← Chapters

ကောင်းကင်ရွေးချယ်သူ ကျရှုံးမှု

Vol. 7 Ch. 103

ကောင်းကင်ရွေးချယ်သူ ကျရှုံးမှု

Vol. 7 Ch. 103

ပိုင်မိသားစု အကြီးအကဲတွေသည် ကြည့်နေရင်း ရင်တထိတ်ထိတ်နဲ့ တင်းမာသွားကြသည်။

“အဲဒါ… အဲဒါက ဝိညာဉ်အခြေတည်ကာစ အဆင့် စွမ်းအားနဲ့ တူတဲ့ တိုက်ခိုက်မှုပဲ”

“ကျွန်တော်တို့ စွက်ဖက်သင့်ပြီလား? အဲဒါသာ သခင်လေးကို တိုက်ခိုက်မိရင်”

“ခဏလေး”

မဟာအကြီးအကဲ ပိုင်ရမ်၏ အေးဆေးတည်ငြိမ်သော အသံသည် ပူပန်နေသံတွေကို ချေမှုန်းလိုက်သည်။ သူ့မျက်နှာသည် ပျက်ယွင်းခြင်းတစ်စုံတစ်ရာမရှိဘဲ လက်နှစ်ဖက်ကို နောက် ပစ်ထားလိုက်သည်။

“အေးအေးဆေးဆေး ကြည့်နေကြပါ”

“ဒါပေမယ့် မဟာအကြီးအကဲ”

“ပိုင်ဇီဟန်ကို ယုံကြည်ကြပါ။ တကယ့်အခက်အခဲ ဖြစ်ခဲ့ရင် ကျွန်တော်က တာဝန်ယူပါမယ်”

မဟာအကြီးအကဲစကားကြောင့် အကြီးအကဲတွေသည် စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

မဟာအကြီးအကဲတစ်ယောက်လုံး ရှိနေသရွေ့ တကယ့်အန္တရာယ်ဖြစ်လာရင်တောင် အလွယ်တကူ ကယ်ထုတ်နိုင်မည်ပင်

တစ်ဖက်က မိန်မျိုးနွယ်မှာတော့ ထိုတိုက်ခိုက်မှုတစ်ချက်သည် ပိုင်ကျီဟန်ကို အနိုင်ရမည်ဟူသော မျှော်လင့်ချက်ဖြင့်ပင်

မိုရီချန် မျက်နှာသည် ဒေါသနဲ့ တောက်လောင်နေပြီး ထိုတိုက်ခိုက်မှု

သည် အင်အားအပြည့်နဲ့ ထိုးချလိုက်တာပင်

“နတ်ဘုရား အမြစ်ဖြတ်ခြင်း တိုက်ခိုက်ချက်”

အလွန်ကြီးမားပြီး တောက်ပသော စွမ်းအားဓားတစ်လက်သည် လေထဲကို ဆင်းသက်လာပြီး ပိုင်ကျီဟန်နဲ့အတူ လမ်းကြောင်းရှိ အားလုံးကို ဖျက်ဆီးဖို့ပင်

၎င်း၏ ပြင်းထန်သော တွန်းအားသည် ခန်းမတစ်ခုလုံးကို လေပြင်းများ တိုက်ခိုက်စေကာ ကြမ်းပြင်များ ကွဲအက်စေပြီး နံရံများ ပဲ့ကြွေသွားစေသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူ မရွေ့ပေ။ ပိုကောင်းသော အရွေ့တစ်ခုတောင် ထိုတိုက်ခိုက်မှုကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပေ

ကျရှုံးမည့်အရာများကို ရှောင်တိမ်းရန် ကြိုးစားခြင်းထက် ခုခံကာကွယ်ခြင်းအပေါ် အာရုံစိုက်ခြင်းက ပိုကောင်းပေသည်။

အလင်းတောက်ပတဲ့ စွမ်းအားလက်နက်က သူ့ကို လုံးဝဖုံးအုပ်လိုက်ချိန်

ဘုန်း!!!

