← Chapters

ဓားရည်ရွယ်ချက်

Vol. 7 Ch. 106

ဓားရည်ရွယ်ချက်

Vol. 7 Ch. 106

သင်္ဘောအခန်းအတွင်း၌ ပိုင်ကျီဟန်၏ အသက်ရှူသံ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ၏စွမ်းအားကြောင့် အပြင်ဘက်တွင် ဖရိုဖရဲ ဖြစ်စေခဲ့သည်ကို လုံးဝမသိခဲ့ပေ

သူ မျက်လုံးများကို ဖြည်းဖြည်း ဖွင့်လိုက်ချိန်မှာတော့ မျက်လုံးထဲ၌ အေးစက်သည့် ငွေရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။

ဓားရည်ရွယ်ချက်

သာမန် ဓားရည်ရွယ်ချက် မဟုတ်ပေ၊ အလယ်အလတ်အဆင့်ပင်

ဓားကျင့်ကြံသူများပင် နှစ်ရာချီ သွေး ၊ ချွေးနဲ့ ရင်းပြီး ကံကောင်းမှသာ ထိတွေ့နိုင်မည်။

သူ လက်ကိုမြှောက်ပြီး ချိုးချလိုက်သည်။ စင်ပေါ်ရှိ အလှဆင်ပန်းအိုးဆီသို့ မမြင်နိုင်လောက်သော ငွေရောင်အကွေးအဝိုင်းတစ်ခု လွင့်စင်ထွက်လာခဲ့သည်။

ရွှမ်

အိုးသည် အတိအကျ နှစ်ပိုင်းကွဲသွားပြီး လေညှင်းလေးမတိုက်မချင်း အပိုင်းအစများ ကွဲကျမသွားနိုင်သည့်အထိ ပိုင်းဖြတ်မှုက ချောမွေ့ပေသည်

“ဟာဟာဟာ”

ပိုင်ကျီဟန်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရယ်မောခဲ့သည်။

“ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်

ကောင်းကင် ဆန့်ကျင့်တဲ့ စနစ်ဆိုတဲ့အတိုင်း ၊ ဒါမျိုးတောင် ပေးနိုင်တာပဲ”

လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ရာ စူးရှသည့် အရောင်အဝါတစ်ခုက သူ့အနား လှည့်ပတ်နေသည်။

ဓားကို ဆွဲမထုတ်သော်လည်း သူ၏တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ဖိအားသည် ဓားအိမ်ထဲမှ ဓားကို ထုတ်ထားသကဲ့သို့ လှိုင်းများထွက်ပေါ်နေသည်။

ထို့ပြင် ဓားရည်ရွယ်ချက်ကို ရယူလိုက်ခြင်းကြောင့် သူ၏ အရိပ်ကိုးပါးစီးဆင်းနေသော အလင်းဓားသည် အဆင့် တက်သွားသကဲ့သို့ ခံစားရသည်။

“စနစ်”

[ပိုင်ရှင် အချက်အလက်]

ပိုင်ရှင် -ပိုင်ကျီဟန်

အသက်: ၁၆

ကျင်ကြံမှုအဆင့် - ရွှေဗဟိုနယ်ပယ်အဆင့် (နှောင်းပိုင်း)

ဖွဲ့စည်းမှု - အဆင့်မြင့် တာအိုအရိုး

ကိုယ်ခံပညာ- အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား

( ကျွမ်းကျင်မှု)

"အရိပ်ကိုးကါး စီးဆင်းနေတဲ့ အလင်းဓားက အသေးစားကျွမ်းကျင်မှုကနေ ကျွမ်းကျင်မှုကို ရောက်ရှိနေပြီ”

အပိုလေ့ကျင့်မှုတစ်ခုမျှမပါဘဲ အောင်မြင်ခဲ့သည်။

ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်ရှိခြင်းသည် ၎င်းတို့၏လက်နက်အဖြစ် ဓားကိုအသုံးပြုသူတိုင်းအတွက် လှည့်စားမှုတစ်ခုဖြစ်သည်။

