လက်ရှိအဆင့်အတန်း
Vol. 159 Ch. 2263
ကောင်းကင်အာဏာစက်ကျောင်းတော် ပြန်လည်တည်ဆောက်ခြင်းက မကြာခင်၌ ပြီးပြည််စုံသွားပြီ ဖြစ်သည်။ အဆုံးမှာတော့ ထိပ်သီးပုဂ္ဂိုလ်များက ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခြင်းမှာ လွယ်ကူသော တာဝန် ဖြစ်သည်။
ထို့ပြင် ကောင်းကင်အာဏာစက်ကျောင်းတော်က ပြန်လည်တည်ဆောက်ပြီးနောက် ပိုမို ကြီးမားကာ ခမ်းနားလာသည်။ အဝေးသို့ ပို့ဆောင်ခံလိုက်ရသော ကျင့်ကြံသူများက ကျောင်းတော်သို့ ပြန်လည်ခေါ်ဆောင်ခံလာရပြီ ဖြစ်သည်။ မဟာမိတ်အင်အားစုများက စုစည်းနေသည်။ ကောင်းကင်အာဏာစက်မြို့သည် ယခင်က ဂုဏ်ကျက်သရေနှင့် သက်ဝင်လှုပ်ရှားမှုတို့ကို ပြန်လည်ရရှိလာပုံရလေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ တပည့်များက ကျောင်းတော်သို့ ပြန်ရောက်လာပြီး ဘုံအတွင်းမှ မရေတွက်နိုင်သော အခြားကျင့်ကြံသူများက သူတို့ကို လက်ခံပေးရန် တောင့်တနေကြသည်။
ယခင် တိုက်ပွဲက အလွန် ထိတ်လန့်အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။ ကောလဟလများအရ ရှေးခေတ်မှ လျှို့ဝှက်ဆန်းကြယ်သော မဟာအင်ပါယာအဆင့် ပုဂ္ဂိုလ်များလည်း ထွက်ပေါ်လာပြီး ရီဖူရှင်း ထိန်းချုပ်ထားသည့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းလည်း ပေါ်ပေါက်လာပေသည်။ အဓိကဘုံသုံးခု၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများသည်ပင် ရီဖူရှင်းကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။
လူအများသည် ထိုအကြောင်းအရာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က အမှန်တကယ် အများကြီး ဖြတ်သန်းခဲ့ရပေသည်။ ၎င်းက တည်ထောင်သည်မှာ မကြာမြင့်သေးသော်လည်း မရေတွက်နိုင်သော ကပ်ဘေးများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ထိုသည်မှာ ရီဖူရှင်းအတွက်လည်း အတူတူပင် ဖြစ်၏။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် တသားတည်းဖြစ်ကာ စမ်းသပ်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူက အမြဲတမ်း မုန်တိုင်းများကို ဆွဲဆောင်နိုင်စွမ်း ရှိပုံရသည်။
ယခု မဟာလမ်းစဥ် ဘုံသုံးထောင်မှ အင်အားစုများသာမက အပြင်ဘက်လောကမှ ကျင့်ကြံသူများသည်ပင် သူ့ကို သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း ရီဖူရှင်းက ယခု စီဝေ့မဟာအင်ပါယာ၏ သင်ကြားပြသမှုကို ပိုင်ဆိုင်ထားကြောင်း သတင်းလွှင့်ခဲ့သည်။ သူက ယခု စီဝေ့ကြယ်ကမ္ဘာ၏ အုပ်ချုပ်သူဖြစ်ပြီး စီဝေ့အင်ပါယာ နန်းတော်သခင်လည်း ဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံမှ လူများက အံ့သြထိတ်လန့်သွားကြပေသည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ သမိုင်းတလျှောက် အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်ပေသည်။ သူ၏ ဒဏ္ဍာရီက ရေးထွင်းနေဆဲ ဖြစ်သည်။ မည်သူကမှ သူ အနာဂတ်၌ မည်မှ မြင့်မားသော နေရာအထိ ရောက်ရှိမည်ကို မသိနိုင်ပေ။
