← Chapters

ငါ့ရဲ့သားကို လွှတ်လိုက်

Vol. 23 Ch. 334

ငါ့ရဲ့သားကို လွှတ်လိုက်

Vol. 23 Ch. 334

လုရှင်းယန်တို့သည် မိန်းကလေးများ ခေါ်ဆောင်ရာသို့ ရောက်ရှိသွားချိန်တွင် သုံးဦးသားသည် ကျောက်ရုပ်အလား ရပ်တန့်ကုန်ကြ၏။

သူတို့၏ ခန္ဓာကိုယ်များပင် ပူလောင်လာသည်ကို ခံစားမိသွားသည်။ ထိုအပူလှိုင်းများသည် ခန္ဓာကိုယ်တွင်းမှ ပြင်းထန်လာ၏။

အကြောင်းမှာ ထိုအရာသည် အခန်းကျယ်တစ်ခုဖြစ်နေပြီး ထိုမိန်းကလေးများထက် ဆင်းရဲသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးများကိုတွေ့လိုက်ရသောကြောင့်ပင်။

ထိုမိန်းမငယ်လေးများသည် အခန်းတွင်းသို့ ဝင်ရောက်ရန် ဆွဲဆောင်နေကြ၏။

“ခင်ဗျားပြောတော့ လှပတဲ့ ရှု့ခင်းဆို..”

လုရှင်းယန်သည် တုန်ယင်နေသည့် လေသံနှင့် မေးလိုက်၏။

“ဒီထက်လှတဲ့ ရှု့ခင်းရှိသေးလို့လား...”

မိန်းကလေးများသည် ချိုသာသည့် အသံနှင့် ဝိုင်းဝန်းပြောဆိုလိုက်သည်။

“…”

သူတို့၏ ဦးနှောက်များ ဗလာနယ်ဖြစ်သွားရသည်။

“ကျုပ်...ကျုပ်..တို့ကိုလွှတ်...၊ မသင့်လျော်ဘူး...”

မိန်းကလေးများသည် သူတို့သုံးဦးအား အခန်းတွင်းသို့ ဝင်ရောက်ရန် ဆွဲခေါ်လိုက်ကြလေ၏။

သူမတို့နှင့် ထိတွေ့သွားသည်နှင့် တပြိုင်နက် သူတို့၏ ခြေများ ပျော့ခွေသွားသည့်အလား ဖြစ်သွားကြသည်။

သို့သော် သူတို့၏ လျှာဖျားကို ကိုက်ကာ သတိကပ်လိုက်ကြ၏။ ထို့နောက် ဤနေရာတွင် ဆက်လက်မနေလိုတော့ပေ။ ဇွတ်အတင်း ရုန်းကန်ကာ ပြေးထွက်သွားကြ၏။

သူတို့၏ နှလုံးခုန်သံများသည် ထိန်းချုပ်ရခက်သည်အထိ မြန်ဆန်နေသည်။

ကျောက်စိမ်းအိမ်တော်၏ ပေါက်ဝသို့ ရောက်ရှိရန် အလျှင် အမြန် ပြေးသွားကြတော့၏။

အပေါက်ဝသို့ ရောက်ရှိချိန်တွင် သူတို့သည် အသက်ကို အမောတကောရှုသွင်းလိုက်ကြရသည်။

လုရှင်းယန်တို့သည် လှပသည့် ရှု့ခင်းများသည် ထိုသို့ ဖြစ်နေမည်မှန်း မထင်မှတ်ထားပေ။ သို့သော် ယခုတွင်တော့ နားလည်သွားရလေသည်။

“သခင်လေးတို့...၊ စိတ်ကြိုက်မတွေ့ခဲ့ဘူးလား...”

အပေါက်ဝမှ မိန်းကလေးသည် စိတ်ရှုပ်ထွေးဟန်နှင့် မေးလိုက်၏။

ရှု့ခင်းကြည့်ရန် ဝင်ရောက်သွားသူများသည် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ထွက်မလာသင့်ပေ။

“…”

လုရှင်းယန်တို့သည် ပြန်လည်ချေပစရာ စကားမရှိတော့ပေ။

“သူတို့ပဲ...”

