အကြံအစည် ~
Vol. 17 Ch. 255
ယခုအခါတွင် ကျန်းမိသားစုမှ ထိပ်ပိုင်း ခေါင်းဆောင်များ ရောက်ရှိလာခြင်းပင် ။
မဟာသခင်၏ သားအကြီးဆုံးဖြစ်သူ ကျန်းကျန့် က ဒုတိယသား ကျန်းအန်နှင့် တတိယသား ကျန်းကျိ ကို ဦးဆောင်လာခဲ့သည် ။ သူတို့က လင်းမို့အား တန်ဖိုးထားသည်မှာ သိသာလှပေသည် ။ သူတို့နောက်တွင် ကျန်ယွင်ရှန်နှင့် ကျန်းယွင်ဟိုင်တို့က ခေါင်းငိုက်စိုက်ဖြင့် လိုက်ပါလာကြသည် ။
" လင်းမို့နဲ့ တွေ့ရင် မင်းတို့ နောက်ထပ် သောက်ပြသနာမရှာကြနဲ့နော်.. တစ်ခုခုဖြစ်ရင် ငါ့အဆိုးမဆိုနဲ့ .."
ကျန်းကျန့်က သူ့သားနှစ်ယောက်အား အေးစက်စက် ပြောလိုက်သည် ။
" ဟုတ်ကဲ့ပါအဖေ.. "
နာခံစွာ ကတိပေးလိုက်ပြီး...
" သားတို့ လင်းမို့နဲ့ တွေ့ရင် ကျေနပ်အောင် တောင်းပန်လိုက်ပါ့မယ်.. "
" အင်း အဲ့လို နားလည်တက်မှပေါ့.. "
ကျန်းကျန့်က ခေါင်းညိတ်လိုက်သည် ။ သူကိုယ်တိုင်လည်း အရင်က လင်းမို့၏ ပါရမီအား သိပ်နားမလည်ခဲ့ပေ ။ လင်းမို့က မဟာသခင်အဆင့်သို့ ရောက်နိုင်သည်လော ။ သူတို့မိသားစု၏ မဟာသခင်က အရှင်လတ်လတ်ကြီး ရှိနေသေးသည် ။ ထို့အပြင် သူ့အဖေ ဖြစ်သူ မဟာသခင်က စစ်နတ်ဘုရားအဆင့်နှင့် အလွန်နီးကပ်နေလေပြီ ။ ထို့ကြောင့် လင်းမို့အား ဂရုသိပ်မထားခဲ့ ။ Black Earth ၏ ကိစ္စကြောင့် ဂူအောင်းကျင့်ကြံနေသော သူ့အဖေ ထွက်လာမှ လင်းမို့၏ ပါရမီကို နားလည်သွားခဲ့၏ ။ သူ့အဖေထံမှ အပြစ်တင်ခြင်းကို ခံခဲ့ရပေသည် ။
လင်းမို့သည် စစ်နတ်ဘုရားအဆင့်ကို ကျော်လွန်၍ သာလွန်စစ်နတ်ဘုရား ဖြစ်လာနိုင်သည့် သူပင် ။ လင်းမို့အား ကျန်းမိသားစုတွင် ဆွဲခေါ်ထားနိုင်ပါက အနာဂတ်တွင် ကျန်းမိသားစုသည် ဂြိုလ်ပြာကြီးအား လွှမ်းမိုးနိုင်ပေလိမ့်မည် ။
ထို့ကြောင့် လင်းမို့နှင့် သူ့သားနှစ်ယောက်၏ ပြသနာကို ဖြေရှင်းရန် ကျန်းကျန့် ကိုယ်တိုင် လာခဲ့ခြင်းပင် ။ လင်းမို့အား ကျေနပ်အောင် တောင်းပန်ရပေမည် ။
" အကို.. လင်းမို့က ဘယ်မှာလဲ.. "
ကျန်းကျိက...
" ဖုန်းဆက်မရ စာပို့မရနဲ့ လင်းမို့က ကျွန်တော်တို့ ကျန်းမိသားစုဝင် မဖြစ်ချင်ဘူးထင်တယ်.. "
" မဟုတ်ပါဘူးဟ.."
ကျန်းကျန့်က...
