← Chapters

ကြယ်တစ်ပွင့်ကံကြမ္မာ

Vol. 7 Ch. 98

ကြယ်တစ်ပွင့်ကံကြမ္မာ

Vol. 7 Ch. 98

ပိုင်မိသားစု၏ တပ်ဖွဲ့ကြီးသည် ဒီရေလိုပဲ ပိုင်ကျီဟန်နောက်ကွယ်မှ ဆင်းလာကြပြီး ကောင်းကင်ကိုဖြတ်ကာ မိန်မျိုးနွယ်နေရာဆီ ဆင်းသက်လာကြသည်။

မိန်ဟွာမြို့လမ်းတွေသည် ခြောက်ကပ်နေပြီး လူတွေသည် တံခါးနောက်တွင်ပုန်းကာ နာမညည်ဆိုးကြီးနဲ့ ကျော်ကြားသော ပိုင်မိသားစု သခင်လေးကို ကြောက်နေကြ၏

မိန်ရူလန်သည် ခေါင်းငုံ့ကာ လမ်းဆက်လျှောက်နေ၏

သူမလက်တွေ တုန်နေခဲ့သည်။

သူမအရိုးကိုထိုးတဲ့ဓားလိုပင် စူးရှသော သူ့အဖေအကြည့်တွေကို ခံစားမိနေသည်။

“ပြီးပြီ…”

သူမ စိတ်ထဲ တွေးမိသည်။

ဒါတွေက သူမလောဘကြောင့်ပင်

မိန်မိသားစု၏ တံခါးမကြီး ဖွင့်ထားသည်။ အကြီးအကဲတွေ၊ အိမ်တော်ထိန်းတွေနဲ့ တပည့်တပေါင်းတို့ တန်းစီပြီး တိတ်ဆိတ်စွာ စောင့်နေကြသည်။

တစ်ယောက်မျှ စကားမပြောရဲပေ

ပိုင်ကျီဟန်သည် ၎င်းတို့ရှေ့မှာ ရှိနေပြီး သာမန် မနက်ခင်းတစ်ခုလို အပြုံးနဲ့ စောင့်ကြည့်နေသည်။

“ဒါကတော့ မိန်မိသားစုပေါ့…”

သူ့အသံထဲတွင် အပြစ်တင်သည့် စကားများ ပါဝင်နေသည်။

ပိုင်မိသားစုနဲ့ နှိုင်းယှဉ်ရင် မိန်မိသားစုသည် သေးငယ်ပေ၏

သူတို့အိမ်တော်များသည် ပိုင်မျိုးနွယ်နန်းတော်မှ တဲအိမ်များလိုပင်

“အလွန်အမင်း အားနည်းနေတယ်လို့ မထင်ဘူးလား?”

မိန်မိသားစုဘက်က တစ်ယောက်မှ တုန့်ပြန်

ခြင်း မရှိပေ။ သူတို့ကို အထင်သေးတောင် မပြောရဲကြချေ။

တကယ့်အဖြစ်အပျက်ကို အထင်သေးသည်ရော ခေါ်နိုင်မည်လား

ဒါကြောင့် အားလုံး မိန်မိသားစု၏ အဓိကခန်းမဆီ ဆက်လက်လှမ်းခဲ့ကြသည်။

ကော်ဇော်နီကြီးများ ဖြန့်ထား၏ အမွှေးတိုင်များကို တန်ဆာဆင်ထားသော ရွှေရောင်မီးဖိုများတွင် မီးရှို့ထားကြသည်။

တပည့်များသည် လေလိုသွားလာကြပြီး ဝိညာဉ်အသီးတွေ၊ရှားပါးလက်ဖက်ရည်တွေ ၊တောက်ပနေသည့် ဝတ်ရည်တွေနဲ့ ဖန်ခွက်တွေ ကို ယူလာကြသည်

