည်သည့်အတွက်ကြောင့် သူ့အား စောင့်ကြည့်နေပါသနည်း ။

" ကျောင်းအုပ်ထူ..ဆရာကြီးကို ကျွန်တော် တောင်းပန်ပါတယ်ဗျ.. "

ဟောက်ရန်က အကြောင်းအရင်ကို မသိသော်လည်း အရင်တောင်းပန်လိုက်၏ ။ ဆရားကြီးများနှင့် တွေ့ပါက ခေါင်းငုံ့ထားသည်က ပိုကောင်း၏ ။ ကြိုတင်တောင်းပန်လိုက်သည်က ဘာမှ မမှား ။

" မင်းမမှားပါဘူးကွ.."

ကျောင်းအုပ်ထူက ခေါင်းခါလိုက်ပြီး...

" သိုင်းပညာအရ ဆိုရင် မင်းက ငါတို့ကျန်းနန်တက္ကသိုလ်ကို အရှက်ခွဲနေတယ်လို့ ပြောလို့ရတယ်.. ဒါပင်မယ့် မရေမတွက်နိုင်တဲ့ ပညာရပ်တွေ ရှိသလို ..ပညာရပ်တိုင်းမှာလည်း ကျွမ်းကျင်သူတွေရှိကြတယ်ကွ.. မင်းမှာ ကျွမ်းကျင်တဲ့ ပညာရပ် ရှိလို့ မင်းကိုမင်း တန်ဖိုးမရှိဘူးလို့ မထင်ပါနဲ့.. "

" ကျွမ်းကျင်တဲ့ ပညာရပ်လား.."

ဟောက်ရန် စဥ်းစားကြည့်သော်လည်း ဘာမှမသိ ။ သူ့တွင် ကျွမ်းကျင်မှုဟူပြီး ပြစရာရှိပါက ဓားကြီးသိုင်းများမှာ ရှိသည် ။ ဓားကြီးလောကတွင် ပြိုင်ဘက်ကင်းဟု မကြွေးကြော်ရဲ သော်လည်း ကျန်းနန် ဓားကြီးလောကတွင် လူအများ၏ အသိအမှတ်ပြုခြင်းကို ခံထားရပေသည် ။ လူတစ်ထောင်ကို အနိုင်ယူခြင်းတာဝန်ကိုပင် ပြီးဆုံးတော့မည်ဖြစ်သည် ။

ဤသည်ကို တွေးပြီး ဟောက်ရန်၏ အမူအရာက ထူးဆန်းသွားသည် ။ ကျောင်းအုပ်ထူက ဓားကြီးကစားချင်၍ သူ့အား လာမေးမြန်းနေသည်လော ။

" ဟုတ်တယ် ကျွမ်းကျင်တဲ့ ပညာရပ်ပဲ.. "

ဟောက်ရန် ရှုပ်ထွေးနေသည်ကို မြင်လျှင် ကျောင်းအုပ်ထူက...

" ဟောက်ရန် ဓားကြီးလောက မှာ မင်းရဲ့ အောင်မြင်မှုက ဘယ်လိုအခြေအနေမှာရှိလဲ.. "

" ဟီးဟီး.."

ဟောက်ရန်က အနည်းငယ် ရှက်သွားပြီး ရင်ကိုကော့၍ ပုတ်လိုက်ကာ...

" ကျန်းနန် ဓားကြီးလောကမှာ ကြိုက်တဲ့သူနဲ့ ယှဥ်ရဲတယ်.. "

" အင်း... "

ကျောင်းအုပ်ထူက ခေါင်းညိတ်လိုက်ပြီး...

" ငါ ကြားထားသလိုပဲ.. မင်းကို လီကျားရွှမ်က သင်ပေးတယ်ဆိုပင်မယ့်.. မင်းက သူ့ထက် ကျွမ်းကျင်နေပြီ.. "

" ဒါ.. "

ဟောက်ရန်က နှိမ့်ချဟန်ဖြင့်...

