← Chapters

အဖေ၏အရှက်ကွဲမှု၊ သမီး၏အပြစ်

Vol. 7 Ch. 97

အဖေ၏အရှက်ကွဲမှု၊ သမီး၏အပြစ်

Vol. 7 Ch. 97

မိန်ရူလန်၏ မျက်နှာအရောင်ဖြူဖျော့သွားကာ ပြန်အမှတ်ရသွားသည်။

ထိုအချိန်မှာ သူမ ထင်ထားတာက ပိုင်ကျီဟန်သည် စကားကြီးစကားကျယ်ပြောနေသည်ဟုသာ

တကယ့်ကို ထိုသို့ ဖြစ်မည်ဟု သူမ ဘယ်လိုထင်မည်နည်း

“နင် ငါ့မျိုးနွယ်ကို ဖျက်ဆီးချင်တယ်ပေါ့”

“ဟုတ်တယ်”

ပိုင်ကျီဟန်သည် တွေဝေမနေဘဲ ချက်ချင်း တုံ့ပြန်လိုက်၏

“ရူလန် မင်းဘယ်လို လုပ်လိုက်တာလဲ”

မိန်မိသားစု အကြီးအကဲသည် အော်ချလိုက်သည်။

မည်သူက ဒေါသမထွက်ပဲနေမလဲ။ ယနေ့ မိန်မိသားစုအပေါ် ထိုဘေးအန္တရာယ်ကျလာရခြင်းသည် မိန်ရူလန်ကြောင့်သာ

“ကျွန်မ… ကျွန်မ…”

မိန်ရူလန်သည် အပြစ်ရှိသလို ခံစားရကာ ပြောစရာ စကားပျောက်ဆုံးနေ၏

မိန်ရူလန်၏ အသံသည် လည်ချောင်းဝတွင် တနေသည်။ လက်သီးတွေကို ဆုပ်လိုက်ပြီး သူမအောက်က မိသားစုဝင်တွေကို ကြည့်လိုက်သည်— တချို့က အံ့ဩနေကြပြီး တချို့က အပြစ်တင်နေကြသည်။

အကြီးအကဲများ၊ တပည့်ငယ်များနဲ့ မြို့အစောင့်များပင် ထိုကပ်ဘေးကြီးသည် မိန်ရူလန်ကြောင့် ဖြစ်ပေါ်လာသလိုမျိုး သူမကို ကြည့်ရှုနေကြသည်။

တကယ်ပဲ သူမကြောင့်ပင်

“နင် တကယ့်ကို လုပ်မယ်လို့ မထင်မိဘူး…”

သူမ အသံက အသက်ရှုသံလောက်သာ ကျယ်၏

သို့တိုင် ပိုင်ကျီဟန်က ရှင်းရှင်းလင်းလင်း ကြားပေသည်။

“မင်းက ငါ တကယ် လုပ်မယ်လို့ မထင်ဘူးလား?”

သူက ထပ်ပြောပြီး လေထဲတွင် လွင့်နေကာ နောက်ကျော်ဘက်တွင် လက်များထားရင်း လမ်းလျှောက်သလို ခံစားမိနေသည်။

“မင်း ငါဘယ်သူလဲ မေ့သွားတာလား?”

သူသည် အံ့ဩနေဆဲ မိန်ရူလန်ကို ကြည့်ရင်း ခေါင်းကို သူမဘက် လှည့်လိုက်သည်။

“ငါ မင်းတို့ မိသားစုကို ဖျက်ဆီးပစ်မယ်လို့ ပြောတယ်လေ — ဒါမှမဟုတ် တခြားအရူးသခင်လေးတွေလို ပြောပဲပြောပြီး မလုပ်ဘူးထင်နေတာလား”

သူ၏ အသံသည် အေးစက်နေ၏ ရယ်စရာ အရိပ်အယောင်သည် မြူခိုးလို ပျောက်သွားသည်။

“ပိုင်ကျီဟန် ရပါပြီ”

