← Chapters

  ဥပမာပေးခြင်း

Vol. 7 Ch. 95

  ဥပမာပေးခြင်း

Vol. 7 Ch. 95

ပိုင်ကျီဟန် ပြုံးလိုက်သည်။

“အတိအကျတော့ မဟုတ်ဘူး”

အိပ်ယာခုံပေါ်ကို ကိုယ်ပိုင် ပလ္လင်ကဲ့သို့ သွားထိုင်ပြီး ခြေတစ်ဖက်ပေါ် တစ်ဖက်ကို တင်လိုက်သည်။

“ကျွန်တော် ပြန်လာတာက မျိုးနွယ်စုတစ်ခုလုံးကို အဆုံးသတ်ဖို့ပဲ”

အခန်းတစ်ခုလုံး ငြိမ်သက်သွားသည်။

ပိုင်ထျန်းဟမ်သည် မမျှော်လင့်ထားသည့် အဖြေကြောင့် အံ့ဩသလို ဖြစ်သွားသည်။

ပိုင်ကျီဟန်ကတော့ လမ်းလျှောက်ထွက်သွားသည့် အတိုင်းပဲ ပြောနေသည်။

ပုံမှန်လူတစ်ယောက်ဆိုရင် ပိုင်ကျီဟန်ရူးသွားပြီလားဟု မေးနေလောက်မည်ပင်

“…ဘယ်မိသားစုလဲ?”

ဒါပေမယ့် ပိုင်ထျန်းဟမ်သည် ဘယ်မိသားစုလဲဟုသာ မေးလိုက်သည်။

ရှန်မျိုးနွယ်ဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်—သူတို့သည် ပိုင်ကျီဟန်ကို စော်ကားခဲ့သူများဖြစ်သည်။

ရှန်မျိုးနွယ်ကို ဖျက်စီးဖို့က မခက်ခဲချေ.. သို့တိုင် လက်ဖက်ရည်သောက်ရင်း ဆုံးဖြတ်နိုင်သည့် အရာတော့ မဟုတ်ပေ

ရှန်မျိုးနွယ်ဖြစ်ပါက ပိုင်ထျန်းဟမ်သည် ထိုအကြံအစည်ကို ဖျက်ပစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ဒါက မဖြစ်နိုင်ပေ

"မိန်မျိုးနွယ်" ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး ပြောလေ၏

"...မိန်မျိုးနွယ်?"

ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်သည် ခေါင်းလောင်းပင် မမြည်သလိုပင်။

အုပ်စုငယ်တိုင်းကို မှတ်မိဖို့ သူစိတ်မ၀င်စားသလို မိန်မျိုးနွယ်သည်လည်း ထိုထဲက တစ်ခုဖြစ်မှာ သေချာသည်။

ဒါဖြင့် သူ့သားက နာမည်မရှိသော မျိုးနွယ်စုကို ဘာကြောင့် ရှင်းပစ်ချင်ရသနည်း

မကြာသေးမီက သူသည် ကောင်းကင်ဓားဂိုဏ်းတွင် မရှိသောကြောင့် ပိုင်ကျီဟန်ကို လိမ်လည်စွပ်စွဲနေသည့် မိန်ရူလန် အကြောင်းကို မသိခဲ့ပေ။

နောက်ကျသွားသည့် အကြီးအကဲပိုင်ရမ်လည်း မသိချေ

"ဘာလို့လဲ?"

ပိုင်ထျန်းဟမ်က မေးလေ၏။

သူသည် အယူအဆကို မဆန့်ကျင်ခဲ့ပေ။ ဤသည်မှာ ကျင့်ကြံမှုလောကဖြစ်သည်။ နှစ်အနည်းငယ်တိုင်း မျိုးနွယ်စုတစ်ခု သို့မဟုတ် နှစ်ခုကို ဖျက်ဆီးခြင်းသည် လက်တွေ့တွင် အစဉ်အလာဖြစ်သည်။

ပိုင်ကျီဟန်သာ ဒါကို လုပ်ခဲ့မည်ဆိုပါက လူတွေက နည်းနည်းတော့ တီးတိုးလေးပြောကြလိမ့်မည်ပင်။ သို့တိုင် ရက်သတ္တပတ်

