Chapters

ဂြိုလ်ပြာ တစ်ခုလုံးအား ထိတ်လန့်စေခြင်း ~

Vol. 17 Ch. 243

ဂြိုလ်ပြာ တစ်ခုလုံးအား ထိတ်လန့်စေခြင်း ~

Vol. 17 Ch. 243

" သေစမ်း..."

လင်းမို့က ​နောက်သို့လှည့်ကာ ခြေဆောင့်ပြီး အမြှောက်ကျည်တစ်လုံးလို ခုန်ဝင်လိုက်သည် ။

" ဘုန်း...."

ကျန်ရစ်သူ ၁၁ ယောက်က ပြင်ဆင်ချိန် မရလိုက် ။ Black Earth နောက်ပြန်လှည့်လာမည်ဟု သူတို့ ထင်မထားမိ ။

လင်းမို့ ၏ အနီးဆုံးတွင် ရှိသူက ခုခံရန် ပြင်လိုက်သော်လည်း...

" ဝုန်း.. "

လင်းမို့၏ ပုံရိပ်ယောင်စွမ်းရည်ကြောင့် အသိစိတ်တုန်လှုပ်သွားပြီး ကြောင်တောင်တောင် ဖြစ်သွား၏ ။

လင်းမို့ ၏ ဓားက လျှပ်ပျက်သလို လှုပ်ရှားသွားပြီး ချက်ချင်းသေဆုံးသွားသည် ။

လင်းမို့က မရပ်ဘဲ အနားရှိ ကစားသမားထံသို့ ခုန်ဝင်သွားပြီး ပုံရိပ်ယောင် စွမ်းရည်ကိုပါ တစ်ချိန်တည်း အသုံးပြုလိုက်သည် ။

ထိုသူလည်း တခြားသူများလိုပင် အလွယ်တကူ အသတ်ခံလိုက်ရပြန်သည် ။

ကျန်သူများ အားလုံး ထိတ်လန့်သွားကြသည် ။ သူတို့တွင် အထူးလက်နက် ရှိလျှင် အနည်းငယ် ပြန်လည်ခုခံနိုင်ကြမည် ဖြစ်သော်လည် ယခု လက်ဗလာဖြစ်နေ၍ အသတ်ခံရမည်ကို စောင့်ဆိုင်းနေရသော သိုးသငယ်လေးများ ဖြစ်နေလေသည် ။ Black Earth က ကြောက်စရာကောင်းသော အယ်ဖာ ဝံပုလွေကြီးပင် ။

လင်းမို့သည်လည်း သတ်ဖြတ်ချင်းတွင် ပျော်ရွှင်လာ၏ ။ ဤသည်က သူ၏ ပထမဆုံး အသက်လုတိုက်ပွဲဖြစ်သည် ။ အကုန်လုံးအား သတ်ရန် သိပ်မကြာလိုက် ။

" ဟူး..."

လင်းမို့လည်း အတော်မော သွား၍ အသက်ပြင်းပြင်းရှူလိုက်သည် ။ သူ၏ ခွန်အား နှင့် စိတ်စွမ်းအားများ ကုန်ဆုံးလု နီးပါး ဖြစ်သွား၏ ။

' ဘော့စ် Black Earth က ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်ပဲ.. '

ဟောက်ရန်က အောင်မြင်မှုကို ခံစားရင်း မျက်လုံးမှိတ်ထားလိုက်သည် ။

အသက် ၁၈ နှစ်အရွယ် က အဆင့် ၆ အယောက်၅၀ နှင့် အဆင့် ၅ အထွတ်အထိပ် အယောက် ၄၀ နီးပါး ပါဝင်သော အုပ်စုကို ရှင်းလင်းနိုင်မည်ဟု မည်သူထင်မည်နည်း ။ ဤပြိုင်ပွဲကား ပြီးဆုံးသွားလေပြီ ။

