← Chapters

နယ်မြေဘုရင်ဖြစ်ရန်အခွင့်အရေး

Vol. 23 Ch. 336

နယ်မြေဘုရင်ဖြစ်ရန်အခွင့်အရေး

Vol. 23 Ch. 336

ထို့နောက်တွင် ဟွမ်းသည် ဟွားယီယီတောင်းခံသည့် သန်းနှစ်ဆယ်ကို ပေးအပ်လိုက်၏။ နောက်ထပ် တိုးလာသည့် နှုန်းထားသည် သူ၏ တိုက်ခိုက်မှုကြောင့်ပင်။

ဟွားရှီးယင်သည် တားဆီးကာ မလိုအပ်ကြောင်းပြောသော်လည်း ဟွမ်းသည် ပေးအပ်ခဲ့လိုက်သည်။

ထို့နောက် တပည့်များကို ခေါ်ကာ ထွက်ခွာသွားလေတော့၏။

ဟွားယီယီသည် ထိုမျှနှင့် မရပ်တန့်။ ရှောင်းမျိုးနွယ်ခေါင်းဆောင်ထံမှ ကျန်တစ်ဝက်ကို တောင်းခံလိုက်၏။

“ဟူး...”

ဟွားရှီးယင်သည် လေးကန်သည့် သက်ပြင်းကို ချလိုက်မိသည်။

ယွီလျန်မြို့တော်တွင် ကပ်ဘေးကျရောက်လုနီးနီး ဖြစ်သွားခဲ့၏။ ထို့နောက် သူမသည် အခြေအနေနှင့် အချိန်အခါကို မကြည့်တက်သည့် သူမ၏ တပည့်ကို အမိန့်ပေးလိုက်သည်။

“ရှောင်ယီ...၊ မနက်ဖြန်ကျရင် လျှပ်စီးနယ်မြေတစ်ခုလုံးကို သတင်းလွှင့်လိုက်...”

ဟွားယီယီသည် တွေးတွေးဆဆနှင့် ဆိုလိုက်၏။

“ဘာသတင်းလဲဆရာ..၊ သတင်းအတွက် ကောင်းကင်သလင်းကျောက် ရခဲ့ပြီလား...”

ဟွားရှီးယင် “...”

ဟွမ်းသည် ဝယ်ယူလာသည် ယာဉ်ပျံကို စီးနင်းကာ ယွီလျန်မြို့တော်မှ ထွက်ခွာလာတော့၏။ ယာဉ်ပျံ၏ အလျင်သည် ချီးကျုးဖွယ်ကောင်းအောင် မြန်ဆန်လှသည်။ တစ်ခဏအတွင်း လင်းရှန်းတောင်သို့ ရောက်ရှိလာတော့၏။

လင်းရှန်းတောင်သည် တိတ်ဆိတ်မှုများနှင့် ကြီးစိုးနေပြီး ယခင်ကကဲ့သို့ အခြားတောင်တန်းများကို လွမ်းမိုးထားခြင်းမရှိတော့ချေ။

ယခုတွင် အခြားတောင်တန်းများနှင့် တန်းတူမျှရှိနေပြီး တောင်တန်း၏ ပတ်လည်တွင် ဆန်းကြယ်အငွေ့အသက်များနှင့် ဖုံးလွှမ်းနေသည်။

အပြန်ခရီးတွင် လုရှင်းယန်တို့သည် မည်သည့်စကားမျှ မဆိုနိုင်တော့ပဲ အသက်မဲ့နေသည့် အသွင်နှင့် လိုက်ပါလာခဲ့၏။

သူတို့သည် လှေကားတစ်ထောင်ကို ကျော်ဖြတ်ပြီးနောက် ဟွမ်းရှန့်နန်းတော်တွင်းသို့ ဝင်ရောက်သွားတော့သည်။

ဟွမ်းရှန့်နန်းတော်တွင် ကမ္ဘာငယ်မှ ကျင့်ကြံသူများသည် နယ်မြေအတွင်း လိုအပ်သည့် အရာများကို ကူညီလုပ်ကိုင်နေကြ၏။

သူတို့ထဲတွင် တစ်ချိန်က ကမ္ဘာငယ်၏ ထိပ်သီးကျင့်ကြံသူများဖြစ်ခဲ့ကြသော်လည်း လင်းထျန်းဘုံတွင် သာမန်ကျင့်ကြံသူများသာ ဖြစ်သွားကြသည်။