အနည်းငယ်အတွင်းမှာ သူတို့မေ့သွားမည်ပင်

သို့သော်လည်း သူသည် အကြောင်းပြချက်မရှိဘဲ သူ့သားကို ဓားတစ်လက်ကမ်းပေးပြီး "အခွံခွာ" ဟုပြောမည်မဟုတ်ပေ

"သူမက ရှန်လျန့်ကို ကျွန်တော့်ကို လိမ်ညာစွပ်စွဲဖို့ ကူညီပေးခဲ့တယ်။ မိန်ရူလန်က ဆက်လိမ်နေရင် သူ့မျိုးနွယ်ကို ဖျက်ဆီးပစ်မယ်လို့ သတိပေးခဲ့တယ်၊ သူမက နားမထောင်ဘူး။ အခု ကျွန်တော် အဲ့တာကို တကယ် လုပ်မလို့”

ပိုင်ထျန်းဟမ် မျက်ခုံးတွေ တွန့်သွားသည်။ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်စီးပစ်ခြင်းသည် စိတ်အားထက်သန်သလို လုပ်လို့ရသည့် အရာ မဟုတ်ပေ။

"ကျွန်တော်တို့ ပိုင်မျိုးနွယ်ရဲ့ ဂုဏ်သတင်းက မကြာသေးခင်ကမှ ကျဆင်းသွားတယ်လို့ ထင်ပါတယ်။ မိန်ရူလန်လိုမျိုး တစ်ယောက်ယောက်က ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူကို စိန်ခေါ်ဝံ့တယ်။ မိန်ရူလန်ကို ချေမှုန်းလိုက်ရင် အားလုံးကို ကျွန်တော်တို့နဲ့ မရှုပ်ဖို့ သတိပေးသလိုဖြစ်မှာ”

ပိုင်ကျီဟန် လေသံက ငြိမ်သက်နေပေမယ့် သူ့ရည်ရွယ်ချက်က ပြတ်သားလေ၏

ပိုင်ထျန်းဟမ်သည် သူ့ပုခုံးတွေကို ပွတ်နေ၏

အမှန်မှာတော့ လီနဲ့ကျောက်မျိုးနွယ်တို့ မဟာမိတ်ဖွဲ့ပြီးကတည်းက ပိုင်မျိုးနွယ်သည် မလှုပ်မယှက် ဖြစ်နေခဲ့သည်။ လူတွေက သူတို့ခွန်အားကို သံသယဝင်လာကြပေ၏

ရှန်လျန့်အနေနဲ့ ပိုင်ကျီဟန်ကို စိန်ခေါ်ဝံ့ခြင်းမှာ ပိုင်မျိုးနွယ် အားနည်းလာသည်ဟု တွေးထင်နေခြင်းကြောင့် ဖြစ်သည်။

"ကျီဟန်အာ ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာ အာဃာတတွေကြောင့် ဒီလိုပြောတာမဟုတ်ဘူးလား။"

"ကျွန်တော်လား"ပိုင်ကျီဟန်က ရိုးရိုးသားသားပြောသည်။ "ဒါပေမယ့် ကျွန်တော်မှားတယ်လို့ မဆိုလိုပဘူးလေ”

"... မိန်မျိုးနွယ်ကိုတိုက်ခိုက်လိုက်ရင် ငါ့ လည်ပင်းမှာ အသက်ရှုရပ်အောင် လုပ်မဲ့ အကြီးအကဲဘယ်လောက်ရှိမယ် ဆိုတာ အဖေသိလား"

ပိုင်ထျန်းဟမ်က ရေရွတ်လိုက်သည်။

"ဒါဆို သူတို့ကို အသက်ရှုရပ်ဖို့ ပြောလိုက်ပေါ့” ပိုင်ကျီဟန်က မျက်တောင်မခတ်ဘဲ ပြန်ဖြေ၏

ပိုင်ထျန်းဟမ်သည် အသက်ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်သည် ။

"မင်းက ထူးဆန်းနေပြီ။"

"ထူးဆန်းတာလား”

တိတ်ဆိတ်နေ၏

ထို့နောက် ပိုင်ထျန်းဟမ်သည် နောက်ပြန်မှီကာ သူ့သားကို လေ့လာနေသည်။

တစ်ချိန်က သူတွေးခဲ့ဖူးသော ကောင်ကလေးသည် ဘယ်တော့မှ ထိုအတိုင်းအတာတစ်ခုအထိ မရောက်ခဲ့ပေ