လေထုသည် လုံးဝ လှုပ်ခါသွားပြီး မျက်နှာအနှံ့ မုန်တိုင်းတိုက်သလို ဖြစ်သွားသည်။

နေရာတိုင်းတွင် ဖုန်မှုန့်များနှင့် အပျက်အစီးများရှိနေပြီး အနီးနားရှိ တပည့်များသည် ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် ၎င်းတို့၏ မျက်နှာများကို ကာခဲ့ကြသည်။

ခဏတာတော့ အရာအားလုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။

အမှုန်အမွှားတွေ ပြေပျောက်သွားတဲ့အခါ အားလုံးရဲ့ မျက်လုံးတွေဟာ ပျက်စီးခြင်းအလယ်ဗဟိုကို ရောက်သွားခဲ့သည်။

အပျက်အစီး၏အလယ်ဗဟိုတွင် ပိုင်ကျီဟန်သည် မတ်တပ်ရပ်နေသော်လည်း သူ့ရုပ်သွင်ပြင်မှာ ထိထိမိမိမရှိလှပေ။

သူ၏ ၀တ်ရုံများ စုတ်ပြဲကာ မီးလောင်ကျွမ်းနေပြီး သွေးများဖြင့် စွန်းထင်းနေခဲ့သည်။ ပါးလွှာသော ပြတ်ရှဒဏ်ရာသည် သူ၏ လက်များနှင့် ပခုံးနှစ်ဖက်ကို ဖြတ်သွားကာ ၎င်း၏ ဘယ်ဘက်ခြမ်းတစ်လျှောက် နက်ရှိုင်းသော အပေါက်တစ်ခု ပေါ်ထွက်ပြီး သွေးများ ထွက်နေသည်။

သူ့နဖူးမှ သွေးပါးပါးလေးသည် စူးရှအေးစက်သော မျက်လုံးများကို ဖြတ်ကာ စီးကျလာသည်။

ဒဏ်ရာတွေရသည့်တိုင် သူ့ရပ်တည်ချက်က မယိမ်းယိုင်ပေ

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် မှုန်မှိုင်းကာ ရယ်မောလုနီးပါး ဖြစ်သွားသည်။

“ကောင်းကင်ဘုံက ရွေးချယ်သူ ဆိုတဲ့ အတိုင်းပဲ…” သူက ရေရွတ်ရင်း နဖူးမှ သွေးများကို လက်ဖြင့် သုတ်လိုက်သည်။

“အခြေအနေတိုင်းကို တွန်းလှန်ဖို့ သူတို့မှာ ဝှက်ဖဲ အမြဲရှိတယ်။"

သူ့အကြည့် မှေးမှိန်မသွားမီ ငွေရောင်အလင်းတန်းတစ်ခု ခေတ္တမျှ တောက်ပစွာ လင်းထိန်နေသည့် သူ့ရင်ဘတ်ဆီသို့ ကြည့်လိုက်သည်—သူ၏ မြေကမ္ဘာအဆင့် ချပ်ဝတ်တန်ဆာသည် ဒုက္ခများစွာမရှိဘဲ မတ်တပ်ရပ်နေနိုင်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

သူ၏ ရွေဗဟိုနယ်ပယ်အဆင့်နှင့် ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်နည်းစနစ်ဖြင့် သန့်စင်ထားသော သူ၏ခန္ဓာကိုယ်ကိုဖြင့်ပင် မိုရီချန်၏ နတ်ဘုရား အမြစ်ဖြတ် တိုက်ခိုက်ချက်၏ ပြင်းထန်သောစွမ်းအားသည် သူ့အား ကန့်သတ်ချက်သို့ တွန်းပို့လုနီးပါးဖြစ်သည်။

"ငါသာ ရွှေဗဟိုနယ်ပယ်အဆင့်ကို မရောက်ခဲ့ရင်..." ပိုင်ကျီဟန်က တွေးပြီး သူ့အမူအရာ အနည်းငယ် မှေးမှိန်သွားသည် ။

"ငါ ဒုက္ခရောက်တော့မလို့”

ထို့ကြောင့် ဇာတ်ဆောင်ကို လွန်စွာသတိမထားဘဲ နေလို့မရတာပင်။ ၎င်းတို့တွင် တိုက်ပွဲကို အလွယ်တကူ ပြောင်းလဲနိုင်သော အရာတစ်ခု အမြဲရှိ၏

ကြယ်တစ်ပွင့် ကံကြမ္မာအဆင့်ကောင်းကင် ရွေးချယ်သူ မိုရီချန်ပင်လျှင် ဤမျှဆိုးရွားသောတိုက်ခိုက်မှု ရှိနေသည်။

လင်းရွှမ်နဲ့ ပိုင်ရှင်းယွဲ့တို့သာဆို ၎င်းတို့၏ နောက်ဆုံး ဝှက်ဖဲအဖြစ် စတိုးဆိုင်မှ မည်သည့်အရာများ ရှိနေနိုင်သည်ကို စဉ်းစားနေရန် မလိုအပ်ပေ။

