← Chapters

ဂန္တဝင် စိန်ခေါ်မှု

Vol. 7 Ch. 99

ဂန္တဝင် စိန်ခေါ်မှု

Vol. 7 Ch. 99

မိန်ယွင်ဟယ်၏ မျက်နှာအရောင်သည် ပြာကျသွားသည်။

သူသည် လျှပ်စီးလို အမြန်နဲ့ ပြေးပြီး မိုရီချန်နဲ့ ပိုင်ကျီဟန်ကြားကို မုန်တိုင်းလို အလျင်အမြန် ဝင်ကာ ပြုံးပြဖို့ ကြိုးစားနေသည်။

“အကြီးအကဲပိုင် ကျေးဇူးပြုပြီး .. ရိုင်းပြမှုကို ခွင့်လွှတ်ပါ။ ဒီလူငယ်က… မိုရီချန်ပါ..မိသားစုနဲ့ အရင်းနှီးသူ၊ကျေးဇူးရှင်ပါပဲ ။ တခါတုန်းက မိသားစုတပည့်တွေကို နတ်ဆိုးသားရဲတိုက်ခိုက်မှုကလည်း ကယ်တင်ပေးခဲ့သူပါ.. သူဘာကြောင့် ဒီလို အပြုအမူတွေ လုပ်နေတာလဲ ကျွန်တော် မသိပါဘူး”

သူသည် မိုရီချန်ဆီသို့ အံ့ကြိတ်ကာ ကြည့်ပြီး အသံက တိုးနေသည့်တိုင် တင်းမာနေဆဲဖြစ်သည်။

“မိုရီချန်! အဲဒီအရူးလုပ်နေတာတွေကို ချက်ချင်း ရပ်လိုက်.. မင်းဘယ်လိုတောင် ပိုင်မိသားစု သခင်လေးကို မလေးမစား လုပ်နိုင်တာလဲ”

မိုရီချန်သည်သည် မိန်ယွင်ဟယ်၏ စကားတွေကြောင့် အံ့သြသွားသည်။

သူသည် အမြဲလေးလေးစားစား ဆက်ဆံတတ်သူပင်။ မိန်မိသားစုကို တစ်ကြိမ် ကူညီခဲ့ဖူးပြီး အခုလည်း သူတို့ကို ကူညီဖို့ ကြိုးစားနေတာပင်

မိန်ယွင်ဟယ် အဘယ်ကြောင့် ထိုစကားပြောနေသနည်း

ထိုအချိန်တွင် သူ နားလည်သွားတာက ပိုင်ကျီဟန်ကြောင့်ဆိုတာပင်။ မိန်ယွင်ဟယ် မျက်လုံးထဲက ကြောက်ရွံ့မှု— ဒေါသမဟုတ်ဘဲ၊ ကြောက်ရွံ့မှုသာ ဖြစ်သည်။

ဖြစ်နိုင်သည်… မိန်ယွင်ဟယ်က သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာပင်။ မိုရီချန်အနေနဲ့ သူကာကွယ်နေသည်ဟု ထင်မိသည့်တိုင်

“မိသားစုခေါင်းဆောင် စိတ်ပူပေးတာကို ကျေးဇူးတင်ပေမယ့် ကိုယ့်ဘာသာ ဂရုစိုက်နိုင်ပါတယ်။”

မိုရီချန်က တုံ့ပြန်လာသည်။

မိန်ယွင်ဟယ်၏ မျက်နှာသည် တွန့်လိမ်သွားသည်။

(ဘာလို့ အဲ့လို စကားကြီးပြောနေတာလဲ။ ပိုင်ကျီဟန်ကို ဒေါသထွက်အောင် လုပ်မိမှာကို မင်းမသိဖူးလား)

သို့တိုင် မိန်ယွင်ဟယ် ဘာမှ မပြောနိုင်မီ မိုရီချန်က ရှေ့ဆက်လှမ်းသွားလေ၏

“သူ ဘယ်လို နောက်ခံရှိရှိ ဂရုမစိုက်နေဘူး။”

သူသည် ပိုင်ကျီဟန်ကို တိုက်ရိုက်လက်ညှိုးထိုးလေ၏

“အခြားသူတွေအပေါ် အကြမ်းဖက်တဲ့ အမူအရာတွေကို လက်မခံနိုင်ဘူး”