၎င်းသည် ဓားနည်းစနစ်များကို ကျွမ်းကျင်စေပြီး စွမ်းအား တိုးမြင့်စေရုံသာမက ဓားနည်းစနစ်များကိုပါ နားလည်လာစေသည်။

သူ၏ အသစ်တွေ့ရှိသော စွမ်းအားကို စမ်းကြည့်ရန် မစောင့်နိုင်တော့ဘဲ သူမည်မျှ သန်မာလာသည်ကို ကြည့်ချင်သည်။

သူ့အနေနဲ့ သင်္ဘောပေါ်မှာ စမ်းသပ်လို့မရချေ။ မဟုတ်ရင် တစ်ဝက်လောက် ပြတ်သွားနိုင်သည်။

သင်္ဘောကို စွဲမက်ဖွယ်ရာ အသွင်သဏ္ဍာန်များစွာဖြင့် အားဖြည့်ထားသော်လည်း ပိုင်ကျီဟန်သည် ၎င်း၏ လက်ရှိစွမ်းအားဖြင့်ပိုင်းဖြတ်ဖို့ ဖြစ်နိုင်သည်ဟု ခံစားမိသည်။

ဝိညာဉ်အခြေတည်ကာစ အဆင့် ဆယ်ယောက်ပင်လျှင် မခံနိုင်ဟု သူ့ဘာသာ ခန့်မှန်းထား၏

ဒါပေမယ့် စွန့်စားပြီး သူ့စွမ်းအားကို စမ်းသပ်မှာ မဟုတ်ပေ

"ငါတို့ ပိုင်မျိုးနွယ်ကို ရောက်ပြီလား"

သူသည် ဓားရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရင်း အချိန်ကို ဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်းများစွာကြာသွားသလိုပင်

ဂျလောက်!

တံခါးကိုဖွင့်လိုက်တော့ တပည့်များစွာ စောင့်ကြပ်နေတာကို တွေ့လိုက်ရသည်။

(တစ်ခုခုဖြစ်ခဲ့တာလား?)

ပိုင်ကျီဟန်သည် သူလုပ်ခဲ့သော ရုန်းရင်ရဆန်ခတ်မှုတွေကို လုံးဝ သတိမထားမိဘဲ ရှုပ်ယှက်ခတ်နေ၏

"သခင်လေး ထွက်လာပြီလား”

ပိုင်ကျီဟန် ဘေးကင်းသည်ကို တွေ့လိုက်ရတော့ တပည့်တွေ သက်ပြင်းချကြလေ၏

"တစ်ခုခုဖြစ်သွားတာလား၊ ဘာလို့ဒီကိုရောက်နေတာလဲ"

သူက အံဩသလို မေးလိုက်သည် ။

တပည့်တွေသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မည်သို့ တုံ့ပြန်ရမှန်းမသိပေ

ပိုင်ကျီဟန် အခန်းတွင် ဘာတွေဖြစ်နေသည်ကို သူတို့မသိကြသလို ရှုပ်ယှက်ခတ်နေသောအမူအရာကြောင့် သူလည်း သတိမထားမိပေ

ဖရိုဖရဲဖြစ်ပြီးနောက် သူ့အခန်းကို စောင့်ရှောက်ဖို့ မဟာအကြီးအကဲအမိန့်ကို သူတို့ လိုက်နာခဲ့ကြရုံသာ

"သခင်လေး အကြီးအကဲကို မေးတာ ပိုကောင်းပါတယ်၊ သခင်လေးရဲ့အခန်းကို စောင့်ဖို့ အမိန့်ပေးထားလို့”

တပည့်တစ်ယောက်က ပြန်ဖြေလေ၏

(ဒါဆို မဟာအကြီးအကဲတွေတောင် ပါဝင်ပတ်သက်နေသလား။ ဓားရည်ရွယ်ချက်က တစ်နည်းနည်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တာလား။)

တပည့်တွေကို ကြည့်လိုက်တော့ သူတို့သည် ဓားရည်ရွယ်ချက်ကို သိပုံမပေါ်ပေ။ ဒါပေမယ့် တစ်ခုခုဖြစ်မည်ဟု သူယုံကြည်ခဲ့သည်။

