← Chapters

ပိုင်မျိုးနွယ်ကိုပြန်လာခြင်း

Vol. 7 Ch. 94

ပိုင်မျိုးနွယ်ကိုပြန်လာခြင်း

Vol. 7 Ch. 94

မိုးကောင်းကင်ပေါက်ကွဲသွားသလိုပင် ပိုင်ကျီဟန်၏ ကောင်းကင်ယာဉ်သည် တိမ်တိုက်များကို ထိုးဖောက်ထွက်လာပြီး ဝိညာဉ်ရေးရာ အလင်းလှိုင်းများနဲ့ ပတ်ဝန်းကျင်တဝိုက် ထွန်းလင်းနေသည်။

အထဲမှာတော့ ပိုင်ကျီဟန်သည် နူးညံ့စွာ ခင်းထားသော ထိုင်ခုံအတွင်း မှီကာ လက်တင်

လျက် မျက်လုံးများမှိတ်ထားပြီး ပျင်းရိသည့်ပုစံနဲ့ ထိုင်နေသည်။

သူသည် အကြီးအကဲချင်းလန်ထံမှ အပြင်ထွက်ခွာခွင့် ရယူထားပြီး ဖြစ်သည်။

ထိုအမျိုးသမီးသည် သူ့ကို အေးစက်သော မျက်နှာသွင်ပြင်နဲ့ ကြည့်ပြီး “သွား” ဟူ၍သာ ပြောခဲ့သည်။

သို့သော် သူမ ငြင်းဆိုခဲ့သည်ဆိုရင်တောင် ပိုင်ကျီဟန် မထွက်ဘဲမနေပေ

ပိုင်ကျီဟန်အတွက် အကြီးအကဲ ချင်းလန်သည် အမည်နဲ့သာ ဆရာ ဖြစ်ခဲ့သူတစ်ဦးပင်။ သူမအနေနဲ့ သူ့ကို နာမည်နဲ့လိုက်အောင် သင်ပေးခဲ့သူ မဟုတ်ပေ။

သို့တိုင် သူမသည် သူ့ကို လွှတ်လိုက်သည်။ အဲဒါက အရေးကြီးတာပင်

ဆိုလိုချင်တာက အခု အိမ်ပြန်ဖို့ အချိန်ကျပြီ။

"ငါ့ကို တစ်​​ယောက်​​ယောက်​​ သတိရ​​နေမလားလို့ ငါသိချင်​တယ်​"

ပိုင်ကျီဟန်သည် သူ့ဘာသာ သံသယဝင်နေမိ၏

လအနည်းငယ်ကြာသည့်အထိ သူမပြန်ဖြစ်တာက မထူးဆန်းပေ

သို့တိုင် ကျင့်ကြံမှု အသိုင်းအဝိုင်းမှာတော့ နှစ်တွေ ကြာသွားနိုင်တာကြောင့် ဒါဟာ လက်တွေ့ကျကျ အံ့ဩစရာပင်

ကောင်းကင်သားရဲများသည် ၎င်းတို့ဆင်းလာစဉ်တွင် ပြင်းထန်သော အော်ဟစ်သံများကို ထုတ်လွှတ်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာတစ်ခုတည်းက အနီးနားရှိ ကျင့်ကြံသူများကို ထိတ်လန့်စေခဲ့သည်။

ပိုင်မျိုးနွယ်တံခါးများသည် မြင့်မားပြီး ကြီးကျယ်ခမ်းနားကာ တောက်ပသောပုံစံများဖြင့်ဝန်းရံထားသည့်အပြင် ကျင့်ကြံသူအများအပြားက စောင့်ကြပ်နေသည်။

ပိုင်ကျီဟန်သည် အရှိန်လျှော့ရန်ပင် စိတ်မ၀င်စားချေ

သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ခါလိုက်ရာ တံခါးများရှိ အကာအကွယ်ပုံစံများသည် ရေကဲ့သို့ ကွဲထွက်သွားသည်။

တံခါးစောင့်နှစ်ယောက်သည် မယုံကြည်နိုင်စွာ မျက်တောင်ခတ်လိုက်ကြပြီး ရထားသည် ပိုင်ကျီဟန်၏ ကိုယ်ပိုင်မှန်း သတိပြုမိကာ မှုန်ကုပ်ကုပ်ကုပ်နဲ့ ထသွားကြသည်။

"အဲ့ဒါ...သခင်လေးကျီဟန်လား?"

