← Chapters

ကတိက ကတိ

Vol. 7 Ch. 93

ကတိက ကတိ

Vol. 7 Ch. 93

သူ ကျင့်ကြံနေစဉ် ကိစ္စတွေ ပြောင်းလဲသွားပုံရသည်။

ရှန်လျန့်ကို သူလုပ်ခဲ့သော အရာအတွက် အကြီးအကဲတချို့ ထွက်ပေါ်လာပြီး တရားစီရင်နိုင်သည်ဟု သူ့စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သည်။

ဗီလိန် တစ်ယောက်အနေနဲ့ “ ငယ်တဲ့သူကိုတိုက်ခိုက်တဲ့အခါ အကြီးအကဲ ထွက်လာတယ်” ဟူသော ဇာတ်လမ်း၏ သာမန်နည်းလမ်းသည် ထိုတစ်ကြိမ်တော့ ဖြစ်လာမခဲ့လျေ။

ပိုင်ကျီဟန်သည် သူ့ထိုင်ခုံကို မှီရင်း စဉ်းစားသလိုမျိုး မျက်စိအမြင်ကို အေးဆေးစွာထားကာ ခုန်ကျန်းဟုန် ယူလာပေးသည် လက်ဖက်ရည်ခွက်ကို ကြည့်နေ၏

ရှန်လျန့်ကို ဖျက်ဆီးပြီးကတည်းက ဘယ်အဖွဲ့မှ လှုပ်ရှားမှုမရှိသေးပေ။

“တခြား သတင်းရော”သူက စပ်စုစွာမေးလေ၏ “ ပိုင်ရှင်းယွဲ့နဲ့ပတ်သက်ပြီး အချက်အလက် တစ်စုံတစ်ရာ ရှိသလား”

ဖန်ကျင်းယန်နဲ့ ခုန်ကျန်းဟုန်တို့ မျက်နှာတွေ တောင့်တင်းသွားကြသည်။

ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့တို့သည် ချစ်ခင်သော ဆက်ဆံရေးမဟုတ်ကြောင်း သူတို့နှစ်ဦးလုံး သိပြီးသားပင်။

ထို့အပြင် သူတို့ သိထားသော သတင်းသည်

လည်း ပိုင်ကျီဟန် ဒေါသထွက်စေမည့် သတင်းတွေထဲက တစ်ခုပင်။

ခုန်ကျင်းဟုန်သည် ပိုင်ကျီဟန်ကို တစ်ချက်ကြည့်ပြီး တိတ်ဆိတ်နေကာ စီနီယာကို ဖြေစေချင်ပုံပေါက်၏

သူသည် ချက်ချင်း လည်ချောင်းကို ရှင်းလိုက်လေ၏

“အနည်းငယ်ကောလဟာလတွေတော့ ရှိနေပါတယ်” ဟု အလွန် ဂရုတစိုက် ပြောလေသည်။

“ သခင်လေး တံခါးပိတ် ကျင့်ကြံပြီးတဲ့နောက် ပိုင်မျိုးနွယ်အကြီးအကဲအချို့က ပိုင်ရှင်းယွဲ့ဆီ ချဉ်းကပ်လာပုံရတယ်။ သူတို့ ဆွေးနွေးတာတွေ ရှိပါတယ်။"

(အိုး..သူတို့ လုပ်ပြီးပြီလား?)

ပိုင်ကျီဟန် တွေးလိုက်သည်။ ပိုင်ရှင်းယွဲ့ပြန်လာဖို့ မစောင့်နိုင်တော့ဘဲ ချက်ချင်းလုပ်ဖို့ ပြင်လိုက်ပုံရသည်။

သူစိတ်မ၀င်စားဘူးဟု ပြောထားပြီးသားပင်။ ပိုင်ရှင်းယွဲ့ကို ပြန်လိုချင်သည့် အကြီးအကဲတွေ အများကြီးရှိပေ၏ အများစုက သူ့ကို ဆန့်ကျင်သူများပင်