ခေါင်းညိတ်ပြပြီး အကြီးအကဲအခန်းဆီသို့ လျှောက်သွားသည်။

ဒေါက် ဒေါက်

"အထဲဝင်ခဲ့”

ပိုင်ကျီဟန်သည် အထဲကို ဝင်သွားလေသည်။

"အကြီးအကဲ တစ်ခုခုဖြစ်သွားတာလား"

သူ တည့်တည့်ပဲ မေးလေသည်။

"ဟား...ကျီဟန်အာ မင်း ရောက်ပြီပေါ့”

မဟာအကြီးအကဲ ပိုင်ရမ် အသံသည် ချစ်ခင်တွယ်တာမှု အပြည့်နဲ့ ဖြစ်တာကြောင့် ပိုင်ကျီဟန်အား အနည်းငယ် လန့်သွားစေသည်။

သူတို့နှစ်ယောက် ဆက်ဆံရေးသည် သွေးသားဆက်ဆံရေးထက် ကျော်လွန်သည့် အရာတစ်ခုအဖြစ် ပြောင်းလဲတာမျိုး မရှိပေ

ဒါပေမယ့် ထိုအချိန်မှာတော့ မဟာအကြီးအကဲသည် သူ့ကို "ကျီဟန်အာ"ဟု ရင်းနှီးသလိုပဲ ခေါ်နေသည်။

မဟာအကြီးအကဲသည် ပိုင်ကျီဟန်ကို မြင်သောအခါ ပျော်ရွှင်လာတာ သို့မဟုတ် စိတ်လှုပ်ရှားလာတာမျိုး မဖြစ်နိုင်ပေ။

"အခု မင်း ဘယ်လိုအခွင့်အရေးရလဲ သိလား"

အကြီးအကဲပိုင်ရမ် မေးတော့ သူ့မျက်လုံးတွေက တောက်ပနေ၏။

"ဘာကိုဆိုလိုတာလဲ?"

ပိုင်ကျီဟန်သည် ဖုံးကွယ်ဖို့ ကြိုးစားရင်း မေးလေ၏။

"ဟားဟား... အဲဒါကို ဖုံးကွယ်စရာ မလိုတော့ဘူး၊ မင်း ဓားရည်ရွယ်ချက်ကို ရခဲ့တယ် မလား"

ပိုင်ကျီဟန်သည် သူ့၏ ကျင့်ကြံနည်းနဲ့ ဓားစနစ်ကို လျှို့ဝှက်ဖို့ ကြိုးစားနေကြောင်း မဟာအကြီးအကဲ ပိုင်ရမ် တွေးမိသည်။

"ဘယ်လိုသိတာလဲ?"

ပိုင်ကျီဟန်လည်း တကယ်ကို သိချင်နေခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ သေချာသလောက်ရှိပေမယ့် ဒါက မြင်သာသည့်

အထိ မဟုတ်ပေ။

"ဟာဟား... ငါ့ရဲ့အရိုးဟောင်းတွေကို လျှော့မတွက်နဲ့။ တစ်ချိန်က ငါ့မှာ ဓားရည်ရွယ်ချက်ကို နားလည်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ မင်းအခန်းထဲက ချီလိုပဲ ထုတ်လွှတ်တယ်...မင်းက ပိုတောင် အားကောင်းနိုင်တယ်။"

"ဒါပေမယ့် ဓားရည်ရွယ်ချက်ကို နားလည်သူတွေက ပုံစံအတူတူတွေပဲ”

မဟာအကြီးအကဲပိုင်ရမ်သည် ပြုံးရင်း ရှင်းပြလေ၏

"ဒါဆို မင်း ဓားရည်ရွယ်ချက်ကို အောင်မြင်ပြီလား"

စိတ်ဝင်တစားနဲ့ ရှေ့ကို အနည်းငယ် ကိုင်းပြီး မေးလေသည်။

ပိုင်ကျီဟန်သည် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ သူ့မှာ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ

သူသည် လျှို့ဝှက်တတ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း သူ၏ အစွမ်းသတ္တိအပေါ် ဖုံးကွယ်ထားခြင်းကို လုံးဝမကြိုက်ပေ