ထို့အပြင် ဟွမ်း ခေါ်ဆောင်ခဲ့ခြင်း မရှိပါက သူတို့၏ အနာဂတ်များသည် ဆိုးရွားသွားနိုင်၏။

ဟွမ်းသည် ထိုအရာများကို စစ်ဆေးပြီးနောက် သူ၏ ခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။ သူသည် ဟွားယီယီထံမှ ရရှိခဲ့သည့် ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်၏။

သူ၏ စိတ်စွမ်းအင်များကို ကျောက်စိမ်းပြားတွင်း ထည့်သွင်းလိုက်၏။ ထိုအချိန်တွင် ကျောက်စိမ်းပြားသည် လင်းလက်လာကာ အကြောင်းအရာများကို မှတ်သားထားသည့် ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။

ဟွမ်းသည် ထိုပုံရိပ်ယောင်များကို သူ၏ စိတ်ဝိညာဉ်နှင့် စုပ်ယူမှုပြုလိုက်လေသည်။

၎င်းတွင် လျှပ်စီးနယ်မြေ၏ ဂိုဏ်းပေါင်းစုံနှင့် မြို့တော်များစွာ၏ အကြောင်းကို ပြည့်ပြည့်စုံစုံ ထည့်သွင်းထားလေသည်။

သူ၏ စိတ်စွမ်းအင်နှင့် ချိတ်ဆက်မှုကြောင့် အချက်အလက်များသည် သူ၏ မှတ်ဉာဏ်အတွင်း အစီအရီပေါ်ထွက်လာ၏။ အချိန်များစွာ မကုန်ခဲ့ချေ။

“ပေးရတဲ့ ဈေးနဲ့ ထိုက်တန်တာပဲ..”

ဟွမ်းသည် မှတ်ချက်ချလိုက်၏။ ထို့နောက် သူသည် ၎င်းတို့ကို အာရုံပြုကာ လေ့လာလိုက်သည်။

“အရှင်...၊ လိုအပ်တာတစ်ခုခုရှိလို့လား..”

ထိုအချိန်တွင် ဝမ်မုန့်ယွင်သည် သူ၏ ခန်းမ အတွင်းသို့ ဝင်ရောက်လာ၏။ ဟွမ်းပြန်ရောက်ချိန်တွင် ခန်းမအတွင်းသို့ လာရောက်ရန် အကြောင်းကြားခဲ့လေသည်။

ဟွမ်းသည် ခေါင်းခါယမ်းပြလိုက်ပြီးနောက် ပုံရိပ်ယောင်ကျောက်တုံးကို ထုတ်ပြလိုက်လေ၏။

“ဒါ...၊ ပုံရိပ်ယောင်နဲ့ ပတ်သတ်တဲ့ နည်းစနစ်တစ်ခုပဲ...၊ မင်းနဲ့ သင့်လျော်လိမ့်မယ်...”

ဝမ်မုန့်ယွင်သည် အံ့ဩသည့် အသွင်နှင့် ထိုကျောက်တုံးလေးကို လက်ခံလိုက်၏။ သူမ၏ စိတ်စွမ်းအင်ကို ချက်ချင်းဆိုသလို ထိုကျောက်တုံးအတွင်းသို့ အာရုံပြုလိုက်သည်။

သူမ၏ စိတ်စွမ်းအင် စီးဆင်းလိုက်ချိန်တွင် ရှုပ်ထွေးသည့် ပုံရိပ်ယောင်များသည် သူ၏ စိတ်အာရုံအတွင်းဝင်ရောက်လာ၏။

ထိုပုံရိပ်ယောင်များအနှင့်အတူ နည်းတစ်နစ်တစ်ခုသည် တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။

သူမသည် ထိုနည်းစနစ်ကို အာရုံပြုကာ လေ့လာလိုက်၏။

“သူမရဲ့ အဆောင်တောင် မပြန်တော့ဘူးလား...”