သူတို့သည် သူက လောက၏ ထိပ်ဆုံး၌ ရပ်တည်နိုင်သည်ကို မြင်တွေ့ချင်နေကြသည်။ ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများက မျှော်လင့်ချက် ခပ်ရေးရေးကို ဆုပ်ကိုင်ထားသည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ မွေးဖွားလာသည့် ဤအကျော်ဇေယျကို မျက်မြင်တွေ့နိုင်ရန် မျှော်လင့်နေကြ၏။
ယခု ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းမှ အခြေအနေက သက်ဝင်လှုပ်ရှားလျက် ရှိသည်။ မဟာမိတ်အင်အားစုများ အားလုံးက စုဝေးနေကြပြီး ထွက်ခွာသွားရသူများလည်း ပြန်ရောက်နေပြီ ဖြစ်သည်။ သူတို့သည် ကျောင်းတော်၏ လက်ရှိ အခြေအနေကို မျက်မြင်တွေ့သည့်အခါ ခံစားချက်များစွာ ဖြစ်ပေါ်လာပေသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်က နောက်တစ်ဖန် ပြန်လည် မြင့်မားလာကာ မူလဘုံ၌ အတည်ငြိမ်ဆုံး အင်အားစုဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။ ကျောင်းတော်က ယခု အပြင်လူများ၏ ဆွေးနွေးမှုကြားတွင် ရေပန်းအစားဆုံး ဖြစ်နေခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်က မကြာခင်၌ မူလဘုံ၌ နံပါတ်တစ် အင်အားစု ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ဤသည်မှာ ချဲ့ကားနေခြင်း မဟုတ်ပေ။ မကြာခင် ဖြစ်လာမည့် အကြောင်းအရာပင် ဖြစ်၏။
အင်ပါယာနန် အုပ်စိုးသော နန်ထျန်းနတ်ပြည်ထောင်၊ သောမျိုးနွယ်စု၊ ယွမ်ယန်ကလန်၊ ရှောင်ကလန်နှင့် နတ်နန်းတော်တို့ကဲ့သို့ မဟာမိတ်အင်အားစုများမှ အားလုံးသော ကျင့်ကြံသူများက ပျော်ရွှင်နေခဲ့ပေသည်။ ဤအခက်အခဲပြီးသွားသည့်နောက် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အဆင့်အတန်းက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ တိုက်ပွဲက မူလဘုံ၏ စွမ်းအားတည်ဆောက်မှုကို အပြည့်အဝ ပြောင်းလဲရေးဆွဲစေခဲ့သည့်အတွက် အရေးပါသော တိုက်ပွဲဖြစ်ပေသည်။
ထိုအချိန်တွင် ကျင့်ကြံသူများက လေဟာနယ်ကို ဖြတ်သန်းကာ ခရီးဆက်နေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူတို့က ကျောင်းတော်အနီးသို့ ရောက်လာသည့်အခါ လေထဲ၌ ရပ်တန့်လိုက်သည်။ ထို့နောက် သူတို့က မြေပေါ် ဆင်းသက်လိုက်ပြီး ပြန်လည်တည်ဆောက်ထားသည့် ကျောင်းတော်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်မှ အကြည့်များက ရှုပ်ထွေးနေခဲ့ပေသည်။
"ကောင်းကင်မျှော်စင်ကျောင်းတော်က ကျင့်ကြံသူတွေ ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်လည်ပတ်ပါတယ်။" အသံတစ်ခုက ကျယ်လောင်စွာ ပြောလိုက်သည်။ ကောင်းကင်မျှော်စင်ကျောင်းတော်မှ ကျင့်ကြံသူများ ဤနေရာသို့ ရောက်နေကြပြီ ဖြစ်၏။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ထိုအခိုက်၌ တိတ်ဆိတ်နေကြသည်။ ထို့နောက် အသံတစ်ခုက တုံ့ပြန်လာသည်။ "ကျုပ်တို့နဲ့ ဘာကိစ္စရှိလို့လဲ။"
