← Chapters

ဝိညာဉ်နိုးထခြင်းသစ်သီး

Vol. 23 Ch. 331

ဝိညာဉ်နိုးထခြင်းသစ်သီး

Vol. 23 Ch. 331

လင်းထျန်းဘုံတွင် ထိပ်သီးကျင့်ကြံသူများသည် သန္ဓေသားအဆင့် လက်နက်များကိုသာ အသုံးပြုကြ၏။

နတ်ဘုရားအဆင့်လက်နက်များသည် သာမန်ထက် အနည်းငယ်သာ သာလွန်သည့်အသုံးအဆောင်တစ်ခုမျှသာ ဖြစ်လေ၏။

ထို့ကြောင့် ဟွားယွီလင်သည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းပင်။ ကျင်းလီရတနာအိမ်တော်အနေနှင့် ထိုသို့ အဆင့်နိမ့်လက်နက်များကို အလုပ်ရှုပ်ခံ၍ ဝယ်ယူမည်မဟုတ်ပေ။

ဟွမ်းသည် ထိုအချင်းအရာကြောင့် ကျန်းချီချီကလိမ်လည်သွားသည်ဟု တွေးထင်မိသွား၏။ သို့သော် လိမ်လည်သွားလျင်တောင် အရှုံးပေါ်သူက ကျန်းချီချီသာ ဖြစ်ပေလိမ့်မည်။

ဟွမ်းသည် အဘယ်ကြောင့် ဆိုသည်ကို နားမလည်နိုင်တော့ပေ။

သို့သော် သူမလည် လိမ်လည်ခဲ့ခြင်းမဟုတ်ချေ။ ဟွမ်းသည် ကမ္ဘာငယ်မှ တက်ရောက်ခါစ အချိန်တွင်သာ ရှိနေသေးခြင်းကြောင့် ကောင်းကင်သလင်းကျောက်မရှိဟု ယူဆမိသည်။

သို့သော် သူမ ဤအတိုင်းပေးပါက ဟွမ်းသည် လက်ခံမည်မဟုတ်ချေ။ ထို့ကြောင့် ဟွမ်းထံမှ လက်နက်များကို အကြောင်းပြုကာ ကောင်းကင်သလင်းကျောက်တစ်သိန်းနှင့် ဝယ်ယူခဲ့ခြင်းပင်။

ဟွမ်းသည် အသေအချာစဉ်းစားပြီးနောက် ထိုသို့ ဖြစ်နိုင်ချေမျိုးကို စဉ်းစားမိသွား၏။

သူသည် ခေါင်းအသာ ခါယမ်းလိုက်မိသည်။ ထိုမိန်းကလေးသည် သဘောကောင်းလွန်းနေ၏။

ဟွမ်းသည် ထိုအတွေးများကို ဖျောက်ဖျတ်လိုက်ရင်း ဟွားယွီလင်ကို မေးလိုက်သည်။

“ကျုပ်ဆီမှာ ရတနာ တစ်ချို့ရှိတယ်...၊ သူရဲ့တန်ဖိုးကိုတော့ ကျုပ် သေချာ မသိဘူး စစ်ဆေးပေးလို့ရမလား...”

“အဲ့ဒီအတွက်တော့ အခက်အခဲမရှိပါဘူး...”

ဟွားယွီလင်သည် သာမန်လေသံနှင့်သာဖြေလိုက်၏။ သူမသည် လေးယောက်ပေါင်းမှ ကောင်းကင်သလင်းကျောက်တစ်သိန်းမျှသာ ရှိသည့် လူငယ်များထံမှ များစွာ မျှော်လင့် မထားတော့ချေ။

သို့သော် အလုပ်သဘောအရတော့ ဆက်ဆံရပေဦးမည်။

ဟွမ်းသည် ထူးဆန်းသည့် အသွင်နှင့် လက်ကို ဝှေ့ယမ်းလိုက်၏။

ထိုအချိန်တွင် သူ၏ လက်ထဲတွင် စွမ်းအင်းများနှင့် ပြည့်နှက်နေသည့် သစ်သီးတစ်လုံးပေါ်ထွက်လာသည်။

“ဒါက...”