၎င်းတို့သည် မျိုးနွယ်စုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှ တိုက်ရိုက်ထုတ်ယူလာသည့် အကောင်းဆုံး အရန်

အစားအစာများပင်။

ထိပ်တန်းဝိညာဉ်ရေးရာ မက်မွန်သီးများ၊ တောက်ပသောကျောက်စိမ်းစပျစ်သီးများနှင့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ အရွက်များမှချက်ထားသော ရွှေရောင်လက်ဖက်ခြောက်။

ဧည့်သည်အများစုအတွက် ၎င်းသည် တော်ဝင်ဧည့်ခံပွဲတစ်ခု ဖြစ်သည်။

ပိုင်မျိုးနွယ်အတွက်တော့?

စိတ်ကျေနပ်စေရုံသာ။

ဤအရာများသည် ပိုင်မျိုးနွယ်တွင်ရှိသောအရာများနှင့် နှိုင်းယှဉ်ပါက သာမန် သို့မဟုတ် အနည်းငယ်မျှဟုသာ ဆိုနိုင်သည်။

မိန်မျိုးနွယ်လို မျိုးနွယ်စုငယ်လေးဆီမှ မတူသော အရာတွေကို သူတို့ မျှော်လင့်ထားတာမျိုး မရှိပေ

ပိုင်ကျီဟန်သည် လက်ဖက်ရည်ခွက်ကို ဝေ့ဝဲကာ မသောက်ဘဲ ပျင်းရိစွာဖြင့် ခန်းမဆောင်ခေါင်းရင်းတွင် ထိုင်လိုက်သည်။

သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ငြိမ်သက်နေပေမယ့် သူ့ပတ်ဝန်းကျင်က လေတွေကတော့ မွန်းကြပ်နေစေသည်။

မိန်မျိုးနွယ် တပည့်များနှင့် အကြီးအကဲများအားလုံး စည်းစနစ်တကျ တန်းစီပြီး မတ်တပ်ရပ်နေကြ၏။

သူ့တို့အားလုံးကို ရိုသေမှုအပြည့်ရှိရန် ညွှန်ကြားထားသည်။

ခေါင်းငုံ့နေ၏ ။ ယဉ်ကျေးစွာပြောဆိုကြ၏

မမေးလျှင် စကားမပြောကြချေ

အမိန့်ကို လိုက်နာကြ၏

စောစောက ဒေါသတကြီး ဖြစ်ကာ သွေးပူနေသူတွေတောင် ခေါင်းငုံ့ထားကြရလေသည်။

အိပ်ပျော်နေသော ကျားကို မနှိုးရဲကြချေ။

မိန်ယွင်ဟယ်သည် ပိုင်ကျီဟန်၏ဘေးတွင် ကိုယ်တိုင်ရပ်ကာ လက်ဖက်ရည်ငှဲ့ပေးလေသည်။

သူသည် လေးစားရသော မျိုးနွယ်စု ခေါင်းဆောင်နဲ့ သိပ်မတူဘဲ အစေခံနဲ့ ပိုတူနေသည်။

"ခွင့်လွှတ်ပေးပါ သခင်လေးပိုင်" ဟု ပြောလေသည်။

"ကျွန်တော်တို့က မျိုးနွယ်စုရဲ့ အကောင်းဆုံးတွေနဲ့ ဖြည့်ဆည်း ပေးထားပါတယ်”

ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။

"အိုး? ဒါက အကောင်းဆုံးပဲပေါ့”

"ဟုတ်​ပါတယ်​" မိန်ယွင်ဟယ်သည် အမြန်​​ခေါင်းညိတ်​လိုက်​သည်​။

"ဒါက ပိုင်မျိုးနွယ် စံနှုန်းတွေနဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုတာ သိပေမယ့်”

"အဆင်ပြေပါတယ်”