ထိုအချိန်တွင် ဒေါသတကြီးအသံနှင့်အတူ ပုံရိပ်နှစ်ခုသည် အိမ်တော်တွင်း ဝင်ရောက်လာလေသည်။

လုရှင်းယန်တို့သည် ထိုအသံကို ရင်းနှီးနေသောကြောင့် လှည့်ကြည့်လိုက်ရာ ရှောင်းချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် သူ၏ နောက်တွင် လူတစ်ဦး လိုက်ပါလာ၏။

“အမှိုက်ကောင်...”

လျှိုမင်ယွမ်သည် ရုတ်ချည်း ငြိမ်သက်သွားပြီး အေးစက်သည့် လေသံနှင့် ဆိုလိုက်သည်။ သူတို့၏ စိတ်များသည် ရှောင်းချန်၏ ရှောက်ရှိလာမှုကြောင့် ငြိမ်သက်သွားရတော့၏။

ရှောင်းချန် “...”

‘ငါက ခေါ်သင့်တာ မဟုတ်ဘူးလား..’

ရှောင်းချန်သည် အလွန်ဒေါသထွက်သွား၏။ သူသည် ရွှမ်းချပ်ဝတ်ကို ရလိုသောကြောင့် ထိုသူများကို ကျော်ဖြတ်ကာ ဝယ်ယူရန်ကြိုးစားသော်လည်း တစ်ချက်တည်းနှင့် ပွဲသိမ်းခံလိုက်ရသည်။

လုံးဝ ခွင့်လွတ်၍ မရချေ။ ထို့ကြောင့် ရှောင်းအိမ်တော်သို့ အလျင်အမြန်ပြန်ကာ ဆုံးမရန် အကူအညီခေါ်လာခဲ့ခြင်းပင်။

လျှိုမင်ယွမ်တို့သည် ထိုသူများသည် အလယ်လတ်အလွှာသို့ ရောက်ရှိနေသူများဖြစ် အနည်းငယ်သတိကပ်သွား၏။

ရှောင်းချန်သည် မောက်မာသည့် လေသံနှင့် ဆိုလိုက်သည်။

“မင်း...၊ ရွှမ်းချပ်ဝတ်ပေးပြီး..ငါ့ကို တောင်းပန်...”

“ဘုန်း...”

သို့သော် သူ၏ စကားဆုံးအောင် ပြောခွင့်မရခဲ့ချေ။ သူ၏ ပါးပြင်ပေါ်သို့ အေးစက်သည့် လက်သီးတစ်လုံးဝင်ရောက်လာသည်။

‘ထပ်ဖြစ်ပြန်ပြီလားဟ..ဆုံးအောင်တော့ ချိန်းခြောက်ခွင့်ပေးပါဦးဟ..’

ရှောင်းချန်၏ ခန္ဓာကိုယ်သည် အမြှောက်ဆံ တစ်ခုသဖွယ်လွင့်စင်သွား၏။

ထိုအချင်းအရာကြောင့် ကျောက်စိမ်းပန်းအိမ်တော်၏ အလှဆင်ထားသည့် အရာတစ်ချို့ပျက်စီးသွားသည်။

ရှောင်းချန်၏ နောက်လိုက်သည် လျှိုမင်ယွမ်၏ မြန်ဆန်မှုကြောင့် ငေးကြောင်ကြည့်မိနေ၏။

သို့သော် ချက်ချင်း အသိဝင်လာပြီးနောက် ရှောင်းချန်၏ အခြေအနေကို သွားရောက်ကြည့်ရှု့လိုက်၏။

“သခင်လေး...”

နောက်လိုက်သည် ရှောင်းချန်ကို ဖေးမပေးလိုက်သည်။

ရှောင်းချန်၏ မျက်နှာသည် နာကျင်သွားရ၏။ ထိုကောင်များသည် လက်ရဲဇက်ရဲ ရှိဟန်ပင်။ စကားပြောချိန်ကိုပင် မစောင့်ချေ။

သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်။ နှစ်ကြိမ်တိတိ ထိုလူ့လက်မှ အရိုက်ခံထားရခြင်းပေ။

ထိုအငြိုးသည် မပြေပျောက်နိုင်တော့ချေ။

“သူတို့ကို ဖူးယောင်နေအောင်ရိုက်...”