အဓိကခန်းမတစ်လုံး သူ့အသံတွေနဲ့ ပဲ့တင်ထပ်နေ၏

ပိုင်မျိုးနွယ် တစ်ခုလုံး ရင်ခုန်သံတွေ တဟုန်ထိုး ပြေးသွားသည် ။

မိန်ယွင်ဟယ်သည် ဝိညာဉ်လွင့်မတတ်ပင် ။ မာနကြောင့်မဟုတ်ဘဲ ဒေါသစိတ်ကြောင့် မျက်နှာ နီရဲလာ၏။

(ဒီလူမိုက် သူဘာလို့ ပိုင်မျိုးနွယ်ကို နှောင့်ယှက်နေတာလဲ?! သူက မွန်မြတ်တဲ့ အလုပ်တစ်ခု လုပ်နေတယ်လို့ ထင်နေသလား။)

'လူယုတ်မာ၊ ငါတို့အားလုံးကို မင်းနဲ့အတူ ဆွဲချေနေတာပေါ့”

မိန်ယွင်ဟယ်သည် အတွင်းစိတ်ထဲတွင် အော်ဟစ်လိုက်သော်လည်း ပိုင်ကျီဟန်ရှေ့မှာတော့ ပြုံးပြလိုက်သည်။

သူသည် လှည့်၍ ဒူးထောက်ကာ တောင်းပန်ချင်သော်လည်း မိုရီချန်သည် သူ့မြှောက်ထားသောလက်ကို စကားစ ဖြတ်လိုက်သည်။

"ငါပြောပြီးသား ငါနောက်မဆုတ်ဘူး"

ထို့နောက် သူသည် ပိုင်ကျီဟန်ကို တည့်တည့်ကြည့်ကာ သူ့နောက်မှ လူများကိုပါ တောက်လောင်နေသော မီးတောက်မျက်လုံးများနှင့် ကြည့်နေသည်။

"ငါ မင်းကို စိန်ခေါ်တယ်။ တစ်ယောက်ချင်းနော်။ အခုချက်ချင်းပဲ”

မိုရီချန်က ကြေငြာခဲ့သည်။

"ငါအနိုင်ရရင် မိန်မျိုးနွယ်ကို ဒီအတိုင်းထားခဲ့စေချင်တယ်”

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပိုင်မျိုးနွယ် အကြီးအကဲများပင်လျှင် သူ့ကို အရူးတစ်ယောက်လို ကြည့်နေပုံရသည်။

ဒီကောင်က ရူးနေတာလား။

ပိုင်ကျီဟန်သည် ထိုသို့ရယ်စရာကောင်းသော တောင်းဆိုမှုကို ဘာကြောင့် လက်ခံရမည်နည်း

ပိုင်ကျီဟန်သည် အဓိကဖွဲ့စည်းပုံအဆင့်တွင်ရှိသေးသည်ဟု လူတိုင်းက ယုံကြည်နေကြဆဲဖြစ်ပြီး မိုရီချန်သည် ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူ၏အရောင်အဝါ ပေါ်ထွက်နေသည်။

အင်အားကွာဟမှုက သိသာထင်ရှားသည်။

လက်ခံရင် အကျိုးမရှိပေ။ ရလဒ်ကို လက်တွေ့ကျကျ ကြိုတင်သတ်မှတ်ထားသည်ကို ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမည်နည်း

ပိုင်ကျီဟန်သည် မိုရီချန်ကို သတ်ဖို့ ဒေါသတကြီး အမိန့်ပေးမည်ဟု မျှော်လင့်ကြသည်။

ပိုင်ကျီဟန်သည် ဖြစ်ရပ်မှန်ကို သဘောကျကာ မျက်ခုံးပင့်လိုက်သည်။

အစွမ်းထက်သော နောက်ခံမရှိသည့် အားနည်းချက်နဲ့ ဇာတ်ဆောင်သည် နောက်ဆုံးလှည့်ကွက်တစ်ခုကို ဆွဲထုတ်လိုက်သည်။

ရန်သူအဖွဲ့ခွဲ၏ "အားနည်းသော" သခင်လေးကို စိန်ခေါ်ပြီး ရိုက်နှက်ကာ ထွက်ခွါသွားခိုင်းမည်။ ထို့နောက် သခင်လေးက အရှက်ကွဲမည်ပင်