ပိုင်ကျီဟန်သည် လက်ကို ဝှေ့ယမ်းပြီး စကားအလယ်မှာ ဖြတ်တောက်လိုက်သည်။

သူသည် ကျောက်စိမ်းစပျစ်သီးတစ်လုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး ဖြည်းညှင်းစွာဝါးလိုက်သည်။

"ဒါက အမှိုက်တော့ မဟုတ်ဘူး။"

မိန်ယွင်ဟယ်သည် ဦးညွှတ်နေပြန်သည်။

"ကျေးဇူးတော်ကြောင့်ပါ”

မိန်မျိုးနွယ်သည် ၎င်းတို့ အရာအားလုံးကို ပေးခဲ့သည့်တိုင် ညံ့ဖျင်းသော ဖျော်ဖြေမှုပေးသည့် မှူးမတ်များကဲ့သို့ပင် ရှိနေသေးသည်။

ဒါပေမယ့် မိန်ယွင်ဟယ်ကတော့ မတုန်လှုပ်ချေ

သူသည် နာမည်ကြီး အစားအသောက် အသစ်တွေ ထပ်ယူလာခိုင်းပြီး ဂီတပညာရှင်များနဲ့ပါ နူးညံ့သော ဂီတအသံများ တီးခတ်ခိုင်းခဲ့သည်။ မိသားစု ရတနာတွေကိုပင် “တောင်းပန်လက်ဆောင်” ဆိုပြီး အပြုံးနဲ့ ပေးနေခဲ့သည်

အမှန်တကယ်ကတော့ အားလုံးသိကြသည်။

ဒါဟာ ဧည့်ခံခြင်း မဟုတ်ပေ

ဒါက ရှင်သန်ဖို့သာ

ပိုင်ကျီဟန် ရှေ့သို့ ဝိညာဉ်ရေးရာအသီးပန်းကန်အသစ် တင်ပေးလာသည့်အချိန် အဓိကခန်းမတစ်ခုလုံးရှိ တိတ်ဆိတ်နေမှုသည် ပြန့်ကျဲသွားသည်။

“ငါ့ကို လွှတ်လိုက်”

အမျက် ဒေါသထွက်သံတစ်သံသည် မိန်မိသားစု အဓိကခန်းမပြင်ဘက်ကနေ ထွက်လာသည်။

“ကျေးဇူးပြုပြီး မသွားပါနဲ့”

“မိသားစုခေါင်းဆောင်က ဘယ်သူ့ကိုမှအထဲဝင်ခွင့်မပေးထားဘူး”

မိန်မိသားစုအစောင့်များ တားဆီးဖို့ ကြိုးစားနေသော်လည်းမရပေ

ဘုန်း

ဘုန်းကနဲ့ အသံကြီးပဲ့တင်ထပ်ပြီး အဓိကတံခါးကြီး ပွင့်သွားကာ တန်ဆာဆင်ထားသည့် အလှများပါ ကွဲထွက်သွားသည်။

လေသည် ခန်းမကို ထိုးဖောက်ဝင်ရောက်ကာ လက်ဖက်ရည်ဖန်ခွက်တွေကိုတောင် တုန်လှုပ်သွားစေသည်။

ဒင်

( ကောင်းကင်ရွေးချယ်သူ ပေါ်လာပြီ)

စနစ်အချက်ပေးအသံတစ်ခု ထွက်လာကာ ကောင်းကင် ရွေးချယ်သူရှိနေကြောင်း ပိုင်ကျီဟန်အား သတိပေးချက် ပေါ်လာသည်။

သူက မထိတ်လန့်ပေ

အမှန်တကယ်တော့ သူ့မျက်နှာသည် ပျော်သွးသည်။

သူ၏ အနီရောင်မျက်လုံးများသည် တံခါးဝဆီ ငဲ့ကြည့်လိုက်ပြီး အပြုံးအောက်က စူးစမ်းနေသည့် ပုံ ထွက်ပေါ်လာသည်။

“…ဒါမှ စစ်မှန်တာပေါ့။”