ရှောင်းချန်သည် သူ၏ နောက်လိုက်ကို အမိန့်ပေးလိုက်၏။

နောက်လိုက်သည် ချက်ချင်းဆိုသလို လှုပ်ရှားသွားကာ လျှိုမင်ယွမ်ကို တိုက်ခိုက်လိုက်၏။

နောက်လိုက်၏ လက်သီးသည် လျှိုမင်ယွမ်ထံ အလျှင်အမြန်တိုးဝင်လာသည်။

“ဘုန်း...”

သို့သော် လှံတစ်စင်းနှင့် ဓားတစ်လက်သည် မြန်ဆန်သည့် အရှိန်နှင့်ဝင်ရောက်လာကာ နောက်လိုက်၏ လက်သီးကို တားဆီးလိုက်၏။

“ထန်...”

သို့သော် လုရှင်းယန်တို့သည် မျက်မှောင်ကြုတ်သွားရသည်။ သူတို့ လက်နက်များကို ထိုသူများသည် လက်ဗလာ သက်သက်နှင့် တားဆီးနိုင်ခဲ့၏။

“ဟမ့်...”

နောက်လိုက်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် လုရှင်းယန်တို့ကို စတင်တိုက်ခိုက်လိုက်တော့သည်။

“ဘုန်း..”

“ဘုန်း..”

သူသည် လျှိုမင်ယွမ်တို့၏ တိုက်ခိုက်မှုများကို အသာအယာပင် ဖမ်းဆုပ်လိုက်နိုင်၏။

“ဝုန်း..”

“ဝုန်း..”

ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလိုပေါ်ထွက်နေ၏။

ထူးခြားသည်မှာ အိမ်တော်အတွင်းရှိ မိန်းကလေးများသည် ထိုအဖြစ်အပျက်ကို တိတ်တဆိတ်ပင် ကြည့်ရှု့နေကြသည်။

ဝင်ရောက်တားဆီးခြင်းလည်းမရှိသလို ကူညီတိုက်ခိုက်ခြင်းလည်း မရှိပေ။ တစ်ချို့ မိန်းကလေးများဆိုလျှင် သူမတို့၏ လုပ်လက်စအလုပ်များပင် မပျက်ချေ။

ထိုအချိန် ရှောင်းချန်သည် သူ၏ လည်တိုင်တွင် အေးစက်စက် ခံစားချက်ကို ခံစားမိသွားသည်။ ထိုခံစားချက်နှင့်အတူ စူးရှသည့် အသံသည် ထွက်ပေါ်လာ၏။

“ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီကောင့်ခေါင်း ပြတ်ပြီပဲ...”

ထိုအသံကြောင့် နောက်လိုက်၏ တိုက်ခိုက်မှုသည် ရုတ်ချည်းရပ်တန့်သွားလေသည်။

သို့သော် သူ့ထံ လှံတစ်စင်း၏ ဝင်ရောက်လာမှုသည် မရပ်တန့်သွားချေ။

“ဘုန်း...”

နောက်လိုက်၏ ခန္ဓာကိုယ်သည် လုရှင်းယန်၏ လှံနှင့် ရိုက်ခတ်မိသွား၏။

နောက်လိုက်သည် နောက်သို့ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။

“ရပ်လိုက်...”

သို့သော် သူသည် ချက်ချင်းဆိုသလို အရှိန်သပ်ကာ တိုက်ခိုက်မှုများကို ရပ်တန့်စေသည်။

အကြောင်းမှာ ရှောင်းချန်၏ လည်တိုင်ပေါ်တွင် ဓားတစ်လက် ရောက်ရှိနေသောကြောင့်ပင်။

“ကျုပ်တို့ စကားအေးအေးဆေးဆေးပြောလို့ရပါတယ်...”

