စစ်သား ၈၀၀ ကို အဆုံးခံ၍ စစ်သား ၁၀၀၀ ကို သတ်ဖြတ်ခြင်း ၂ ~
Vol. 17 Ch. 254
" ကျွန်တော်သိပါတယ် .."
ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က နတ်ဆိုးမြို့တက္ကသိုလ်အား အနိုင်ယူပြီး ကျန်းနန်တက္ကသိုလ်ဆီသို့ ဦးတည်လာနေသည်ကို မသိသူ ရှိအံ့မထင် ။
" ငါတို့ ကျန်းနန်တက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်တွေထဲမှာ နောက်ဆုံးကျန်တဲ့ တက္ကသိုလ်ပဲ.. "
ကျောင်းအုပ်ထူက ပြောလိုက်သည် ။
" ကျွန်တော်သိပါတယ်.. "
ဟောက်ရန်က...
" ဒါပင်မယ့် ကျွန်တော်က ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ.. "
" မဟုတ်ဘူး.. မင်းသေချာပေါက် ကူညီပေးနိုင်တယ်.. "
ကျောင်းအုပ်ယူက လက်ဝှေ့ယမ်းလိုက်ပြီး ...
" သူတို့အဖွဲ့ထဲမှာ ရီကျန့်တစ်ယောက်ပဲ ခြိမ်းခြောက်နိုင်တာ.. မနက်ဖြန် သူ့ခြေထောက်တွေ အားနည်းနေအောင် မင်းတက်နိုင်သမျှ လုပ်ရမယ်.. "
ဟောက်ရန် နားလည်သွားပြီး...
" ဆရာကြီး ဆိုလိုတာက ..."
ဟောက်ရန်က ကျောင်းအုပ်ထူ အား သေချာကြည့်လိုက်၏ ။ ကျောင်းအုပ်ထူ အစစ်ဟုတ်မဟုတ် မသေချာ၍ ဖြစ်သည် ။ ဖြောင့်မတ်သည်ဟု နာမည်ကြီးသော ကျောင်းအုပ်ထူက ဤသို့သော် အကြံမျိုး ထုတ်သုံးနေသည်လော ။
" ဒါတစ်ခုထဲသော နည်းလမ်းပဲ.. "
ကျောင်းအုပ်ထူက ရှက်ရွံဟန်ဖြင့် ပြောလိုက်သည် ။ ပြီးနောက် ဆက်မပြောတော့ ။ သူတာဝန်တစ်ခုလုံးအား သေချာမပြောခဲ့သော်လည်း ဟောက်ရန်နားလည်ပေလိမ့်မည် ။
" ကျွန်တော် နားလည်ပါပြီ.. "
ဟောက်ရန်က လေးနက်စွာဖြင့်...
" မနက်ဖြန်ကျရင် ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က ခွန်အား ၇၀ % ပဲ သုံးနိုင်စေရမယ် .."
ကျောင်းအုပ်ထူက ဟောက်ရန်အား ကျေနပ်စွာကြည့်လိုက်ပြီး ...
" ခွန်အား ၇၀ % လောက်ပဲ သုံးနိုင်ရင် ငါတို့နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်.. ငါတို့နိုင်ခဲ့ရင် မင်းက အကြီးမားဆုံးစွမ်းဆောင်နိုင်သူပဲ.. မင်းနာမည်ကို ကျောင်းသမိုင်းမှတ်တမ်းစာအုပ်မှာတောင် အထည့်ခံရနိုင်တယ်.. "
ထိုစကားကို ကြားလျှင် ဟောက်ရန် တစ်ယောက် ပို၍ စိတ်လှုပ်ရှားလာခဲ့၏ ။ သူက ငါးဆားနယ်တစ်ကောင် ဖြစ်သော်လည်း သမိုင်းမှတ်တမ်းတွင် ပထမဆုံး ပါဝင်နိုင်သည့် ငါးဆားနယ် တစ်ကောင်ပင် ဖြစ်လာနိုင်သည် ။
" ဆရာကြီး စိတ်မပူပါနဲ့.. ဒီကိစ္စ ကျွန်တော့်ကို ယုံသာထားလိုက်.. "
ဟောက်ရန်က အလွန်လေးနက်စွာ ကတိပေးလိုက်သည် ။
" အင်း..."
ကျောင်းအုပ်ထူက ခေါင်းညိတ်လိုက်ပြီး...
" သူတို့ရောက်လာရင် ကြိုဆိုဖို့ ငါ့နောက်လိုက်ခဲ့.. "
ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် မဟာသခင်အဆင့် ပါ၍ ကျောင်းအုပ်ထူကိုယ်တိုင် ကြိုဆိုရမည်ဖြစ်သည် ။
**
နောက်တစ်နေ့ မနက်...
