ရွှေဗဟိုနယ်ပယ်အဆင့်
Vol. 7 Ch. 92
ဒင်
[အသိပေးချက် – ကျင့်ကြံရေး ၁၀ ဆ အမြန်နှုန်းကဒ် (၃၀ ရက်) သက်တမ်းကုန်ပါပြီ။]
ပိုင်ကျီဟန်မျက်လုံးများ အနည်းငယ် ပွင့်လာသည်။
ရွှေရောင် အလင်းတန်းများသည် မျက်လုံးထဲတွင် တခဏမျှ လှုပ်ရှားလိုက်သော်လည်း မကြာခင် ပျောက်ကွယ်သွားချေသည်။
တစ်ချိန်က တိတ်ဆိတ်နေသော သူ၏ခြံဝင်းသည် ယခုအခါ မုန်တိုင်းပြီးချိန်တွင် ကျန်သော အရောင်အဝါများဖြင့် ပြည့်နှက်နေသည်..ဒါကလည်း လွန်ခဲ့သောလက ရူးသွပ်
မှု၏နောက်ဆက်တွဲ တစ်ခုကြောင့်
သက်ပြင်း အရှည်ကြီးချပြီး အသက်ရှူထုတ်လိုက်သည်။
ဘဝတစ်ခုလုံး ဖြတ်ကျော်ပြီးသွားသလိုပင်။ထိုအချိန်တစ်ခုလုံး…. တစ်ခဏမျှတော့ မဟုတ်ပေ။
“ဟူး”
ပိုင်ကျီဟန်သည် ပုခုံးကြောကို လျော့ချပြီး ပြောလိုက်သည်။
“ဒီအမြန်ကဒ်က တကယ့်မူးယစ်ဆေးပဲ”
ကောင်းကင်မှ စီးဆင်းလာသော လျှပ်စီးကြောင်းသည် သူ့အား ပွတ်ဆွဲသွားသကဲ့သို့ပင် ထိုကဏ္ဍသည် အနည်းငယ် နာကျင်စေခဲ့သည်။
သို့သော် သူ၏ ကျင့်ကြံမှုအဆင့်သည် ထူးထူးခြားခြား တိုးတက်သွားခဲ့သည်။ အဓိကပေါင်းစည်းခြင်း အလယ်အလတ်အဆင့်မှ ဝိညာဉ် အခြေတည်ကာစအဆင့်လောက်ထိပင်
သူ့၏ အဆင့်မြင့်တာအိုအရိုး၊ အနန္တအသက်ရှုခြင်းနည်းစနစ်နဲ့ ဂိုဏ်း၏ ရတနာအချို့ထက် တန်ဖိုးရှိသော ဆေးများ၏ ပေါင်းစပ်မှုကြောင့် မဖြစ်နိုင်သည့်အရာတစ်ခု အောင်မြင် သွားခဲ့သည်။
သူ့ကိုယ်သူ အခြားလူတစ်ယောက် ဖြစ်သွားသလို ခံစားမိ၏
တကယ့် အရာရာတိုင်းသည်လည်း လူသစ်တစ်ယောက်လို ဖြစ်သွားခဲ့ချေပြီ။
ဒါပေမယ့် ယခုတော့ အမြန်ပေါက်ကွဲမှုက ပျောက်ကွယ်သွားချေပြီ။ ကောင်းကင်ပေါ် လွင့်ပျံနေရာမှ မြေကြမ်းပေါ် ထိုးချလိုက်သကဲ့သို့ ဖြစ်နေသည်။
သို့သော် ထိုအကျိုးအမြတ်တွေကို မြင်နေရချိန်မှာတောြ စေဒကတက်ရန် အကြောင်းမရှိတော့ပေ
“စနစ်” သူက ရေရွတ်ရင်း အပြင်းကြောဆန့်ကာ ပြောလိုက်သည်။” အခြေအနေ ပြ”
[ ပိုင်ရှင် အချက်အလက် ]
ပိုင်ရှင် : ပိုင်ကျီဟန်
အသက် - ၁၆
ကျင့်ကြံမှုအဆင့် – ရွှေဗဟိုနယ်ပယ် အဆင့် (နောက်ပိုင်း)
ဖွဲ့စည်းတည်ဆောက်မှု – အဆင့်မြင့် တာအိုးအရိုး
ကိုယ်ခံပညာ – အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (အသေးစားကျွမ်းကျင်မှု)
“ ဝိညာဉ်အခြေတည်ကာစ အဆင့်ကို မကြာခင် ဖြတ်ကျော်နိုင်မှာပါ”ပိုင်ကျီဟန်သည် ကျေနပ်သောအပြုံးနဲ့ ပြောလိုက်သည်။