ဟွားယွီလင်သည် ထိုသစ်သီးကို မြင်လိုက်ချိန်တွင် အံ့ဩသွားရ၏။ ၎င်း၏ စွမ်းအင်များကို အဝေးမှ သူမပင် ခံစားမိနိုင်သည်။ သူမ၏ အသိဉာဏ်နှင့် မည်သည့်သစ်သီးအမျိုးအစား ဖြစ်သည်မှန်းကို မဝေခွဲနိုင်ပေ။

သို့သော် တန်ဖိုးကြီးမားမည်မှာ ကျိန်းသေသည်ဟု ယူဆမိ၏။

“ကျွန်မကို အချိန်အနည်းငယ်လောက် ခွင့်ပြုပေးပါဦး...၊ ကျွန်မရဲ့ ဆရာကို ခေါ်လာခဲ့ပါ့မယ်..”

ဟွားယွီလင်သည် သူမကိုယ်တိုင် မဆုံးဖြတ်နိုင်တော့ပေ။ သူမသည် ဟွမ်း၏ တုန့်ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ပဲ ခန်းမအတွင်းမှ အလျှင်အမြန် ပြေးထွက်သွားလိုက်၏။

ဆရာတပည့် လေးဦးသည် ခန်းမအတွင်း တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်ကြသည်။

“ဆရာ...၊ ယွီလျန်မြို့တော်မှာ အမျိုးသမီးကျင့်ကြံသူတွေများပြားလွန်းတယ်...”

လုရှင်းယန်သည် တီးတိုးပြောဆိုလိုက်၏။

“ကျောက်စိမ်းပန်းဂိုဏ်းက အမျိုးသမီးတွေပဲ လက်ခံတယ်လို့ကြားတယ်...၊ ဒါကြောင့် ယွီလျန်မြို့တော်မှာလဲ ဂိုဏ်းတပည့်အများပြားရှိနေတာ ဖြစ်နိုင်တယ်...”

ဟွမ်းသည် ကောက်ချက်ချလိုက်၏။ သူကိုယ်တိုင်လည်း မြို့တော်အတွင်းရောက်ရှိစဉ်က နေရာအနှံ့အမျိုးသမီးကျင့်ကြံသူများသာ တွေ့ရှိသောကြောင့် အံ့ဩမိသည်။

ခဏအကြာတွင် ဟွားယွီလင်နှင့် အတူ အမျိုးသမီးတစ်ဦး လိုက်ပါလာ၏။

ဟွမ်းသည် ဝင်ရောက်လာသည့် အမျိုးသမီးကို ကြည့်လိုက်ချိန်တွင် ဟွားရှီးယင်ဟု တွေးထင်မိသွားသည်။

“ဧည့်သည်တော်တို့...၊ ကျွန်မက ကျင်းလီရတနာအိမ်တော်သခင်ပါ...ဟွားကျစ်ယင်ပါ...”

ဟွမ်းသည် အံ့ဩသွား၏။ ထိုအမျိုးသမီးသည် ကျောက်စိမ်းပန်ဂိုဏ်းချုပ် ဟွားရှီးယင် မဟုတ်ပေ။

သူမတို့နှစ်ဦးသည် အလွန်ဆင်တူလှ၏။ သို့သော် စေ့စေ့စပ်စပ်ကြည့်ရှုပြီးလိုက်ချိန်တွင် ကွဲပြားသည့် ဟန်ပန် အမူအာယာတို့ကို မြင်တွေ့နိုင်သည်။

ဟွားရှီးယင်သည် ကလူကျီစယ်သည့် အမူအယာနှင့် ရှိနေတက်ပြီး ယခုဝင်ရောက်လာသည့် အမျိုးသမီးသည် ငြိမ်သက်နေသည့် ကန်ရေပြင်အလား အေးချမ်းသည့် ဟန်ပန်မျိုးပင်။

ဟွမ်းသည် အသိမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။ ဟွားရှီးယင်ဖြစ်စေ၊ ဟွားကျစ်ယင်ဖြစ်စေ ပြသနာမရှိပေ။ သူသည် အလုပ်အကြောင်း ပြောဆိုရမည်ဖြစ်သည်။

“ဒါက...ဝိညာဉ်နိုးထခြင်းသစ်သီးမလား...”

ဟွားကျစ်ယင်သည် ဟွမ်း၏ လက်ထဲတွင် ရှိသည့် သစ်သီးကို တွေ့လိုက်ရချိန်တွင် အံ့ဩတကြီးနှင့် ပြောဆိုလိုက်သည်။

“ဟုတ်တယ်..”