၎င်းတို့ကိုယ်တိုင် နားလည်မှုလွဲပြီး သူ၏ ခွန်အားများ လျင်မြန်စွာ တိုးလာခြင်းအပေါ် ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထား

သည်ဟု ထင်ကြသည်။

"ဟား...ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူ ဆိုတဲ့ အတိုင်းပဲ”

ပိုင်ရမ်က ရယ်မောရင်း သူ၏ပျော်ရွှင်မှုတွေက ကူးစက်လုမတတ်ပင်

လွန်ခဲ့သော လအနည်းငယ်က ပိုင်ကျီဟန်ကို ပိုင်မျိုးနွယ် အမွေဆက်ခံသူ မဖြစ်နိုင်ဟု မှတ်ချက်ပေးချင်ကြသည်။

သို့ပေမဲ့ ထိုအတွေးကို သူ့ဘာသာ သိမ်းထားလိုက်ရသည်။

အမှန်တော့ ဟိုတုန်းက သူ့တွင် ဘက်ပေါင်းစုံချို့တဲ့နေသည်။

ပိုင်ကျီဟန်သည် အလွန်ပျော်ရွှင်နေသော မဟာအကြီးအကဲကို ကြည့်ရင်း အပြောင်းအလဲများအပေါ် အနည်းငယ် အံ့သြနေသေးသည်။

လွန်ခဲ့သည့်လအနည်းငယ်ကပင် သူသည် ပိုင်မျိုးနွယ်၏ အမှိုက်ဖြစ်ခဲ့သည် ။

ယခုအခါတွင် သူ၏ဖြစ်တည်မှုကို အသိအမှတ်ပြုရုံမျှသာရှိသော အကြီးအကဲများသည် ချီးမွမ်းရန် လက်တွေ့ကျကျ တန်းစီနေကြသည်။

သို့တိုင် အကြီးအကဲ စကားတွေကြောင့် သူ့အတွေးထဲကနေ ရုန်းထွက်နိုင်ခဲ့သည်။

"ကျီဟန် ၊ မင်းရဲ့ဓားရည်ရွယ်ချက်ကို ငါ့ကို ဘယ်လိုပြမလဲ"

"ပြရဖို့လား?"

ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ နှုတ်ခမ်းပေါ်မှ အပြုံးမပျက်ပေ

"ကျွန်တော်ကို ဓားရည်ရွယ်ချက်နဲ့ ဖြတ်စေချင်တာလား။"

ပိုင်ကျီဟန်သည် သူ့အခန်းထဲတွင် ပန်းအိုးနဲ့ လုပ်သည့်အတိုင်း လုပ်ဖို့ အဆင်သင့်ဖြစ်နေ၏

"မဟုတ်ဘူး မဟုတ်ဘူး”

ပိုင်ရမ်က တခစ်ခစ်ရယ်လိုက်ပြီး သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ တောက်လောင်နေ၏

“ငါ့ကို တိုက်ခိုက်စေချင်တယ်"

"အကြီးအကဲကို တိုက်ခိုက်ရမှာလား?"

ပိုင်ကျီဟန်သည် မျက်တောင်ခတ်ပြီး ခဏ အံ့အားသင့်သွားချေ၏။

"အကြီးအကဲ သေချာလား"

"ဟားဟား၊ သိပ်စိတ်မပူပါနဲ့။"

ပိုင်ရမ်အသံက ယုံကြည်မှုအပြည့်ရှိနေ၏

"ငါက တစ်ချက်တည်းနဲ့ ဖြိုခွင်းနိုင်မဲ့ နုနယ်သေးတဲ့ အဘိုးကြီး မဟုတ်ပါဘူး။ မင်းရဲ့ ခွန်အားအပြည့်နဲ့ ငါ့ကိုတ်ုက်။ ဓား ရည်ရွယ်ချက်ပါသုံး။"

ပိုင်ကျီဟန်က ခေါင်းခါလိုက်သည်။

"အကြီးအကဲ နားလည်မှုလွဲနေပြီ။ အဲ့လို ဆိုလိုတာမဟုတ်ဘူး။ သင်္ဘောက တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိပါ့မလား၊ ဒီအခန်းကို အနည်းဆုံးတော့ ဖျက်ဆီးပစ်မှာမဟုတ်ဘူးလား။"