ဒါဇင်အနည်းငယ်အကွာမှာ ရပ်နေဆဲ မိုရီချန်သည် အာရုံစူးစိုက်မှုပြောင်းသွားပြီး ပြင်းပြင်းထန်ထန် မောဟိုက်သွားသည်။

မိုရီချန်တစ်ဝိုက်ရှိ ရွှေရောင်အလင်းတန်းများသည် တဖျပ်ဖျပ်ခတ်နေပြီး တစ်ချိန်က သူ၏ကြီးမားခမ်းနားသော ရောင်ဝါသည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။

သူ၏လက်ထဲတွင်ရှိသော ထာဝရဝိညာဉ်ဓားသည် မှိန်သွားကာ ၎င်း၏အလင်းသည် လျော့နည်းသွားခဲ့သည်။

မိုရီချန်၏ မျက်နှာသည် ချွေးများဖြင့် ဖြူဖျော့နေသည်။

သူ၏ ဆံပင်ခဲရောင်နှင့် နွမ်းလျသောအသွင်အပြင်သည် သူဓား၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်ခြင်းကြီးမားသောကုန်ကျစရိတ် ဖြစ်ပေသည်။

သို့သော် သူ၏ လက်ရှိအခြေအနေတွင်ပင် သူ့မျက်လုံးများသည်ရဲရဲတောက်နေ၏။

"မင်း...ရပ်​​နေသေးတာလား...?"

မိုရီချန်သည် ပါးစပ်ကို ဟကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး..."

ရွှေဗဟိုနယ်ပယ်မှ ပိုင်ကျီဟန်မဆိုထားနှင့် ။ ဝိညာဉ်အခြေတည်ကာစ ကျင့်ကြံသူကိုတောင် သတ်ပစ်နိုင်သော တိုက်ခိုက်မှုတစ်ခုပင်

ထိုတိုက်ခိုက်မှုကို ပိုင်ကျီဟန် ခုခံကာကွယ်နိုင်သည့် လမ်းစမကျန်အောင်ပင် သူ့အသက်စွမ်းအားကို စွန့်လွှတ်ခဲ့ရသည်။

ပိုင်ကျီဟန်သည် သူ့အပြင်းထန်ဆုံး တိုက်ခိုက်မှုကနေ ရပ်တည်နိုင်သည်ကို သူ မယုံနိုင်ခဲ့ပေ။

"ငါ... ငါ လုပ်သင့်တယ်..."

"မင်းဘာလုပ်ရမှာလဲ?" ပိုင်ကျီဟန်သည် သူ့အပေါ်ကနေ လှမ်းကြည့်လိုက်၏ "သူရဲကောင်းဖြစ်ဖို့လား။မိန်မျိုးနွယ်ကို ကယ်တင်ဖို့လား။"

မိုရီချန်၏ တုန်လှုပ်နေသော လက်ချောင်းများက သူ့ဓားကို လှမ်းကိုင်လိုက်သော်လည်း ပိုင်ကျီဟန်၏ခြေထောက်သည် ထိုဓားပေါ်မှ ဆင်းလာပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

"မင်းက ဘာမှမဟုတ်ပါဘူး" ပိုင်ကျီဟန်သည် အေးစက်စက်နှင့် သနားညှာတာမှုကင်းသော အသံဖြင့် ပြောလိုက်သည်။

"ကံတရားက မင်းကို ပြိုင်ဘက်ကင်းဖြစ်စေမယ်လို့ ထင်နေတဲ့ လူမိုက်တစ်ယောက်ပဲ"

ပိုင်ကျီဟန်သည် အသက်ကို မှီတည်နေရသည့် ဆံပင်ဖြူဖြူဖွေးဖွေးနဲ့ မျက်နှာဖြူဖျော့နေသည့် မိုရီချန်အား ကြည့်နေ၏

သူသည် ဝှက်ဖဲများ မရှိတော့ဘဲ သူ၏ နောက်ဆုံးထွက်သက်တွင် အမှန်တကယ် ရောက်နေပုံရသည်။

"ဒီဓားမရှိရင် မင်းဘာမှ မဟုတ်ဘူး”

