ပိုင်ကျီဟန်နဲ့ မိုရီချန်
Vol. 7 Ch. 101
“ ဟမ် စကားပြောတာတော်ပြီ။တိုက်ရအောင်“
မိုရီချန်က ပြောသည်။
ပိုင်ကျီဟန်သည် မိုရီချန်ထက် မိုရီချန်ဓားကို စိုက်ကြည့်နေခဲ့သည်။
စနစ်၏ ခွဲခြမ်းစိတ်ဖြာချက်အရ မိုရီချန်၏ ခွန်အားတစ်ခုလုံးသည် ထိုဓားတွင် ရှိနေသည်။
လောလောဆယ်တွင် ဓားသည် ချီအရိပ်အယောင် အနည်းငယ်မျှ မထုတ်လွှတ်ဘဲ သာမန်လက်နက်တစ်ခုလို ဖြစ်နေသည်။
ဒါကလည်း မိုရီချန်ဓားကို ဘယ်အတိုင်းအတာအထိ အားကောင်းစေသည်ကို ပိုင်ကျီဟန်အာဍ ဆုံးဖြတ်ရခက်စေသည်။
မြေကမ္ဘာအဆင့်လား? ကောင်းကင်အဆင့်လား?
ကောင်းကင်အဆင့်မှာဆိုရင်တော့ ပိုင်ကျီဟန်ကို ဒုက္ခပေးနိုင်သည်။
မိုရီချန်သည် ပိုင်ကျီဟန်ကို အထင်သေးနေပြီး နောက်ဆုတ်ရန် မစီစဉ်ထားပေ။
ရွှေဗဟိုနယ်ပယ်အဆင့်နှင့်အတူ သူ၏ နတ်ဘုရားဓားကို အသုံးပြုနေခြင်းသည် သာမာန်လူဆိုးများနှင့် အတော်လေး ကွာခြားကြောင်း သက်သေပြခဲ့သည်။
လူအုပ်ကြီးသည် တိတ်ဆိတ်သွားကာ ၎င်းတို့၏ အာရုံသည် ပိုင်ကျီဟန်နဲ့ မိုရီချန်တို့ဆီ လုံးလုံးလျားလျား ရောက်သွားခဲ့သည်။
မိုရီချန်သည် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ပတ်ဝန်းကျင်က လေထုသည် တင်းမာလာသည်။
မိန်မျိုးနွယ်အဖွဲ့ဝင်များသည် အသက်ရှုကြပ်စွာဖြင့် ကြည့်နေကြပြီး အချို့က အော်ဟစ် အားပေးစကားများ ပြောနေကြပြီဖြစ်သည်။
ရွှမ်!
မိုရီချန်သည် ရှေ့သို့ တိုးသွားပြီး သူ၏ဓားသည် အစွမ်းထက်သော ချီနှင့် ပြည့်နေသည့် ရွှေရောင်အလင်းဖြင့် တောက်နေသည်။
သူသည် အရှိန်အဟုန်ဖြင့် ရွေ့လျားကာ ဓားသည် လေကို ပိုင်းဖြတ်ပြီး ပိုင်ကျီဟန်၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့် ချိန်ရွယ်ထားသည်။
ဒါပေမယ့် ပိုင်ကျီဟန်က မလှုပ်ပေ
အေးအေးဆေးဆေး အချိန်ယူကာ မြေကမ္ဘာအဆင့်ဓားဖြစ်သော သူ့ကိုယ်ပိုင်ဓားကို ဆွဲထုတ်လိုက်သည်။
“မဖြစ်နိုင်ဘူး။ မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုလား။"
"ပိုင်ကျီဟန်က မိုရီချန်ကို တိုက်ခိုက်ဖို့ မြေကမ္ဘာအဆင့် လက်နက်ကို ဘယ်လိုသုံးနိုင်တာလဲ။ အဲဒါ တရားမမျှတတာ မဟုတ်ဘူးလား။"