ယခုတော့ ဤမျှလောက် ကြီးကြီးမားမား တစ်ခုခုလုပ်ဖို့ စီစဉ်နေသည်လား

"မင်းတကယ်ပြောင်းလဲသွားပြီ" ပိုင်ထျန်းဟမ် ညည်းညူလိုက်သည်။

"အချိန်​​တော့လိုမယ်"

ပိုင်ထျန်းဟမ်က ရယ်မောလိုက်သည်။

"ကောင်းပြီ၊ ငါစိတ်ကောင်းဝင်နေတယ်။ မင်းမျိုးရိုးအတွက် ကြီးမားတဲ့ ကိစ္စတွေ လုပ်ထားတယ်။ မင်းအတွက် ဒီလိုတွေလုပ်ပေးရင် ငါတို့ကို ထိခိုက်မှာမဟုတ်ဘူး။"

"မိန်မျိုးနွယ်ရဲ့ ခွန်အားကို အရင်သိဖို့လိုမယ်။ ပြီးရင်တော့ အကြီးအကဲ ဘယ်နှစ်ယောက် လွှတ်ရမလဲဆိုတာ ဆုံးဖြတ်မယ်။"

"ကောင်းလိုက်တာ" ပိုင်ကျီဟန်သည် ထ၍ပြောသည်။ " အဖေအဆင်သင့်ဖြစ်ရင် ကျွန်တော်ကိုပြောပါ။ သူတို့ပျက်စီးတာကို ကိုယ်တိုင် စောင့်ကြည့်မယ်။"

အပြန်လမ်းတွင် ပိုင်ကျီဟန်သည် သူ့ခြံဝင်းအနီးရှိ ပန်းခြံမှ ကျယ်လောင်သော အသံများကို ကြားလိုက်ရာ အရှိန်လျှော့သွားခဖဲ့သည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။

အိမ်ဝင်းသည် များသောအားဖြင့် ဆိတ်ငြိမ်ပြီး စည်းစနစ်တကျ ဖြစ်နေတတ်သည်။ အထူးသဖြင့် သူ့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ဖြစ်သည်။

ယခုမူကား? တစ်စုံတစ်ယောက် အော်ဟစ်နေခဲ့သည်။

"ဒီဆူညံတဲ့လူက ဘယ်သူတွေလဲ။"

သူသည် ထောင့်ကို လှည့်လိုက်သည်။

လောင်ချင်းသည် ပန်းမွေ့ယာဘေးတွင် ရပ်နေပြီး ခေါင်းငုံ့ကာ တုန်တုန်ယင်ယင်လက်ဖြင့် တံမြက်စည်းကို ကိုင်ထားသည်။

သူ့ပတ်ဝန်းကျင်တွင် အစေခံသုံးယောက်သည် လက်နှစ်ဖက်ကို ပိုက်ကာ သရော်သော မျက်နှာများ လှည့်ပတ်နေသည်။

"နင်က ဟိုမှာ ဘာရပ်လုပ်နေလဲ၊ ပန်းခြံကို သန့်ရှင်းရေးလုပ်ရမယ့် အလှည့်လေ”

"ဟုတ်တယ်လေ။ အရင်က သခင်လေးပိုင်ကိုအမှုထမ်းတယ်ဆိုပြီး ဒီမှာအေးဆေးလာနေနေတာလား”

“ နင်က နားနေချိန််မှာ ငါတို့က အလုပ် လုပ်နေရတဲ့အထိ ရူးနေမယ်ထင်နေလား”

လောင်ချင်း၏လက်များသည် တံမြက်စည်းလက်ကိုင်တစ်ဝိုက်ကို တင်းကျပ်စွာ ကိုင်ထားသည်။ သူမ၏ အသံမှာ တိုးတိုးလေးပင်။

"ငါနားမနေဘူး... တံမြက်စည်းအသစ်ယူဖို့ သွားနေခဲ့တာ”

"ထပ်ပြီး ဆင်ခြေပဲလား”

နောက်ထပ် မစေခံတစ်ယောက်က ရှေ့ကို တိုးလာသည်။

"နင်ငါတို့ကို ရူးတယ်လို့ ထင်လား ။ နင်က သူ့ကိုယ်ရေးကိုယ်တာ အိမ်ဖော်မလို့ ငါတို့ ကျန်တဲ့သူတွေလို အချိန်ဇယားအတိုင်း လိုက်လုပ်ဖို့ မလိုဘူးထင်လား"

ပိုင်ကျီဟန် အမူအရာက အေးခဲသွားသည် ။

သူက ရှေ့ကို လှမ်းလာ၏။

"ဒီမှာ ဘာဖြစ်နေတာလဲ?"