မိုရီချန်၏ မျက်လုံးများ ပြူးကျယ်သွားကာ အမှန်တရားက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့အား ရိုက်ခတ်လာသောအခါ သူ့မျက်နှာ ဖြူဖျော့သွားသည်။

ထို့အပြင် ပိုင်ကျီဟန်၏ စကားများအရ မိုရီချန် မည်ကဲ့သို့ ကျော်ကြားလာသည်ကို သူ အတိအကျ သိပုံရသည်။

ပိုင်ကျီဟန်သည် သူ့ထာဝရဝိညာဉ်ဓားအထက်မှာ အမြဲရှိနေသလား။

ပိုင်ကျီဟန် ထိုစကားတွေပြောသည့်အခါမှ သူပထမဆုံးအတွေး ဝင်မိတာပင်။

ဒါပေမယ့် သူသိဖို့ နည်းလမ်းမရှိခဲ့ပေ

ပိုင်ကျီဟန်၏ အေးစက်သောအကြည့်တွေသည် သူ့ကို ထိုဘဝကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမည် မဟုတ်ကြောင်း ပြောနေသလိုပင်

နောက်ဆုံးတွင် မိုရီချန်သည် သူ၏အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သဘောပေါက်ခဲ့သည်။

"မင်း... မလုပ်နိုင်ဘူး”

မိုရီချန်၏ အသံသည် အက်ကွဲနေပြီး ကြောက်ရွံ့မှုဖြင့် ညှိုးနွမ်းနေသော သူ့မျက်နှာသည် ဖြူဖျော့သွားသည် ။

"ငါနိုးထရမယ်! ငါကလူတိုင်းရဲ့ထိပ်မှာရပ်နေရမယ်”

သူအော်လိုက်လေ၏ သူ့အသံမှာ စိတ်ပျက်လက်ပျက်နှင့် ပြည့်နေသည်။

"နောက်ဆုံးတော့ ငါ့ဘဝက အလှည့်အပြောင်းဖြစ်ပြီ။ ငါဒီမှာ မသေနိုင်ဘူး၊ ဒီလိုမဟုတ်ဘူး"

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။

သူ့ဘဝသည် အလှည့်အပြောင်း ဖြစ်နေပြီး ပုံမှန်အတိုင်း လည်ပတ်နေတာကြောင့် နှစ်အနည်းငယ်အတွင်းမှာ အပြင်းထန်ဆုံးသူတစ်ယောက် ဖြစ်လာနိုင်၏

သို့သော် ပိုင်ကျီဟန်သည် သူ၏ရန်သူ အထူးသဖြင့် ကောင်းကင်ဘုံရွေးချယ်သူကဲ့သို့ တစ်ကျော့ပြန်ဖြစ်လာနိုင်သူအား သနားညှာတာမှုပြနိုင်မည့် နည်းလမ်းမရှိပေ

"ကျေးဇူးပြုပြီး... ငါ-"

"ကျေးဇူးပြု?"

ပိုင်ကျီဟန်က ရယ်မောလိုက်သည်။

"အခု အသနားခံနေတာလား ။ အစောက မာနက ဘယ်မှာလဲ၊ မိန်မျိုးနွယ်ကို ကယ်တင်ဖို့ သူရဲကောင်း မဖြစ်ချင်ဘူးလား"

မိုရီချန်၏ အသက်ရှုသံသည် ထိတ်လန့်တကြား မောဟိုက်လာကာ သူ့အတွေးများ ပြေးနေသည်။ သူ ဒီမှာ မသေနိုင်ပေ

အထွတ်အထိပ်မှာ ရပ်တည်ဖို့၊ အပြင်းထန်ဆုံးဖြစ်ဖို့ သူ အများကြီး လွတ်မြောက်ခဲ့ပြီး အတားအဆီးများစွာကို ကျော်ဖြတ်ခဲ့ရသည်။

ယခုမူ ပိုင်ကျီဟန်၏ အေးစက်စက်နှင့် မခံစားနိုင်သော မျက်လုံးများကို စိုက်ကြည့်ရင်း ထိုအိပ်မက်များအားလုံးသည် ဖုန်မှုန့်များကဲ့သို့ ပြိုပျက်သွားပုံရသည်။

"ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

စိတ်ပျက်လက်ပျက် အသံတစ်ခုက အော်ဟစ်လိုက်သည် ။

မိန်ရူလန်၏ မျက်နှာ ဖြူဖျော့ပြီး တောင်းပန်သည့် အမူအရာဖြင့် လက်နှစ်ဖက်ကို ပူးကပ်ထားသည်။