ယခင်တုန်းကဆိုလျှင် အဓိကဇာတ်ဆောင်နဲ့တွေ့သည့်အခါ ကြောက်ရွံ့မိမည်ပင်

ဒါပေမယ့် ဒီတစ်ခါတော့ မတူပေ

မိန်မိသားစုကို အမုန်းမီးကြောင့် ဖျက်ဆီးဖို့ လာတာ မဟုတ်ဘဲ အနာဂတ်မှာ လက်တုံပြန်လာနိုင်သည့် ကောင်းကင်ရွေးချယ်သူကို လိုက်ရှာဖို့ပင်

အခုကြည့်လျှင် ထိုဆုံးဖြတ်ချက်ဟာ တကယ့်ကို မှန်ကန်ခဲ့သည်။ ထိုသို့ သေးငယ်သည့် မိသားစုတစ်ခုဖြစ်သော မိန်မိသားစုထဲမှာတစ်ဦး ပေါ်ထွက်လာ၏

(စစ်ဆေးနေသည်)

နာမည် – မိုရီချန်

အသက် – ၁၈

ကံအဆင့် – ကြယ်တစ်ပွင့်

ကျင့်ကြံမှုအဆင့် – ရွှေဗဟိုနယ်ပယ် (အစောပိုင်းအဆင့်)

ကံကြမ္မာ

မိုရီချန်သည် ထူးဆန်းသောဓားတစ်လက်ကို ရရှိထားသည်။ ထိုဓားသည် အသုံးပြုသူနဲ့အတူတူ အဆင့်မြင့်သွားမည့် သမိုင်းတလျောက် တိုးတက်နိုင်သည့် နတ်ဘုရားလက်နက် ဖြစ်သည်။

မှန်ကန်သောပစ္စည်းများကို ရှာတွေ့သရွေ့ ၎င်းတို့ကို စုပ်ယူနိုင်ပြီး နောက်အဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။ ၎င်း၏ အလားအလာသည် အကန့်အသတ်မရှိပေ။

ယင်းမှတစ်ဆင့် သူ၏ဓားသိုင်းစွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးမြင့်လာကာ ပြိုင်ဘက်များကို ၎င်း၏အဆင့်ထက် အဆပေါင်းများစွာ လွှမ်းမိုးနိုင်စေခဲ့သည်။

ဓားသည် ဆက်လက်တိုးတက်နေသရွေ့...

သူလည်း ထိုနည်းတူပင်

ပိုင်ကျီဟန်ဟန်၏ လည်ချောင်းထဲမှ တိုးညှင်းစွာ ရယ်သံ ထွက်လာပြန်သည် ။

ဤတစ်ကြိမ်တွင် ဇာတ်ဆောင်သည် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူများထဲတွင် မျက်နှာသာပေးခံရတာ အနည်းဆုံးဖြစ်ပုံရသည်။

နားလည်နိုင်၏ သူ့၏ အစွမ်းထက်သော လက်နက်တစ်ခုကြောင့် ကြယ်တစ်ပွင့် ကံကြမ္မာအဆင့်သည် ပြီးပြည့်စုံသော အဓိပ္ပါယ်ကို ရောက်သွားစေသည်။

ထိုအရာက သူနဲ့ အတူတကွ သယ်နိုင်သည့် နတ်ဘုရားလက်နက်တစ်ခုပင်။ ဒါထက်မပိုပေ

အဲဒါကို ဖယ်လိုက်လျှင် သူသည် တခြားကျင့်ကြံသူသာ ။

ကောင်းကင်ဘုံက သူ့အား ကြယ်တစ်ပွင့်ပဲ ပေးခဲ့တာ အံ့သြစရာ မရှိပေ

သို့တိုင်...ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် မိန်မျိုးနွယ်က မဟုတ်ပေ။ ဒါဆို ဒီကောင်ဘာလို့ဒီကိုရောက်နေတာလဲ။