သူတို့လက်ထဲတွင် ပိုင်ရှင်းယွဲ့သည် ရုပ်သေးရုပ်ဖြစ်လာသည်ဖြစ်စေ၊ အလှည့်အပြောင်း လုပ်နိုင်သည်ဖြစ်စေ၊ ပိုင်ကျီဟန်ကတော့ သိပ်စိုးရိမ်မနေချေ။

ဒါက သူရရှိနိုင်သည်ထက် ကျော်လွန်နေ၏

ပိုင်ရှင်းယွဲ့အနေနဲ့ သူမ လက်ရှိအခြေအနေတွင် သူ့ကို လက်ခံနိုင်မည်ဟု မထင်ထားပေ။

သူမကို သိရသလောက် သူမသည် လှည့်ပတ် လက်စားချေလိုမည့်သူ မဟုတ်ပေ။ ကလဲ့စားချေလိုလျှင် ထိပ်တိုက်ရင်ဆိုင်ပေမည်။

အစီအစဉ်ချတာမျိုးဆိုရင်ရော။သူ့ဝမ်းကွဲတွင် ထိုသို့ ဦးနှောက်မျိုး

ရှိမည်ဟု မထင်ထားပေ။

ယခုလည်း ရှိမည် မဟုတ်ပေ

"ပြီးတော့ စကားပြောတာလား?"

"ပိုင်မျိုးနွယ်ကနေ သူ့ကို မထုတ်ပယ်တော့ဘဲ ပိုင်ရှင်းယွဲ့ကို မျိုးနွယ်ထဲကို ပြန်ခေါ်ချင်ပုံရတယ်။"

ဖန်ကျင်းယန်သည် ပိုင်ကျီဟန်ကို စိုက်ကြည့်ကာ သူ့တုံ့ပြန်မှုကို စစ်ဆေးနေသည်။

သို့တိုင် ပိုင်ကျီဟန် အမူအရာက တည်ငြိမ်နေခဲ့သည်။

ပိုင်ကျီဟန်၏ ဒေါသမထွက်သလို ပုံစံသည် ဖန်ကျင်းယန်ကို အနည်းငယ် သက်သာရာရစေသည်။

"ဒါဆို ပိုင်မျိုးနွယ်ကို ပြန်ဝင်ဖို့ သဘောတူလား?"

သိချင်သည်ထက် ပိုမေးခဲ့သည်။

"အင်း...သူမရဲ့ ဆုံးဖြတ်ချက်ချနေတုန်းထင်တယ်”

ဖန်းကျင်းယန်က ပြန်ဖြေသည်။

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်သည်။

နားလည်နိုင်သည်—သူ့ကြောင့်ဖြစ်နိုင်၏

သူနဲ့ သူ့မိသားစုကလွဲလျှင် ပိုင်ရှင်းယွဲ့သည် အခြားပိုင်မျိုးနွယ်အဖွဲ့ဝင်တွေနဲ့ မည်သည့်ပြဿနာမှ မရှိလောက်ချေ

အခြားအကြီးအကဲတွေသည် သူမအပေါ် အမြဲကောင်းကောင်း ဆက်ဆံကြပြီး သူမ၏အရည်အချင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ ပိုမိုကောင်းမွန်သွားခဲ့သည်။

အံ့ဩဖွယ် အချက်ကတော့ ပိုင်ကျီဟန်မိခင်သည် သူမကို သမီးတစ်ယောက်လို သဘောထားပြီး သူမမိဘတွေ ပျောက်ဆုံးသွားချိန်တွင် သူမကို မိသားစုထဲ ထည့်သွင်းခဲ့သူပင်။ သို့သော် အခုမှ သိသာတာက သူမ တာအိုအရိုးကို ခိုးယူချင်လို့သာ။

ဘာပဲဖြစ်ဖြစ် တုံ့ဆိုင်းမှုကတော့ သူ့ကြောင့်

ဖြစ်နိုင်သည်။ ဒါမှမဟုတ် သူထင်ထားတာနဲ့မတူဘဲ မျိုးနွယ်စုတစ်ခုလုံးအပေါ် အငြိုးထားတာလည်း ဖြစ်နိုင်သည်။

ဒါပေမယ့် သူမသည် အဆုံးအထိ ငြင်းဆန်လိုက်တာ မဟုတ်ဘဲ နောက်ဆုံး ထင်မြင်ချက်သည်လည်း တကယ့်

မဟုတ်သေးပေ

“ဒါဆို မိန်ရူလန်ကရော ဘယ်လိုလဲ?”

