← Chapters

အခန်း (၂၈၆+၂၈၇)

Vol. 12 Ch. 286+287

အခန်း (၂၈၆+၂၈၇)

Vol. 12 Ch. 286+287

အခန်း(၂၈၆) စူစူလေးက သူမရဲ့ သူရဲကောင်း (၁)

ချင်းလောင်ယွင်က စူစူလေးကို မနာလိုဖြစ်စွာ ကြည့်လိုက်သည်။

ဘေးမှာ လူတွေအများကြီး ဝိုင်းပြီး ချီးကျူးတာကို ခံနေရတာ…။

ငယ်စဉ်ကတည်းက ချင်းလောင်ယွင် ဒီလိုမျိုး တစ်ခါမှ အာရုံစိုက်မခံရဖူးပါ။ ထို့ကြောင့် သူမလည်း သူများ အသိအမှတ်ပြုတာ ခံချင်သည်။ သူများ အာရုံစိုက်တာကိုခံချင်သည်။

သို့သော်လည်း အကြောင်းအရင်းတွေကို ဘာမှနားမလည်ပါ။ ချင်းစူစူလို ဖြစ်လာချင်ရုံသာဖြစ်သည်။

စူစူလေးကို နဂိုကတည်းက သဘောမကျခဲ့သဖြင့် သူမရဲ့ စိတ်ခံစားချက်များက မလိုမုန်းထားမှုအဖြစ် ပြောင်းလဲလာသည်။

ချင်းစူစူကို မုန်းလိုက်တာ! သူက လူဆိုးပဲ!

ပြဿနာ အနည်းငယ်ဖြစ်သွားသော်လည်း မူကြိုဆရာမများက ကလေးတွေကို တိရိစ္ဆာန်ရုံထဲ ဆက်လက် ပြသခဲ့ပါသည်။

အရွက်စား တိရိစ္ဆာန်ရုံကို ကြည့်ရှုပြီးသွားသောအခါ အသားစာ တိရိစ္ဆာန်ရုံဘက်သို့ ကလေးများ ရောက်၇ှိလာကြသည်။

အရွက်စား တိရိစ္ဆာန်ရုံလို မဟုတ်ဘဲ အသားစား တိရိစ္ဆာန်ရုံထဲကို ကားဖြင့် ဝင်ရပါသည်။ ထို့အပြင် ကားကိုလည်း တိရိစ္ဆာန်တွေနဲ့ ခပ်ဝေးဝေးမှာ ရပ်ရမည်ဟု တိရိစ္ဆာန်ရုံက စည်းမျဉ်းထုတ်ထားပါသည်။

မူကြိုဆရာမများက ကလေးများနဲ့ အုပ်ထိန်းသူတွေ တန်းစီစေပြီး တိရိစ္ဆာန်ရုံက စီစဉ်ပေးထားသည့် ဘတ်စ်ကားပေါ်မှာ ထိုင်ခုံမှား သတ်မှတ်ပေးခဲ့ကြပါသည်။

အားလုံး သတ်မှတ်ပေးထားသည့် ထိုင်ခုံမှာပဲ ထိုင်ရသည်။ ချင်းချန်းကျစ်၏ ထိုင်ခုံက စူစူလေးတို့ ထိုင်ခုံနဲ့ အလွန် ဝေးပါသည်။

ထို့ကြောင့် စူစူလေးကို ကျားအုပ်ထဲ ပစ်ချမည့် ချင်းချန်းကျစ်၏ အစီအစဉ် ပျက်စီးရတော့မည်။

ကျန်းဝမ်ဝမ်လည်း နားလည်သွားပါသည်။ ချင်းစုစုကို မကောင်းကြံဖို့ ဘယ်လို အခွင့်အရေးမှ မရှိပါ။

ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း အပြင်က ရှုခင်းတွေကို ဂရုမစိုက်အားဘဲ ချင်းချန်းကျစ်အား ကျန်းဝမ်ဝမ် ကြောက်ရွံ့စွာ မေးလိုက်သည်။

“ယောက်ျား ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ မစ္စတာရှု သတ်မှတ်ထားတဲ့ အချိန်ပြည့်တော့မယ်နော်!”