ထိုအသံက အရှင်ထိုက်ရွှမ်ထံမှ ဖြစ်သည်။
"ကျုပ်တို့က တရားဝင်တောင်းပန်ဖို့ လာခဲ့တာပါ။" ကောင်းကင်မျှော်စင်ကျောင်းမှ ကျောင်းအုပ်က ပြောလိုက်သည်။ "ကောင်းကင်မျှော်စင်ကျောင်းက အရင်နှစ်တွေတုန်းက ပြဿနာမှာ ပါဝင်ပတ်သတ်ခဲ့မိတယ်။ ကျုပ်တို့ မှားခဲ့ပါတယ်။ ဒါကြောင့် ကျုပ်တို့က တောင်းပန်ရင်းနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော် ပြန်လည်တည်ဆောက်ပြီးသွားတာကို လာပြီး ဂုဏ်ပြုပေးတာပါ။" ဤကဲ့သို့သော အခိုက်အတန့်တွင် တစ်ဖက်လူသည် ထိပ်သီးကျင့်ကြံသူများ ဖြစ်နေလျှင်ပင် သူတို့ မှားခဲ့သော ကိစ္စကို ဝန်ခံရန်မှာ မဖြစ်နိုင်ပေ။
သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို မတောင်းပန်ခဲ့လျှင် နောက်ပိုင်း ရန်ကြွေးကို စာရင်းရှင်းသည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်က သူတို့ကို အပြီးတိုင် ရှင်းလင်းပစ်နိုင်သည်။ နောက်ထပ် ရလဒ်မှာ သူတို့က မဟာလမ်းစဥ် ဘုံသုံးထောင်၏ တစ်နေရာရာ၌ ပုန်းကွယ်နေရပြီး မည်သည့်အခါမှ ပြန်လည်ထွက်ပေါ်လာနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
"သိုင်းနတ်ဘုရားကလန်က တောင်းပန်ဖို့အတွက် ရောက်လာပါတယ်။" နောက်ထပ် အသံတစ်ခုက ပြောလိုက်သည်။ ထို့နောက် အင်အားစုများက တစ်စုပြီးတစ်စု တဖွဲဖွဲ ရောက်ရှိလာပေသည်။ မူလဘုံမှ ထိုထိပ်သီးအင်အားစုများက သူတို့ ယခင်က လုပ်ခဲ့သော အမှားများကို တောင်းပန်ရန် မူလဘုံသို့ ရောက်လာကြခြင်း ဖြစ်သည်။ အချိန်တိုအတွင်း ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြင်ဘက်တွင် ကျင့်ကြံသူများစွာ စုဝေးလာပေသည်။
ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများ၏ နှလုံးသားက ထိုမြင်ကွင်းကြောင့် မုန်တိုင်းထန်လာပေသည်။ ကြောက်မက်ဖွယ် တိုက်ပွဲကြီး ပြီးသည့်နောက် ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်ပေါ်လာစေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ ဗဟိုချက် ဖြစ်လာပုံရလေသည်။ ဤနေရာရှိ အင်အားစုအားလုံးမှာ တောင်းပန်ကာ အရိုအသေပေးရန် လာရောက်ကြခြင်း ဖြစ်သည်။
မူလဘုံ၏ အားလုံးသော အင်အားစုများသည် မူလဘုံ၏ လက်ရှိ အခြေအနေက အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာလမ်းစဥ် ဘုံသုံးထောင်ကို အုပ်စိုးသော အင်အားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ ကျင့်ကြံသူများသည် အသံများစွာကို ကြားနေကြရသည်။ သူတို့က အေးစက်သော မျက်နှာများနှင့် အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ ထိုအင်အားစုများသည် နောက်ဆုံး၌ သူတို့ လာရောက်တောင်းပန်ရန် လိုကြောင်း သိရှိလိုက်ကြခြင်း ဖြစ်ရပေမည်။