မိန်မျိုးနွယ် အဖွဲ့ဝင်များ အံ့အားသင့်သွားကြသည်။
သူတို့အတွက် မြေကမ္ဘာအဆင့် လက်နက်တစ်ခုသည် အလွန်ရှားပါးပြီး အဖိုးတန်လှသဖြင့် ပိုင်ဆိုင်ရန် စိတ်ကူးသာ ယဉ်နိုင်ကြသည်။
ပိုင်ကျီဟန်သည် သူ့နောက်ခံကို အခွင့်ကောင်းယူပြီး မတရားသဖြင့် တိုက်ခိုက်သည်ဟု တချို့က ထင်နေကြသည်။
ရွှေဗဟိုနယ်ပယ်အဆင့် ကျွမ်းကျင်ပညာရှင်ကို ဆန့်ကျင်သည့် အဓိက ဖွဲ့စည်းပုံအဆင့် ကျင့်ကြံသူကိုတွေ့သောအခါ
၎င်းတို့သည် လုံးဝ မတရားဟု မထင်ခဲ့ကြသော်လည်း ယခု မိုရီချန်တွင် အားနည်းချက်ရှိနေသဖြင့် ရုတ်တရက် မတရားသလို ဖြစ်သွားကြပြန်သည်။
လူတိုင်းက ကြောင်သူတော်လိုပင်
မိုရီချန်သည် ပိုင်ကျီဟန်၏လက်နက်မှ ဖြာထွက်နေသော စွမ်းအားနှင့် ဖိအားကို ခံစားခဲ့ရသော်လည်း ရပ်တန့်ရန် အရိပ်အယောင် မပြခဲ့ပေ။
သူ၏ဓားသည် ရွှေကြယ်ကဲ့သို့ ဆင်းသက်လာပြီး ၎င်း၏ တောက်ပသော အလင်းရောင်သည် ပြင်းထန်ပြီး လွှမ်းခြုံသွားသည်။
သို့သော် ထိုခဏ၌-
ကလန်
ခမ်းနားထည်ဝါသော သတ္တုသံသည် ပဲ့တင်ထပ်သွားသည်။
ပိုင်ကျီဟန်၏ မြေကမ္ဘာအဆင့်ဓားသည် မိုရီချန်၏ ထိုးနှက်ချက်နှင့်ထိပြီး ၎င်းကို ရပ်တန့်သွားစေသည်။
ဓါးနှစ်ချောင်းသည် အချင်းချင်း တိုက်မိသွားကာ ဝိညာဉ်စွမ်းအင်များ ထိပ်တိုက်တွေ့ပြီး မီးပွားများ ပျံဝဲလာသည်။
မိုရီချန်၏ ယုံကြည်မှု့ အပြုံးသည် ယိမ်းယိုင်သွားသည်။
"ဘာလဲ?”
သူသည် ပိုင်ကျီဟန်၏ ကာကွယ်ရေးကို ဖြတ်ကျော်ရန် မျှော်လင့်ထားတာကြောင့် သူ့မျက်လုံးများတွင် ထိတ်လန့်နေခဲ့သည်။ ယင်းအစား အေးဆေး တည်ငြိမ်သည့် အမူအရာကို တွေ့ရသည်။
မြေကမ္ဘာအဆင့်ဓားဖြင့်ပင် ကိုင်ဆောင်သူ၏ခွန်အားသည် အရေးကြီးဆုံးဖြစ်သည်ဟု မိုရီချန်က ယုံကြည်ခဲ့သည်။
ပိုင်ကျီဟန်ကတော့ ဓားကိုင်သည့် ကလေးနဲ့တူနေသည်။ အန္တရာယ်များပေမယ့် သေချာပေါက် အစွမ်းထက်၏ အရွယ်ရောက်ပြီးသူက အလွယ်တကူ တိုက်နိုင်ပေမည်၊
မိုရီချန်က သူ့ကိုယ်သူ အရွယ်ရောက်နှင့်ပြီးသူဟု ထင်သည်။
"မင်းမှာ အဲ့တာ ဒါအကုန်ပဲလား?"