“ငါက ဘယ်လို သိမှာလဲဟ။ ငါကော သေချင်တယ် ထင်လို့လား။ လခွီးထဲမှ!”။ ချင်းချန်းကျစ်က သူမထက် ပိုပြီး စိတ်ချောက်ချားနေပါသည်။

“ဒီနေ့ အိမ်ပြန်ရောက်ရင် ပြေးကြရအောင်လေ! ဟွာချန့်မြို့က ထွက်ပြေးပြီး တခြားတစ်နေရာရာမှာ သွားနေရအောာင်။ မစ္စတာရှု ကျွန်မတို့ကို မဖမ်းနိုင်လောက်ပါဘူး!”။ ကျန်းဝမ်ဝမ်က အကြံပေးလိုက်ပါသည်။

“မစ္စတာရှုက အလကားကောင်ထင်လို့လား။ သူ့စောင့်ကြည့်မှုအောက်မှာ ဟွာချန့်မြို့ကနေတောင် ငါတို့ထွက်သွားဖို့ မဖြစ်နိုင်ဘူးကွ!။ ပြီးတော့ ငါတို့ ဟွာချန့်မြို့ကနေ ထွက်နိုင်ခဲ့ရင်တောင် တခြားမြို့တွေမှာ သူ့လူတွေ မရှိဘူးလို့ သေချာပြောနိုင်လို့လား”

“ဟိုဟာလည်းမဖြစ် ဒီဟာလည်း မဖြစ်နဲ့ ကျွန်မတို့က ဘာလုပ်ရတော့မှာလဲ။ သေမယ့်အချိန်ကို စောင့်နေရမှာလား”

ခုနက မတော်တဆမှုက သူတို့အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။ သို့သော် ချင်းစူစူက အလွန်ကံကောင်းခဲ့ပါသည်။

“အဲ့လိုလုပ်လို့ ရမလားဟ!”။ ချင်းချန်းကျစ်က ဆိုသည်။ “ငါသေရမယ်ဆိုရင်တောင် ငါနဲ့အတူ တစ်ယောက်ယောက်ကို ခေါ်သွားရမှ ကျေနပ်မယ်!”

“ဖေကြီးနဲ့ မေကြီးတို့ ဘာဖြစ်နေတာလဲ”။ သူတို့ နှစ်ယောက်ကြားထဲမှာ ထိုင်နေသည့် ချင်းလောင်ယွင်က သူတို့စကားကို ကြားသော်လည်း ဉာဏ်မမှီပါ။ သို့သော် မိဘနှစ်ပါးရဲ့ ဒေါသနဲ့ စိုးရိမ်ကြောင့်ကြမှုတို့ကိုတော့ ခံစားမိပါသည်။

မိဘတွေကို ဒီလိုမြင်လိုက်ရသဖြင့် ချင်းလောင်ယွင်၏ မျက်နှာလေးလည်း စူပုပ်သွားခဲ့ပါသည်။

သမီးဖြစ်သူ၏ အသံကို ကြားသောအခါ ချင်းချန်းကျစ် ငုံ့ကြည့်လိုက်သည်။ သူ့သမီး မျက်နှာလေးကို မြင်သောအခါ ခေါင်းထဲ အကြံတစ်ခု ရုတ်တရက် ပေါ်လာပါသည်။

ဟုတ်သားပဲ! သူ့သမီး ရှိတာပဲ!

ချင်းစူစူက သူ့သမီးကို ဂရုစိုက်တယ် မဟုတ်ဘူးလား?! သူ့ကိုယ်သူ ဒေါ်လေးလို့ ထင်နေပြီး သူ့တူတွေ တူမတွေကို ဒီလောက် ကာကွယ်ပေးချင်နေတာ!

ချင်းချန်းကျစ်၏ ခေါင်းထဲ အကြံဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျားတွေတောင် ကိုယ့်သားပေါက်တွေကို မစားတတ်ပါ။ သို့သော် ဒါက ကျားတွေ အန္တရာယ်နဲ့ မကြုံသေးလို့သာ ဖြစ်မည်။ ချင်းချန်းကျစ်က ဒီလို မဟုတ်ပါ။ သူ့အသက် ဆုံးရှုံးတော့မည့် အခြေအနေနဲ့ ရင်ဆိုင်နေရသဖြင့် သူ့သမီးကိုတောင် ဂရုမစိုက်နိုင်တော့ပေ။

သူတို့က မိဘတွေ မဟုတ်ဘူးလား။ ကိုယ်မွေးထားတဲ့ သမီးကို ကိုယ်အသုံးချတာ ဘာဖြစ်လဲ?!

“ဖေကြီး?”။ ချင်းချန်းကျစ်၏ အတွေးတွေကို မမြင်နိုင်သည့် ချင်းလောင်ယွင်က ပိုပြီး ဇဝေဇဝါဖြစ်သွားခဲ့ပါသည်။

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”။ ချင်းချန်းကျစ် ရုတ်တရက် ပြုံးသွားပြီး သူ့သမီးကို ချီကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်ပါသည်။

ချင်းလောင်ယွင်လည်း ပြုံးရွှင်သွားလေသည်။

နောက်ဆုံးတော့ သူမ ဖေကြီး သူမကို ပွေ့ချီနေပြီပဲ!