မိန်မိသားစု၏ အကြီးအကဲတစ်ဦးသည် ရှေ့ထွက်လာပြီး ဒေါသနဲ့ပြောလေသည်။

“မိန်ရူလန်က မင်းကို စော်ကားတော့ရော ဘာလို့လဲ? မင်းက သူ့တစ်ယောက်ကြောင့် ဒီလောက်ထိ လာတာလား? မင်း မျိုးနွယ်တစ်စုလုံးကို သတ်ဖြတ်ချင်တာလား။ ဒါက မများဘူးလား?”

ပိုင်ကျီဟန်သည် ဖြတ်ခနဲ ပြန်လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင် အေးချမ်းခြင်း၊ စိတ်လွင့်မျောခြင်း သို့မဟုတ် ပျင်းနေခြင်း တစ်စုံတစ်ရာ ဖြစ်နေသည်။

“တကယ် မများပါဘူး။ ပိုင်မျိုးနွယ် အမွေဆက်ခံသူကိုစိန်ခေါ်ဖို့ ဘယ်သူက သူ့ကို သင်ပေးလိုက်တာလဲ? မင်းတို့က သူမကို ပိုပြီး သင်ပေးခဲ့သင့်တာ”

သူသည် လက်တစ်ချောင်းကို မြှောက်လိုက်သည်။

"ဒါနဲ့ ငါ သူ့ကို အခွင့်​အ​ရေးမ​ပေးခဲ့ဘူးလား? သူက အဲ့အခွင့်အရေးကို ငြင်းခဲ့တဲ့သူ”

သူ့မျက်လုံးတွေ ကျုံ့သွားသည်။

"ဒါဆို ​နောက်​ထပ်​ဖြစ်​​လာမှာတွေအတွက် ငါ့ကို အပြစ်​မတင်​ပါနဲ့"

မိန်မျိုးနွယ်အကြီးအကဲကို သူညွှန်ပြလိုက်သည်။

ဘုန်း

သူ့နောက်ရှိ ကောင်းကင် သင်္ဘောပေါ်ကနေ ဝိညာဉ်ရေးရာ ချီလှိုင်းလုံးကြီး ထွက်လာချေသည်။

ပိုင်မျိုးနွယ်၏ အကြီးအကဲများသည် ရှေ့သို့ တိုးလာကာ လေထဲတွင် လွင့်နေသော ၀တ်စုံများနဲ့အတူ မျက်နှာများသည် ငြိမ်သက်နေပြီး လူသတ်မည့်ပုံနဲ့ပင်

သူတို့၏ခေါင်းဆောင်မှာ အကြီးအကဲပိုင်ရမ်ဖြစ်ပြီး မုတ်ဆိတ်ဖြူဖြူတွေကို ပွတ်နေ၏

ပိုင်မျိုးနွယ်၏ခြိမ်းခြောက်မှုကို တော်တော်များများက ကြောက်လန့်နေကြပေမယ့် မိန်မျိုးနွယ်အကြီးအကဲတွေက လွယ်လွယ်နဲ့ နောက်ပြန်မဆုတ်ကြချေ။

"ခဏ”

အသံအသစ်တစ်ခုသည် ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေသည်—တည်ငြိမ်၊ နက်နဲပြီး အာဏာနှင့် ပြည့်နေသည်။

လူတိုင်းသည် ကြီးမားသော ဖိအားတစ်ခု တက်လာပြီး နတ်ဘုရားဓားသွားကဲ့သို့ အထက်တိမ်များကို ခွဲထုတ်လိုက်သည့် မိန်ဟွာမြို့၏ အလယ်ဗဟိုဆီသို့ လှည့်ကြည့်လိုက်သည်။