ဟွမ်းသည် ဝမ်မုန့်ယွင်၏ လုပ်ရပ်ကြောင့် ဆွံ့အသွားရလေသည်။

ထိုအမျိုးသမီးသည် ဖြစ်သလိုနှင့် စိတ်စွမ်းအင်များကို အသုံးပြုနေ၏။ ထိုအချိန်တွင် တစ်စုံတစ်ခု၏ နှောက်ယှက်မှုခံရပါက သူမ၏ စိတ်ဝိညာဉ်သည် အပြင်းအထန် ဒဏ်ရာရ‌သွားနိုင်သည်။

သို့သော် ဝမ်မုန့်ယွင်သည် ဟွမ်းကို အကြွင်းမဲ့ ယုံကြည်သောကြောင့်ပင်။

ထို့အပြင် သူမ အနေနှင့် ဟွမ်းမှလွဲ၍ ယုံကြည်နိုင်သူ မရှိတော့ချေ။ သူမ၏ ဂိုဏ်းအပြင် အဖိုးတန် တပည့်လေးနှစ်ဦးကိုပါ ဆုံးရှုံးရသူဖြစ်သည်။

ထို့ကြောင့် သူမသည် ထပ်မံ၍ တပည့်မွေးရန် မကြိုးစားတော့ပဲ တက်နိုင်သည့် အရာနှင့် ဟွမ်းကို အကူအညီပေးရန် ဆုံးဖြတ်ထားခဲ့ခြင်းပင်။

သူမသည် စိတ်ဝင်တစားနှင့် ပုံရိပ်ယောင်နည်းစနစ်များကို လေ့လာနေပြီး နာရီများစွာ ကြာမြင့်လာသည်။

“အရှင်...”

သူမသည် အတန်သင့် လေ့လာပြီးချိန်တွင် သတိဝင်လာခဲ့၏။

ထို့နောက် သူမ၏ အပြုအမူကြောင့် အနည်းငယ် ရှက်ရွံ့သွားရလေသည်။

“ကျေးဇူးတင်ပါတယ်..အရှင်..”

“မလိုအပ်ဘူး...၊ ဒါက မင်းရသင့်တဲ့ အခွင့် အရေးပဲ...”

ဟွမ်းသည် မလိုအပ်ကြောင်းဆိုလိုက်၏။ ထို့နောက် သူသည် ကမ္ဘာငယ်မှ ကျင့်ကြံသူများနှင့်ပတ်သတ်၍ နေရာအချို့ချထားပေးရန် ဝမ်မုန့်ယွင်ကို ပြောဆိုလိုက်သည်။

သူသည် ဟွမ်းရှန့်နန်းတော်၏ တည်ရှိမှုကို ဖော်ထုတ်ရန် အသင့်ပြင်ထားရပေမည်။

နောက်ရက်တွင် လျှပ်စီးနယ်မြေတွင် ထွက်ပေါ်လာသည့် သတင်းများကြောင့် ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ပိုင်ရှင်မဲ့တောင်တန်းသည် လင်းရှန်တောင်တန်းဟု အမည်ရရှိသွားပြီ ဖြစ်ပြီး ဟွမ်းရှန့်နန်းတော်ပေါ်ပေါက်လာသည် ဟူသည့် သတင်းများပင်။

ထို့အပြင် နန်းတော်သခင်သည် လျှပ်စီးမျိုးနွယ်အား ဖိနှိပ်ခဲ့ကြောင်းကိုလည်း အသေးစိတ် ထည့်သွင်းဖော်ပြထားလေသည်။

ထိုဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့သူများသည် ငြင်းဆိုဖွယ်ရာမရှိသော်လည်း ကြုံတွေ့ဖူးခြင်းမရှိသည့် ကျင့်ကြံသူများသည် ဟုတ်ရောဟုတ်ရဲ့လားဟု မေးခွန်းထုတ်နေကြသည်။

သို့သော် ကျောက်စိမ်းပန်းအိမ်တော်မှ ထုတ်လွင့်သည့် သတင်း ဖြစ်သောကြောင့် မှားယွင်းခြင်းလည်း မဖြစ်နိုင်။

ကျင့်ကြံသူများသည် ဇဝေဇဝါဖြစ်ကုန်ကြရ၏။

ယွီလျန်မြို့တော်ရှိ ကျောက်စိမ်းပန်းအိမ်တော်၏ ထိပ်ဆုံးအလွှာတွင် တစ်ထပ်တည်းနီးပါးဆင်တူသည့် အမျိုးသမီးနှစ်ဦးသည် စကားပြောဆိုနေ၏။

“အစ်မ...၊ ကျွန်မ ဝိညာဉ်နိုးထခြင်းသစ်သီးကို ရရှိခဲ့တယ်...”