ဟွမ်းသည် အတည်ပြုပေးလိုက်၏။ သူသည် သေမင်းနယ်မြေမှ နှုတ်ယူခဲ့သည့် ဝိညာဉ်နိုးထခြင်း သစ်ပင်ကို လင်းရှု့သည် ဂရုတစိုက် ပျိုးထောင်ခဲ့သည်။

၎င်းသည် အလျှင်အမြန်နှင့် ကြီးထွားလာကာ လပိုင်းအတွင်း သစ်သီးများပင် သီးလာခဲ့၏။ သို့သော် ထိုကိစ္စကို ထူးဆန်းသည်ဟု မမြင်ခဲ့ချေ။

အကြောင်းမှာ လင်းရှု့ပင် အတော်လေးထူးခြားသည့် တည်ရှိမှုဖြစ်နေသောကြောင့် သူမ ပျိုးထောင်သည့် အရာသည် သာမန်ထက်လွန်ကဲသည်မှာ ကျိန်းသေပင်။

သို့သော် ထိုသစ်သီး၏ တန်ဖိုးကို မသိရှိသောကြောင့် ဟွားယွီလင်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ရှင်...ဘယ်ကရတာလဲ...”

ဟွားကျစ်ယင်သည် စိတ်လှုပ်ရှားလွန်းသောကြောင့် အပြောအဆိုများကိုပင် ဂရုမစိုက်နိုင်တော့ချေ။

“ဆရာ..”

ဟွားယွီလင် သတိပေးလိုက်ရ၏။

သို့မှသာ သူမသည် သတိဝင်လာကာ အားတုံ့အားနာဖြစ်သွားရသည်။ ထိုသို့ အရာမျိုး မမေးသင့်ချေ။

ထို့နောက် တောင်းပန်စကားဆိုလိုက်သည်။

“ကျွန်မ အလောတကြီးပြုမှုမိသွားတယ်...၊ ခွင့်လွှတ်ပါ...”

“ကိစ္စမရှိဘူး...”

ဟွမ်းသည် ပြသနာမရှိကြောင်းဆိုလိုက်၏။ ဝိညာဉ်နိုးထခြင်းသစ်သီး၏ ထူးခြားမှုကို သူမ သိရှိနေဟန်ရသည်။ ထို့ကြောင့် ထပ်မံပြောဆိုလိုက်၏။

“ဒီသစ်သီးရဲ့ တန်ဖိုးကို တွက်ချက်ပေးပါ...”

“ဧည့်သည်တော်...၊ ဒီသစ်သီးကို တကယ်ပဲ ရောင်းဖို့ ဆန္ဒရှိတာလား...”

ဟွားကျစ်ယင်သည် မယုံနိုင်သည့်လေသံနှင့် ဆိုလိုက်၏။

ဟွမ်းသည် ဟွားကျစ်ယင်၏ အမူအယာကြောင့် ထူးဆန်းမှုကို ခံစားမိသွားသည်။

“ပြသနာရှိလို့လား..”

“ပြသနာရှိလို့ မဟုတ်ပါဘူး...၊ ဒီသစ်သီးက အရမ်းတန်ဖိုးကြီးတယ်..”

ဟွားကျစ်ယင်သည် ခေါင်းခါယမ်းကာဆိုလိုက်၏။ ထို့နောက် ဝိညာဉ်နိုးထခြင်းသစ်သီးအကြောင်းကို ရှင်းပြလိုက်လေသည်။

“ဝိညာဉ်နိုးထခြင်းသစ်စေ့ရဖို့ဆိုရင်တောင် နှစ်ပေါင်းသောင်းချီပြီး စိုက်ပျိုးရတယ်...၊ အရွယ်မရောက်သေးတဲ့ သစ်စေ့ဆိုရင်တောင် ကောင်းကင်သလင်းကျောက် ဆယ်သန်းလောက်တန်ဖိုးရှိတယ်...”

“ဒါပေမဲ့...၊ ဝိညာဉ်နိုးထခြင်း သစ်သီးက မတူညီတဲ့ တန်ဖိုးဖြစ်သွားပြီ..”

“သစ်စေ့ကနေသစ်သီးဖြစ်ဖို့ဆိုရင် နှစ်ပေါင်း တစ်သိန်းလောက် အချိန်ယူရတယ်...၊ ဒါ့ကြောင့် တန်ဖိုးကို ဖြတ်ပေးလို့မရနိုင်ဘူး...”