… … …

အခန်း(၂၈၇) စူစူလေးက သူမရဲ့ သူရဲကောင်း (၂)

“ယွင်ယွင် ကျားကြီးကို ကြည့်ချင်လား။ သမီး သေချာ မြင်ရအောင် ဖေကြီး မြင့်မြင့်ချီပေးမယ် ဟုတ်ပြီလား”။ ချင်းချန်းကျစ်က ပြောလိုက်သည်။

“ဟုတ်!”။ ချင်းလောင်ယွင် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ခုနက သူမ မိဘတွေ စကားများနေသဖြင့် အပြင်က တိရိစ္ဆာန်တွေကို ကြည့်ဖို့ ချင်းလောင်ယွင် စိတ်မပါခဲ့ပါ။

အခု စိတ်ရွှင်သွားပြီဖြစ်သဖြင့် ဖန်ပြူတင်းပေါက်နားကို ချင်းလောင်ယွင် မျက်နှာကပ်ကာ အပြင်က တိရိစ္ဆာန်တွေကို စိတ်ဝင်တစား ကြည့်လိုက်ပါသည်။

ကျားများ၊ ခြင်္သေ့များကို အားလုံး သေချာ မြင်နိုင်အောင် ဘတ်စ်ကားကို အလွန်ဖြေးညှင်းစွာ မောင်းပေးပါသည်။

“ကျားကြီး! ဖေကြီး မေကြီး ဟိုမှာကြည့် ကျားကြီး!”။ ချင်းလောင်ယွင် သူမ မိဘတွေကို စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ပါသည်။

“အင်း”။ ချင်းချန်းကျစ်က တိုးညှင်းစွာ တုန့်ပြန်ပါသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ချင်းချန်းကျစ်က တခြားမိဘတွေလို အပြင်က တိရိစ္ဆာန်ကို သေချာမြင်နိုင်အောင် ပွေ့ချီပေးသလိုမျိုး ချင်းလောင်ယွင်ကို ချီမြှောက်လိုက်ပါသည်။

တခြား ကလေးတွေနဲ့ အုပ်ထိန်းသူတွေ ကျားကြည့်ရင်း အာရုံများနေကြစဉ် ချင်းချန်းကျစ်က ရုတ်တရက် ကားပြူတင်းမှန် တစ်ချပ်ကို ဖွင့်လိုက်သည်။

ပြူတင်းပေါက်က အတော်လေး သေးပါသည်။ လုံခြုံရေးအရ ပြုလုပ်ထားရတာဖြစ်ပြီး လူကြီးတစ်ယောက် လုံးဝ မဝင်ဆံ့နိုင်ပါ။

ထို့အပြင် ဒီပြူတင်းပေါက်ကို ဖန်တီးထားသူတွေကလည်း လူတစ်ယောက်က ကလေးတစ်ယောက်ကို ပြူတင်းပေါက်မှ ပစ်ချဖို့ ကြိုးစားလိမ့်မည်ဟု ထင်မထားခဲ့တာကြောင့်လည်း ပါလိမ့်မည်။

ပြူတင်းပေါက်ကိုဖွင့်ပြီး သိပ်မကြာလိုက်ဘဲ ချင်းချန်းကျစ်က ချင်းလောင်ယွင်ကို ကားပေါ်မှ ပစ်ချလိုက်ပါသည်။

ချင်းလောင်ယွင်က လူကောင်သေးသဖြင့် ပြူတင်းပေါက်အရွယ်အစားနဲ့ ကွက်တိကျသည်။

ထို့နောက် ချင်းချန်းကျစ် အော်ဟစ်လိုက်လေသည်။ “အား!! ယွင်ယွင်! ယွင်ယွင်လေး အောက်ပြုတ်ကျသွားပြီ!”

ကျန်းဝမ်ဝမ် ကြက်သေသေသွားသည်။ သူမသမီးကို ယောက်ျားဖြစ်သူက ကားပေါ်မှဖြစ်ချလိုက်တာ အစအဆုံး သူမ မြင်ပါသည်။

သူတို့ သမီး အသက်အန္တရာယ်ရှိနိုင်တာကို သိသိလျက်နဲ့…။

ကျန်းဝမ်ဝမ်က မိခင်တာဝန်ကျေပွန်သူမဟုတ်ပါ။ ချင်းချန်းကျစ်လိုပဲ လောင်းကစား အပျော်အပါးတွေကို တက်မက်ခဲ့ပြီး သမီးဖြစ်သူအတွက် ဂရုမစိုက်ခဲ့မိပါ။