"သခင်လေးပိုင်၊ ကျေးဇူးပြုပြီး... သူ့ကို ချမ်းသာပေးပါ ၊ သူ ရှုံးသွားပါပြီ-"

"ရူလန်”

ကြမ်းတမ်းခက်ထန်သော အသံသည် သူမ၏ အသနားခံမှုကို ဖြတ်တောက်လိုက်သည်။

သူမ၏ဖခင် မိန်ယွင်ဟယ်သည် သူမ၏လက်ကို ဆုပ်ကိုင်ထားပြီး သူ၏အမူအရာမှာ အေးစက်နေကာ ကြောက်ရွံ့မှုအပြည့် ရှိနေသည်။

"တိတ်တိတ်နေ ကောင်မလေး။ ဒါကို ပိုဆိုးအောင် မလုပ်နဲ့။"

မိန်ယွင်ဟယ်သည် သွားကို တင်းကျပ်စွာစိထားပြီး သူ့အသံသည် တိုးတိုးလေးပင်

"ငါတို့ ပိုင်ကျီဟန်ကို စော်ကားပြီးပြီ။ သူ့ဓားကို ငါတို့ဘက်ကို လှန်ပစ်စေချင်တာလား၊ ငါတို့ မိုရီချန်ကို တောင်းဆိုပိုင်ခွင့်မရှိဘူး"

"ဒါပေမယ့်-"

"ဒါပေမယ့် မရှိဘူး”

မိန်ယွင်ဟယ်၏ မျက်လုံးများသည် ကြောက်လန့်မှုဖြင့် ပြည့်နှက်နေသည်။

"မင်း ကြည့်စမ်း။ မိုရီချန် ရှုံးသွားပြီ။ နောက်တော့ ငါတို့အလှည့်ဖြစ်နိုင်တယ်။ ငါတို့ကိုယ်တိုင်အပါအဝင် ဘယ်သူ့အတွက်မှ အသနားခံပိုင်ခွင့်မရှိဘူး"

သူတို့ကို စောင့်မျှော်နေသော ကံကြမ္မာသည် မိုရီချန်ထက် ပိုကောင်းမည်မဟုတ်ကြောင်း မိန်ယွင်ဟယ် သိသည်။

သူတို့ကိုယ်သူတို့တောင် ကယ်တင်ဖို့ အနေအထားမရှိသည့်အခါ မိုရီချန်အတွက် မည်သို့ အသနားခံပေးနိုင်မည်နည်း

ပိုင်ကျီဟန်ကို ရပ်တန့်လိုက်တာက သူတို့သင်္ချိုင်းတွင်းကို တူးလိုက်သလိုပင်။ အသနားခံဖို့ စဉ်းစားထားတာက သူ့ကို စော်ကားတာထက် ပိုဆိုးသွားလိမ့်မည်

မိန်ယွင်ဟယ်သည် သူ့သမီးကို ကြည့်ရင်း စိတ်ပျက်လက်ပျက် မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ပင်

သူမ လုပ်ရပ်များ၏ အကျိုးဆက်များကို တွေးတောဆင်ခြင်ခဲ့ပါက ၎င်းတို့သည် ဤအမှိုက်လက်တွင် အသနားခံနေရမည်မဟုတ်ပေ။

မိန်ရူလန်သည် ဒူးထောက်ကာ မျက်ရည်များ စီးကျလာသော်လည်း သူမ နောက်ထပ် စကားမပြောရဲပေ

ပိုင်ကျီဟန်၏ဓားသည် မိုရီချန်၏ခေါင်းထက်တွင် ပျံဝဲနေသဖြင့် သူမ စောင့်ကြည့်ရုံသာ တတ်နိုင်သည် ။

မိုရီချန်၏ တုန်လှုပ်မှုသည် ပြင်းထန်လာပြီး သူ့အသံသည် ယခုအခါ တိုးတိုးလေးပင်။

"မဟုတ်ဘူး... ကျေးဇူးပြုပြီး... ငါ မသေချင်ဘူး..."