ရှောင်းချန်သည် ထိတ်လန့်သွား၏။ သူသာမန်ရုပ်ရည်နှင့်လူသည် သူ၏ နောက်သို့ မည်သို့ရောက်ရှိလာမှန်း မသိလိုက်ရချေ။

ပိုင်ကျန့်ယွီတို့သည် နောက်လိုက်၏ အဆင့်ကြောင့် အနိုင်ယူရန် မလွယ်ကူဖြစ်ခဲ့ရသည်။

ထို့ကြောင့် သူတို့သုံးဦးသည် နောက်လိုက်ကို ရှုပ်ထွေးသည့် တိုက်ခိုက်မှုများနှင့် တိုက်ခိုက်ခဲ့၏။

နောက်လိုက်သည် လုရှင်းယန်တို့၏ တိုက်ခိုက်မှုများကို တုန့်ပြန်နေချိန်တွင် ပိုင်ကျန့်ယွီသည် မြန်ဆန်သည့် အလျင်နှင့် ရှောင်းချန်ထံ ချည်းကပ်ခဲ့ခြင်းဖြစ်သည်။

“မင်း...မင်း..၊ ငါ့ကို သတ်ရင် ကျောက်စိမ်းပန်းဂိုဏ်းနဲ့ ရှောင်းအိမ်တော်က ခွင့်လွှတ်မှာမဟုတ်ဘူး...”

ရှောင်းချန်သည် တုန်ယင်သည့် လေသံနှင့် ချိန်းခြောက်ရန် ကြိုးစားလိုက်သည်။

“ကောင်းပြီလေ...၊ ဒါဆို စမ်းသပ်ကြည့်တာပေါ့...”

ပိုင်ကျန့်ယွီသည် သူ၏ ဓားကို အားအနည်းငယ်သုံးကာ ဖိလိုက်၏။

“အား..မ..မလုပ်ပါနဲ့...၊ ငါ့ကို လွှတ်ပေးရင် ထပ်ပြီး ပြသနာမရှာတော့ဖို့ ကတိပေးပါတယ်...”

ရှောင်းချန်သည် ပို၍ တုန်လှုပ်သွားလေသည်။ ထိုသူများသည် ကျောက်စိမ်းပန်းဂိုဏ်းနှင့် ရှောင်းမျိုးနွယ်ကို ဂရုစိုက်ဟန်မရချေ။

သူ ကြောက်ရွံ့လာရလေပြီ...။

ထိုအချိန်တွင် အိမ်တော်အတွင်းမှ အမျိုးသမီးအချို့သည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။

ပိုင်ကျန့်ယွီသည် သူ၏ ဓားကို မရုတ်သိမ်းသေးချေ။ ထို့နောက် မယုံနိုင်ဟန်လေသံနှင့် ဆိုလိုက်သည်။

“မင်းကို လွှတ်ပေးလိုက်ရင်တောင်...၊ ရှောင်းမျိုးနွယ်က ရောက်လာမှာပဲ...၊ မထူးတဲ့ အတူတူတော့ မင်းကို ရှင်းလိုက်တာပဲ ကောင်းမယ်...”

“ကျုပ် တိုင်တည်ပြီး အာမခံပါတယ်...၊ ရှောင်းမျိုးနွယ်က မင်းတို့ကို ပြသနာမရှာစေရဘူး...၊ ငါကျိန်ဆိုတယ်..”

ရှောင်းချန်သည် ပို၍ တုန်လှုပ်လာရပြီး ငိုလုမတက်အသံနှင့် ကျိန်ဆိုလိုက်၏။

ထိုအချိန်တွင် ကျောက်စိမ်းပန်းအိမ်တော်အတွင်းသို့ ပုံရိပ်နှစ်ခု ထပ်မံ ဝင်ရောက်လာပြီး ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့သားကို ဘယ်သူ အနိုင်ကျင့်တာလဲကွ...”

ရှောင်းချန် “...”

‘ငါ့ရဲ့ ကျိန်ဆိုချက် ပြန်ဖျတ်လို့ရလား...”

ပိုင်ကျန့်ယွီသည် ရင်းနှီးနေသည့် ပုံရိပ်နှင့်အတူ သက်လတ်ပိုင်းအရွှယ်အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။

ထိုသူသည် ရှောင်းမျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး ရှောင်းချန်၏ အဖြစ်ကို တွေ့မြင်လိုက်ချိန်တွင် ဒေါသတကြီး အမိန့်ပေးလိုက်သည်။

“မင်း...ငါ့သားကို လွှတ်လိုက်စမ်း..”

All Chapters