မိန်မျိုးနွယ် အိမ်တော်၏ ခန်းမကြီးမှ လူတစ်ယောက် ရောက်လာသည်။

သူသည် ရွှေရောင်ဇီးပွင့်နှင့် ချယ်လှယ်ထားသော ငွေရောင်နဲ့ ကြက်သွေးရောင် ရောယှက်ထားသည့် ၀တ်စုံကို ၀တ်ဆင်ထားသည်။

သူ၏ရှည်လျားသော ဆံပင်များသည် မီးခိုးရောင် ဖြာထွက်နေပြီး သူ၏ တင်းမာသောမျက်နှာသည် ဆယ်စုနှစ်များစွာ ခေါင်းဆောင်မှု၏ အလေးချိန်ကို ထမ်းထားရသည့်ပုံပင်

သူ့ရှိနေခြင်းသည် အရာအားလုံးကို နှုတ်ပိတ်စေခဲ့သည်။

၎င်းမှာ မိန်မျိုးနွယ် ခေါင်းဆောင်—မိန်ယွင်ဟယ်ဖြစ်သည်။

တုန်လှုပ်နေသော မျိုးနွယ်ဝင်များနှင့် ပိုင်မျိုးနွယ်၏ အင်အားများကြား သူ ရောက်လာစဉ်တွင် လေထုသည် ပိုမို လေးလံလာသည်။

"သခင်လေးပိုင်ကျီဟန်”

သူ့နောက်ကျောကို လက်နှစ်ဖက်ဖြင့် ပစ်ထားရင်း အေးအေးဆေးဆေးပြောလေသည်။

"ကျွန်တော်က မိန်မျိုးနွယ် ခေါင်းဆောင်

မိန်ယွင်ဟယ်ပါ။"

ခေါင်းငုံ့ပြီး ယဉ်ကျေးစွာ မိတ်ဆက်သည်။

မိန်ယွင်ဟယ်၏အကြည့်သည် ကောင်းကင်ရှိ အုပ်စုကြီးကို လွှမ်းခြုံသွားပြီး နောက်ဆုံးတွင် မိန်ရူလန်ပေါ်သို့ ကျရောက်သွားသည်။

သူမ အေးခဲသွားသည်။

သူသည် ပိုင်ကျီဟန်ဆီကို ပြန်လှည့်ပြီး ဦးညွှတ်လိုက်သည်။

ခခယယ ဦးညွတ်တာ မဟုတ်သော်လည်း ရိုးသားသော အမူအရာဖြင့် ဦးညွတ်ခြင်း ဖြစ်သည်။

"ငါတို့...အရှုံးပေးပါတယ်”

သူ့အနောက်မှာ အခိုးအငွေ့တွေ ထွက်လာ၏။

"ဘာလဲ”

"မျိုးနွယ်စုခေါင်းဆောင်”

“တခြားနည်းလမ်း ရှိနေနိုင်တာပဲ​လေ”

မိန်မိသားစု၏ အကြီးအကဲ အချို့က မယုံနိုင်တဲ့မျက်နှာတွေနဲ့ ရှေ့ထွက်လာကြသည်။

“ဘိုးဘေး၊ ဒီလိုအလွယ်တကူ—”

“တိတ်တိတ်နေ”

မိန်ယွင်ဟယ် အသံက မိုးခြိမ်းသံလို ထွက်ပေါ်လာ၏

ပြန်ပြောသူတွေအားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

သူသည် မိသားစု စစ်ပွဲ၊ဘေးအန္တရာယ်နဲ့ သမိုင်းကြောင်း အဆက်ဆက် ဦးဆောင်ခဲ့သူ၏ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

“နင်တို့ အနီးအနားကို သေချာကြည့်ကြစမ်း။ ငါတို့က ဆွေးနွေးနိုင်မဲ့ အနေအထားထဲမှာ မရှိဘူးဆိုတာ မမြင်ဘူးလား?”