အကြီးအကဲပိုင်ရမ်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“အဲဒါကို မင်းက စိတ်ပူတာလား”

"အင်း အဲ့လိုဆိုတော့”

ပိုင်ကျီဟန်သည် ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်တွင် ရှိသဖြင့် ယခု မည်မျှ အစွမ်းထက်မည်ကို တွေးနေခဲ့သည်။

မဟာအကြီးအကဲ တာဝန်ယူရမည်တိုလျှင်

သူ့ကိုယ်သူ ချုပ်နှောင်ထားစရာ အကြောင်းမရှိပေ

ပိုင်ကျီဟန်သည် သူ၏ သိုလှောင်ကွင်းထဲသို့ နှိိုက်လိုက်ရာ ပေါ့ပါးသွက်လက်သော ငွေရောင်ဓားတစ်ချောင်း ပေါ်လာသည်— ပတ်ဝန်းကျင်အလင်းရောင်ကိုရရှိထားသလို ပြောင်လက်နေသော ဓားတစ်ချောင်း ပေါ်လာသည်။

မဆိုင်းမတွဘဲ ချီကို ဓားထဲ ထည့်လိုက်ကာ အေးစက်ပြီး တောက်ပသော ငွေရောင်သည် ဓားသွားအနှံ့ ဖြန့်ကျက်သွားသည်။

မဟာအကြီးအကဲပိုင်ရမ်၏ အပျော်သဘော အပြုံးသည် ချက်ချင်း မှိန်ဖျော့သွားပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ရသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ့၏ အေးအေးဆေးဆေး အမူအရာအစား စူးရှသော အမူအရာ အစားထိုးလာခဲ့သည်

(ဒါက... ဓားရည်ရွယ်ချက် အစစ်ပဲ)

လွန်ခဲ့သော နှစ်တွေက သူ့သူငယ်ချင်းသည် ဓားရည်ရွယ်ချက်ကို အောင်မြင်ပြီး သူနဲ့ အတူ တိုက်ခိုက်သည့်အချိန်ကထက် အများကြီး ပိုပြင်းထန်သည်ဟု ထင်ခဲ့သည်။

သို့တိုင် ပိုင်ကျီဟန်သည် ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်ကို အောင်မြင်ပြီးချိန်မှာတော့ သူ့သူငယ်ချင်းနားလည်သည့် ဓားရည်ရွယ်ချက်အခြေခံအဆင့်နဲ့

မကွာဘူးဟူသည့် အရာကို သူ့မှတ်ဥာဏ်ထဲမှ ချို့ယွင်းချက်တစ်ခုအဖြစ် ပယ်ချခဲ့ရသည်။

သို့တိုင် ဒါကိုသိဖို့ နည်းလမ်းမရှိတာက သူ့တစ်သက်မှာ ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့်ရှိသည့် ကျင့်ကြံသူနဲ့ တစ်ခါမှ မဆုံဖူးတာကြောင့်ပင်

"လာ၊ ကျီဟန်အာ ၊ မင်း ဘယ်လောက်တောင် အစွမ်းထက်လာလဲဆိုတာ ငါကြည့်ရအောင်”

"အကြီးအကဲသဘောပဲ”

ပိုင်ကျီဟန်၏ မျက်လုံးများ တောက်ပလာသည်။

ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ရုပ်သည် မှုန်ဝါးလာပြီး ဓားမြစ်ကဲ့သို့ ငွေရောင်အလင်းတန်းများ လိုက်ပါလာသည်။

"အရိပ်ကိုးခု စီးဆင်းနေတဲ့ အလင်းဓား”

တခဏချင်းတွင် သူ၏ရုပ်သွင်သည် ကိုးခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုစီသည် စူးစူးရှရှ ငွေရောင်တောက်ပနေသည်။

ပုံရိပ်များသည် လှည့်၍ ကခုန်ကာ ကြီးမားသော ငွေရောင်ဓားတစ်ချောင်းအဖြစ် ပေါင်းစည်းပြီး မဟာအကြီးအကဲဆီသို့ တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။