“တစ်ပတ်အတွင်းတော့ တကယ့်လုပ်နိုင်မယ် ထင်တယ်”
ကျင့်ကြံမှု ဆယ်ဆ အမြန်နှုန်းကဒ်၊ အဆင့်မြင့် တာအိုးအရိုးနှင့် အနန္တအသက်ရှူနည်းစနစ်တို့နှင့် အတူဆို အတော်မိုက်သည့် အရာတစ်ခုဖြစ်သွားပေသည်။
ထိုအရာများကို ပေါင်းစပ်အသုံးချသည့်အခါ ကြိုးစားစရာမလိုဘဲ ကောင်းကင်ကို ပျံသကဲ့သို့ပင်
သူ၏ မျှော်မှန်းချက်ထက်လည်း ကျော်လွန်သွားချေပြီ။ မမျှော်လင့်ထားသည့် ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူအနေနဲ့ ရွှေဗဟိုနယ်ပယ်အဆင့်ထိပဲ မျှော်လင့်ခဲ့သည့်တိုင် အဆင့်မြင့် တာအိုအရိုးလုပ်နိုင်သည့်အရာအပေါ် လုံးဝ လျှော့တွက်ခဲ့မိသည်။
မြင်းလှည်းကို ဂျက်အင်ဂျင်တပ်လိုက်သလိုပင် ။ မြင်းစီးရာမှ ဂျက်လေယာဉ် မောင်းနှင်သွား ရသလို ဖြစ်နေ၏
သူ့ဝင်းထဲမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
နေသာသောနေ့လည်ခင်းသည် အဝေးမှ ငှက်အော်သံများနှင့်အတူ ဝိညာဉ်သားရဲများ ဟောက်သံများနှင့်ပါ သာယာနေသည်။
ပုံမှန်လို ငြိမ်းချမ်းနေ၏
"ငါ ကျင့်ကြံနေတုန်းမှာ ဘာတွေဖြစ်နေလဲ စစ်ဆေးဖို့ အချိန်တန်ပြီ"
ရှန်းမျိုးနွယ်အနေနဲ့တုံ့ပြန်မှုရှိသေးလား သို့မဟုတ် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင် နေမည်လား သူ သိချင်နေမိသည်။
ပိုင်မျိုးနွယ်ကတော့ ပိုင်ရှင်းယွဲ့ပြန်လာအာင် စည်းရုံးနိုင်ခဲ့သည်လား။
သူသည် ကျင့်ကြံရေးခန်းမှ ထွက်လာပြီး ၀တ်ရုံများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
"ဖန်ကျင်းယန် ဒါမှမဟုတ် ခုန်ကျမ်းဟုန်ကို ခေါ်ရမလား"
သူက ပြုံးလေ၏
"နှစ်ယောက်လုံးကို ခေါ်လိုက်မယ်”
ပိုင်ကျီဟန် ဆင့်ခေါ်စာပို့ပြီး ငါးမိနစ်တောင် မကြာလိုက်ပေ။
ဖန်ကျင်းယန်နှင့် ခုန်ကျန်းဟုန် နှစ်ဦးစလုံးသည် သူ့ဝင်းအပြင်ဘက်တွင် စခန်းချနေကြသလိုပင် သူ့ခေါ်ဆိုမှုကို စောင့်နေကြ၏
လူငယ်နှစ်ဦးသည် ဝင်းထဲသို့ ပြေးဝင်သွားကာ ၀တ်ရုံများသည် လွင့်ပျံနေပြီး မျက်နှာများက အပြုံးများနဲ့သာ။
"သခင်လေး”
သူတို့သည် စိတ်အားထက်သန်မှုဖြင့် တညီတညွတ်တည်း ပြောဆိုကြသည်။
"မင်းတို့နှစ်ယောက်လုံး မြန်လိုက်တာ။"
ခုန်ကျန်းဟုန်သည် ပြုံးပြီး လေးလေးစားစားနဲ့ ဦးညွတ်လိုက်သည်။
"ကျွန်တော်တို့ ရောက်နေတာကြာပါပြီ၊ ဒါပေမယ့် သခင်လေးရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်ချင်လို့ပါ”
