အခန်း (၂၉၀+၂၉၁)
Vol. 12 Ch. 290+291
အခန်း(၂၉၀) သားရဲတိရိစ္ဆာန်ထက် ပိုဆိုးသော
စူစူလေးက ချင်းလောင်ယွင်ပွေ့ချီပြီး ပြန်လာစဉ် ဘတ်စ်ကားတံခါးပွင့်သွားပြီး ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ ကားပေါ်မှ ဆင်းလာကြသည်။
“ကားပေါ်အမြန်တက်!”။ ချင်းယုဟွိုင်း တခြားဘာမှ ပြောဖို့ အချိန်မရှိပါ။
ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ ကလေးတစ်ယောက်စီ ပွေ့ချီလိုက်ပြီး ကားပေါ် အမြန် ပြန်တက်ခဲ့ကြသည်။ ထို့နောက် ဒရိုင်ဘာက ကားတံခါးကို ပိတ်လိုက်ပြီး အမြန်မောင်းထွက်သွားခဲ့ပါသည်။
“ယွင်ယွင်လေး ဘာဖြစ်သွားသေးလဲ”။ ကျန်းဝမ်ဝမ်က လူအုပ်ကြားထဲ တိုးဝှေ့ပြီး ချင်းလောင်ယွင်ထံရောက်လာကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပါသည်။
ချင်းလောင်ယွင်က မလှုပ်မရှားဘဲ ကြောင်စီစီဖြင့် ရပ်နေသည်။
သူမ မျက်ရည်တွေ ဆက်တိုက်ကျနေပြီး ယခုချိန်မှာ နာကျင်မှုသာ ခံစားရသည်။ သူမ လက်တွေ၊ လက်မောင်းတွေ၊ တင်ပါးတွေ အားလုံး နာကျင်နေပါသည်။
ချင်းချန်းကျစ်လည်း ရောက်လာပြီး စိုးရိမ်ပူပန်သော ပုံစံဖြင့် မေးလိုက်ပါသည်။ “ယွင်ယွင်လေး ဘာဖြစ်သွားသေးလဲ?! ဘယ်နား နာသွားသေးလဲ?! ဖေကြီး အပြစ်ပါ! ဖေကြီး သေချာ ကိုင်မထားခဲ့တာ!”
လင်မယားနှစ်ယောက်၏ စကားကြောင့် ကားပေါ်က လူကြီးတွေ မျက်မှောင်ကြုတ်သွားခဲ့သည်။
ခုနက ကလေးတွေကို ကယ်တင်ဖို့သာ အားလုံးအာရုံများနေသဖြင့် တခြားဘာမှ မတွေးနိုင်ခဲ့ပါ။
အခု အခြေအနေတွေ တည်ငြိမ်သွားခါမှ ဒီလင်မယားနှစ်ယောက်ကို ကြည့်ရင်း အားလုံး တုန်လှုပ်သွားကြသည်။
သူတို့ သမီးအရင်း အန္တရာယ်ရှိနေစဉ်တုန်းက သူစိမ်းတွေနဲ့ ဆရာမတွေ အသက်ကိုရင်းပြီး ကယ်တင်ပေးဖို့ အသင့်ဖြစ်နေချိန် မိဘအရင်းဖြစ်ကြသည့် သူတို့ကတော့ အပြင်ကို ကြည့်တောင် မကြည့်ခဲ့ပါ။
အခုမှ သူတို့ သမီးကို စိတ်ပူကြောင်း လာညည်းပြနေတာလား။
ကျန်းဝမ်ဝမ်က သူမ ယောက်ျားကို အေးစက်စွာကြည့်လိုက်ပြီး ရုတ်တရက် ထပြောလိုက်သည်။ “ချင်းရှင်းကျစ်! နင် ဟန်ဆောင်မနေနဲ့! ငါ့သမီးကို ကားပေါ်က ပစ်ချလိုက်တာ နင်ပဲမလား!”
ကျန်းဝမ်ဝမ်၏စကားကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
ဘာ?! အဖေအရင်းက သူ့သမီးကို ကားပေါ်က ပစ်ချတယ်?!
လူတစ်ယောက်က အဲ့လိုလုပ်ရပ်မျိုး လုပ်နိုင်လို့လား?
သားရဲတိစ္ဆာန်တွေတောင် ဒီလို မလုပ်နိုင်ဘူးမလား?။
ချင်းချန်းကျစ် ချောက်ချားသွား၏။ “ဝမ်ဝမ် မင်းဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ငါက ယွင်ယွင်လေးကို ဘာလို့ ကားပေါ်က ပစ်ချရမှာလဲ။ မင်းကြောင့် အကုန်နားလည်မှုလွဲကုန်ပြီ ကြည့်စမ်း!”