ဟွားကျစ်ယင်သည် သူမ၏ အစ်မဖြစ်သူ ဟွားရှီးချန်ကို ထိုသစ်သီးကို ထုတ်ဖော်ပြသလိုက်၏။

ဟွားရှီးချန်၏ အမူအယာသည် အေးခဲသွား၏။ သူမသည် မယုံနိုင်သည့် လေသံနှင့် မေးမြန်းလိုက်သည်။ ထိုသို့ သစ်သီးမျိုးသည် ရရှိရန် မလွယ်ကူချေ။

“ဒါ...ဘယ်ကရတာလဲ...”

ဟွားကျစ်ယင်သည် သူမ ကြံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည် ပြောဆိုလိုက်၏။

“သူဖြစ်နေမလား...”

ဟွားရှီးယင်သည် တွေဝေသည့် လေသံနှင့် ရေရွတ်လိုက်မိသည်။

“ဘယ်သူလဲ အစ်မ...”

ဟွားကျစ်ယင်၏ နားမလည်နိုင်သည့် လေသံကြောင့် ဟွားရှီးယင်သည် ရှင်းပြပြောဆိုလိုက်၏။

ထို့နောက် သူမတို့နှစ်ဦး ရည်ညွှန်းနေသူသည် တူညီသည့် သူတစ်ဦးတည်းဖြစ်နေမှန်းသိလိုက်ရသည်။

“သူဘယ်လိုများ ရရှိလာတာပါလိမ့်...”

ဟွားရှီးယင်သည် ဟွမ်း၏ ဆန်းကြယ်မှုများကို သူမ၏ အသိဉာဏ်နှင့်ပင် မကန့်သတ်နိုင်တော့ပေ။

“အစ်မ...၊ အသုံးပြုလိုက်...”

ဟွားကျစ်ယင်သည် သူမ၏ အစ်မထံ ပေးအပ်လိုက်၏။ ထိုသစ်သီးသည် နယ်မြေဘုရင် တစ်ဦးဖြစ်လာနိုင်မည့်လမ်းစပင်။ သို့သော် ဟွားကျစ်ယင်သည် သူမ၏ အစ်မ အသုံးပြုစေရန် ဆန္ဒရှိနေသည်။

“ကျစ်ယင်...၊ ငါ့ရဲ့ ပါရမီက အကန့်အသတ်ရှိတယ် ဒီသစ်သီးကို အသုံးပြုလိုက်ရင်တောင် ဘာမှ ထူးခြားသွားမှာမဟုတ်ဘူး..”

ဟွားရှီးယင်သည် ညင်သာသည့် လေသံနှင့် ဆိုလိုက်၏။

“ဒါပေမဲ့ အစ်မ...”

ဟွားကျစ်ယင်သည် ခွန်းတုန့်ပြန်ရန် ပြင်လိုက်ချိန်တွင် ဟွားရှီးယင်၏ စကားသံ ထပ်မံ ထွက်ပေါ်လာသည်။

“ကျစ်ယင်...၊ ငါတို့နယ်မြေဘုရင်ဖြစ်သွားရင်တောင် သူတို့ကို အမြစ်ပြတ် တွန်းလှန်နိုင်စွမ်း မရှိသေးဘူး...”

ဟွားကျစ်ယင်သည် ငြိမ်ကျသွား၏။ ထို့နောက် သူမသည် ပြန်လည်ပြောဆိုလိုက်သည်။

“ကျွန်မတို့ သူတို့ကို လက်တုန့်မပြန်နိုင်သေးတောင် နယ်မြေဘုရင် တစ်ဦးထွက်ပေါ်လာရင် သူတို့ကို ဖိအားပေးနိုင်မှာပဲ...”

ဟွားရှီးယင်သည် သူမ၏ စကားကို ထောက်ခံလိုက်သည့်အလား ခေါင်းညိတ်လိုက်၏။

ထို့နောက် ဟွားကျစ်ယင် လက်မှ ဝိညာဉ်နိုးထခြင်းသစ်သီးကို ယူဆောင်လိုက်သည်။

သို့သော် ရုတ်ချည်းဆိုသလို ဟွားရှီးယင်သည် ဟွားကျစ်ယင်ကို သူမ၏စွမ်းအင်များနှင့် ချုပ်နှောင်လိုက်လေသည်။

“အစ်မ...နင်..ဘာလုပ်တာလဲ...”

All Chapters