ဖန်ကျင်းယန်သည်လည်း "ဟုတ်ပါတယ်၊ ကျွန်တော်တို့ အပြင်မှာ ရှိနေပါတယ်၊ အနီးအနားတင်ပါ ၊ တစ်ခုခုလိုရင် တမ်းခေါ်လို့ရအောင်ပါ”
နှစ်ယောက်စလုံး ကပ်ဖားလျက်ဖားလုပ်ချင်သည့် စွမ်းအင်တွေ ဖြာထွက်နေပြီး သူတို့၏စိတ်အားထက်သန်မှုသည်ပင် ပြင်းထန်လွန်းသောကြောင့် လေထဲတွင်မြင်နိုင်လုနီးပါးပင်။
ခုန်ကျန်းဟုန်အဖို့ ပိုတောင် တက်ကြွသလို ဖြစ်နေ၏။ အကြောင်းမှာ သူ့နေရာကို ယှဉ်ပြိုင်သူ တစ်ဦး ပေါ်လာလို့ပင်
အဲဒါလည်း အခြားသူ မဟုတ်ပေ ။ ပိုင်ကျီဟန်အား လုပ်ပေးချင်စိတ် လုံးဝမနည်းသည့် သူ့၏ စီနီယာအကို ဖန်ကျင်းယန်သာ ဖြစ်နေသည်။
ထိုသို့တိုင် သူ အရှုံးမခံနိုင်ပေ ။ သူ့အနေနဲ့ ဂိုဏ်း၏ သမိုင်းတွင် အကြီးမားဆုံး ကပ်ဖားလျက်ဖားသူ ဖြစ်လာဖို့သာ ။
“သခင်လေး ၊ ဖြတ်ကျော်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ သခင်လေး အရောင်အဝါတွေ ထွက်ပေါ်နေတာကို အဝေးကတောင် တွေ့မြင်ရပြီး ဝိညာဉ်အခြေတည်ကာစအဆင့် အကြီးအကဲ ဆင်းလာသလိုပါပဲ! ပြီးတော့ ရှန်လျန့်ကို သခင်လေး ကိုင်တွယ်တဲ့ပုံစံကအတော်လေး ထင်ရှားတဲ့ အရာဖြစ်ခဲ့ပါတယ်။ သခင်လေး အောင်မြင်မှု သတင်းက ကောင်း
ကင် အင်ပါယာ အနှံ့ ပြန့်နေပါပြီ။”
ခုန်ကျန်းဟုန် အသံသည် လေးစားနေသည်မှာ လုံးဝထင်ရှားနေသည်။
“အဲဒီရှန်လျန့် လက်ပြတ်သွားတဲ့ အခိုက်အတန့်မှာ ကျွန်တော် ရှိမနေမိလို့ပေါါ.. အဲ့ ဒါက အကြီးမားဆုံး နောင်တလိုပဲ”
ပိုင်ကျီဟန်သည် ခေါင်းငြိမ့်လိုက်ပြီး သူလှည့်လာမည့် အချိန်အား စောင့်နေသည့် ဖန်ကျင်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သို့တိုင် ခုန်ကျန်းဟုန်လို အတွေ့အကြုံရှိသူနဲ့ သူ မည်သို့ယှဉ်နိုင်မည်နည်း
သူ့ဘက််မှ လုပ်နိုင်သမျှသည် ခုန်ကျန်းဟုန် အလွန်အကျွံ့ချီးမွမ်းနေသည်ကို စောင့်ကြည့်နေရုံသာ
“ဖန်ကျင်းယန်” ပိုင်ကျီဟန်သည် သူ့လက်ဖက်ရည်ခွက်ကိုဖယ်ရင်း အေးဆေးစွာ ပြောလိုက်သည်။
“မင်းအရင်က သေချာလုပ်ခဲ့တယ်။ အဲဒါကြောင့်…”
သူ လက်ထဲက အိတ်ငယ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။
ဖန်ကျင်းယန်သည် ၎င်းကို လေထုအလယ်တွင် ဖမ်းမိပြီး ဖွင့်လိုက်လေ၏ သူ၏ မျက်လုံးများသည် ကျုံ့သွားသည် ။
"ဆယ်ခု..ဒါတွေက-"
"အဆင့်မြင့် ရွှေအနှစ်သာရဆေးပြား" ပိုင်ကျီဟန်သည် လက်ကိုဝှေ့ယမ်းပြီး စကားစဖြတ်လိုက်သည်။
"မင်းအတွက် ဆုလာဘ်။"
