တစ်ယောက်ရဲ့ ထောင်ချောက်ထဲကျခြင်း
Vol. 7 Ch. 100
ပိုင်ကျီဟန်၏ စိန်ခေါ်ချက်ကို လက်ခံလိုက်သည့်အခါ အခန်းထဲတွင် သက်ပြင်းချသံကို ကြားရသည်။
ပိုင်မိသားစု အကြီးအကဲတွေသည် တင်းမာသွားကြပြီး မယုံနိုင်သည့်ပုံစံနဲ့ တပြိုင်နက် တုံ့ပြန်ကြသည်။
သူတို့အားလုံးအမြင်မှာတော့ ပိုင်ကျီဟန်ဟာ မိုရိချန်၏ လှည့်ကွက်ထဲကျရောက်ပြီး သူ့ဘာသာ အရှက်ကွဲခံဖို့ ကြိုးစားနေသည်ဟု ထင်နေကြသည်။
ချိတ်၊ ကြိုးနဲ့ အစာဟပ်မိသွားသူ
သူလဲကျသွားပြီဟု ထင်ကြသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့မိသားစု အင်အား ပြသဖို့မဟုတ်ဘဲ ဂုဏ်သိက္ခာကျဆင်းသွားဖို့သာ .. သူတို့ကို မုန်းသူတွေအဖို့ ထိုအခွင့်အရေးကို တိကျစွာအသုံးချနိုင်သည်။
“ပိုင်မိသားစုက မိန်မိသားစုလေးတစ်ခုကို တောင် မဖျက်ဆီးနိုင်ဘူး”ဟု ပြောကြမည်
ပြီးတော့ ပိုင်မိသားစုသည် ကတိမတည်ဘဲ မိန်မိသားစုကို ဖျက်ဆီးရင်တော့
ပိုင်ရွှယ်ချင်း၏ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်သလိုပင် ၎င်းတို့အပေါ် ယုံကြည်ကိုးစားမှုမှာ ပိုမိုကျဆင်းသွားမည်ဖြစ်သည်။
သေခါနီးမှာ သက်သေပြဖို့ နည်းလမ်းတွေ အများကြီးရှိသည့်တိုင် ထိုအခွင့်အရေးကို သူတို့ မယူနိုင်ပေ
၎င်းတို့၏ အလုံခြုံဆုံးသော လောင်းကြေးမှာ စိန်ခေါ်မှုကို လက်ခမခံတာပင် ။ အထူးသဖြင့် မိုရီချန်ကဲ့သို့ လူသိများသော ပါရမီရှင်တစ်ဦးထံမှပင်
ဒါပေမယ့် ပိုင်ကျီဟန်က လက်ခံပြီးသားပင်
မိသားစု အကြီးအကဲအများစုသည် အလွန်မကျေနပ်တဲ့ အသက်ရှူသံနဲ့ တုံ့ပြန်ကြသည်။
သူတို့အမြင်မှာတော့ ပြောင်းလဲသွားပြီဟု ထင်ခဲ့သည့် သခင်လေးသည် ယခင်အတိုင်း လွန်မာန်ကြီးနေတုန်းဟု ထင်ကြသည်။
ဒါပေမယ့် မဟာအကြီးအကဲ ပိုင်ရမ်ကတော့ လုံးဝ ထို ပုံစံမဟုတ်ပေ။ ပိုင်ကျီဟန်၏တစ်ခုပြီးတစ်ခု လှုပ်ရှားမှုကို အလွတ်မခံဘဲ ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
ကောင်းကင်ဓားဂိုဏ်းတွင် သူပြသခဲ့ပုံနဲ့ ရှန်လျန့်ကို ကိုင်တွယ်ခဲ့ပုံတွေအရ ဒီကောင်လေးဟာ မိုက်မဲတဲ့ လူမျိုး မဟုတ်ပေ
အစီအစဉ်မရှိဘဲ ရန်သူထောင်ချောက်ထဲ ဝင်သွားမည့် လူမျိုး မဟုတ်ပေ
( ငါ့ကိုစိတ်ပျက်အောင်မလုပ်မိစေနဲ့)
ပိုင်ရမ်က စိတ်ထဲမှာ တွေးနေမိသည်။
တခြားဘက်မှာတော့ မိန်ယွင်ဟယ်သည် သူ့အပြုံးကို ထိန်းလိုက်ရတဲ့ အခြေအနေဖြစ်နေသည်။
(လက်ခံလိုက်ပြီ… တကယ့်ကို လက်ခံလိုက်ပြီ)
သူ့မျက်လုံးတွေသည် မိုရီချန်ဆီ
ရောက်သွားသည်။ မျှော်လင့်မှုနဲ့ အရဲစွန့်မှု ရောယှက်နေသလိုပင်
မိုရိချန်ကို စိတ်ရှုပ်နေသည့် ယခင် သဘောထားနဲ့ မတူတော့ပေ
