ကောင်းကင်ရွေးချယ်သူကို သတ်ခြင်းအတွက် ဆုလာဘ်
Vol. 7 Ch. 105
ပိုင်ကျီဟန်သည် ကောင်းကင် သင်္ဘောပေါ်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထိုင်နေသည်။
သူ၏စိတ်ထဲတွင် ဖျက်ဆီးခံရသည့် မိန်မိသားစုအကြောင်း မေ့မေ့လျော့လျော့ ဖြစ်နေ၏
စနစ်ကပေးမည့် ဆုလာဘ်များကိုသာ စဉ်းစားနေသည်။
ပိုင်မိသားစုအဆင့်မြင့် အကြီးအကဲများနှင့် တပည့်များထံမှ အံ့ဩမှုနဲ့ လေးစားမှုများကို ရရှိနေသော်လည်း ပိုင်ကျီဟန် သည် သူတို့ကို အလုံးစုံ လျစ်လျူရှုရင်း ခန္ဓာကိုယ် ပြန်လည် သန်စွမ်းရန် လိုအပ်ကြောင်းပြောကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။
ပိုင်ကျီဟန်သည် ဝိညာဉ်အခြေတည်ကာစ တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ထားရသဖြင့် လူတိုင်းက ဒါကို နားလည် သဘောပေါက်ခဲ့သည်။
မည်သူမျှ သူ့ကို အနှောက်အယှက် မပေးကြပေ
“ကောင်းကင်ရွေးချယ်သူ တစ်ဦးကို သတ်ပြီးရလာတဲ့ အကျိုးကျေးဇူးတွေ ဘာတွေလဲကြည့်ရအောင်”
ပိုင်ကျီဟန်သည် ကိုယ့်ဘာသာ ပြောလိုက်သည်။
“စနစ်”
အချိန်ဖြုန်းမနေဘဲ ဆုလာဘ်များအပိုင်း သို့ ဝင်ကြည့်လိုက်သည်။
[မယူရသေးသော ဆုလာဘ်များ]
ပိုင်ကျီဟန်၏ မျက်နှာရှေ့တွင် စနစ်၏ အပြာရောင်အလင်းတန်းလေး ပေါ်လာကာ
အကြောင်းကြားချက်များ တစ်ခုပြီး တစ်ခု ဝင်လာသည်။
စနစ်အကြောင်းကြားချက် –
[ကောင်းကင်ရွေးချယ်သူကို သတ်လိုက်သဖြင့် ဂုဏ်ပြုပါသည်!]
ဆုလာဘ် – စနစ်အမှတ် ၁၀,၀၀၀
[ကောင်းကင်ရွေးချယ်သူကို သတ်ဖြတ်ခြင်း( မိုရီချန် - ကံကြမ္ဘာ အဆင့်တစ်)]
ဆုလာဘ် – ကျင့်ကြံမှူ အမြန်နှုန်း ၁၀၀ဆ ကတ် ( ၁၀ ရက်)
ဆုလာဘ် – ဓားရည်ရွယ်ချက် နားလည်ခြင်း သလင်းကျောက်
အလယ်အလတ်အဆင့်)
ပိုင်ကျီဟန် မျက်လုံးများ ပြူးကျယ်လာပြီး နှလုံးခုန်သံ မြန်လာသည်။ ဤအရာသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
"ကောင်းကင်ဘုံ ရွေးချယ်သူကို သတ်လို့ စနစ်အမှတ် ၁၀,၀၀၀?"