တယောက်က ရေရွတ်လိုက်၏။

သူသည် ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ပြီး မကြာမီ အချိန်မရွေး ပြန်လာနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။

ပိုင်ကျီဟန်မှန်း သိထားတော့ ဝင်မစွက်ဖက်ဘဲ သူတို့၏တာဝန်တွေကိုပဲ ဆက်လုပ်နေခဲ့သည်။

ရထားတွဲသည် ပင်မခြံရှေ့တွင် ရပ်တန့်သွားသည်။

သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်သည်နှင့် တံခါးပွင့်လာပြီး ပိုင်ကျီဟန်သည် ၀တ်ရုံများ တဖျပ်ဖျပ်ခတ်ကာ ယခင်လို မောက်မာသော အသွင်အပြင်ဖြင့် ဝင်သွားခဲ့သည်။

အနီးနားရှိ တပည့်များနှင့် အစေခံအများအပြား အေးခဲသွားသည်။ အချို့က ဗီဇအတိုင်း ဦးညွှတ်ကြသည်။အချို့က လဲကျသွားသည်။

သူသည် သူတို့ကို မော့ကြည့်လိုက်ကြသည်။

သို့သော် စကားတစ်ခွန်းမှ မပြောခဲ့ချေ

လမ်း ဆက်လျှောက်သွား၏

ပင်မခန်းမအတွင်း၌ အကြီးအကဲပိုင်ဖန်းသည် လက်ဖက်ရည် သောက်နေစဉ် ခြေသံများက စကြင်္န်တစ်လျှောက် ပဲ့တင်ထပ်လာသည်။

နောက်တော့ အသံမကြားဘဲ တံခါးဖွင့်လိုက်လေ၏

သူ မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူက အဲ့လိုသတ္တိရှိတာလဲ"

ပြီးတော့ သူ့ကိုမြင်လိုက်ရ၏

ပိုင်ကျီဟန်

ဒီ မာနကြီးတဲ့ကောင်။

နောက်တဖန်

ကြည့်ရတာ အရင်ကထက် ပိုလို့တောင် ဒေါသထွက်စရာပင်

"မင်း-“

ပိုင်ဖန်းသည် အသံထွက်လာသည်။

ပိုင်ကျီဟန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"အိုး.ဦးလေး” သူက ပေါ့ပေါ့ပါးပါး ပြောလေ၏ "ကျွန်တော်ကို မမှတ်မိဘူးလား။ ဦးလေး အသက်ကြီးနေပြီပဲ”

ပိုင်ဖန်း မျက်လုံးများ ပြူးသွားသည်။

(ဒီကောင်...)

ပိုင်ကျီဟန်ဆီမှ ချက်ချင်းလေးစားမှုရဖို့ သူ မမျှော်လင့်ထားခဲ့ပေမဲ့ အရင်ကလိုပဲ မလေးမစားလုပ်မြဲပင်

ပိုင်ကျီဟန်ပြန်ရောက်လာသည်ကို တွေ့လိုက်ရတော့ သူ အံ့ဩသွားလေ၏

ကောလဟာလတွေက ပိုလို့တောင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ပိုင်ကျီဟန်နာမည်သည် ကောင်းသထက် ကောင်းလာချေသည်။

အထူးသဖြင့် သူ့သားကို အမွေဆက်ခံစေချင်သောကြောင့် ဒါက သူ့အတွက် ဒုက္ခဖြစ်စေခဲ့သည်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"

ပိုင်ဖန်းသည် မျက်မှောင်ကြုတ်ပြီး မေးလေ၏။

ပိုင်ကျီဟန်သည် သူ့ကို လျစ်လျူရှုကာ အတွင်းခန်းထဲကို ဆက်လျှောက်သွားရင်း ရင်းနှီးနေသော ပတ်ဝန်းကျင်ကို မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

"အဖေ ဘယ်မှာလဲ"

ပိုင်ဖန်း၏ သွေးပေါင်ချိန် တိုးလာသည်။

"ဟူး! သူ့ကို မင်းကိုယ်တိုင်ရှာလေ”

သူသည် သွေးပေါင်ချိန် မတိုးလာမီ စကားနဲ့ တွန်းထုတ်လိုက်ရသည်။

(ဒီအဘိုးကြီး ဘာဖြစ်နေတာလဲ။)

ပိုင်ကျီဟန် တွေးလိုက်သည်။ အပြုအမူကို မေးခွန်းထုတ်တာ သူ့ပုံစံမဟုတ်ပေ

(အဖေက အတွင်းခန်းထဲမှာ မရှိရင် စာဖတ်နေတာ ဖြစ်နိုင်တယ်။)

ဒေါက် ဒေါက်

"ဘယ်သူလဲ?"