သူမသည် သူ့ကို အပြစ်တင်ခဲ့တဲ့သူဖြစ်ပြီး သူမလိမ်ပြောခဲ့လျှင်

သူမ နဲ့ မိသားစုကိုဖျက်ဆီးမည်ဟု ပိုင်ကျီဟန်က ခြိမ်းခြောက်ခဲ့သည်။

ဒါပေမယ့် သူမသည် သူ့စကားကို နားမထောင်ဘဲ ဆက်လက်လိမ်ညာခဲ့သည်။

သူမကို ခြိမ်းခြောက်ခဲ့သည်ကို သူ့အနေနဲ့ မမေ့ခဲ့သလို နောက်ပြောင်တာမျိုးလည်း မရှိပေ။

စနစ်၏ဆုလာဘ်ကြောင့် ပိုင်ကျီဟန်သည် ၎င်းတို့ကို ဦးစားမပေးနိုင်ဘဲ ထိုအစီအစဉ်များကို ဆိုင်းငံ့ထားခဲ့ရသည်။

ပိုင်ကျီဟန်သည် အရေးမကြီးသော မျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ စဉ်းစားနေသေးသည်။

"အဲဒီစွပ်စွဲသူလည်း ရောင်ပြန်ဟပ်ဂူမှာရှိနေပြီး သူမရဲ့ မျိုးနွယ်က သူမရဲ့အပြုအမူအတွက် ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်" ဟု ခုန်ကျန်းဟုန်က ပြောလေသည်။

"ဒါက ပေါ့ပေါ့ပါးပါး ပြစ်ဒဏ်ပဲ၊ သူငါ့ကို နှောင့်ယှက်တယ်လို့ ယူဆရတာကို”

မိန်ရူလန်သည် သူမ၏ အတွင်းတပည့် အခြေအနေမှ ဖယ်ထုတ်ခံထားရပြီး သူမ၏ ကျင့်ကြံမှု အရင်းအမြစ်များအားလုံးကို ပြန်လည် သိမ်းယူခံရကာ ရောင်ပြန်ဟပ်ဂူတွင် ပိတ်လှောင်ခံထားရသည်။

ထိုပြစ်ဒဏ်များအားလုံးသည် ပိုင်ကျီဟန်ကို လိမ်လည်စွပ်စွဲခြင်းကြောင့်သာ ဖြစ်သည်။ တခြားသူသာဖြစ်ခဲ့လျှင် သူမကို ထိုသို့ပြင်းထန်သော အပြစ်ပေးခံရမှာ မဟုတ်ချေ

ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန် စကားကို သဘောတူပြီး ပိုင်ကျီဟန်ကို မှားယွင်းစွာစွပ်စွဲသည့်အတွက် သူမကိုအပိုင်းပိုင်းဖြတ်ကာ နတ်သားရဲများအား ကျွေးမွေးရမည်ဟု ဆက်လက် ဆဲဆိုနေလေသည်။

သူမ၏ ပြစ်ဒဏ်သည် ပေါ့ပါးလွန်းသည်ဟု သူ ဆိုခဲ့သည့်တိုင် သူမ၏ “ရာဇ၀တ်မှု” များအတွက်တော့ ပြင်းထန်လှပေသည်။

"ငါက သူ့မျိုးနွယ်ကို ဖျက်ဆီးပစ်မယ်လို့ ကတိပေးခဲ့တယ် မလား"