ပိုင်ကျီဟန်က ငါးစာကို မျိုချလိုက်သည့်အတွက် မိုရီချန် ဒေါသထွက်တာကောင်းသည်ဟု သူထင်ခဲ့သည်။
(မိုရီချန်သာ ပိုင်ကျီဟန်ကို အနိုင်ယူနိုင်ရင် ပိုင်မျိုးနွယ်အတွက် စိတ်ပူနေစရာ မလိုပါဘူး။ ဟား... သူ့ကို ငါ့သမက်အဖြစ်တောင် လက်ခံနိုင်ပါတယ်)
မိန်ယွင်ဟယ်သည် စိတ်လှုပ်ရှားစွာ တွေးတောရင်း သူ့မျှော်လင့်ချက်တွေ ပြန်ပေါ်လာသည်။
ပိုင်မျိုးနွယ်ကိုတောင် မိုရီချန် ဘာကြောင့် သတ္တိရှိရှိ လှုံ့ဆော်ခဲ့တာလဲဆိုတာကို သူသိ၏ သူ့သမီးကြောင့်ပင်
ယခင်က မိုရီချန်သည် အလွန်ပင် အရည်အချင်းရှိပြီး သူ့မျိုးရိုးတွင် သူအလိုရှိသောသူ တစ်ယောက်ဖြစ်သော်လည်း ညံ့ဖျင်းသောနောက်ခံသည် သူ့အားခေါ်ယူရန် တွန့်ဆုတ် စေခဲ့သည်။
သို့သော်လည်း မိန်မျိုးနွယ်ကို ဤကြီးစွာသော ဘေးဆိုးကြီးမှ ကယ်တင်နိုင်ခဲ့ပါက မိုရီချန်အား သူ့သမီး၏ နှလုံးသားကို အနိုင်ရအောင် ကူညီပေးမည်ပင်
အခြား မိန်မျိုးနွယ် အဖွဲ့ဝင်များသည်လည်း အလားတူ အတွေးအမြင်များကို မျှဝေခဲ့သည်။
မိုရီချန်သည် မည်မျှ စွမ်းအားကြီးမားသည်ကို လူတိုင်း မျက်စိဖြင့် မြင်ဖူးကြသည်—တူညီသော ကျင့်ကြံမှု အဆင့်ရှိ ပြိုင်ဘက်များကပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ
တစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် မကြာသေးမီက ကျော်ကြားခဲ့သော်လည်း သူ့ ကျင့်ကြံမှုသည် နာမည်ဆိုးနဲ့ လက်ထက်ကတည်းက ပြောင်းလဲမှု မရှိခဲ့ပေ။
သူ့အား အဓိက ဖွဲ့စည်းပုံအဆင့်တွင်သာ ရှိနေသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။
သူသည် ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်လျှင်ပင် အဓိကပေါင်းစည်းခြင်းအဆင့်ကို ကျော်လွန်နိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။
ကျင့်ကြံမှုတွင် ကွာဟချက်ကြီးမားသည်ကိုထားအုံး။ တူညီသော ကျင့်ကြံမှုအဆင့်တွင်ပင်လျှင် မယှဉ်နိုင်ချေ
ထို့ကြောင့် ပိုင်ကျီဟန်သည် မိုရီချန်ကို ဆန့်ကျင်ရန် အခွင့်အရေးမရှိဟု အားလုံးက ယုံကြည်ခဲ့ကြသည်။
စေ့စပ်ပွဲအခမ်းအနားတွင် ပိုင်ကျီဟန်ရိုက်တာခံရသော လီဖန်းနှင့်မတူတာက မိုရီချန်သည် ၎င်း၏ကျင့်ကြံမှုကို ပိတ်ဆို့မည်ဟု ကတိမပေးပေ။
ဒါဟာ ၁၀၀% ရှုံးမည်ပင်
မေးခွန်းတောင် ထုတ်စရာမလိုပေ
မိန်ယွင်ဟယ်၏မျက်လုံးထဲတွင် ဒါက ရန်ပွဲမဟုတ်ပေ။ လက်ဆောင်တစ်ခု—ရွှေအခွင့်အရေးတစ်ခုဖြစ်သည်။
သူသည် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး အနီးနားရှိ မိန်မျိုးနွယ်အကြီးအကဲများထံ လှည့်ကြည့်ရင်း သူ့ပခုံးများရှိ တင်းမာမှုအချို့ အရည်ပျော်သွားသည်။
သူတို့လည်း စိတ်သက်သာရာရသလို ငြိမ်ငြိမ်လေး ခေါင်းညိတ်ပြကြလေ၏