" အဖေ ကျွန်တော်ပါ”

တံခါးသည် ပွင့်​လာပြီး အစေခံသည် ရိုကျိုးစွာ ​ဦးညွှတ်​လိုက်​သည်​။

“သခင်လေး” ဟု သူက ညည်းတွားလိုက်သည်။

ပိုင်ကျီဟန်သည် သူပိုင်သည့် နေရာကို လျှောက်သွားသလိုမျိုး ဝင်လာ၏

အထဲမှာတော့ ပိုင်ထျန်းဟမ်သည် စာလိပ်တစ်ခုကို ကြည့်နေ၏ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ကျယ်ပြောသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းသွားသည်။

"ကျီဟန်အာ”

သူသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး စိတ်ကောင်း ဝင်နေပုံပေါ်သည်။

"မင်းဘယ်တုန်းကပြန်လာတာလဲ၊ မင်းကငါ့ကိုကြိုပြီးအကြောင်းကြားထားသင့်တယ်”

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် ပြုံးပြလိုက်သည်။

"ဘာလို့လဲ၊ ကြိုဆိုပွဲတွေဘာတွေ အဖေ ပြင်ဆင်ထားမလို့လား"

"ဟား။ ကိစ္စတွေအများကြီးဖြစ်ခဲ့တော့ ငါလုပ်ပေးရမှာပေါ့”

ပိုင်ထျန်းဟမ်သည် ဟက်ဟက်ပက်ပက် ရယ်သည်။

သူသည် စားပွဲဝိုင်းမှ ထလာကာ သားဖြစ်သူပုခုံးပေါ် လက်တင်ပြီး ဂုဏ်ယူနေသော မျက်လုံးများနဲ့ တောက်ပနေသည်။

"ကောင်းကင်ဓားဂိုဏ်းမှာ မင်းဘာလုပ်ခဲ့လဲ ငါကြားတယ်။ ကောင်းပြီ၊ ပိုအရေးကြီးတာက..."

သူသည် ကျောက်စိမ်းစလစ်တစ်ချောင်းကို ကောက်ယူပြီး ဝှေ့ယမ်းလိုက်သည်။

"မဟာအကြီးအကဲက သူပြန်လာတုန်းက ငါ့ကိုတွေ့ဖို့ လာသေးတယ်။ သူပြောတာကို မင်းသိလား"

ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။

"မင်းက ဦးဆောင်ဖို့ အသက်ကြီးနေပြီဆိုတော့ ငါတာဝန်ယူသင့်ပြီတဲ့”

ပိုင်ထျန်းဟမ်က ရယ်မောလိုက်သည်။

"မင်းက ကောင်းကင်ဘုံက ပါရမီရှင်တစ်ဦးကို ခေါ်ယူနိုင်ခဲ့တယ်လို့ ပြောခဲ့တယ်။ လင်းရွှမ်တဲ့ ဟုတ်တယ်မလား?"

"အမ်”

"တာအိုပဲ့တင်မှန်က ရွှေရောင်တောက်နေတယ်"ပိုင်ထျန်းဟမ်က အားရပါးရပြောလေ၏ "ဒါက ဘယ်လောက်ရှားပါးလဲ သိလား"

"ကျွန်တော်မှာအကြံတစ်ခုရှိတယ်။"

"အဖေလုပ်နိုင်ရင်ပေါ့။"

ပိုင်ထျန်းဟမ်သည် တုန်လှုပ်သွားသည် ။

"အကြီးအကဲတောင်မှ မင်းကို ချီးကျူးတယ်။ မျိုးနွယ်စုခေါင်းဆောင် တော်တော်များများက

လင်းရွှမ်ကို ငါတို့ အရင်ရခဲ့တာကို မနာလိုနေကြတယ်... ငါ ပိုမပျော်သင့်ဘူးလား”

ထိုချီးမွှမ်းမှုအားလုံးကို သူက နားစွင့်နေခဲ့သည်။

အထူးသဖြင့် အခြားမျိုးနွယ်စုများသည် လင်းရွှမ်ထံ ဖိတ်စာများ စတင်ပေးပို့လာသောအခါတွင် မဟာအကြီးအကဲသည် အလွန်

ကြီးမားသော ပါရမီရှင်အကြောင်း မသိနေသည့်အတွက် ဒေါသထွက်သွားခဲ့သည်။

ပိုင်ထျန်းဟမ်သည် ကောင်းကင်ဓားဂိုဏ်းတွင် ရှိနေသော ပိုင်မျိုးနွယ်အဖွဲ့ဝင်တိုင်းကို ကျိန်ဆဲခဲ့သည်။