“ငါမဟုတ်တာ မပြောဘူး! နင် တမင်တကာ လွှတ်ချလိုက်တာ ငါမြင်တယ်!”
ချင်းချန်းကျစ်အား ကျန်းဝမ်ဝမ် ဒေါသတကြီး စွပ်စွဲလိုက်လေသည်။
“မင်းသောက်ရူးပဲ! ကိုယ့်ကိုယ်ကို ဘာတွေပြောနေမှန်းကော သိရဲ့လား”။ ချင်းချန်းကျစ်က ကျန်းဝမ်ဝမ်၏ လက်မောင်းကို အားပြင်းစွာ ဆုပ်ကိုင်လိုက်သည်။ သူ့ လက်သည်းများက သူမ အသားထဲ စိုက်ဝင်သွားပါသည်။
“ငါသိတယ် ချင်းချန်းကျစ်! နင်က လူမဟုတ်ဘူး!”။ ကျန်းဝမ်ဝမ် ပြန်ပြောလိုက်သည်။
“နင်က ဘယ်သူ့ကို လူမဟုတ်ဘူး ပြောနေတာလဲ ကျန်းဝမ်ဝမ်။ အခုမှ ဖြူစင်ချင်ယောင် ဆောင်မနေနဲ့! ချင်းချန်းကျစ်ဆိုတဲ့ငါ ဘာကောင်ပဲဖြစ်ဖြစ် ကျန်းဝမ်ဝမ်ဆိုတဲ့ နင်လည်း အတူတူပဲ!။ အရင်တုန်းက ငါလုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကို နင်မလုပ်ဖူးတာ ရှိလား”။ ချင်းချန်းကျစ်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါက ငါ့သမီးအရင်းကို ဘယ်တော့မှ ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး! တိရိစ္ဆာန်ကောင်! ဘာလို့ ဒီလို လုပ်ရက်တာလဲ?! ကိုယ့်သမီးအရင်းကို ဘာလို့ ဒီလို ပစ်ချရက်တာလဲ?!”။ ကျန်းဝမ်ဝမ်က ချင်းချန်းကျစ်အား ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။
ချင်းချန်းကျစ်က ပြန်ချေပသည်။ “ကျန်းဝမ်ဝမ် သူရဲကောင်းလုပ်မနေစမ်းပါနဲ့။ ဘာကို ငါ့သမီး ငါ့သမီးလဲ။ သူက ဘာမှ အသုံးမဝင်တဲ့ ငွေထွက်ပေါက်တစ်ခုပဲ! ကြီးလာရင် လင်ယူသွားတာပဲ အဖတ်တင်မယ်! ပြီးတော့ သူက ငါ့သမီးအရင်းတောင် ဟုတ်ရဲ့လားဆိုတာ မသေချာဘူး!”
“နင်ဘာပြောလိုက်တာ! ခွေးကောင် ချင်းချန်းကျစ် နင်စကားပြောလိုက်တာလဲ”
ကျန်းဝမ်ဝမ် အလွန်ပေါက်ကွဲသွားပြီး ချင်းချန်းကျစ်၏ အင်္ကျီကို လက်နှစ်ဖက်စလုံးဖြင့် ဖမ်းဆုပ်လိုက်လေသည်။
“ငါဘာပြောလဲ နင်မသိဘူးလား။ အရင်ကတည်းက နင်က ယောက်ျားတကာနဲ့ ရှုပ်ပွေနေတာ မဟုတ်ဘူးလား။ ဒီ သောက်ကလေးလေးက သူတို့ထဲက တစ်ယောက်နဲ့ ရတာနေမှာပေါ့! ဒီသောက်ကလေးကို ကန်မထုတ်ဘဲ ဒီအရွယ်ထိ ရောက်လာအောင် အိမ်မှာ ကျွေးမွေးထားတာတောင် ငါသဘောကောင်းလွန်းနေပြီ!”