ယခင်က ထိုအင်အားစုများက ကောင်းကင်အာဏာစက်ကျောင်းတော်ကို မည်သို့ ဆက်ဆံခဲ့သနည်း။ သူတို့သည် ကျူးကျော်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ရီဖူရှင်းအား သတ်ဖြတ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ချေမှုန်းပစ်ချင်ခဲ့ကြသည်။
ယခု ရိုးရှင်းသော တောင်းပန်မှုမျှနှင့် ထိုရန်ကြွေးကို ချေဖျက်၍ ရနိုင်ပါမည်လား။
"သူတို့နဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။" အရှင်ထိုက်ရွှမ်က အခြားကျင့်ကြံသူများကို မေးလိုက်သည်။ သူ့ရှေ့၌ အင်ပါယာနန်နှင့် အခြားလူများကဲ့သို့ ထိပ်သီးအင်အားစုများမှ မဟာမိတ်အဖွဲ့ဝင်များ ဖြစ်ကြသည်။
ယခု သူတို့က အမျိုးမျိုးသော အင်အားစုများနှင့် မည်သို့ ရင်ဆိုင်ရမည်ကို စဥ်းစားဆုံးဖြတ်ရပေမည်။ သူတို့၏ အမှားများကို ထိုအတိုင်း ခွင့်လွှတ်လိုက်ရမည်လား။
"ရှန်ကလန်က ဖျက်သိမ်းသွားပြီ။ အထက်ဘုံ ရှန်ကလန်က လူတစ်သုတ်ခေါ်သွားပြီး ကျန်တဲ့ ကျင့်ကြံသူတွေကတော့ သူတို့လမ်းသူတို့ လျှောက်ကြလိမ့်မယ်။" အင်ပါယာနန်က ပြောလိုက်သည်။ လူတိုင်းသည် ရှန်ကလန်က မည်သည့်အတွက်ကြောင့် ဖျက်သိမ်းသွားသည်ကို နားလည်သဘောပေါက်ပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရွှေရောင်နတ်ပြည်ထောင်နှင့်အတူ ရပ်တည်ခဲ့သော ရှန်ကလန်နှင့် အခြားအင်အားစုများကို ညှာတာလိမ့်မည် မဟုတ်ကြောင်း သိရှိထားကြပေသည်။
ရှန်ကလန်က မဖျက်သိမ်းလျှင် သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည်။ ထို့ကြောင့် သူတို့အတွက် ဤကဲ့သို့သော အဆုံးသတ်က မလွဲဧကန်ပင် ဖြစ်သည်။
"ဒါက ရွှေရောင်နတ်ပြည်ထောင်လည်း အတူတူပဲ။ သူတို့အချင်းချင်း တိုက်ပွဲဖြစ်ပြီးတော့ လူတွေ အများကြီး သေကုန်တယ်။ ပြီးတော့ ပြည်ထောင်က လုံးဝ ကျဆုံးသွားတော့တာပဲ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။
မဖျက်သိမ်းရသေးသည့် အင်အားစုများနှင့် တိုက်ပွဲအတွင်း ထိပ်သီးကျင့်ကြံသူများ အသတ်မခံရခဲ့သည့် အင်အားစုတို့က အနည်းငယ် မျှော်လင့်ချက် ရှိပေသည်။ ထို့ကြောင့် သူတို့သည် သူတို့အား သက်ညှာပေးပါရန် မျှော်လင့်ချက်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်တောင်းပန်ခြင်း ဖြစ်သည်။
"ကျုပ်တို့ အဲဒီအင်အားစုတွေကိုလည်း အလွယ်တကူ လွှတ်ပေးလို့မရဘူး။" ထျန်းဟယ်မဟာအကြီးအကဲက အေးစက်သော အသံနှင့် ပြောလိုက်သည်။ သူတို့ကို မည်သို့ ထိုမျှ လွယ်ကူစွာ လွှတ်ပေးနိုင်ပါမည်နည်း။ ယခင်က ဤအင်အားစုများသည် သူတို့အား သတ်ဖြတ်ချေမှုန်းချင်ခဲ့ကြသည်။ ယခု သူတို့က တောင်းပန်ရန် ရောက်လာသည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်က သူတို့ကို မည်သို့ဖြစ်၍ ထိုမျှ လွယ်လွယ်ကူကူ လွှတ်ပေးရပါမည်နည်း။