သူတို့အားလုံး "တံခါးပိတ်ကျင့်ကြံနေခြင်း” သို့မဟုတ် "မစ်ရှင်များ" လုပ်နေသည်မှာထင်ရှားသည်။

ဟုတ်ပေ၏

သို့တိုင် နောက်ဆုံးတွင် ပိုင်ရမ်သည် စကားအသံပြောင်းပြီး ပိုင်ထျန်းဟမ်သက်သာရာရစေရန် ပိုင်ကျီဟန်အားချီးမွမ်းစပြုခဲ့သည်။

"မြေကမ္ဘာအဆင့် ကျင့်ကြံနည်းက မင်းလက်ထဲရှိနေခဲ့တာ အမှန်ပဲလား။"

သူသည်လည်း စိတ်ဝင်တစား မေးသည်။

အကြီးအကဲ သူ့ကိုပြောသည့်တိုင် ယုံရခက်နေတုန်းပင်

ဤသည်မှာ ပိုင်ကျီဟန် ဖြစ်သည်။အဆက်မပြတ်ကြီးကြပ်မှု မရှိလျှင် သေနိုင်မည်ဟု သူထင်ထားသည့်လူပင်။

ပိုင်မျိုးနွယ်တွေတောင် ရဖို့ ရုန်းကန်နေရသည့် အရာတစ်ခုကို သူ မည်သို့ ရလာသနည်း

"ဒီမှာ”

ပိုင်ကျီဟန်သည် သူပြင်ဆင်ထားပြီးသော လက်စွဲစာအုပ်ကို ပေးလိုက်သည်။

ပိုင်ထျန်းဟမ်သည် ထိုအရာကိုဖွင့်ပြီး အကြောင်းအရာတွေကို လေ့လာနေ၏ သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။

ဒါဟာ တကယ်ဖြစ်ခဲ့သည်။

သူသည် လက်စွဲစာအုပ်ကို ဖယ်ထားခဲ့သည်—၎င်းကို အသေးစိတ်လေ့လာရန် အချိန်လိုအပ်သည်။

"ကောင်းပြီ၊ မင်းရဲ့ကံကောင်းမှုလို့ ယူဆနိုင်တဲ့ မတော်တဆမှုတစ်ခုကို ငါကြားခဲ့ရတယ်။ အဲဒါကို ငါမေးခွန်းထုတ်မှာမဟုတ်ဘူး။"

ထို့နောက် သူ့အမူအရာ အနည်းငယ် မဲမှောင်သွားသည်။

"ငါကြားတာ ရှိသေးတယ်... ပိုင်ရှင်းယွဲ့က ကောင်းကင်ဓားဂိုဏ်းမှာ ရှိနေတာလား?"

ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

ဟူး!

"သူမ ကောင်းကောင်းနေပုံရတယ်" ပိုင်ထျန်းဟမ်အသံတိုးသွားပြီး အပြစ်ရှိသလို့ ပြောလိုက်၏။

သူ့ဇနီးသည် ပိုင်ကျီဟန်အတွက်နဲ့ ပိုင်ရှင်းယွဲ့ဘဝကို ဖျက်ဆီးခဲ့သူပင်။ ထို ရွေးချယ်မှုတစ်ခုကို သူသဘောမတူခဲ့ပေ

သူမခြေထောက်ပေါ်ပြန်ရပ်တည်လာပြီး အရည်အချင်းတွေကို ပြန်လည်ရရှိကာ ကောင်းကင်ဓားဂိုဏ်း၏ အတွင်းတပည့် တစ်ဦးဖြစ်လာခဲ့သည်... သူမသည် သူ့ကိုယ်သူ ကောင်းအောင်နေမှန်း သိလိုက်ရသည်မှာ ဝမ်းသာစရာပင်။

"သူမက ဂိုဏ်းထဲပြန်ဝင်လာလည်း ပြဿနာမရှိဘူးလို့ မင်းပြောတယ်ဆို"

"ဟုတ်တယ် ၊ သူမကို နှင်ထုတ်တာနဲ့ သူ့တာအိုအရိုးကိုယူတာကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး။ သူပြန်လာမလား မလာဘူးလား ဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။"

ပိုင်ကျီဟန် လေသံက ဘာမှမထူးခြားသလိုပင်။ တကယ်တော့ သူ့အတွက် အရေးမပါပေ

"ကောင်းပါတယ်၊ ဒါပေမယ့် မင်းအမေကို မပြောနဲ့၊ သူ ဘာလုပ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။"

ပိုင်ကျီဟန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို...ဘာလို့ပြန်​လာတာလဲ...အိမ်​​ကို လွမ်းနေပြီလား"

All Chapters