“ခွေးမသား! ခွေးကောင်ကြီး!”။ ကျန်းဝမ်ဝမ်က ချင်းချန်းကျစ်ကို စတင် ရိုက်နှက်လေသည်။
ချင်းချန်းကျစ်ကလည်း ကျန်းဝမ်ဝမ်၏ ဆံပင်ကို အားဖြင့် ဆောင့်ဆွဲလိုက်သည်။ “လခွီးမဲ မသာမ! တော်တော် သတ္တိကောင်းနေတယ် ဟုတ်လား”
… … …
အခန်း(၂၉၁) အမှိုက်ပစ်ဖို့ အချိန်ရောက်ပြီ
လင်မယားနှစ်ယောက်၏ ရန်ပွဲကြောင့် အားလုံး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါ။
ချင်းချန်းကျစ် လက်ပါလာမှ ဘေးကလူတွေ ဝိုင်းဆွဲဖို့ ကြိုးစားကြသည်။
“မင်းတို့နဲ့ ဘာဆိုင်လို့လဲ ခွေးသားတွေရဲ့!”။ ချင်းချန်းကျစ်က ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကိုလာဆွဲသည့် လူတွေကိုပါ တိုက်ခိုက်လေသည်။
ဟုံဖုန်းမူကြိုမှ ကျောင်းသားမိဘတွေကလည်း ချင်းချန်းကျစ်လို ကြမ်းကြုတ် ခက်ထန် အရှက်မရှိသည့်လူတစ်ယောက်ကို မထိန်းနိုင်ကြပါ။ အများစုက ကြွယ်ဝသည့် မိသားစုမှဖြစ်ကြသဖြင့် ချင်းချန်းကျစ်လို ကလေကချေနဲ့ ခွန်အားချင်း မယှဉ်နိုင်ကြပေ။
“ခွေးမသားကြီး!”
ချင်းချန်းကျစ်ကို လူတွေ ဝိုင်းဆွဲထားတာ မြင်သောအခါ ကျန်းဝမ်ဝမ်က အခွင့်ကောင်းယူပြီး ကန်လို့ရသည့် နေရာတိုင်းကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
“မသာမ!”။ ချင်းချန်းကျစ်လည်း မျက်နှာက အလွန်အကျည်းတန်နေပါပြီ။
သူတို့နှစ်ယောက်ကို ဘယ်သူမှ ဝိုင်းဆွဲလို့မရတော့ဘဲ ပိုမို ကြမ်းကြုတ်စွာ သတ်ပုတ်ကြလေသည်။
ဆံပင်တွေဆွဲ၊ လက်မောင်းတွေ ဆွဲလိမ်၊ လက်ဖဝါးတွေ ကိုက်လျက်…
ထိုမြင်ကွင်းကြောင့် အားလုံး ကြက်သေသေကုန်ကြသည်။
တချို့မိဘတွေက ကလေးတွေရဲ့ မျက်လုံးကို အုပ်ပေးထားကြသည်။ ဒီလို ကြမ်းကြုတ်သည့် မြင်ကွင်းကြောင့် ကလေးတွေ အတုယူမှား၊ ကြောက်လန့်ကုန်ကြမှာစိုးတာကြောင့် ဖြစ်ပါသည်။
ရန်ပွဲကို ဝင်တားဖို့ ကြိုးစားကြသည့် မိဘတွေလည်း ဒီလူရိုင်းနှစ်ယောက်နဲ့ မပတ်သတ်ချင်တော့သဖြင့် တစ်ယောက်ပြီး တစ်ယောက် လက်လျှော့ကုန်ကြသည်။
တစ်ဖက်သက် အနိုင်ကျင့်တာမျိုးဆို သူတို့ ဝင်တားကောင်း တားနိုင်သော်လည်း အခုကိစ္စမှာ နှစ်ဦးနှစ်ဖက်စလုံး မကောင်းသဖြင့် ဝင်မပါချင်ကြတော့ပါ။
“ရပ်ကြစမ်း! ရှင်တို့ ဘယ်လို မိဘတွေလဲ?! ကိုယ့်သမီး ရှေ့မှာ ဒီလို သတ်ပုတ်နေကြတာ။ ကိုယ့် သားသမီး ဘယ်လို ခံစားရမလဲ ထည့်မတွက်ကြဘူးလား?!”။ ဆရာမကျူးက ဒေါသတကြီး ငေါက်လိုက်ပါသည်။
ဆရာမကျူး၏ စကားကြောင့် အားလုံး ချင်းလောင်ယွင်ဆီ အကြည့်ရောက်သွားကြသည်။
ချင်းလောင်ယွင်က ငိုတောင် မငိုတော့ဘဲ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်ကာ သူမ အဖေနဲ့ အမေတို့ကို ကြောင်စီစီ စိုက်ကြည့်နေပါသည်။
ကျန်းဝမ်ဝမ် ရန်ဖြစ်နေတာကို ရပ်တန့်လိုက်ပြီး ချင်းလောင်ယွင်အား လှည့်ကြည့်လိုက်ပါသည်။
သို့သော် ချင်းချန်းကျစ်က ကျန်းဝမ်ဝမ် အာရုံလွဲသွားတာကို အခွင့်ကောင်းယူပြီး သူမဆံပင်ကို ဆွဲလျက် ဘေးနားက ဘတ်စ်ကားထိုင်ခုံနဲ့ တိုက်ဆောင့်ပစ်လိုက်သည်။
တစ်ချက်ဆောင့်ရုံနဲ့ အားမရသေးဘဲ နောက်တစ်ချက် ထပ်ဆောင့်ဖို့ ချင်းချန်းကျစ် အသင့်ပြင်လိုက်သည်။
သို့သော်လည်း ခွန်အားကြီးသော လက်တစ်ဖက်က ချင်းချန်းကျစ်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
ချင်းချန်းကျစ် လှည့်ကြည့်လိုက်ရာ စူစူလေးကို မြင်လိုက်ရပါသည်။
စူစူလေးက ချင်းချန်းကျစ်ကို လက်တစ်ဖက်တည်းဖြင့် အခက်အခဲမရှိ ဘတ်စ်ကားတံခါးရှေ့သို့ ဆွဲခေါ်သွားသည်။
“ဝုန်း!”