သူ့မျက်လုံးသည် အကြီးအကဲ ပိုင်ရမ်ဆီ ရောက်လာသည်။

အခြားသူတွေက သူ့ကို မသိတောင် သူဘယ်လို မသိပဲနေမည်နည်း

ပိုင်ရမ်- သူ့အခါက တကယ့် နတ်ဆိုးပင်။ နာမည်သည် တစ်ကမ္ဘာလုံးအနှံ့ပျံ့သွားခဲ့သည် ။ သူ့ကိုမည်သူနိုးဆွရဲမည်နည်း

တချို့က သူ့အဆင့်သည် မြေလျှိုးမိုးပျံနယ်ပယ်ကိုတောင် ရောက်သွားပြီ ပြောကြသည်။ မိန်ယွင်ဟယ်အတွက် အိပ်မက်မနိုင်သည့် အရာတစ်ခုပင်

ပိုင်ရန်က လိုချင်လျှင် မိန်ဟွာမြို့တစ်မြို့လုံးကို မိနစ်အနည်းငယ်အတွင်း ပြာဖြစ်သွားစေမည်ကို အတိအကျ သိနေသည်။

ပိုင်ကျီဟန်နဲ့ သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်ရင်တောင်

ပိုင်မိသားစုသည် ပိုအင်အားကြီးသော တပ်ဖွဲ့များကို လွှတ်မည်ပင် ။ ပိုအားကြီးမည်ပင်

လွတ်မြောက်ဖို့ လမ်းမရှိပေ။

လက်နက်ချခြင်းသည်သာ အဖြေဖြစ်၏

“သူက ပိုင်မျိုးနွယ် မဟာအကြီးအကဲ။ဒီနေ့ စုစည်းထားတဲ့ စွမ်းအားက ငါတို့ကို ဆယ်ခါလောက် ချေမှုန်းနိုင်တယ်။ ငါတို့တပည့်တွေနဲ့ မိသားစုတွေအားလုံးကို ငါတို့နဲ့အတူ ဆွဲချပြီး အသေခံစေချင်တာလား။"

သူ့အသံက အေးစက်နေ၏။

"တစ်ယောက် အမှားတစ်ခုကြောင့်လား?"

အကြီးအကဲများသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားကြသည်။

နောက်တော့ သူ့အကြည့်တွေသည် မိန်ရူလန်ဆီ ရောက်သွားပြန်၏

သူမ တုန်လှုပ်သွားချေသည်။

"ပြီးတော့ မင်း”

မိန်ယွင်ဟယ်၏ အသံက ဒေါသအပြည့်ဖြင့် ကျဆင်းသွားသည်။

"မင်းက ငါတို့ မျိုးနွယ်ကို တကယ်ပဲ အရှက်ကွဲစေခဲ့တာ။"

"အဖေ သမီး"

သူမ စကားပြောဖို့ ကြိုးစားသော်လည်း သူက လက်ကို မြှောက်လိုက်သည်။

"လုံလောက်ပြီ! စကားတစ်ခွန်းမှ မပြောနဲ့တော့”

သူ့အသံက ဓားသွားလို ဖြတ်တောက်သွားသည်။

"မင်း အပြစ်ပေးခံရလိမ့်မယ်။ ပြင်းပြင်းထန်ထန်”

မိန်ရူလန် နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေ၏ သူမ ခေါင်းကို ငုံ့ကာ မာနလျော့ကျသွားသည်။

ပိုင်ကျီဟန်သည် အားလုံးကို ကခုန်နေသည့်ပုံဖြင့် ကြည့်နေ၏။

"စိတ်ဝင်စားစရာပဲ" ဟု ညည်းညူလိုက်သည်။ "ကြည့်ရတာ ဒီလူက လုံးဝမမိုက်မဲဘူး"

မိန်ယွင်ဟယ်သည် သူ့ဘက် ပြန်လှည့်လာသည်။

"ကျွန်တော် အားလုံးရဲ့တာဝန်ကိုယူပါတယ်" ဟု သူကတည်ငြိမ်စွာ ပြောသည်။

"လျော်ကြေးဆိုလည်း ပေးဆောင်ပါမယ်။ ပြစ်ဒဏ်လိုဆိုလည်း လက်ခံပါမယ်”