သို့တိုင် သူတို့က ထုတ်မပြချေ။ မိန်မျိုးနွယ် အကြီးအကဲများ၏အမူအရာများသည် တည်တည်ငြိမ်ငြိမ်နှင့် လေးစားမှုရှိခဲ့သည်—အဘယ်ကြောင့်ဆိုသော် မိုရီချန် အနိုင်ရခဲ့လျှင်ပင် ပိုင်မျိုးနွယ်ကို လှောင်ပြောင်စော်ကားခွင့် မရသောကြောင့်ဖြစ်သည်။
သူတို့က ပိုသိပေ၏ ဒီရန်ပွဲ စကားသာ မှားယွင်းစွာပျံ့နှံ့သွားခဲ့ရင် ပိုင်မျိုးနွယ်က နောက်တစ်ကြိမ် မည်သို့ လက်တုံ့ပြန်မည်ကို ဘယ်သူသိနိုင်မည်နည်း
ထို့ကြောင့် မိန်မျိုးနွယ်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပွင့်လန်းနေကြသည့်တိုင် ၎င်းတို့သည် ရေခဲလွှာလေးပေါ်တွင် လျှောက်လှမ်းနေကြဆဲဖြစ်သည်။
ဒါက အတွေ့အကြုံရင့်ကျက်သော အကြီးအကဲတွေသာ။ တပည့်ငယ်များကတော့ ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ—သူတို့၏ ပျော်ရွှင်မှု၊ စိတ်အားထက်သန်သော အပြုံးများက အားလုံးကို ပြောပြနေသည်။
မိုရီချန်သည် မတ်မတ်ရပ်နေပြီး လက်ထဲတွင် ဓားရှည်နဲ့အတူ မျက်လုံးများက မီးလို တောက်လောင်နေသည်။
မိန်မျိုးနွယ်ဆီမှ ဖြာထွက်လာသော ယုံကြည်မှုကို သူခံစားရပြီး အထူးသဖြင့် မိန်ရူလန်သည် သူ့ကို အားကိုးတကြီး မျက်လုံးများဖြင့် ကြည့်သောအခါ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူအနိုင်ရမှာပင်
ပိုင်ကျီဟန်ကို အနိုင်ယူပြီးလျှင် သူ့အား စောင့်ကြိုနေသည့် ဂုဏ်ကျက်သရေကို သူ စိတ်ကူးယဉ်နေပြီးသားပင်
သူ့အနားမှ ပိုင်ကျီဟန်သည် ခြေလှမ်းအနည်းငယ်ကို ရပ်တန့်လိုက်ပြီး သူ့လက်များက သူ့နောက်ကျောကို ပျင်းရိစွာ ဆုပ်ကိုင်ထားသည်။
မပြုံးမိအောင် အစွမ်းကုန်ကြိုးစားနေခဲ့၏ လူတိုင်းခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သူ အတိအကျသိပေသည်။
သူ့ကို လျှော့တွက်သည်ကို သူ ဂရုမစိုက်ပေမဲ့ ကောင်းကင်ရွေးချယ်သူက ထိုသို့လုပ်နေရင်တော့
သေဖို့လမ်းသာပင်
အဲဒါက စိတ်ပျက်စရာ ကောင်း၏
ပိုင်ကျီဟန် မတ်တပ်ထရပ်ပြီး မိုရီချန်ဆီသို့ ဦးတည်သွားခဲ့သည်။
ပိုင်မျိုးနွယ် အကြီးအကဲတွေက ပိုစိတ်ဆင်းရဲလာ၏ စကားတစ်ခွန်းမှ မပြောဘဲ ကျောက်တုံးလို အကြီးအကဲဆီကြည့်ကုန်၏
ဒါပေမယ့် သူသည် ပိုင်ကျီဟန်ကို တားမည့်ပုံမပေါ်ချေ။
'ငါတို့ ဒီလိုမျိုး မျက်နှာပျက်ရတော့မှာလား။'
အဲဒါက တပည့်တွေနဲ့ အကြီးအကဲတိုင်း၏အတွေးပင်။
ပိုင်ကျီဟန် ဘာကြောင့် ထိုအကြံအစည်ကို သဘောတူခဲ့သည်ကို ဘယ်သူမှ နားမလည်ကြချေ။
ဘယ်သူကမှ သူအနိုင်ရနိုင်မည်ဟု မယုံကြည်ခဲ့ချေ
သူတို့သည် မိန်မျိုးနွယ်ကို ခြေဖြင့်နင်းရန် ဤနေရာကို လာခဲ့ကြသည်။ ယင်းအစား သူတို့၏သခင်လေးသည် မာနကြောင့် ထောင်ချောက်ထဲသို့ လျှောက်သွားနေသည်။