လှည့်မကြည့်ဘဲ အိမ်အကူတစ်ယောက်က "ဒါ မင်းရဲ့ ကိစ္စမဟုတ်ဘူး”

လောင်ချင်းသည် တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

"သခင်လေး.."

အိမ်အကူက အေးခဲသွား၏

သူတို့အားလုံး လုပ်ခဲ့တာပင်

ခေါင်းတွေ လှည့်သွား၏ မျက်နှာတွေ မှောင်မဲကုန်သည်။

"သခင်လေးပိုင်”

"သခင်လေးမှန်း မသိလိုက်ဘူး။ ခွင့်လွှတ်ပေးပါ”

မျက်ခုံးများ ကျုံ့သွားကြသည်။

ပိုင်ကျီဟန် အသံက အေးစက်သွားချေ၏

"ငါထပ်မေးမယ်။ မင်းဘာလို့ ငါ့အစေခံကို အော်နေတာလဲ"

အစေခံတစ်ယောက်က ထပြောလေ၏

"ဒီ- ဒီနေ့ သန့်ရှင်းရေးလုပ်ရမှာပါ သခင်လေး၊ ဒါပေမယ့် သူမပေါ်မလာဘူး။ ပေါ့လျော့နေတယ်ထင်တယ်..."

"အိုး?"

ပိုင်ကျီဟန် မျက်ခုံးပင့်လိုက်သည်။

"ဒါဆို မင်းတို့က သူ့ကို ဝိုင်းအော်ဖို့ ဆုံးဖြတ်လိုက်တာလား။"

"မဟုတ်ဘူး!ကျွန်မတို့”

"သူမက လှလို့ မနာလိုဖြစ်နေတာမလား"

တိတ်ဆိတ်ကုန်၏

"အဲဒါက တကယ့်အကြောင်းပြချက်ပဲ မလား"

သူက ရှေ့ကို တိုးလာကာ ပြောသည်။

"သူမက မင်းတို့ထက်စာရင် ပိုလှတယ်။ အကျင့်စာရိတ္တကောင်းတယ်။ မင်းတို့ထက် အရင် ရာထူးတိုးတယ်။ အဲ့တော့ အလုပ်ပိုကြိုးစားရမယ့်အစား မင်းတို့ သူ့ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။"

သူ့အကြည့်တွေက ဓားသွားလိုပင်

"ဘာဖြစ်​လို့လဲ၊ ငါသွားတာ လအနည်းငယ်​ကြာသွား​တော့ ပွင့်လင်းရာသီဖြစ်ပြီလို့ ထင်နေတာလား"

စကားသံတင်မဟုတ်ပေ

သူက အေးစက်စွာရယ်လိုက်သည်။

"ငါ့ရဲ့ဂုဏ်သတင်းက ဒီလောက်ထိ နိမ့်ကျသွားတာလား၊ ဒါမှမဟုတ် ငါဘယ်တော့မှ ပြန်မလာတော့ဘူးထင်နေတာလား။"

သူက မေးလေ၏

"ဟင့်အင်း၊ လုံးဝမဟုတ်ပါဘူး၊ သခင်လေးပိုင်”

“ကျွန်မတို့ ဒီလိုမထင်ခဲ့ပါဘူး၊ ကျွန်မတို့က”

“မင်းတို့က ဘာမှမဟုတ်ဘူး။”

ပိုင်ကျီဟန်က ကြားဖြတ်ပြောလေ၏

“မင်းတို့ ဒီမှာ လုပ်ဖို့ မလိုတော့ဘူး။”

သူတို့မျက်နှာတွေ လုံးဝ ဖြူဖျော့သွားကြသည်။

“သ_သခင်လေး ၊ ကျေးဇူးပြုပြီး၊ ကျွန််တို့မှားသွားပါတယ်”

“ တကယ့် တောင်းပန်ပါတယ်။ တစ်လစာ လုံး ကျွန်မတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပါ့မယ်”

လောင်ချင်းသည် ရှေ့ဆက်တိုးလာသည်။

“သခင်လေး၊ ကျေးဇူးပြုပြီး… ရပါတယ်၊ ဒီလောက်ကြီး လုပ်စရာ မလိုပါဘူး…”

ပိုင်ကျီဟန်သည် အချိန်ကြာကြာ သူမကို ငေးကြည့်လိုက်သည်။

“ဒါကို ရပါတယ်လို့ ခေါ်သလား?”