သူ့လက်သီးတွေကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်၏

"ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက်ပဲ တောင်းဆိုတာပါ"

တိတ်ဆိတ်နေ၏

ပိုင်မျိုးနွယ်တပည့်များနှင့် အကြီးအကဲများသည် ပိုင်ကျီဟန် အချက်ပြမှုကို စောင့်မျှော်နေကြသည်။ နောက်ဆုံးမှာ အရာအားလုံးသည် ပိုင်ကျီဟန်ပေါ်မှာမူတည်ပြီး ပိုင်ကျီဟန် ဆန္ဒကိုဖြည့်ဆည်းပေးဖို့ သူတို့ဒီမှာရှိနေတာပင်။

ဒါပေမယ့် ပိုင်ကျီဟန်က ပြုံးရုံသာ။

"အိုး?"

သူသည် လေထဲမှ ရှေ့သို့ အနည်းငယ် ငုံ့ကြည့်လိုက်သည်။

"ပြစ်ဒဏ်တစ်ခုခုကို လက်ခံမှာလား။"

"ဟုတ်ပါတယ်”

မိန်ယွင်ဟယ်သည် မဆိုင်းမတွ ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံ​ရေး ပျက်​စီး​ရင်တောင်လား”

ပိုင်ကျီဟန်က မေးလေ၏

ဂလု!

"အဲဒါဆိုတောင် အဆင်​​ပြေပါတယ်​။"

မိန်ယွင်ဟယ်သည် ပြတ်ပြတ်သားသားပြောသည်။

"အဖေ”

မိန်ရူလန် အော်ဟစ်လိုက်သည်။ ကိုယ်ရေးကိုယ်တာ အမြတ်အနည်းငယ်က သူမနှင့်သူမ၏မျိုးနွယ်စုကို ဤအဆင့်အထိ ရောက်စေမည်ဟု မတွေးခဲ့ဖူးချေ

သူမ၏ မာနကြီးသော ဖခင်ပင်လျှင် ဒူးထောက်ရပြီး ဤအရှက်တရားကို ခံစားလိုက်ရသည်။

"စိတ်ဝင်စားစရာပဲ..."

ပိုင်ကျီဟန်က ပြောလေ၏။

"ဒီ​နေ့ စိတ်​​ကောင်း​ဝင်နေတယ်​။ မိန်မျိုးန္ယ်ကို သွားကြည့်​ရ​အောင်​၊ ငါ ဘာလုပ်​ရမလဲဆိုတာ ဆုံးဖြတ်​လိုက်​မယ်​။"

မိန်မျိုးနွယ်သည် အလွယ်တကူ လက်နက်ချမည်ဟု သူ မမျှော်လင့်ထားပေ။

သူတို့၏ခေါင်းဆောင်သည် ဉာဏ်ရည် ထက်မြက်သူ ဖြစ်ပုံရသည်—ခုခံမှုသည် အဓိပ္ပာယ်မရှိမှန်း သူသိသည်။

၎င်းသည် ဇာတ်ဆောင်တစ်ဦး၏ ဇာတ်လမ်းဖြစ်မည်ဆိုပါက အံ့အားသင့်ဖွယ် နောက်ဆုံးရပ်တည်ချက်၊ တန်ခိုးအရှိန်အဟုန် သို့မဟုတ် နောက်ဆုံးမိနစ်မှ အံ့ဖွယ်အမှုများ ရှိမည်ဟု သူထင်ခဲ့သည်။

ဒါပေမယ့် ဒါက လူဆိုး၏ လမ်းပင်

ပြီးတော့ ဗီလိန်တွေအနေနဲ့ ဒီလိုဒရာမာမျိုးကို ရခဲသည်။

ဗီလိန်၏လမ်းသည် မသေမချင်း လွယ်ကူပေသည်။

All Chapters