သခင်လေးသည် အသာစီးရနေချိန်၌ပင် ကံကြမ္မာသည် ဇာတ်ဆောင်၏ဆန္ဒကို လိုက်လျောညီထွေဖြစ်စေမည်ပင်

မိုရီချန်သည် ဇာတ်ညွှန်းကို အပြည့်အဝ လိုက်နာခဲ့သည်။

သူအောင်မြင်ခဲ့လျှင် မိန်မျိုးနွယ်အပေါ် ကျေးဇူးသိတတ်မှုကိုရပြီး နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးကာ ပိုင်ကျီဟန်ကို ဟာသတစ်ခုအဖြစ် ဖန်တီးပေးလိမ့်မည်။

ပိုင်ကျီဟန်သည် သူ့ထိုင်ခုံကို မှီပြီး တိုးတိုးလေး ရယ်မောလိုက်သည်။

"ဟုတ်လား?"

လက်ဖက်ရည်ခွက် နှုတ်ခမ်းသားကို လေးလေးနက်နက် ပုတ်လိုက်သည်။။

"ရိုးရိုးသားသားပြောရရင် ငါဒီနေ့ ကစားဖို့ မစီစဉ်ထားဘူး။ ဂိုဏ်းတစ်ခုကို မြေကြီးထဲ ဖြိုခွဲချဖို့ အလုပ်ရှုပ်နေတာ မင်းသိလား"

မိုရီချန်၏ ဓားသွားမှ ဓားသည် တဖျတ်ဖျတ်

ခတ်လာသည်။

"ကြောက်တာလား?"

ပိုင်ကျီဟန်က နူးညံ့စွာ ရယ်မောလိုက်သည်။

"ချစ်စရာပဲ”

မိုရီချန်သည် ရယ်စရာကောင်းသော စိန်ခေါ်မှုကို လက်ခံရန် သူ့အား နှိုးဆွဖို့ ကြိုးစားနေဆဲဖြစ်သည်— အကျိုးအမြတ် မရနိုင်သည့်ရင်းနှီးမြှုပ်နှံမှုသာ

အကယ်၍ သူသာ ဦးနှောက်ထက် မာနပိုကြီးသော တတိယအဆင့် လူကြမ်းများထဲမှ တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် မျက်နှာသာရရန် ဇာတ်လိုက်ဟု ခေါ်သည့် သူကို လျှော့တွက်မည်သာ

ထိုအချိန်တွင် ပိုင်မျိုးနွယ်မှ အကြီးအကဲတစ်ဦးသည် မတ်တတ်ရပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သတိထားပါ သခင်လေး၊ သူက ကြုံရာကျပန်းကောင် မဟုတ်ဘူး။ သူ့အကြောင်း ကြားဖူးတယ်။ သူက ရွှေဗဟိုနယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့တယ်လို့ ကြားတယ်။ သူ့ကို စုဆောင်းဖို့တောင် စဉ်းစားခဲ့ပေမဲ့ သူက ဘယ်ဂိုဏ်းမှ မဝင်ချင်ဘူးတဲ့”

ပိုင်မျိုးနွယ်အကြီးအကဲသည် စိန်ခေါ်မှုကို ပိုင်ကျီဟန် ဒေါသတကြီးလက်မခံစေရန် အသည်းအသန်ကြိုးစားနေပါသည်။

ပိုင်ကျီဟန် သဘောတူလိုက်တာနဲ့ ပိုင်မျိုးတွယ်မျက်နှာပျက် သွားမည်ကို သူနဲ့ တခြားသူတွေက ကောင်းကောင်းသိပေ၏

မိန်မျိုးနွယ်ကို အခြားသူများအတွက် သတိပေးချက်အဖြစ် ပြောင်းလဲမည့်အစား ၎င်းတို့သည် အရှက်ရသူများ ဖြစ်လာမည်ဖြစ်သည်။

"အိုး?"