" လင်းမို့က နေ့ဘက်ဆိုရင် မြေဆွဲအားခန်းထဲ ၁၂ နာရီဝင်ပြီးလေ့ကျင့်တယ်တဲ့ ဖုန်းဘယ်လိုလုပ်ကိုင်ချိန်ရမလဲ .."
ကျန်သူများ အံ့သြသွားကြ၏ ။ ဤမျှအထိ ကြိုးစားသူ ဂြိုလ်ပြာပေါ်တွင် ရှိနေသည်လော ။
" ဒီနေ့ ကျန်းနန်တက္ကသိုလ်နဲ့ ချယ်ရီပန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ တိုက်ခိုက်မှာဆိုတော့ လင်းမို့လည်း အဲ့မှာ ရှိလောက်မယ်ထင်လား .."
ကျန်းအန်က မေးလိုက်သည် ။
" အဲ့တာတော့ သေချာမသိဘူး.. "
ကျန်းကျန့်က...
" အရင်စောင့်တာပေါ့ ..လင်းမို့က ကျန်းနန်တက္ကသိုလ်ကနေ ဘယ်မှ ထွက်မပြေးပါဘူး.. အချိန်တန်ရင် တွေ့ရလိမ့်မယ်.. "
" ပြိုင်ပွဲကိုပဲ အရင်ကြည့်ရအောင်.. "
ကျန်းကျိက ပြောလိုက်သည် ။
" ဒီပွဲက မလွယ်ဘူး.."
ကျန်းကျန့်က မျက်မှောင်ကြုပ်လိုက်ပြီး...
" ချယ်ရီပန်းနိုင်ငံကို အခုထိ ဘယ်ထိပ်တန်းတက္ကသိုလ်မှ မနိုင်သေးဘူး.. ကျန်းနန်တက္ကသိုလ်လည်း သိပ်ထူးမယ် မထင်ပါဘူး.. "
" အကို သေချာကြည့်လိုက်အုံး.."
ကျန်းအန်က...
" ကိုယ်စားလှယ်အဖွဲ့ကသူတွေ အားနည်းနေတဲ့ပုံ ပေါက်နေသလိုပဲ.. "
" ဟုတ်သားဟ.. "
ကျန်းကျန့် အံ့သြသွားပြီး...
" ဘာလို့ မျက်ကွင်းတွေ ညိုနေကြတာလဲ.. ထိပ်တန်းတက္ကသိုလ်တွေကို ပြိုင်ရတာ ပင်ပန်းနေလို့များလား .."
" ကြည့်ရတာ ကျန်းနန် တက္ကသိုလ်နိုင်ဖို့ အခွင့်အရေး ရှိမယ်ထင်တယ်.. "
ကျန်းကျိ၏ မျက်လုံးများတောက်ပလာ၏ ။ ရှားနိုင်ငံသားများဖြစ်၍ သူတို့နိုင်ငံက အနိုင်ရသည်ကိုသာ မြင်ချင်ပေသည် ။ ချယ်ရီပန်းနိုင်ငံကိုယ်စားလှယ်အဖွဲ့က ပင်ပန်းသည့်ပုံပေါက်နေ၍ ကျန်းမိသားစု၏ မျှော်လင့်ချက်များ မြင့်တက်လာကြသည် ။
**
ကျန်းနန် တက္ကသိုလ်သည် ဤပြိုင်ပွဲအတွက် ရင်ပြင်တွင် တိုက်ပွဲစင်မြင့် တည်ဆောက်ထား၏ ။ ပွဲမစသေးသော်လည်း ပွဲကြည့်ပုရိတ်သတ်က လူပင်လယ်ကြီး ဖြစ်နေလေပြီ ။
ကျောင်းအုပ်ထူက ကိုယ်စားလှယ်အဖွဲ့မှ မဟာသခင် အဘိုးကြီးနှင့် အတူတွဲ၍ လျောက်လာကြသည် ။
" ကျောင်းအုပ်ထူ.. "
အဘိုးကြီးက စနောက်သည့်လေသံဖြင့်...
" ပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတာပဲ.. "
သူ့နောက်တွင် ရှိသော အဖွဲ့ဝင်များကို လှည့်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည် ။ မနေ့ညက ကိစ္စအား သူသိသော်လည်း မတားမြစ်ခဲ့ပေ ။