ပိုင်ကျီဟန်က ရယ်မောလိုက်သည်။
(ကြည့်ရတာ ဓားက မြေကမ္ဘာအဆင့်နဲ့ မှော်အဆင့်အကြား အဆင့်မြှင့်ထားပုံပဲ။)
မိုရီချန်သည် သူ့အတွက် ပြိုင်ဘက်မဟုတ်သည့် ထိပ်တန်းဓားနှင့် ဆင်တူသည်။
"ရူးမနေနဲ့”
မိုရီချန်သည် အော်လိုက်ကာ ချီတဟုန်းဟုန်းတောက်လောင်လာပြီး သူ၏ထိုးနှက်ချက်ထဲသို့ ပို၍ အားထည့်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် တောက်ပသော ရွှေရောင် ပေါက်ကွဲသွားပြီး ရွှေဗဟိုနယ်ပယ်အဆင့် ဖိအားများ တဟုန်ထိုး တိုးလာသည်။
သူ့ခြေဖဝါးအောက်ရှိ ကြမ်းပြင်သည် အက်ကွဲနေပြီး လေတွေတိုက်ခိုက်လာကာခန်းမထဲမှ အားနည်းသော
တပည့်တွေကို နောက်ပြန်ဆုတ်စေသည့်အပြင် မျက်နှာများ ဖြူဖျော့သွားချေသည်။
"ဒါက မိုရီချန်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ”
"မဖြစ်နိုင်ဘူး၊ ငါတို့ အကြီးအကဲတွေက ချီကို ထုတ်လိုက်တာထက်တောင် ဖိအားက ပိုများနေသေးတယ်”
တပည့်ငယ်များသည် နောက်သို့ တုံ့ဆိုင်းသွားကာ အချို့က ဖိအားကို ခံနိုင်ရည်မရှိဘဲ ဒူးထောက်ကျသွားသည်။
မိန်မျိုးနွယ်အကြီးအကဲများသည် ပီတိဖြစ်ကာ သူတို့၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နေပြန်သည်။
ဒါပေမယ့်ပိုင်ကျီဟန်ကတော့?
တောင်ကဲ့သို့ တည်ငြိမ်စွာ ရပ်နေ၏။
သူ၏ မြေကမ္ဘာအဆင့်ဓားသည် မိုရီချန်၏ အစွမ်းထက်သော ထိုးနှက်ချက်ကို ဆက်လက် တားထားပြီး ပိုင်ကျီဟန်၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များ တိုးလာသည်နှင့်အမျှ ငွေရောင် တောက်နေသော ဓားသည် တဖျတ်ဖျတ် ခတ်နေသည်။
ထို့နောက်...
ပိုင်ကျီဟန်၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော ချီသည် တောက်ပလာပြီး အားလုံးကို လွှမ်းခြုံထားသည်။
ရွှေဗဟိုနယ်ပယ် အဆင့်။
သူ့၏ ကျင့်ကြံမှုသည် လျှို့ဝှက်ချက်အနေနဲ့ ကွယ်ဝှက်ထားစရာ မဟုတ်ပေ
သူ၏ ရွှေဗဟိုနယ်ပယ်အဆင့် ဖိအားများသည် မိုရီချန်၏အငွေ့အသက်ကို တိုက်မိကာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ခန်းမအတွင်းကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့သည်။
"ဘာလဲ...”
မိုရီချန်၏ ယုံကြည်ချက်သည် ပျက်ပြားသွားသည်။ ပိုင်ကျီဟန်၏ အစွမ်းထက်သော ချီအောက်တွင် သူ့ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။
အားပေးနေကြသော မိန်မျိုးနွယ်အဖွဲ့ဝင်များသည် တိတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားကာ အချို့က အလိုလို နောက်ပြန်ဆုတ်သွားကြသည်။
"ရွှေဗဟိုနယ်ပယ်အဆင့်... သူက ရွှေဗဟိုနယ်ပယ်အဆင့်မှာလား?"
"ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ။ ပိုင်ကျီဟန်က အဓိကပေါင်းစည်းခြင်း အဆင့်မှာမလား”
"ဒါဆို ဒါက လိမ်တာဘဲ? ပိုင်ကျီဟန်က တစ်ကမ္ဘာလုံးကို လှည့်စားခဲ့တာလား။"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ရွှေဗဟိုနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေတယ်။"
"ရွှေဗဟိုနယ်ပယ်အဆင့်နဲ့ မြေကမ္ဘာအဆင့်လက်နက်တစ်ခု— မိုရီချန်က အဲဒါကို အနိုင်ယူနိုင်ပါ့မလား”
ပိုင်ကျီဟန်ကိုကြည့်ရင်း မိန်ရူလန်၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
ပိုင်ကျီဟန်လို ကောက်ကျစ်တဲ့သူတစ် ယောက်က မိုရီချန်၏ ထောင်ချောက်ထဲကို ဝင်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်ခြင်းသည် ထူးဆန်းနေသည်ဟု သူမ အမြဲတမ်းတွေးခဲ့လေသည်။
ဒါပေမယ့် အခုတော့ အားလုံးက အဓိပ္ပါယ်ရှိချေသည် —သူသည် ဘယ်တော့မှ မရှုံးနိုင်သည့်အတွက် လက်ခံလိုက်တာပင်
ပိုင်မျိုးနွယ် အကြီးအကဲများနှင့် တပည့်များသည် ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့၏ ကနဦး အထိတ်တလန့်သည် အံ့ဩခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ပိုင်ကျီဟန်၏ "အမှိုက်" ဟူသော ဂုဏ်သတင်းသည် ပိုင်မျိုးနွယ်၏ လှည့်စားသောအစီအစဥ်တစ်ခုအဖြစ် ထင်မြင်နေကြသည်။ ဒါပေမယ့် ပိုင်မျိိုးနွယ်က ပိုသိပေသည်၊
ပိုင်ကျီဟန်သည် သူ့ကျင့်ကြံမှု စွမ်းရည်ကြောင့် တင်မဟုတ်ဘဲ အလုပ်မကြိုးစားတာကြောင့်ပါ အမှိုက်ဟု ခေါ်ခံရတာပင်
သူ့အား အရင်းအမြစ်များပေးခြင်းသည် ကျိုးပဲ့နေသောအင်ဂျင်ထဲသို့လောင်စာဆီလောင်းခြင်းနှင့်တူသည်— သူတို့မည်မျှပေးသည်ဖြစ်စေ တိုးတက်မှုမရှိပေ။
သူ့စွမ်းအားကို ဖုံးကွယ်ထားတာလား
မဖြစ်နိုင်ပေ။ ပိုင်ကျီဟန်၏ ပင်ကိုယ်စရိုက်ကြောင့် မွေးကတည်းကပင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ
ဒါဆို ရွှေဗဟိုနယ်ပယ်အဆင့်ကို သူဘယ်လိုရောက်သွားတာလဲ။
အကြီးအကဲပိုင်ရမ်၏ မျက်လုံးများသည် မာနနှင့် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
"ဒါဆို သူက ရွှေဗဟိုနယ်ပယ်အဆင့်ကို ရောက်နေပြီပဲ။ တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါထင်ခဲ့ပေမဲ့ ဒါကို ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။"
အနာဂတ် မျိုးနွယ်ခေါင်းဆောင်ဖြစ်လာမည့် ပိုင်ကျီဟန်ကို မဟာအကြီးအကဲပိုင်ရမ်က အကဲ ဖြတ်နေသည်။
ကျင့်ကြံမှုစွမ်းရည်မရှိသော်လည်း
ပိုင်ကျီဟန်၏ လိမ္မာပါးနပ်မှုနှင့် ခေါင်းဆောင်မှု အရည်အသွေးများကို အမြဲကျေနပ်နေခဲ့သည်။
ယခုမူ ဤကဲ့သို့ အံ့အားသင့်ဖွယ် ကျင့်ကြံမှုစွမ်းရည်ဖြင့် ဦးနှောက်ရော ခွန်အားပါ ပြီးပြည့်စုံသည်ဟုခေါ်ဆိုနိုင်သည့် အနာဂတ်ခေါင်းဆောင်နဲ့ ပတ်သက်၍ ညည်းညူစရာဘာမှမကျန်တော့ပေ