ဖန်ကျင်းယန်သည် ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်ပြီး မျက်လုံးများ တောက်ပလာသည်။
"ကျေးဇူးအများကြီးတင်ပါတယ်သခင်လေး"
ခုန်ကျန်းဟုန်သည် အနည်းငယ် တုန်လှုပ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောချေ။ သူသည် မမိုက်မဲခဲ့ပေ .. သူ့အနေနဲ့ အခုထိ ဆုလာဘ်ရစရာ ဘာမျှ မလုပ်ထားပေ။
ပိုင်ကျီဟန်သည် ထိုအခိုက်အတန့် ငြိမ်သက်သွားမှ သူ့ခွက်ကို ချလိုက်သည်။
"ကောင်းပြီ၊ အလုပ်လုပ်ရအောင်။"
သူ့အသံက တည်ငြိမ်သော်လည်း အမိန့်ပေးသံပါနေ၏။ စိတ်သည် ချက်ချင်းပြောင်းသွားလေသည်။
"ငါတံခါးပိတ်ကျင့်ကြံနေချိန် ဂိုဏ်းထဲမှာ ဘာတွေဖြစ်ခဲ့သလဲ၊အဓိကအရာတွေပဲပြော”
ခုန်ကျန်းဟုန်သည် ချက်ချင်းထလာပြီး ထိုအချိန်ကို စောင့်နေသလိုမျိုး သူ့လက်ထဲတွင် စာလိပ်ရှိနေချေ၏
"ဟုတ်ကဲ့ပါသခင်လေး၊ ဒါက လတ်တလော အဖြစ်အပျက်တွေရဲ့ အပိုင်းပါ။"
လင်းရွှမ်၏ ကောင်းကင်အဆင့် တာအိုပဲ့တင်မှန်ရလဒ်သည် ဂိုဏ်းခွဲဆွေးနွေးမှုများအားလုံးကို လွှမ်းမိုးထားဆဲဖြစ်သည်။ သူ၏ တိုးတက်လာမှုကြောင့် ဂိုဏ်း၏ ရွှေမင်သားလေး ဖြစ်လာခဲ့သည်။
ပိုင်ကျီဟန်၏ ကိုယ်ပိုင်ဂုဏ်သတင်းသည်လည်း မြင့်တက်လာခဲ့သည်။ တစ်ချိန်က အညစ်အကြေးအဖြစ် စွန့်ပစ်ခံခဲ့ရပြီး ယခုအခါ လူအများက သူ့အား ပြန်လည်သုံးသပ်နေကြပြီဖြစ်သည်။
အချို့က သူသည် ကျင့်ကြံသူထက် အစီအစဉ်ရေးဆွဲသူသာ ဖြစ်သည်ဟူသော အယူအဆကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သို့သော် သူ့ကို လေးစားမှု တိုးပွားလာနေသည်မှာ ငြင်းလို့မရပေ။
ခုန်ကျန်းဟုန်က သူ့အတွေးကို ထပ်ထည့်ထားလေ၏
" ကျွန်တော်ရဲ့ အမြင်အရ သခင်လေးရဲ့ ထက်မြက်မှုက အင်ပါယာရဲ့ အမတ်ချုပ်ထက်တောင်မှ သာလွန်ပါ သေးတယ်။ သခင်လေးရဲ့ နည်းဗျူဟာတွေက မြင့်မြတ်တယ်။ ကမ္ဘာပေါ်မှာ အတွေးခေါ်နိုင်ဆုံးပဲ”
ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်အား ချီးကျူးစကားဖြင့် မြှောက်ပင့်ရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
နောက်တစ်ခုကတော့ ရှန်လျန့်ကိစ္စပင်။ အပြစ်ပေးခံရပြီး ရောင်ပြန်ဟပ် လှိုဏ်ဂူတစ်ခုဆီ ပို့လိုက်ပေမဲ့ စကားတွေအရ မကြာခင် သူထွက်လာတော့မည်ပင်
သူသည် ကောင်းကင်ဓားဂိုဏ်းမှ လုံးလုံးလျားလျား ထွက်ခွာရန် ကြံစည်နေပြီဟု ပြောနေကြသည်။
ပိုင်ကျီဟန်၏ မျက်လုံးများသည် နောက်ဆုံးအပိုင်းကျ ကျဉ်းမြောင်းသွားသည်။
"ပြီးတော့ရှန်မျိုးနွယ်?"