ကျန်းနန် တက္ကသိုလ် တစ်ခုလုံး လူပင်လယ် ကြီးထဲတွင် နစ်မြုပ်နေ၏ ။
ကျန်းနန်တက္ကသိုလ်က ရှားနိုင်ငံ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သဖြင့် ကြည့်ရှုသူ များလှပေသည် ။ ကျန်းနန် ရှိ တခြားတက္ကသိုလ်များအပြင် သိုင်းဌာနရှိ လူများပါ ရောက်ရှိနေ၏ ။ သာမန် ပွဲလာကြည့်သည့် ပုရိတ်သတ်ကလည်း မနည်းလှ ။
ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ရောက်လာသောအခါ သာမန်ထက် အားနည်းပုံ ပေါက်နေသည်ကို အတိုင်းသာ မြင်နေရပေသည် ။ အချို့လူများမှာ မျက်ကွင်းများပင် ညိုနေကြသည် ။ မနေ့ညက ကျန်းနန် ဟိုတယ်တွင် အနားယူစဥ် ဟောက်ရန်၏ ဂွင်ထဲ ဝင်သွားကြသူများ ဖြစ်ပေမည် ။
ဟောက်ရန်သည်တော့ ထိုသိုင်းပညာရှင်များထက် ခန္ဓာကိုယ် အားနည်းသဖြင့် တက္ကသိုလ် ကုသခန်းသို့ပင် ရောက်နေလေသည် ။ သူက ကောင်မလေးများ စီစဥ်ပေးခဲ့ပြီး ပို၍ ယုံကြည်စေရန် ကောင်မလေး ဆယ်ယောက်နှင့် တစ်ညလုံး ဓားကြီးကစားပြခဲ့၏ ။ သူ့အတွက် မလွယ်ကူခဲ့ပေ ။
ဟောက်ရန်၏ အဖေဖြစ်သူ ကောင်းဖန်းသည် သူ၏ သူငယ်ချင်း ယွီပုရှောင် နောက်လိုက်၍ ပွဲကြည့်ရန် ပါလာခဲ့သည် ။
" ကောင်းဖန်း.."
ယွီပုရှောင်က အနည်းငယ် ထူးဆန်းသော အမူအရာဖြင့်...
" ကျန်းနန်တက္ကသိုလ်က ဒီနေ့ ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို အနိုင်ယူနိုင်ခဲ့ရင် မင်းသားကို ကျေးဇူးတင်ရမယ်.. "
" ဘာလို့လဲ.. "
ကောင်းဖန်း အံ့သြ သွား၏ ။ သူ့သားအကြောင်း သူအသိဆုံးဖြစ်သည် ။
" မင်းလူမှားနေတာလား.."
" မဟုတ်ဘူး ဟိုကိုကြည့်.. "
ယွီပုရှောင်က ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ညွှန်ပြလိုက်ပြီး...
" သူတို့ကြည့်ရတာ အားနည်းတဲ့ပုံ ပေါက်နေတယ်မလား.. "
" အင်း.. "
ကောင်းဖန်း အနည်းငယ် အံ့သြသွားသည် ။ အမှန်တကယ် အားနည်းသည့်ပုံ ပေါက်နေကြသည် ။
" အဲ့တာနဲ့ ဟောက်ရန်နဲ့ ဘာဆိုင်လို့လဲ.. "
" သူတို့အားနည်းနေတာ ဟောက်ရန်ကြောင့်လေ.. "
ယီပုရှောင်က ရယ်လိုက်ပြီး...
" ကောင်းဖန်း.. မင်း က မင်းရဲ့သားကို သေချာသင်ပေးထားတာပဲ.. မင်းထက်တောင် သာနေသေးတယ်.. "
ယွီပုရှောင်က ဟောက်ရန်၏ စွမ်းဆောင်ရည်များကို လုံးစေ့ပတ်စေ့ ရှင်းပြလိုက်၏ ။ ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား လှုံခြုံရေး တာဝန် ယူပေးထားရသဖြင့် ဟောက်ရန် လုပ်ခဲ့သည်အား အလုံးစုံ သိပေသည် ။
" ငါ....."
ကောင်းဖန်း ဆွံ့အ သွားသည် ။ ဆယ်ယောက်တစ်ယောက် တစ်ညလုံး ဓားကြီးကစားရန် သူပင် မတက်နိုင်ချေ ။ အဖေ့ထက်သား တစ်လကြီးနေပေပြီ ။ သူ စိတ်ဆိုးရမည်လော ရယ်ရမည်လော မသိတော့ ။
" ဒါနဲ့.. "
ယွီပုရှောင်က ကောင်းဖန်းအား လေးနက်စွာကြည့်၍...
" ငါမေးစရာတစ်ခုရှိတယ်.. "
" ဘာလဲ.. "
ယွီပုရှောင်၏ အမူအရာကိုမြင်လျှင် ကောင်းဖန်းလည်း အလေးအနက်ထားလိုက်သည် ။
" ငါတို့ ညဘက်အပြင်ထွက်ရင် မင်းရဲ့သားကိုပါ ခေါ်သင့်တယ်ထင်လား.. "
ပြောပြီးသည်နှင့် ယွီပုရှောင်က ထရယ်တော့သည် ။
" ယီးပဲရမယ်.. "
ကောင်းဖန်းက ကျိန်ဆဲလိုက်သည် ။
ကျန်းနန်တက္ကသိုလ်သို့ ကောင်းဖန်းအပြင် လင်းမို့၏ အမေဘက်မှ မိသားစုဖြစ်သော ကျန်းမသားစုလည်း ရောက်လာကြ၏ ။ သူတို့က လင်းမို့ထံသို့ လာသည်ဖြစ်သော်လည်း ပြိုင်ပွဲနှင့် ကြုံကြိုက်နေ၍ ဝင်အားပေးကြခြင်းပင် ။
Chapter 255
~