ဂြိုလ်ပြာ တစ်ခုလုံးအား ထိတ်လန့်စေခြင်း ၂ ~
Vol. 17 Ch. 244
နောက်ဆုံးတွင် ကျန်ရစ်သူ အဆင့် ၅ ဆယ်ယောက်က အထူးလက်နက်များ ရှာဖွေပြီး Black Earth အား အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ရလဒ်များက မပြောင်းလဲခဲ့ပေ ။
Black Earth က ဂိမ်းအား အလွယ်အကူ အနိုင်ရသွားလေသည် ။
**
ကြက်ဘုရင်ဂိမ်း၏ တရားဝင် ဖိုရမ်နှင့် ရှေးဦးစကြာဝဠာ အတွင်း Black Earth အား အာရုံစိုက်နေကြသူ များစွာရှိသည် ။
Black Earth ပွဲရှာလိုက်သည်နှင့် အဆင့် ၅ အထွတ်အထိပ်နှင့် အဆင့် ၆ ထောင်ပေါင်းများစွာက တစ်ချိန်တည်း ပွဲအတူတူ ရှာလိုက်ကြသော်လည်း Black Earth နဲ့ တစ်ပွဲတည်း ပါဝင်ခွင့် ရသူမှာ ၉၈ ယောက်သာ ရှိလေသည် ။ ကျန်သူများက ဂိမ်းအတွင်းမှ ပြန်ထွက်၍ လေပေါ နေကြ၏ ။
" ချီး ငါမပါသွားဘူး.. "
" ငါရောပဲ.. ငါဆို အဆင့် ၆ အလယ်ဆင့်ရောက်ခါနီးနေပြီ ..ငါသာ ပါရင် Black Earth ဆိုတဲ့ကောင် တစ်မိနစ်တောင် ခံမှာ မဟုတ်ဘူး.. "
" ဟမ်..ငါ အဆင့် ၅ အထွတ်အထိပ်ပင်မယ့် လူအုပ်နဲ့ဆို အဲ့ကောင်ကို ချီးထွက်အောင်ရိုက်ပစ်နိုင်တယ် .."
" ဟူး.. နာမည်ကြီးနိုင်မယ့် အခွင့်အရေး လွတ်သွားပြီ.. "
" Black Earth ကိုသာ သတ်နိုင်ရင် ချက်ချင်းနာမည်ကြီးလာမှာနော်.. "
နေအလင်းအဆင့် ဖြစ်လျှင်ပင် ထူးထူးခြားခြား ကိစ္စမရှိပါက အင်တာနက်ပေါ်တွင် နာမည်ကြီးတစ်ယောက်ဖြစ်ရန်မလွယ်ပေ ။ ထို့ကြောင့် Black Earth ကို ဖမ်းပြီး ရိုက်နှက်သော ဗီဒီယိုဖိုင် တင်နိုင်လျှင် ချက်ချင်း နာမည်ကြီးလာမည်မှာ မလွဲပင် ။ ထို့ကြောင့် ဝမ်းနည်းနေကြ၏ ။ နာမည်ကြီးရန် အခွင့်အရေးကို လက်လွှတ်လိုက်ရလေပြီ ။
" ဘာပဲ ဖြစ်ဖြစ် စဥ်းစားမနေကြနဲ့နော် လိုက်(live) ပဲ သွားကြည့်ရအောင်.. "
Black Earth နှင့် တစ်ပွဲထဲ ပါဝင်ခွင့် ရသူများထဲတွင် လိုက်(live) လွှင့်နေသူများလည်း ရှိကြသည် ။
" ပွဲက သိပ်ကြာမယ်မထင်ဘူး.. အောက်ရောက်တာနဲ့ ပြီးတော့မှာ.. "
" ၉၈ ယောက် ၁ယောက်ပဲ သူဘာတက်နိုင်မှာလဲ.. "
ဟောက်ရန်အား မည်သူမှ ထည့်မစဥ်းစားကြ ။
" Black Earth က တိုက်ခိုက်ရေးစွမ်းရည် အဆင့်ခြောက်ဆိုတော့ တော်တော် အရိုက်ခံနိုင်မှာ တစ်ယောက်တစ်ချက်တော့ ရိုက်ခွင့်ရမယ်ထင်တယ်.. "
Black Earth အောက်ရောက်သည်နှင့် ဝိုင်းရံခံ ရတော့မည်ကို မြင်လိုက်ကြရ၏ ။
" အဲ.. သူ အထူးလက်နက် ချက်ချင်းရသွားတယ် ကံကောင်းလိုက်တာ.. "
" ကံကောင်းတာ မဟုတ်ဘူးဟ လေပေါ်ထဲက တွေ့လို့ အဲ့နေရာဆင်းတာ.. "
" ကြည့်ကြည့် တိုက်ပွဲစတော့မယ်.. "
တိုက်ပွဲစတင်သည်ကို သူတို့ မြင်လိုက်ရသည် ။ ပထမဆုံး တစ်ယောက်က ချက်ချင်း သေဆုံးသွား၏ ။ နောက်ပိုင်း Black Earth က တစ်ယောက်ချင်း အမှည့်ချွေ ချွေကာ စွမ်းရည်များ တစ်ခုပြီး တစ်ခုပေါ်လာသည်ကို ဆွံ့အစွာ ကြည့်နေကြသည် ။ နောက်ဆုံး ပွဲပြီးဆုံးသည့် အချိန်မှသာ သတိပြန်ဝင်လာကြသည် ။ မထိတ်လန့်သည့် သူဟူ၍ မရှိ ။ မကြားဘူး မမြင်ဘူးသည်ကို မြင် လိုက်ကြရသည် ။ လူတစ်ဦးက စိတ်စွမ်းအားနှင့် စိတ်ထိန်းချုပ်သူ နှစ်မျိုးလုံး ပိုင်ဆိုင်ထားသည်လော ။ ဤသည်က သိပ္ပံနည်းမကျ ။ ဘယ်နည်းနှင့် မျှ မဖြစ်နိုင်သည့် မြင်ကွင်းကို မြင်နေရ၏ ။
ထိုသတင်းအား ကြားလိုက်ရသော မဟာသခင်များနှင့် စစ်နတ်ဘုရား သုံးယောက်ပင် ထိတ်လန့်သွားကြ၏ ။ ဂူအောင်း ကျင့်ကြံနေကြသော မဟာသခင်များ ဆိုလျှင် သူတို့၏ မိသားစု က ဆင့်ခေါ်နေခြင်းကြောင့် တိုက်ပွဲကြီး ကြုံနေရပြီ ထင်၍ ထွက်လာခဲ့ကြသော်လည်း Black Earth ၏ သတင်းကို ကြားလျှင် မယုံနိင် ဖြစ်သွားကြသည် ။
ရှားနိုင်ငံတွင်သာမက ဂြိုလ်ပြာကြီး တစ်ခုလုံးပါ ပွက်လောရိုက်နေသော ညတစ်ညပင် ။ ဆန့်ကျင်ဘက် စွမ်းအား နှစ်ခုအား ပိုက်ဆိုင်ထားသူ ထွက်ပေါ်လာခဲ့သည် ။ ဤသည်က မည်သို့ ဆိုပါသနည်း ။
Black Earth သာ မဟာသခင်အဆင့်သို့ ရောက်လျှင် စစ်နစ်ဘုရားများအား စိန်ခေါ်နိုင်ပြီဖြစ်သည် ။
Chapter 245
~