သူက အေးစက်စက်နဲ့ မေးလေ၏။
ဤတစ်ကြိမ်တွင် ဖန်းကျင်းယန်သည် ရှေ့သို့ တိုးလာသည်။
"သူတို့က သူတို့ရဲ့တရားဝင် ရပ်တည်ချက်ကို ထိန်းထားပါတယ်။ လူသိရှင်ကြား တုံ့ပြန်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ရှန်လျန့်ရဲ့ ဦးလေး၊ အကြီးအကဲရှန်းက အကြီးအကဲဟယ်နဲ့ ဂိုဏ်းခွဲဆန့်ကျင်ရေး ခေါင်းဆောင်က တခြားသူတချို့နဲ့ သီးသန့်တွေ့ဆုံနေတယ်ဆိုတဲ့ သတင်းသဲ့သဲ့ကို ကြားပါတယ်။ ဒါပေမဲ့ သူတို့က ဘာမှ မလုပ်ဆောင်ရသေးပါဘူး။"
"ဟမ်..."
ပိုင်ကျီဟန်သည် ဖန်ခွက်နှုတ်ခမ်းသားကို ပုတ်လိုက်သည်။
“ ဒီတော့ သူတို့က ပွင့်ပွင့်လင်းလင်းလုပ်ဖို့အထိ မရူးကြသေးဘူးပေါ့”
ဆိုလိုချင်တာက သူတို့ နောက်ကွယ်တွင် တစ်ခုခုကို ကြံစည်နေတာ သေချာပေသည်။
သူတို့မလုပ်နိုင်သော နည်းလမ်းမရှိခဲ့ပေ
ရှန်မျိုးနွယ်သည် ၎င်းတို့၏ မာနကို မျိုချနိုင်သည် သို့မဟုတ် လက်တုံ့ပြန်နိုင်သည်။
သို့ပေမဲ့ ပြန်လှည်တိုက်ခိုက်မှုသည် သူတို့အတွက် အဆုံးသတ်သာ ဖြစ်လာပေမည်—သူ့တို့သည် ရှန်လျန့်လို မိုက်မဲလိမ့်မည်ဟု ပိုင်ကျီဟန် မထင်ပေ
မဟာမိတ်တွေကို စုရုံးဖို့ ကြိုးစားနိုင်သည်။ လီမျိုးနွယ် ကျောက်မျိုးနွယ်သည် ကြားနေအင်အားစုများပင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။
ပြီးတော့ ဆန့်ကျင်ရေးဂိုဏ်းခေါင်းဆောင် အဖွဲ့ခွဲ.. အကြီးအကဲတစ်ယောက် ထွက်သွားပြီးနောက် အားနည်းသွားကြချေသည်။
ထိူဆုံးရှုံးမှုကနေ ပြန်မထနိုင်လျှင် သူတို့ ရည်မှန်းချက်တွေ ရေထဲ မြှပ်သွားမည်သာ
၎င်းတို့၏ တစ်ခုတည်းသော ပစ်မှတ်း ကြားနေဘက်ခြမ်းမှ အင်အားကြီးသူတစ်ဦးကို ကြိုးဖြင့်ချည်နှောင်ရန်ဖြစ်သည်... သို့မဟုတ် ဂိုဏ်းခေါင်းဆောင်၏အဖွဲ့ခွဲသည် တူညီသောအလေးချိန် ရှိသည့် လူတစ်ယောက်ကို ဆုံးရှုံးသွားစေရန် နည်းလမ်းရှာဖို့ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မကြာခင်မှာ သူတို့ လုပ်ကြမှာပင်။
မဟုတ်လျှင် ဂိုဏ်းခေါင်းဆောင်၏ အဖွဲ့ခွဲသည် သူတို့ကို ချေမှုန်းပစ်မည်ပင်။