" ကျွန်တော်က အကိုလီထက် သာတယ်လို့တော့ မပြောရဲပါဘူး.. အတူတူလောက်ပါပဲ.. "

" မင်း နှိမ့်ချ နေစရာ မလိုဘူး.. ငါအကုန်စုံစမ်းပြီးပြီ.. "

ကျောင်းအုပ်ထူက လက်ယမ်းပြီး ပြောလိုက်သည် ။

" အဟမ်း..."

ဟောက်ရန်က ချောင်းဟမ့်လိုက်ပြီး...

" ဆရာကြီး ကျွန်တော့ကို ဘာလို့ လာရှာတာလဲ.. "

" ငါ.. မင်းရဲ့ အရည်အချင်းကို ကျောင်းအတွက် အသုံးပြုစေချင်လို့... "

ကျောင်းအုပ်ထူ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာ၏ ။

" အမ်.."

ဟောက်ရန် ဆွံ့အ သွား၏ ။ ဓားကြီးကစားသည်က ကျောင်းကို မည်သို့ အထောက်အကူ ပြုနိုင်မည်နည်း ။

" ဘာလဲ မင်းမလုပ်ချင်ဘူးလား.. "

ကျောင်းအုပ်ထူ မျက်မှောင်ကြုပ်လိုက်၏ ။ ဟောက်ရန်က ပေါင်းသင်းဆက်ဆံတက်သည့် အတွက်ကြောင့်သာ ဤနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည် ။ ဟောက်ရန် သာ ကြိုးစားရန် ဆန္ဒမရှိပါက ဓားကြီးကစားရန် ခွင့်ပြုတော့မည်မဟုတ် ။ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေဖြင့် အကျင့်ပျက်နေသည်ကို သူ လွှတ်ပေးထားမည် မဟုတ်ချေ ။

" မဟုတ်ဘူး..မဟုတ်ဘူး.. ကျွန်တော်လုပ်ချင်ပါတယ်.."

ဟောက်ရန်က ကမန်းကတမ်းဖြင့်...

" ကျွန်တော် အံ့သြ သွားလို့ပါ.. ကျောင်းအတွက်ဆိုဘာပဲဖြစ်ဖြစ် ကျွန်တော် လုပ်မှာပါ.. "

ဟောက်ရန်က လေးနက်စွာ ပြောလိုက်သည် ။

" ကောင်းတယ်.. ကောင်းတယ်.. "

ကျောင်းအုပ်ထူ ကျေနပ်သွားပြီး...

" ကျောင်းက မင်းကို ဒုက္ခမပေးပါဘူး.. ကုန်ကျစရိတ် ပြန်ထုတ်ပေးမယ့်အပြင် ပထမနှစ် စာမေးပွဲမှာ ဘာသာရပ်အားလုံး ထူးချွန်အဆင့်နဲ့ အအောင်ပေးမယ်.. "

ဟောက်ရန်၏ မျက်လုံးများ တောက်ပသွားသည် ။ လက်ရွေးစင်တန်းမှ ကျောင်းသားများပင် ဘာသာရပ်အားလုံး ထူးချွန်အဆင့် ရနိုင်မည် မဟုတ် ။ ဤသည်က အချိန်အကြာကြီး ကြွားနိုင်မည့် အခွင့်အရေး တစ်ခုပင် ။

ဟောက်ရန်က ပိုမို တက်ကြွသွားပြီး...

" ဆရာကြီး စိတ်မပူပါနဲ့ ကျောင်းကပေးတဲ့ တာဝန်က ဓားတောင်ကို ကျော်ရကျော်ရ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ ကျွန်တော် အောင်မြင်အောင် ဆောင်ရွက်ပေးမယ်.. "

ဟောက်ရန်က ဤအခွင့်အရေးအား ဖမ်းဆုတ်ထားနိုင်ရန် ဆုံးဖြတ်လိုက်သည် ။

" တော်လိုက်တယ့် ကျောင်းသား.."

ကျောင်းအုပ်ထူက အလွန်သဘောကျသွားပြီး တာဝန်ကို ပြောလိုက်သည် ။

" မင်း ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ရောက်လာ​တော့မှာ သိတယ်မလား.. "

Chapter 254

All Chapters