တိုးတိုးလေး ပြောရင်း အပြုံးသည် သူ့မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
မိုရီချန်သည် သူနှင့်နှိုင်းယှဉ်လျှင် အားနည်းပုံပေါက်ပုံသည်ဟု ယူဆနိုင်သော်လည်း ၎င်းသည် သူ၏အမြင်မျှသာဖြစ်သည်။
တကယ်တော့ မိုရီချန်သည် သန်မာပေ၏ တူညီသော ကျင့်ကြံမှုအဆင့်မှ အခြားသူတစ်ဦးဖြစ်ခဲ့ပါက ရှင်သန်နိုင်မည်မဟုတ်ပေ။
ရွှေဗဟိုနယ်ပယ်အဆင့် မိုရီချန်ကို ရင်ဆိုင်ရခြင်းသည် သေခြင်းတရားကို လက်တွေ့ကျကျ ကစားခိုင်းသကဲ့သို့ပင်။
ထို့ကြောင့် အမှတ် တစ်သောင်းသည် အဆင်ပြေသော ပမာဏဖြစ်သည်။ အထူးသဖြင့် ကောင်းကင်ဘုံ၏ရွေးချယ်သူကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်းအတွက် အဆင်ပြေလှ၏ အခြားဆုလာဘ်များစွာလည်း ရှိနေသေးသည်။
"ပြီးတော့ ကျင့်ကြံမှု အဆ ၁၀၀ အမြန်နှုန်းကတ်လား။ ဒါက ကျင့်ကြံမှု အဆ ၁၀၀ အမြန်နှုန်းကတ်ကို ပထမဆုံးရလိုက်တာပဲ"
ကျင့်ကြံမှု အဆ ၁၀၀ အမြန်နှုန်းကတ် သည်ပင် ကျင့်ကြံမှုအမြန်နှုန်းကို တိုးမြှင့်ရန်အတွက် မယုံနိုင်လောက်အောင် ကောင်းမွန်နေချေသည်။ ၁၀၀ဆဖြင့် သူ၏ ကျင့်ကြံမှုသည် မည်မျှထိ မြင့်မားနိုင်မည်ကို မည်သူသိမည်နည်း
ပိုင်ကျီဟန်အဖို့ တန်ဖိုးကြီးလှ၏ ။ အခွင့်အရေးကောင်းအတွက် သိမ်းထားရမည်
ဒါပေမယ့် သူ့မျက်လုံးကို တကယ်ဖမ်းစားခဲ့တာကတော့ ဓားရည်ရွယ်ချက် နားလည်ခြင်း သလင်းကျောက်ပင်
"ဓားရည်ရွယ်ချက် နားလည်ခြင်း သလင်းကျောက် ..."
ပိုင်ကျီဟန်သည် ရေရွတ်ပြီး အကြောင်းကြားချက်ကို နှိပ်လိုက်သည်။
ဓားရည်ရွယ်ချက် နားလည်ခြင်း သလင်းကျောက် (အလယ်အလတ်)
ဓားရည်ရွယ်ချက်ကို ကျင့်ကြံသူအား တိုက်ရိုက် ထိုးထွင်းသိမြင်နိုင်သော ရှားပါးသလင်းကျောက်တစ်ခုပင်
ဤပုံဆောင်ခဲကို စုပ်ယူခြင်းဖြင့် ဓားနည်းစနစ်များ ကျွမ်းကျင်လာစေကာ အလယ်အလတ်ဓားရည်ရွယ်ချက်ကို တိုက်ရိုက်အောင်မြင်နိုင်စေမည်ဖြစ်သည်။
ဓားရည်ရွယ်ချက်။
ဓားရည်ရွယ်ချက်၏ သဘောတရားသည် ကျင့်ကြံသူအများစုပင် အောင်မြင်ရန် ရုန်းကန်နေရသည့် နားလည်မှုနယ်ပယ်တစ်ခု ဖြစ်သည်။
ဓားကိုလွှဲရုံသာမက—ဓား၏အနှစ်သာရကိုနားလည်ကာ ၎င်းကိုဖြတ်ကျော်ပြီး နားလည်ခြင်းပင်ဖြစ်သည်။
အရည်အချင်း၊ ကံတရားနှင့် မဆုတ်မနစ်သော ကြိုးစားအားထုတ်မှု မရှိဘဲ ဓားရည်ရွယ်ချက်၏ အခြေခံအဆင့်ကို အောင်မြင်ရန်ပင် မဖြစ်နိုင်ပေ။
ဓားရည်ရွည်ချက် အခြေခံအဆင့်ကို အောင်မြင်ရန်အတွက်ပင် အနည်းဆုံး ဆယ်နှစ်ကြာ အလုံးစုံ ကြိုးစားရမည်ဟု ဆိုကြသည်။ ထိုလမ်းတွင် တစ်ကြိမ်ပင် စိတ်လွတ်ပါက အားလုံးကို ဆုံးရှုံးနိုင်သည်။
ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့် ရောက်ဖို့ အနည်းဆုံး နှစ်တစ်ရာကြာ အဆက်မပြတ် လေ့ကျင့်ရမည့်အပြင် ထူးဆန်းသည့် ကံကောင်းမှုတစ်ရပ်လည်း လိုအပ်သည်။
ကောင်းကင်အင်ပါယာတွင် ဓားရည်ရွယ်ချက် အလယ်အလတ် အဆင့်ကို အောင်မြင်ထားသူတိုင်းသည် အင်အားအကောင်းဆုံးသူများအဖြစ် သမိုင်းစာတမ်းများတွင် မှတ်တမ်းတင်ထားခံခဲ့ရသည်။
ယခုအချိန်တွင် အလားတူ ဓားရည်ရွယ်ချက်ထိတွေ့နိုင်သည့် အတိုင်းအတာအထိ နီးစပ်လာခဲ့ချေပြီ။
“ ဓားရည်ရွယ်ချက်အလယ်အလတ်အဆင့် ဟဟ! ဒါနဲ့ဆိုရင် ငါ ပြိုင်ဘက်ကင်းမှာ မဟုတ်ဘူးလား?”