ထိုနောက် သူသည် အစေခံများဘက် ပြန်လှည့်ကြည့်လိုက်သည်။

“ငါ့အစေခံကို နှောင့်ယှက်တာက သူမကိုပဲ စော်ကားတာမဟုတ်ဘူး— ငါ့ကိုပါ မလေးစားတာ။ ငါ မရှိတာနဲ့ပဲ ငါ့နာမည်ကို လျစ်လျူရှုထားပုံပဲ”

သူက မျက်မှောင်ကျုံ့လိုက်သည်။

“အလုပ်က ထုတ်လိုက်ရုံနဲ့တော့ မလုံလောက်နိုင်ဘူး ထင်တယ်”

အစေခံတွေသည် မြေကြီးပေါ်ကို ထိုင်ကျသွားကြသည်။

“ကျေးဇူးပြုပြီး.. ကျွန်မတို့နားလည်ပါပြီ”

“ကျွန်မတို့ ကိုယ်တိုင် ထွက်ပါမယ်..အခုချက်ချင်း ထွက်သွားမယ်!”

“တကယ့် တောင်းပန်ပါတယ်”

ပိုင်ကျီဟန်သည် လက်ယမ်းပြလိုက်သည်။

“ငါ့မျက်စိရှေ့ကနေ ပျောက်သွားပေး”ဟု ဆိုလိုက်သည်။

သူတို့သည် အလွန်ကြောက်နေသော ကြွက်များကဲ့သို့ ထွက်သွားကြသည်။

လောင်ချင်းသည် သူမ ခေါင်းကို ငုံ့လိုက်သည်။

“…ကျေးဇူးတင်ပါတယ်သခင်လေး” သူမ တိုးတိုးလေး ပြောလိုက်သည်။

ပိုင်ကျီဟန်သည် သူမကို ကြည့်လိုက်ပြီး အသံနည်းနည်း လျော့လိုက်သည်။

“ဘာလို့ အပိုအလုပ်တွေ လုပ်နေလဲ? မင်း တာဝန်တစ်ခုတည်းက ငါ့အိမ်ကို သန့်ရှင်းအောင် ထိန်းသိမ်းထားဖို့ မဟုတ်ဘူးလား?”

သူမ ပြန်မဖြေပေ

ထိုအချိန်တွင် အခြားအစေခံတွေသည် သူမကို အပိုအလုပ်တွေလုပ်ခိုင်းကာ ဖိနှိပ်ကြသည်။ သူမလုပ်ငန်းတာဝန်သည် ပိုလွယ်ပြီး လစာက ပိုများလေ၏

ပိုင်ကျီဟန် ရှိနေချိန်မှာတော့ ဘယ်သူမှ သူနဲ့ ပတ်သက်ချင်သူ မရှိခဲ့ပေ

သူနဲ့ အတူနေရတာကြောင့် သူမကို စာနာကြသည့်တိုင် သူမအလုပ်က လွယ်ပြီး လစာပိုရတာကြောင့် မနာလိုဖြစ်လာကြချေသည်။

“သူတို့စကား နားထောင်စရာ မလိုဘူး..တခြားသူတွေ ထပ်လုပ်ကြရင် ငါ့နာမည် သုံး.. သုံးတာမှ နားမထောင်ရင်တော့…”

သူသွားစိလိုက်၏

“ကောင်းပြီ၊ သူတို့ နားမထောင်ဘူးဆိုတာမရှိနိုင်ပါဘူး။"

သူမကို မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မင်းနားလည်လား?"

လောင်ချင်းသည် ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းအလုပ်ကဘာလဲ"

"သခင်လေးရဲ့ ခြံကို စောင့်ရှောက်ဖို့။"

"ကောင်းပြီ”

All Chapters