အနည်းဆုံးတော့ လူတိုင်းက ထိုသို့ ထင်ခဲ့ပေသည်။
"မင်းကို အရင်တိုက်ခွင့်ပေးလိုက်မယ်" မိုရီချန်သည် လူအုပ်ကြားထဲ အသံကျယ်ကျယ်နဲ့ ပြောလိုက်ပေသည်။
"အနည်းဆုံး မင်းငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိရှိတယ်။ မျိုးရိုးနာမည်နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ သခင်လေးတွေအများကြီးနဲ့ ငါတွေ့ဖူးတယ်၊ အမိန့်ပေးတယ်၊ ပြီးတော့ အတိုက်ခံရအခါ ပြေးတယ်။"
မိန်မျိုးနွယ်အဆင့်များတွင် ညည်းညူသံများ ပျံ့နှံ့သွားကာ အချို့လူကြီးများက ထောက်ခံမှုဖြင့် ခေါင်းညိတ်ကြသည်။
မိုရီချန်သည် ပိုင်ကျီဟန်ကို လူသိရှင်ကြား မနှိပ်စက်မီ လေးစားမှုထားရန် ကြိုးစားနေပုံရသည်။
ဒါပေမယ့် ပိုင်ကျီဟန်ကတော့?
ရယ်လိုက်သည် ။
စစ်မှန်သော ရယ်မောသံပင်
မျက်နှာမပျက်အောင် ဟန်ဆောင်သည့် အတုအယောင်မျိုး မဟုတ်ပေ။
"အရူး ၊ မင်းဘာဖြစ်လာမယ်ဆိုတာ မင်းမသိနိုင်ဘူး"ဟု ပြောလိုက်သည်။
"ဟားဟား..."
ပိုင်ကျီဟန်သည် တခစ်ခစ်ရယ်ရင်း နောက်ဆုံးတော့ သူ့နှုတ်ခမ်းသည် အပြုံးတွေကို ဖုံးကွယ်ဖို့ လက်ကို မြှောက်လိုက်သည်။
"တကယ်တစ်ခုခုဖြစ်နေတာ မင်းသိလား"
မိုရီချန်၏ မျက်ခုံးလှုပ်သွားသည်။
ပိုင်ကျီဟန် အစွမ်းသတ္တိကြောင့် သူ့ကိုချီးကျူးသည့်အပေါ် သူက ရယ်နေသည်လော။
"ဘာရယ်တာလဲ?"
မိုရီချန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ပိုင်ကျီဟန်သည် သူ့လက်ကို ချလိုက်ပြီး ဓါးသွားကဲ့သို့ စူးရှသော မျက်လုံးများဖြင့် မိုရီချန်ကို တည့်တည့်စိုက်ကြည့်နေသည်။
“ မင်း အဲဒီမှာရပ်ပြီး ဖြောင့်မတ်စွာပြုမူသလိုတွေပြောနေတယ်။ ပြီးတော့ မင်းငါ့ကိုမျက်နှာသာပေးသလိုမျိုး ၊ ချီးကျူးစကားတွေလိုမျိုးကိုဖယ်ထားလိုက် ။ ငါ့မှာ သတ္တိရှိတယ်လို့တောင် ပြောသေးတာ။"
သူသည် ရှေ့သို့ အနည်းငယ်တိုးလာကာ ငြိမ်
သက်နေဆဲပင် ။ သို့သော် ယခုအခါ အေးစက်ပြီး လှောင်ပြောင်နေ၏
"ငါကမှ မင်းကို ဒီလို ပြောသင့်တာ မဟုတ်ဘူးလား။ မင်းရဲ့ အားနည်းတဲ့ ခွန်အားနဲ့ ငါ့ကို စိန်ခေါ်ဖို့ သတ္တိရှိတယ်"
မိုရီချန်၏ မေးရိုး တင်းသွားသည်။
"မင်းလို အရှုံးသမားတစ်ယောက်က ငါ့ကိုအခွင့်အရေးပေးတာလား ။ သေခြင်းတရားကို ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိတွေရှိနေတာတော့ သေချာပါတယ်၊ မင်းရဲ့သတ္တိကို ချီးမွမ်းသင့်တဲ့သူက ငါမလား”
ပိုင်ကျီဟန်သည် အမှန်အတိုင်းပြောနေသကဲ့သို့ တည့်တည့်ပြောလိုက်သည်။
ထိုစကားတွေကို ဘယ်သူကမှ အလေးအနက်မထားပေ
တစ်ယောက်ကလွဲရင်ပေါ့။
ထိုသူက မိန်ရူလန်ပင်