ပိုင်ကျီဟန်၏ မျက်လုံးများတွငိ စိတ်လှုပ်ရှားမှုနဲ့ တောက်ပနေ၏
ဓားရည်ရွယ်ချက်ကို ရသွားလျှင် သူ၏ ကျင့်ကြံရေးအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်သွားကာ ပိုမြင့်မားသေားအဆင့်မှ ကျင့်ကြံသူ
များကိုပင် စိန်ခေါ်နိုင်ပေမည် —အဓိကဇာတ်ကောင် များကဲ့သို့ပင်။
(အခုချိန်မှာပဲ တမ်းသုံးသင့်သလား?)
ပိုင်ကျီဟန်သည် လောဘနှင့် စိတ်မရှည်မှုတို့ဖြင့် ရောစပ်နေ၏
ဓားရည်ရွယ်ချက်ကျောက်ကို အခုတင် သုံးလိုက်မည်ဆိုလျှင် ဘာဖြစ်မည်ကို သူမသိသေးပေ။
၎င်းကိုလုပ်ဆောင်ရန် အချိန်လိုအပ်သည်လား သို့မဟုတ် ချက်ချင်း ဓားရည်ရွယ်ချက်ကို ရရှိမည်လား။
သူ့အဖို့ ပိုင်မျိုးနွယ်သို့ ပြန်သွားသည်အထိ စောင့်ဆိုင်းခြင်းသည် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်သည်။ သို့သော် သူ၏ဆာလောင်မှုကြောင့် လက်တွေ့အတွေးသည် တိမ်မြုပ်သွားခဲ့သည်။
စက္ကန့်ပိုင်းမျှ မတွေးဘဲ သူသည် သလင်းကျောက်ကို လက်ထဲတွင် ဆုပ်ကိုင်ကာ ချေမွလိုက်သည်။
မျက်စိစူးစေသော ငွေရောင်အလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သော ဓားနည်းစနစ်များ၊ ချွန်ထက်မှု၊ အလေးချိန်၊ အရှိန်နှင့်အတူ ဓားနှင့်ပတ်သက်သော အဆုံးမရှိ ရှင်းလင်းပြတ်သားသည့် အာရုံခံစားမှုတစ်ခုသည် သူ့စိတ်တွင် ချက်ချင်း ပြည့်လျှံသွားခဲ့သည်။
သူသည် ဓားကိုကိုင်လိုက်တိုင်း—ထိုးနှက်မှုတိုင်း သူ့စိတ်ထဲ ရောက်လာ၏
ယခုမူ ၎င်းတို့သည် သန့်စင်ပြီး ပြီးပြည့်စုံကာ သာလွန်သော အသွင်အပြင်ဖြင့် မြှင့်တင်ထားသည်။
သူ၏ အသက်ရှုသံသည် စူးရှလာသည်။ သူ၏ ရောင်ဝါသည် သိမ်မွေ့စွာ ရွေ့လျားလာပြီး သူ့ခန္ဓာကိုယ်မှ ငွေရောင်ဖျော့ဖျော့ ဖြာထွက်လာသည်။
ဓားရည်ရွယ်ချက်။
၎င်းသည် နားလည်ရုံမျှသာမက သူ့တွင် ရှိလာသောအရာဖြစ်သည်။
ရုတ်တရက် သူ့အခန်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းများ ထွက်ပေါ်လာပြီး သင်္ဘောကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ဝုန်း
“ဘ… ဘာဖြစ်နေပြီလဲ”
ပိုင်ကျီဟန်အခန်းတံခါးပြင်ပရှိ ပိုင်မိသားစုတပည့်တစ်ဦးသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် နံရံကို ဆွဲထားလိုက်ရသည်။
“သင်္ဘောကို တိုက်ခိုက်နေပြီလား”
တစ်ဦးသည် လန့်ပြီး အော်လေသည်။
“အကြီးအကဲရေ၊ ဘာဖြစ်နေတာလဲ”
တပည့်များက စိုးရိမ်ပြီး အကြီးအကဲများထံ မေးမြန်းကြ၏