မိန်ရူလန်သည် သူ့အား ဆက်ပြီး မမှန်မကန် စွပ်စွဲပါက သူ့မျိုးရိုးကို ဖျက်ဆီးပြီး လက်စားချေမည်ဟု သတိပေးခဲ့ဖူးသည်။

ဖန်ကျင်းယန်သည် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ခုန်ကျန်းဟုန်သည် မရှိသော်လည်း သူပါ ခေါင်းငြိမ့်လိုက်သည်။

ပိုင်ကျီဟန်သည် ထိုစကားတွေကို မိန်ရူလန်ကြောက်အောင် ခြိမ်းခြောက်မှုတစ်ခုဟု သူ ယူဆမိလို့ပင်

ထို့ကြောင့် ပိုင်ကျီဟန်အနေနဲ့ ဘာကြောင့် ထပ်ပြီး ပြောသည်ကို နားမလည်ပေ။

"ကောင်းပြီ၊ ငါ့စကားကို တည်ရမယ်" ပိုင်ကျီဟန်က ပျင်းရိစွာပြောသည်။

သူအနေနဲ့ မျိုးနွယ်စုကို မဖျက်ဆီးချင်သကဲ့သို့ပင်၊ သို့သော် သူစကားကြောင့် လုပ်ရမည်ပင်

ဖန်ကျင်းယန်နှင့် ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန် ပြောနေသည်ကို အစပိုင်းတွင် နားမလည်ခဲ့ပေ။

သို့တိုင် ထိုအရာကို စဉ်းစားပြီး ချက်ချင်းပဲ တုန်လှုပ်သွားကြလေသည်။

"သခင်လေး မိန်မျိုးနွယ်ကို ဖျက်ဆီးမယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူးမလား”

ဖန်ကျင်းယန်က မေးသည်။

"ငါဘာကိုဆိုလိုရမလဲ။ ငါလုပ်မယ်လို့ပြောထားပြီးသားဆိုတော့ ငါ့စကားကိုတည်ရမယ်လေ" ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး ဖြေသည်။

ဖန်ကျင်းယန်နှင့် ခုန်ကျန်းဟုန်၏မျက်နှာပေါ်တွင် ချွေးများ ချက်ချင်း ထွက်လာသည်။

သူတို့သည် ပိုင်ကျီဟန်နှင့် တစ်ချိန်က သဘောထားကွဲလွဲခဲ့ဖူးသော်လည်း မိန်ရူလန် နှင့်မတူတာက ၎င်းတို့သည် ဘက်ပြောင်းရန် ရွေးချယ်ခဲ့သည့်အတွက် ကံကောင်းခဲ့သည်။

မဟုတ်လျှင် သူတို့ကံကြမ္မာသည် ဘယ်လိုဖြစ်မည်ကို နားမလည်နိုင်ချေ။

ထို့အပြင် ဒါက ၎င်းတို့၏ ကံကြမ္မာမဟုတ်ပေ၊ ဖျက်ဆီးခံရနိုင်သည့် ၎င်းတို့၏ မျိုးနွယ်စုများပင်

(ကြည့်ရတာ ပိုင်မျိုးနွယ်ကို ငါပြန်ရမယ်)

ပိုင်ကျီဟန်က တွေးလိုက်သည်။

သူသည် ပိုမိုအားကောင်းလာသော်လည်း မိန်မျိုးနွယ်ကို တစ်ယောက်တည်း မဖျက်ဆီးနိုင်ပေ။

သူ့အဖေဆို ဖြစ်နိုင်ပေ၏

သို့တိုင် သူ့အနေနဲ့ ထိုအန္တရာယ်ကို မကြုံချင်ပေ။ အင်အားကြီးသော မျိုးနွယ်စုတစ်ခုကို ကျောထောက်နောက်ခံပြုပြီး သူ့မည်သို့လုပ်မည်နည်း။

သူ့အဖေကို ကူညီဖို့ စည်းရုံးနိုင်မလားဆိုတာကတော့ သူ့၏ဆွဲဆောင်မှုစွမ်းရည်ပေါ်မှာ လုံးဝမူတည်နေ၏

All Chapters