ချင်းချန်းကျစ်၏ ခေါင်းနဲ့ ကျောတို့ ဘတ်စ်ကားတံခါးနဲ့ ဆောင့်မိသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားလေသည်။ စူစူလေးက သူ့ကို ကားတံခါးဆီ ပစ်ပေါက်လိုက်တာဖြစ်ပါသည်။
“ဒရိုင်ဘာ ဦးလေးကြီး ကားတံခါးဖွင့်ပေးလို့ရမလား”။ စူစူလေးက ဒရိုင်ဘာကြီးကို ယဉ်ကျေးစွာ တောင်းဆိုလိုက်ပါသည်။
သူမရဲ့ အသံလေးက ချိုမြိန်ပြီး မျက်နှာလေးက နူးညံ့ကာ ချစ်ဖို့အလွန်ကောင်းသည်။ မျက်လုံးလေးများကလည်း တောက်ပနေပါသည်။
သို့သော် သူမရဲ့ လုပ်ရပ်များက အလွန်ကြမ်းတမ်းသဖြင့် စတီယာရင်ကိုင်ထားသည့် ဒရိုင်ဘာကြီးတောင် မှင်သက်သွားရသည်။
ဒရိုင်ဘာတစ်ယောက်တည်း မဟုတ်ဘဲ အားလုံးလည်း ထိုနည်းလည်းကောင်းပင်။
“သ… သမီးဘာလုပ်မလို့လဲ”။ ဒရိုင်ဘာကြီးက အမြန်မေးလိုုက်ပါသည်။
“အမှိုက်ပစ်မလို့။ ခဏလောက်ရပ်ပေးရင် ရပြီ”။ စူစူလေးက ပြောလိုက်သည်။
“အဲ့လိုလုပ်လို့မရဘူး သမီးလေး။ ဦးလေးတို့ အခု အန္တရာယ်များတဲ့ နေရာမှာပဲ ရှိသေးတယ်။ အပြင်ကို ဘာမှ ပစ်လို့ မရဘူး”။ ဒရိုင်ဘာကြီးက ရှင်းပြလိုက်သည်။
“ဒရိုင်ဘာ ဦးလေးကြီး။ ကျေးဇူးပြုပြီး ခဏရပ်ပေးပါ။ တံခါးကို သမီး မဖျက်ဆီးချင်ဘူး။ လူဆိုးတွေဘာတွေ မရှိဘဲ သူများ တံခါးကို ဖျက်ဆီးတာ မကောင်းတဲ့ လုပ်ရပ်လို့ မေမေက သင်ပေးထားတယ်”။ စူစူလေးက ထပ်ပြီး ‘တောင်းဆို’ လိုက်ပါသည်။
ယခု လူဆိုးကြီးတစ်ယောက် ရှိနေသဖြင့် သူများ တံခါးကို ဖျက်ဆီးလို့ ရသည့် အခြေအနေမျိုးဖြစ်သည်။
သို့သော် ရှောင်ရှားလို့ရလျှင် သူများ တံခါးကို စူစူလေး မဖျက်ဆီးချင်ပါ။ သူများပစ္စည်း ဖျက်ဆီးလျှင် ပြန်လျော်ပေးရမည်။ သူမက ဆင်းရဲပြီး ပိုက်ဆံလည်း မရှိသဖြင့် ပြန်မလျော်ပေးနိုင်ပါ။
စန်းကျစ်က စူစူလေးဘက်မှ အမြန်ဝင်ပြောပေးလိုက်သည်။ “ကားဆရာကြီး။ တံခါးဖွင့်ပေးလိုက်ပါ။ မဟုတ်ရင် သူတကယ် တံခါးကို ဖျက်ဆီးလိမ့်မယ်…”
ကားဒရိုင်ဘာက တွန့်ဆုတ်နေစဉ် ချင်းချန်းကျစ် မတ်တပ်ပြန်ရပ်လိုက်ပြီး စူစူလေးကို ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်ပါသည်။
စူစူလေးက ခြေထောက်တစ်ဖက် မ,လိုက်သည်။