ထိုအချိန်တွင် အကြီးအကဲများပင် တုန်လှုပ်သည့် အနေအထားဖြစ်နေကြသည်။မမြင်ရသည့်ဓားများ ကခုန်နေသကဲ့သို့ လေသည် ပြင်းထန်ပြီး မထိန်းနိုင်သည့် ဖိအားကြီးတစ်ခု လျှံကျလာခဲ့သည်။
“ငြိမ်ကြ” မဟာအကြီးအကဲ ပိုင်ရမ်၏တည်ငြိမ်ပြီး ဩဇာကြီးသောအသံ ထွက်လာ၏
သူသည် အနှောင့်အယှက်၏ မူလဇစ်မြစ်ကို ပထမဆုံး သိရှိသူဖြစ်ပြီး ပိုင်ကျီဟန်၏အခန်းကို အာရုံစိုက်နေချိန်တွင် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဤအရာသည် ထူးကဲသော အရာဖြစ်သည် ဟု ဗီဇက သိသော်လည်း လုံးဝ အန္တရာယ် မရှိပေ
"အကြီးအကဲ ဘာဖြစ်နေတာလဲ၊ တစ်ယောက်ယောက်က ကျွန်တော်တို့ကို တိုက်ခိုက်နေတာလား။"
နောက်အကြီးအကဲတစ်ယောက်သည် သူ့နဖူးမှ ပုတီးစေ့လောက် ချွေးတွေကို သုတ်ရင်း မေးသည်။
"မဖြစ်နိုင်ဘူး! ငါတို့ကို ဘယ်သူမှ မတိုက်ခိုက်ဘူး... ငါတို့ကလွဲလို့ ဘယ်သူမှ သင်္ဘောပေါ်တောင် မရောက်ဘူး။"
"ဒါဆို ဒီဖိအားက ဘာလဲ၊ ဒါက... ဒါက မြေလျှိုးမိုးပျံအဆင့်ထဲက တစ်ယောက်လို ခံစားရပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ—"
အကြီးအကဲ တစ်ယောက်က မောဟိုက်လာသည်။
"ခဏလေး ပိုင်ကျီဟန် အခန်းက လာနေတာလား။ ပိုင်ကျီဟန်ကို လုပ်ကြံဖို့ တစ်ယောက်ယောက် လာနေတာလား။"
အကြီးအကဲတစ်ဦးသည် ထိတ်လန့်တကြားမေးသည်။ သာမာန်အားဖြင့် သူသည် ထိုသို့ စိတ်ပူပန်နေမည် မဟုတ်သော်လည်း ၎င်းတို့၏ အမွေဆက်ခံသူသည် မည်မျှ အစွမ်းထက်ပြီး အရည်အချင်းရှိကြောင်းကို သက်သေပြပြီးနောက်တွင် သူ့အသက်ကို ထိခိုက်စေလို့မရကြောင်း သိရှိခဲ့သည်။
"သူ အန္တရာယ် မရှိပါဘူး။"
ပိုင်ရမ်အမူအရာသည် ခန့်မှန်းမရသည့်တိုင် သူ့မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်တွေ ပေါ်လာချေသည်။
"တကယ်တော့... သူက ထူးထူးခြားခြား အခွင့်အရေးတစ်ခုကို ကြုံခဲ့ရပုံရတယ်။"
"ထူးခြားတဲ့အခွင့်အရေးလား။ ဘယ်လိုအခွင့်အရေးမျိုးက ဒီလိုဖြစ်လာစေတာလဲ"
"မင်းသိဖို့ မလိုပါဘူး...ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ ပိုင်မျိုးနွယ်အတွက် ကောင်းချီးတစ်ခုပဲ" ပိုင်ရမ်က ပြန်ဖြေသည်။
"ဘယ်သူမှ သူ့ကို နှောင့်ယှက်လို့ မရဘူး နားလည်လား"
အကြီးအကဲများသည် ခေါင်းညိတ်ကာ စိတ်မကျေမနပ် ဖြစ်နေကြသော်လည်း မဟာအကြီးအကဲ ဆုံးဖြတ်ချက်ကို ယုံကြည်ကြသည်။
"တစ်ယောက်ယောက်က သူ့အခန်းကိုစောင့်နေ။ သူ့အခန်းထဲကထွက်လာရင် ငါ့ကိုချက်ချင်းအကြောင်းကြား”