"အင်း" အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သူက ဆက်ပြောလိုက်၏။ "သူတို့ရဲ့ ကံကြမ္မာတွေကို ဆုံးဖြတ်ဖို့ ဖူရှင်း ပြန်လာတဲ့အထိ စောင့်ရအောင်။"
သူက ပြောလိုက်ပြီးနောက် အပြင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒီနေ့တော့ အားလုံးပဲ ပြန်လိုက်ကြပါ။"
ထိုအင်အားစုများက အရှင်ထိုက်ရွှမ်၏ စကားများကို ကြားလိုက်ရသောအခါ မလွယ်ကူသလို ခံစားလိုက်ရသည်။ သူတို့ထဲမှ မည်သူကမှ ထွက်မသွားကြပေ။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြင်ဘက်၌သာ စောင့်ဆိုင်းနေကြသည်။ မူလဘုံ၏ အခြားအင်အားစုများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်ရန် ပါဝင်ခြင်းမရှိခဲ့သော အင်အားစုများက အထဲသို့ ဖိတ်ကြားခံခဲ့ရသည်။
အဝေးမှ ကျင့်ကြံသူများသည် မူလဘုံသို့ အင်အားစုများစွာ တစ်စုပြီး တစ်စု ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသည်။ ကြည့်ရသည်မှာ သူတို့က ပြောင်းလဲသွားသည့် သမိုင်းကို ကိုယ်တိုင် မြင်တွေ့ချင်ကြပုံရလေသည်။ ယနေ့မှစကာ ကောင်းကင်အာဏာစက်ကျောင်းတော်က မူလဘုံ၏ ထိပ်တန်းကျင့်ကြံခြင်း သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်လာနိုင်ပေသည်။
ရီဖူရှင်းသည် မူလဘုံ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သတိမပြုမိခဲ့ပေ။ စီဝေ့ကြယ်ကမ္ဘာ၏ ကြယ်ကောင်းကင် ကျင့်ကြံရေးနယ်မြေတွင် ရီဖူရှင်း၏ ပုံရိပ်က ကျယ်ပြောသော ကြယ်ကောင်းကင်၌ မျောလွင့်နေသည်။ အဆုံးမဲ့ ကြယ်အလင်းများက သူ့ပုံရိပ်ပေါ် ဖြာကျနေသည်။ ၎င်းက အလွန် တောက်ပနေပြီး သူ့ကို နတ်ရောင်ဝါတို့က လွှမ်းခြုံထားလေသည်။
အင်ပါယာရှီနှင့် အခြားလူများက ရီဖူရှင်းကို ကြည့်နေကြသည်။ အင်ပါယာရှီက ပြောလိုက်၏။ "ကြယ်အလင်းရောင်က သူ့ကို တကယ် ကုသပေးတာပဲ။ အရမ်းထူးဆန်းတယ်။"
"ကျုပ် ကြားတာတော့ ဒီနေရာမှာ စီဝေ့မဟာအင်ပါယာရဲ့ စွမ်းအားတွေ ပျော်ဝင်နေတယ်တဲ့။ ကြည့်ရတာ အမှန်ပဲ ထင််တယ်။" သူ့ဘေးတွင် ရပ်နေသော ဆေးအင်ပါယာက ပြောလိုက်သည်။ သူတို့အားလုံးသည် ကြယ်ကောင်းကင်မှ ကျဆင်းလာနေသည့် ကြယ်အလင်းများက ရီဖူရှင်း၏ ထိခိုက်ထားသော စိတ်ဝိညာဥ်ကို အမှန်တကယ် ကုသပေးနေပေသည်။ ဤမြင်ကွင်းက သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်မှ လူများအတွက်ပင် ထိတ်လန့်အံ့သြဖွယ် ဖြစ်သည်။ သူတို့သည် ယခင်က ထိုကဲ့သို့သော မြင်ကွင်းအား မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။
"အင်း။" အင်ပါယာရှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရန်ဟောင်ချန်းက သူ့ကို ဒီနေရာ ခေါ်လာတာ မထူးဆန်းတော့ပါဘူး။ အခုလိုဆိုရင် သူ ပြန်ကောင်းလာဖို့ အချိန်သိပ်ကြာလိမ့်မှာ မဟုတ်ဘူး။"
***