ပိုင်ကျီဟန်သည် လူတိုင်းပြောနေသည့် အမှိုက် မဟုတ်ဘူးဆိုတာ ခက်ခက်ခဲခဲ သင်ယူထားပြီးသားပင်
သူသည် ထောင်ချောက်ဆင်တတ်၏ သမုဒ္ဒရာထက် ပိုနက်ရှိုင်းသော အကြံအစည်များလည်း ရှိပေသည်
သူစကားပြောသောအခါ ၎င်းသည် အမြဲလိုလို ဟာသတစ်ခု သို့မဟုတ် မရေရာသော ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်နေတတ်သည်။ ဒါပေမယ့် အဆုံးမှာတော့ အမြဲတမ်း အမှန်တရားပဲ မဟုတ်လား။
ဒီလိုမှမဟုတ်ရင် သူ့မျိုးနွယ်စုအပေါ် ဘယ်လိုဘေးဆိုးကျရောက်မည်နည်း
ပိုင်ကျီဟန် စကားလုံးတွေက အလဟာသ ပြောနေတာ မဟုတ်ပေ
သို့သော်လည်း သူမသည် အဆိုးမြင်သော အတွေးများကို ဖယ်လိုက်ပြီး ယခု အရေးကြီးသောအရာကို အာရုံစိုက်ခဲ့သည်။
မိုရီချန်သာ အနိုင်ရခဲ့ပါက သူမ၏ မျိုးနွယ်
သည် ပိုင်ကျီဟန်၏ နှိပ်စက်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ပိုင်ကျီဟန်သည် ယခုအချိန်အထိ သူ့စကားကို တည်ပြီး ယခုတစ်ကြိမ်တွင်လည်း အလားတူလုပ်ဆောင်မည်ဟု ယုံကြည်ခဲ့သည်။
"မင်းက မာနကြီးတဲ့ကောင်”
မိုရီချန်သည် ဒေါသတကြီး ပြောလေ၏
ကြောက်မက်ဖွယ်ကောင်းသော အမှတ်ရစရာများဖြစ်သည့် လှောင်ပြောင်ခံရပြီး နှိမ့်ချခံရသည့်အချိန်များကို ပြန်တွေးမိသည်။
အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည့် လက်နက်ကို သူ မရရှိခင်တုန်းကပေါ့။
ဒါဟာ သူ့အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုပဲဟု အမြဲယုံကြည်ခဲ့သည်။ အဲဒါက တစ်စိတ်တစ်ပိုင်းမှန်ပေ၏
သို့သော် ထိုအရာသည် သူ့တွင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားကောင်းနေပေလိမ့်မည်။ ထိုအရာမပါဘဲ သူ့လည်း တူတူပဲဟုသာ မပြောနိုင်ပေ
ထိုအချိန်မှစ၍ မည်သူမျှ သူ့ကို နှိမ့်ချရန် သတ္တိမရှိခဲ့ပေ။
သူ၏ကျော်ကြားမှုသည် ကောင်းကင်အင်ပါယာတစ်လျှောက်တွင် ပျံ့နှံ့သွားပြီး ပထမတန်းစားမျိုးနွယ်စုများကပင် သူ့ကို စုဆောင်းလိုကြသည်။
သို့သော် တစ်ဖန် သူ့ကို နှိမ့်ချကာ ငုံ့ကြည့်နေသူမှာပိုင်မျိုးနွယ်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော အမှိုက်ဆိုသူပင်
"မင်းက ဟောင်ရုံပဲတတ်နိုင်ပြီး မကိုက်နိုင်တဲ့သူ မဟုတ်ပါစေနဲ့လို့ ငါမျှော်လင့်တယ်။ မင်း ဆယ်မိနစ်တောင် မကြာဘူးဆိုရင် ငါတကယ်စိတ်ပျက်မိလိမ့်မယ်။"
ပိုင်ကျီဟန်က ပြောလေသည်။
မိုရီချန်၏ သတ်ပစ်ချင်စိတ်သည် တိုးလာသည်။
"မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်လား"
တံတွေးထွေးပြီး သံမဏိ အရည်ပျော်သွားနိုင်သည့် အလင်းတန်းတစ်ခုနဲ့ ရှေ့ကို တိုးသွားသည်။
" ပိုင်ကျီဟန်၊ မင်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်”