သို့သော်လည်း အနည်းဆုံးတော့ မိခင်တစ်ယောက်၏ အသိတရားရှိပါသေးသည်။

ဒီလို ရက်စက်သည့် လုပ်ရပ်ကြောင့် သူမလည်း ကြက်သေသေသွားခဲ့ရသသည်။

သို့သော်လည်း ချင်းချန်းကျစ်ကတော့ ဂရုစိုက်ပုံမပေါ်ပါ။ သူ့အတွက်တော့ သူ့သမီးက သေသေရှင်ရှင် ဘာမှ တန်ဖိုးမရှိတော့ပေ။ သူ့အသက်ကိုသူ ကယ်တင်နိုင်ရင် လုံလောက်ပါပြီ။

သူများတွေ သံသယမဖြစ်စေဖို့အတွက် ချင်းချန်းကျစ် ဆက်အော်လိုက်သည်။ “ကျွန်တော့်သမီးလေးကို အနီးကပ် မြင်စေချင်လို့ ချီပြလိုက်တာပါဗျာ! မတော်တဆ ပြုတ်ကျသွားမယ်လို့ မထင်ထားဘူး! ဘယ်လိုလုပ်ရမလဲ သူအန္တရာယ် ရှိနေပြီလား?!”

ချင်းချန်းကျစ်၏ အော်သံကို ကြားသောအခါ တစ်ကားလုံး အပြင်ကို ကြည့်လိုက်ကြသည်။ သေချာပါသည်။ ချင်းလောင်ယွင် ကားအပြင်ကို ရောက်နေပါပြီ။

ကားဒရိုင်ဘာကို အမြန်အော်ပြောလိုက်ကြ၏။ “ဒရိုင်ဘာကြီး! ကားရပ်လိုက်! ကားမြန်မြန်ရပ်လိုက်! လူပြုတ်ကျသွားလို့!”

ဒရိုင်ဘာလည်း ဘရိတ်ကို အမြန်ဆောင့်နင်းလိုက်ပါသ်ည။

ဘတ်စ်ကားက အလွန်နှေးကွေးစွာ မောင်းနေသော်လည်း ယခု ချင်းလောင်ယွင်က ဘတ်စ်ကားနဲ့ ၇ မီတာ ၈ မီတာလောက် ကွာဝေးနေလေပြီ။

သိပ်မမြင့်သည့် မီနီဘတ်စ်ပေါ်မှ ချင်းလောင်ယွင် ဖင်ထိုင်လျက်သား ပြုတ်ကျသွားပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားကာ ငိုဖို့တောင် မေ့သွားပါသည်။

“ဒရိုင်ဘာကြီး! ကားတံခါး မြန်မြန်ဖွင့်ပါ!”။ မူကြိုဆရာမတစ်ယောက်က ချောက်ချားစွားပြီး တံခါးအမြန်ဖွင့်ခိုင်းလေသည်။

“မရဘူးလေ။ တံခါးကို အဲ့လို လွယ်လွယ်ဖွင့်လို့မရဘူး!”။ ကားဒရိုင်ဘာကလည်း တံခါးကို ဖွင့်ဖို့ တွန့်ဆုတ်နေပါသည်။

တံခါးဖွင့်ပေးလိုက်လျှင် အခြေအနေတွေ ဒီ့ထက် ပိုဆိုးသွားမှာ စိုးရိမ်မိသည်။

“ကလေးတစ်ယောက် ပြုတ်ကျသွားတာ တံခါး ဖွင့်ပေးမှ ဖြစ်မှာပေါ့!”။ တခြား အုပ်ထိန်းသူ တစ်ယောက်က အော်ပြောလိုက်ပါသည်။

အားလုံးက အုပ်ထိန်းသူ‌တွေ မိဘတွေဖြစ်ကြသဖြင့် ကလေးတစ်ယောက် အန္တရာယ်တောထဲ ကျရောက်နေတာကို ဒီတိုင်း ကြည့်မနေနိုင်ပါ။

ဒရိုင်ဘာလည်း ကြံရာမရဘဲ ကားတံခါးကို ဖွင့်ဖို့ ပြင်လိုက်သည်။

သို့သော် ကျားကြီးတစ်ကောင်က ရုတ်တရက် ဘတ်စ်ကားဘေးမှ ဖြတ်သွားပြီး ချင်းလောင်ယွင်ရှိရာထံသို့ ဖြေးညှင်းစွာ လျှောက်သွားလေသည်။

ဒရိုင်ဘာလည်း တံခါးကို မဖွင့်ရဲတော့ပါ။

“မဖြစ်ဘူး! တံခါးဖွင့်လို့မရဘူး! ဒီက တိရိစ္ဆာန်တွေမှာ အရိုင်းစိတ် ရှိသေးတယ်! အမဲလိုက်တတ်တယ်။ လူတွေကို တိုက်ခိုက်တတ်တယ်!”။ ကားဒရိုင်ဘာက ပြတ်သားစွာ ပြောလိုက်ပါသည်။

All Chapters