ပိုင်ကျီဟန်သည် သူ့ကို ငုံ့ကြည့်ပြီး အေးစက်နေသော မျက်လုံးထဲတွင် ရယ်မောနေတဲ့ အရိပ်တစ်ခုရှိနေ၏

"ကောင်းပြီ၊ ငါ့ကို မောက်မာစွာ စိန်မခေါ်ခင်က အဲဒါကို စဉ်းစားသင့်တယ်။"

“ ငါ..ငါ”

မိုရီချန်၏ နှလုံးသားများ တဒိန်းဒိန်းခုန်ကာ သူ့စိတ်ထဲတွင် နောင်တများဖြင့်ပင် ။ သူရဲကောင်းဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။

မိန်မျိုးနွယ်ကို ကယ်တင်နိုင်မည်။ သူနှစ်သက်သော မိန်းကလေးကို အထင်ကြီးစေပြီး မာနကြီးသော သခင်လေးတစ်ဦးကို အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သည်။

လောကကြီးက အမြဲလိုလို သာယာနေမည်ဟု သူထင်ခဲ့သည်။ အခက်အခဲတွေ ကြုံလာရရင်တောင် သူက တစ်နည်းနည်းနဲ့ လှည့်ပြီး အောင်ပွဲခံနိုင်မည်သာ

ဒါပေမယ့် မဟုတ်ပေ

ဒါက လက်တွေ့ပင်

သူ့ဓားကို ဆုံးရှုံးလိုက်ရသည်။ သူ့တွင် ချီစွမ်းအင် မကျန်တော့ပေ။ သူ့အသက်စွမ်းအားသည် သူ့ကို တခဲနက် ဆုပ်ကိုင်ထားသည်။

သေခြင်းတရားသည် တစ်ခုတည်းသောရလဒ်သာ။

ပိုင်ကျီဟန် အကြည့်တွေက ဘာမှမထူးခြားပေ

(သူ့ကိုသတ်လိုက်ရင် တစ်ခုခုဖြစ်သွားမှာလား။)

ခဏတာ အတွေးတစ်ခုသည် သူ့စိတ်ထဲ ရောက်သွားသည် ။ ကောင်းကင်ဘုံ၏ဝင်ရောက်စွက်ဖက်မှုလား ။ကျိန်စာလား? ဒါမှမဟုတ် ကောင်းကင်ရွေးချယ်သူကို သတ်ခြင်းအတွက် တုံ့ပြန်မှုတစ်မျိုးမျိုး ရှိနိုင်လား။

နောက်ဆုံးတွင် ကောင်းကင်ရွေးချယ်သူသည် ကောင်းကင်ဘုံကိုယ်တိုင် ချမှတ်ထားသောလမ်းကို လျှောက်လှမ်းသူများဖြစ်သည်။ တစ်ဦးကို သတ်ခြင်းသည် ကံကြမ္မာကို အံတုခြင်းဟု မြင်နိုင်သည်။

ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူကို သတ်လျှင် ဘာဖြစ်မည်နည်း။ ကမ္ဘာကြီးပြောင်းသွားမလား ကံကြမ္မာက လက်တုံ့ပြန်မှာလား။

သူမသိခဲ့ပေ

ဒါပေမယ့် မကြာခင် သူသိရလိမ့်မည်

မိုရီချန်၏ အမြင်အာရုံများ မှုန်ဝါးသွားကာ သူ့ခန္ဓာကိုယ်သည် ခဲသတ္တုလိုပင် ။ ဝင်လာသော ရိုက်ခတ်မှုကို တားဆီးရန် သူ့လက်ကိုပင် မဆန့်နိုင်ပေ

ပိုင်ကျီဟန်၏ဓားသည် လေထဲသို့ ဖြတ်သွားသော ငွေရောင်အကွေ့တစ်ခုအဖြစ် တောက်ပလာသည်။

ရွှမ်

ပြီးပြည့်စုံသော ခုတ်ဖြတ်မှုပင်

ကြက်သွေးရောင် အကွေ့အကောက်တွင် သွေးများ ဖျန်းခနဲထပြီး ပျက်စီးနေသော ကြမ်းပြင်ကို စွန်းထင်းသွားသည်။

မိုရီချန်၏ပြူးကျယ်ပြီး စိတ်ပျက်အားငယ်နေသော မျက်လုံးများသည် ခဏတာ အေးခဲသွားပုံရသည်။ ထို့နောက် ၎င်းတို့ထဲမှ အလင်းရောင်မှိန်ဖျော့သွားသည်။

ဘုန်း!

သူ့ခန္ဓာကိုယ်သည် အသက်မဲ့၍ မြေကြီးပေါ်သို့ လဲကျသွားသည်။

ခန်းမသည် သေမင်းတမန်လို တိတ်ဆိတ်သွားချေသည်။

All Chapters