ရိုက်ခတ်မှုမှ ပြင်းထန်သော ဖိအားသည် လေထုကို မြည်ဟည်းစေခဲ့ပြီး အခန်းတစ်ခုလုံး တုန်ခါသွားကာ ၎င်း၏အကာအကွယ်ပုံစံများပါ ပြင်းထန်စွာ တုန်ခါနေသည်။

ဒါပေမယ့် မဟာအကြီးအကဲတော့ မတုန်လှုပ်ပေ

ယင်းအစား သူ့အရောင်အဝါက တိုးလာပြီး တည်ငြိမ်သော အမူအရာနဲ့ လက်ကို မြှောက်လိုက်သည်။

ကလန်!

ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့် နဲ့အတူ ဖြာထွက်နေသော ငွေရောင်ဓားသည် မဟာအကြီးအကဲ၏ လက်ဗလာနှင့် တိုက်မိသွားသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။

(သူက လက်ဗလာနဲ့ တားလိုက်တာ။)

ဒါပေမယ့် သူ့ကို ပိုပြီး အံ့အားသင့်စေသည့်အရာကတော့ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာပင်

ပိုင်ရမ်၏လက်ဖဝါးမှ မမြင်နိုင်သောလှိုင်းလုံးများ ပျံ့နှံ့သွားပြီး ဓားရည်ရွယ်ချက် ချက်ချင်းပျောက်ကွယ်သွားသည်— ပိုင်ရမ်ချီသည် တစ်ခုလုံးကို ဝါးမျိုလိုက်သည်။

အဖျက်စွမ်းအား လှိုင်းလုံးကြီးသည် မလွတ်မြောက်နိုင်ပေ

အနီးနားမှ စင်ပေါ်ရှိ ပန်းအိုးပင် မတုန်လှုပ်ပေ။ သစ်သားနံရံများ၊ နူးညံ့သိမ်မွေ့သောအလှဆင်မှုများ—အရာရာသည် နဂိုအတိုင်းကျန်ရှိနေခဲ့သည်။

ပိုင်ရမ်၏ အပြုံးသည် ပြန်ရောက်လာပြီး သူ့အကြည့်များက သဘောကျမှုအပြည့်နှင့်ပင်

"ဟာဟား၊ အထင်ကြီးစရာ။ တကယ်ကို အထင်ကြီးစရာပဲ ကျီဟန်အာ”

ပိုင်ရမ်သည် ရယ်မောရင်း သူ့အသံက ချီးကျူးမှုနဲ့ပင်

"မင်းအသက်အရွယ်နဲ့ ဓားရည်ရွယ်ချက်ရှိတာလား။ အဲဒါက ကောင်းကင်ကို အံတုနိုင်တဲ့ စွမ်းရည်ပဲ"

ပိုင်ကျီဟန်သည် နောက်ပြန်ဆုတ်ကာ ဓားကိုဆွဲထုတ်လိုက်သော်လည်း သူ့အမူအရာမှာ မယုံကြည်နိုင်စရာ ဖြစ်နေသည်။

(အပျက်အစီး အရိပ်အယောင်တောင် မတွေ့ဘူး... သူက တာလိုက်တာလား)

ထိုအခိုက်အတန့်တွင် ပိုင်ကျီဟန်သည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသူဟု အိပ်မက်မမက်မီ မည်မျှ ရှေ့ဆက်သွားရဦးမည်ကို သိလိုက်ရသည်။

သူ၏ မကြာသေးမီက စွမ်းအားမြှင့်မှုတင်များနှင့်ပင် ပိုင်မျိုးနွယ် မဟာအကြီးအကဲများထဲမှ တစ်ဦးကိုပင် မယှဉ်နိုင်သေးပေ

ပိုင်ရမ်ထက် အားကောင်းတဲ့သူတွေလည်း အများကြီးရှိနေသေး၏ ။

စွမ်းအား အရှိန်အဟုန်ကြီးမားစွာ မြှင့်တင်ခဲ့သော ပိုင်ကျီဟန်အဖို့ ၎င်းသည် အရှက်ကွဲမှု တစ်ခုသာ ဖြစ်သည်။

သူ လိုအပ်နေသေး၏

All Chapters