“ဝိညာဉ်နိုးထခြင်းသစ်သီးရဲ့ အကျိုးသက်ရောက်မှုက သေဆုံးပြီး ကြွေလွင့်တော့မဲ့ဝိညာဉ်တွေရဲ့ သက်တမ်းကို နှစ်ပေါင်းသောင်းချီအောင် ဆွဲဆန့်ပေးနိုင်တယ်...”

“ရှင်သန်နေတဲ့သူတွေဆိုရင် ဝိညာဉ်သန္ဓေသားကို ကျစ်လစ်သိပ်သည်းပြီး နယ်မြေဘုရင်အဆင့်ကို ချောချောမွေ့မွေ့ရောက်ရှိစေနိုင်တယ်...”

ဟွားကျစ်ယင်သည် မခြွင်းမချန်ရှင်းပြလိုက်၏။

ဟွမ်း အံ့ဩသွားရ၏။ ထိုသစ်သီးသည် ဤမျှအထိ အစွမ်းထက်သည်ကို မသိရှိခဲ့ပေ။ နှစ်ပေါင်းသောင်းချီကြာအောင် ပျိုးထောင်ရသည် ဆိုသော်လည်း လင်းရှန်နယ်မြေတွင် လပိုင်းနှင့်သာ ကြီးထွားလာသည်။

‘လင်းရှု့က ထင်ထားတာထက် ထူးခြားလွန်းနေတာပဲ...၊ ပြီးတော့ ဒီအမျိုးသမီး..’

ဟွမ်းသည် ဟွားကျစ်ယင်ကို တစ်ချက်ကြည့်လိုက်ရင်း သူမ၏ ရိုးသားမှုကို အသိအမှတ်ပြုလိုက်သည်။

သူမ၏ မျက်ဝန်းများမှ ဝိညာဉ်နိုးထခြင်းသစ်သီးကို ရယူလိုဟန်ရှိသော်လည်း လောဘကို ထိန်းကာ အကြောင်းစုံရှင်းပြပေးခဲ့၏။

ထို့နောက်ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့် မေးလိုက်၏။

“ကျုပ် ဒီသစ်သီးကို အဲ့ဒီယာဉ်ပျံနဲ့ လဲလှယ်ချင်တယ်...”

“တ..တကယ်ပြောတာလား...”

ဟွားကျစ်ယင်၏ လေသံသည် ထစ်အသွား၏။ သူမသည် အိမ်မက်အလား မယုံကြည်နိုင်သည့် ခံစားချက်မျိုး ခံစားမိသွားသည်။ သူမ၏ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်သွား၏။

ထိုသို့ သစ်သီးမျိုးသည် အလွန်ရှားပါးကာ တန်ဖိုးကြီးလှသော်လည်း ထိုသူသည် ယာဉ်ပျံနှင့် လဲလှယ်လို၏။

သူမသည် ထိုသစ်သီးမျိုး လိုအပ်နေခြင်းဖြစ်သည်။ ဟွမ်း၏ စကားကြောင့် အတိုင်းအဆမဲ့ ပျော်ရွင်မှုကို ခံစားမိသွား၏။

“ကျွန်မ လဲလှယ်ပါ့မယ်..၊ ပြီးတော့ ကောင်းကင်သလင်းကျောက် သန်းတစ်ရာနဲ့ ဧည့်သည်တော်တို့အတွက် ရတနာအိမ်တော်က နှစ်သက်တဲ့ ရတနာရှိရင် ရွေးချယ်နိုင်ပါတယ်...”

ဟွားကျစ်ယင်သည် များစွာသည့် အခွင့်အရေးများကို ထပ်လောင်းဖြည့်စွက်လိုက်၏။ ထိုလူငယ်သည် သဘောကောင်းလွန်းသည်။

ဝိညာဉ်နိုးထခြင်းသစ်သီးနှင့် ယာဉ်ပျံသည် မည်သို့မျှနှိုင်းယှဉ်၍ မရပေ။

ဟွမ်းသာတောင်းဆိုပါက သူမ၏ ရ‌တနာအိမ်တော်နှင့်ပင် လဲလှယ်ရန် ရွေးချယ်ပေလိမ့်မည်။

အကြောင်းမှာ နယ်မြေဘုရင် ဖြစ်နိုင်မည့် အခွင့်အရေးပင်။ လင်းထျန်းဘုံ၏ အထွတ်ထိပ် တည်ရှိမှုနှင့် ယှဉ်လျှင် ရတနာအိမ်တော်သည် အဘယ်မျှအရေးမကြီးတော့ပေ။

All Chapters