ဂိမ်းထဲတွင် အဆင့် ၅ ဆယ်ယောက်နီးပါး ကျန်နေသေးသော်လည်း Black Earth အား မခြိမ်းခြောက်နိုင်တော့ ။

" ဟေး.. မင်းငါ့ကို အရင်လွှတ်ပေးပါလား.. "

ဟောက်ရန်က ကျန်းမူအား ရုတ်တရက် ပြောလိုက်သည် ။

" ဘာလုပ်မလို့လဲ.. "

ကျန်းမူက မေးလိုက်သော်လည်း ခေါင်းယမ်း၍ ဟောက်ရန်အား လွှတ်ပေးလိုက်၏ ။ ပြိုင်ပွဲ၏ ရလဒ်က ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ဟောက်ရန်အား ဖမ်းထားသည်က အရေးမကြီးတော့ချေ ။

" ကျေးဇူးတင်ပါတယ်.. "

ဟောက်ရန်က စိတ်ထဲမှ အမှန်အတိုင်း ပြောလိုက်သည် ။

" ကျေးဇူးတင်တယ်လား.."

ကျန်းမူ အံ့သြသွားသည် ။

" ငါ သတ်သေတော့မလို့ကို မင်းတားလိုက်တာလေ.. လေးထီးပေါ်ကနေလဲ တိုက်ပွဲကို သေချာကြည့်လိုက်ရသေးတယ် .. ဒီလိုသာ မကြည့်ခဲ့ရရင် ငါ့တစ်သက်လုံး နောက်တရနေ​တော့မှာ .."

ဟောက်ရန်၏ မျက်လုံးကျဥ်းကျဥ်းထဲတွင် ကောက်ကျစ်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သီချင်းဆို ၍ ကွေးနေအောင် ကတော့သည် ။

" လောက ပြည်ရွာ ကမ္ဘာသားများရဲ့ လက်သုံးစကားထဲမှာပင်.. ကျေးဇူးတင်ပါတယ်ရှင်.. ကျေးဇူးတင်ပါတယ်ရှင်.. "

" အ.."

ကျန်းမူက ရုတ်တရက် ကြောင်အသွားသော်လည်း အလှောင်ခံနေရသည်ကို နားလည်သွားပြီး ...

" သောက်ဝက် ပုဇွန်စိတ် နှလုံးသားနဲ့ကောင် မင်းများသွားပြီ.."

ဒေါသ ထွက်သွား၏ ။ သူ့အား အဆင့်၂ ဝက်တစ်ကောင်က လှောင်ရဲနေသည်လော ။

" သေစမ်း.."

ကျန်းမူက ဟောက်ရန်အား တစ်ချက်တည်းဖြင့် သတ်ရန် လက်မြှောက်လိုက်သော်လည်း ပုံရိပ်ယောင်ထဲ ကျဆင်းသွားပြီး ဓားမြှောင်က ခေါင်းအား ဖောက်ဝင်သွားသည် ။

လင်းမို့က အချိန်မီ ရောက်လာခြင်းပင် ။ သူမောပန်းနေသော်လည်း ဟောက်ရန်အဖမ်းခံထားရသည်ကို အဝေးမှ မြင်၍ အ​ပြေးလာခဲ့ခြင်းပင် ။

" ငါ့​နောက်လိုက်ခဲ့.. "

ဟောက်ရန် ခုချိန်အထိ အသက်ရှင်နေခြင်းကို လင်းမို့ အံ့သြသွား၏ ။ မြေပေါ်သို့ ကျလျှင် ဟောက်ရန်အား ပုံး ဘဝ ပြောင်းသွားမည် ထင်ခဲ့သော်လည်း ယခု အကောင်းအတိုင်းပင် ရှိနေသည် ။

" လာပါပြီ ဘော့စ်.. "

ဟောက်ရန်က တောင်ထိပ်မှ ပြေးဆင်းသွားသည် ။ ဂိမ်း၏ လက်ကျန်အချိန်အား အေးဆေး ဖြတ်သန်း၍ ရလေပြီ ။

Chapter 244

~