မည်သို့ပင်ဖြစေ ဒါက စိတ်ဝင်စားစရာဖြစ်လာသည်။

ပိုင်မျိုးနွယ်၏ အကြီးအကဲများသည် အကြည့်ချင်းဖလှယ်ကာ ခံစစ်အနေအထားပြောင်းပြီး အမိန့်ကို စောင့်နေကြသည်။

ဝင်ပေါက်တွင် လွင့်ပျံလာသော ဖုန်မှုန့်တွေကနေ ပုံသဏ္ဌန်တစ်ခု ထွက်ပေါ်လာချေ၏

အရပ်ရှည်သည်။ ယုံကြည်ချက်ရှိသည်။ ရွှေဗဟိုနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူအဖြစ်ပင် ခန်းမကို ဖိနှိပ်ချုပ်ချယ်သော ဝိညာဉ်ချီကို ထုတ်လွှတ်နိုင်၏

ငွေချည်ဖြင့် ချယ်လှယ်ထားသော အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မည်မျှပြင်းထန်သည်ကို အတိအကျသိသော တစ်စုံတစ်ယောက်၏ အသွင်အပြင်ဖြင့် မည်သူမျှ ဂရုမစိုက်ဘဲ ရှေ့ဆက်လာ၏

ဓားတစ်ချောင်းကို သူ့ခါးတွင် ချိတ်ဆွဲထားကာ ဓားရည်ရွယ်ချက်ဖြင့် စူးစူးဝါးဝါး ခုန်နေသည်။ သူလှမ်းသည့် ခြေလှမ်းတိုင်းသည် သူတို့ပတ်ဝန်းကျင်က လေကို ဖိထား၏

မိန်ယွင်ဟယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

နောက်ဆုံးတွင် သူသည် ကြီးစွာသော ဘေးဆိုးကြီးကို ပြေလျော့စေတော့မည်ဟု တွေးခဲ့သော်ငြား တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံရတော့မည်

တစ်စုံတစ်ယောက်သည် မိန်မျိုးနွယ်၏ ကျေးဇူးရှင်ဖြစ်ခဲ့လျှင်ပင် သဘောမကောင်းနိုင်ပေ

မိုရီချန်က မဖြေပေ

သူသည် ပိုင်ကျီဟန်၏ ထိုင်ခုံမှ ပေအနည်းငယ်အကွာတွင် မတ်တပ်ရပ်လိုက်ပြီး ပိုင်မျိုးနွယ်အကြီးအကဲများ ရှိနေခြင်းနဲ့ တခြားအကြည့်များကို လျစ်လျူရှုကာ အလယ်ကော်ဇောပေါ် တည့်တည့်သို့ လျှောက်သွားသည်။

သူတို့ အကြည့်တွေက သူ့ဆီမှာပင်

ပိုင်ကျီဟန်သည် ရှေ့ကို ကိုင်းပြီး လက်ဖဝါးပေါ် မေးစေ့ကို တင်လိုက်သည်။

"မင်း သတ္တိရှိလှချေလား” ပိုင်ကျီဟန်က တိုးတိုးလေးပြောလေသည်။

"မင်းလို သေခြင်းတရားကို ဘယ်သူမှ မရှာဘူး”

နောက်ဆုံးတော့ မိုရီချိန်က စကားပြောလေ၏ စကားသံက ငြိမ်ပေသည်။

"ဟမ်၊ ငါက အဲ့ဒီဘယ်သူနဲ့မှ မတူဘူး"

စကားလုံးများသည် ကျယ်လောင်ခြင်းမရှိသော်လည်း တိတ်ဆိတ်မှုတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

ပိုင်ကျီဟန်၏ အပြုံးသည် ကျယ်လာသည်။

"ဟုတ်တယ်၊ အဲ့တာတော့ ငါပြောနိုင်တယ်”

All Chapters