ပိုင်ကျီဟန် မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဒါက စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်လာချေသည် ။

မိုရီချန်၏ ဇာတ်လမ်းက အရှိန်တက်လာချေပြီ

သူသည် ထိုဂန္ထဝင်ဇာတ်ခုံတွင် ရောက်နေသည်။ သူ့၏ ကျင့်ကြံမှုသည် ၎င်း၏ပထမဆုံးဘော့စ်အစစ်ကို မရင်ဆိုင်မီတွင် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

အဲဒီ “အမှန်တကယ်ဘော့စ်” က ပိုင်ကျီဟန် ဖြစ်နိုင်သလား။

သူတော့ မထင်ပေ

တတိယမြောက် ဗီလိန်သာ ဖြစ်မည်ပင် ။ တကယ့် နောက်ဆုံး ရန်သူ သဘောမျိုး မဟုတ်ပေ

ပိုင်ရှင်းယွဲ့ဇာတ်လမ်းထဲမှာတောင် ကံကြမ္မာဆက်နွယ်နေသည့်တိုင် သူက အဓိကရန်သူမဟုတ်ဘူးဟု ထင်မိသည်။

ဗီလိန်အစစ်အမှန်ကို မတွေ့မီ စွမ်းအားမြှင့်ရန် သူမလိုအပ်သော တစ်စုံတစ်ယောက်သာဖြစ်သည်။

ပိုင်မျိုးနွယ်တစ်ခုလုံးက နောက်ဆုံးစိန်ခေါ်မှုဖြစ်နိုင်ပေ၏

ဒါပေမယ့် သူ့ကိုလား .. ဒါတော့ ဘယ်လိုမှမဖြစ်နိုင်ပေ

မည်သို့ပင်ဆိုစေကာမူ မိုရီချန်သည် ပြိုင်ဘက်ကင်းသူ ဖြစ်ရန် အလှမ်းဝေးနေသေးသော်လည်း သူ၏သဘောထားသည် မောက်မာနေပြီဖြစ်ကာ တတိယအဆင့် လူကြမ်းတစ်ဦးနှင့် ပိုလိုက်ဖက်သည်။

တကယ် ဆုတ်ယုတ်မှုမျိုး တစ်ခါမှ မကြုံဖူးသလိုပင်။ ဒါမှမဟုတ် သူ့အစွမ်းသတ္တိကို ယုံကြည်သူ—ဒါမှမဟုတ် သူ့လက်နက်အပေါ် ယုံကြည်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းများပေါ်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ပျံ့နှံ့သွားသည်။

"ကောင်းပြီ" ဖြည်းညှင်းစွာထရပ်ကာ အင်္ကျီလက်စများကို ဖုန်ခါလိုက်သည်။

"မင်း ပြိုင်ချင်တာလား။ ကောင်းပြီ။ ငါ မင်းကို ပျော်အောင် လုပ်ပေးမယ်"

ပိုင်ကျီဟန်က လက်ခံပေသည်။

သာမာန်အားဖြင့် သူသည် ဇာတ်ဆောင်၏ ဂိမ်းနောက်မလိုက်တတ်သည့်တိုင် ဒီတစ်ကြိမ်တော့ စပ်စုချင်မိသည်။

သူ၏ လက်ရှိခွန်အားဖြင့် ကောင်းကင်ဘုံရွေးချယ်သူကို အမှန်တကယ် အနိုင်ယူနိုင်မည်လော

ကံကြမ္မာက သူ့ကို မျက်နှာသာပေးမည်လား။သို့မဟုတ် နတ်ဘုရား ချပ်ဝတ်တန်ဆာ တစ်စုံတစ်ခုက သူ့ကို ရှုံးနိမ့်စေမည်လား။

ဇာတ်ကောင်သည် နောက်ဆုံးမိနစ်တွင် အံ့ဖွယ်အချို့ကို ဆွဲထုတ်ပြီး အသက်အနည်းငယ်နဲ့ အနိုင်ရမည်လား။

အရေးအကြီးဆုံးကတော့- သူသည် ကောင်းကင်ဘုံရွေးချယ်သူကို သတ်နိုင်မည်လော

ထိုအဖြေကို သူရှာတွေ့ခဲ့မည်ဆိုပါက နောက်ပိုင်းတွင် အကူအညီပေးလိမ့်မည်ပင် ။ ထို့အပြင် မိုရီချန်တွင် ကြယ်တစ်ပွင့် အဆင့်သာရှိသည်။

သူ့ကိုသတ်ဖို့ တုံ့ပြန်မှုအချို့ရှိခဲ့ရင်တောင် ကြယ်ငါးပွင့်ဇာတ်ကောင်ကို စွန့်စားရတာလောက် သိပ်ပြီးပြင်းထန်မှာမဟုတ်ပေ

ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန်အဖို့ ဒါက အခွင့်အရေးကောင်းတစ်ခုဟု ထင်မိသည်။

All Chapters