← Chapters

အဆင့်မြင့်ရန်ဟောင်

Vol. 159 Ch. 2265

အဆင့်မြင့်ရန်ဟောင်

Vol. 159 Ch. 2265

ရီဖူရှင်းသည် အောက်ဘုံမှ ကိစ္စများကို ဖြေရှင်းရန် ချက်ချင်း မလုပ်ဆောင်ခဲ့ပေ။ ထို့အစား သူက အင်ပါယာကြယ်များကို လင်းလက်စေခဲ့ကာ ကောင်းကင်အောက်မှ ကျင့်ကြံသူများကို သူတို့၏ ကျင့်ကြံခြင်းအတွက် ကြယ်များအား နားလည်သဘောပေါက်စေရန် ခွင့်ပြုပေးခဲ့သည်။

သူသည်လည်း ကြယ်ကောင်းကင်အောက်၌ ကျင့်ကြံ​နေခဲ့သည်။ သူက လတ်တလောတွင် အတော်များများ ​ဖြတ်ကျော်ခဲ့ရသည်။ သူသည် အင်ပါယာကြယ်များမှ အမွေအနှစ်ကို လက်ခံခဲ့ရပြီး မဟာအင်ပါယာ၏ သင်ကြားပြသမှုကို ရရှိခဲ့သည်။ ထို့​ပြင် သူသည် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကိုလည်း တွေ့ကြုံခဲ့ရ၏။ သူသည် သူ၏ ကျင့်ကြံခြင်းက အများကြီး တိုးတက်လာပြီး လက်ရှိအဆင့်၏ အထွတ်အထိပ်သို့ ရောက်လာပေသည်။ သူက နောက်တစ်ဆင့်သို့ပင် ချိုးဖျက်သွားနိုင်တော့မည် ဖြစ်သည်။

ရီဖူရှင်းက ကြယ်ကောင်းကင်အောက်၌ တင်ပျဥ်ခွေကာ ထိုင်နေခဲ့သည်။ ကြယ်ရောင်များက လင်းလက်နေပြီး သူ့ပေါ်သို့ အလင်းများ သွန်းလောင်းပေးနေသည်။ သူက သန့်စင်မြင့်မြတ်သည့် အသွင်ပေါ်နေပေသည်။ လူအများသည် သူတို့၏ အကြည့်များကို နတ်ဘုရားကဲ့သို့ ထိုပုံရိပ်ပေါ်တွင် စွဲမြဲစွာ ထားခဲ့သည်။ အများစုက သူတို့၏ စိတ်ထဲ၌ သက်ပြင်းချလိုက်ကြသည်။ ရီဖူရှင်းက အနှေးနှင့်အမြန် ကြီးမြတ်သည့် သူရဲကောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ကျန်သည့်သူများက တရားထိုင်နေကြသည်။ သူတို့ထဲမှ အနည်းငယ်က အင်ပါယာကြယ်များ၏ နတ်ရောင်ဝါတို့ဖြင့် လွှမ်းခြုံထားခြင်းခံရကာ သူတို့၏ စွမ်းအားများဖြင့် ကောင်းချီးပေးခြင်း ခံကြရပေသည်။

ရီဖူရှင်းက အင်ပါယာကြယ်များကို လင်းလက်စေခဲ့ပြီးနောက် သူတို့သည် အင်ပါယာကြယ်များကို နားလည်သဘောပေါက်ကာ ခံစားနိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ လမ်းစဥ်က ​အင်ပါယာကြယ်တစ်ခုခုနှင့် ကိုက်ညီနေသရွေ့ သူတို့က ဆက်သွယ်ကာ ပေါင်းစည်းနိုင်မည် ဖြစ်သည်။ သူတို့သည် အင်ပါယာကြယ်များကို မှီခို၍ ကျင့်ကြံနိုင်ပေသည်။

ဤကြယ်ကမ္ဘာက စီဝေ့မဟာအင်ပါယာ၏ သင်ကြားမှုပြီးနောက် စစ်မှန်သည့် သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်လာကာ ပို၍ သန့်စင်လာပေသည်။

ကြယ်ကောင်းကင်အောက်၌ ကျင့်ကြံနေသော ကျင့်ကြံသူအားလုံးက အင်ပါယာကြယ်များ၏ စွမ်းအားကောင်းချီးကို လက်ခံရရှိပြီး ထိတ်လန့်ဖွယ် အရှိန်နှင့် တိုးတက်လာခဲ့သည်။ ထို့ပြင် ဤကြယ်ကောင်းကင်အတွင်း၌ အခြားကျင့်ကြံရေး အမွေအနှစ်များလည်း ရှိနေပေသည်။ ထိုအမွေအနှစ်များက သူတို့၏ ကျင့်ကြံရေးအတွက် အလွန် အကျိုးအမြတ် ရှိစေသည်။

ရီဖူရှင်း၏ တိုးတက်မှု အရှိန်ကလည်း အလွန် မြန်ဆန်သည်။ သူသည် အဆုံးမဲ့ကြယ်ကောင်းကင်မှ ကြယ်အလင်းရောင်များကို စုပ်ယူနေပြီး ကြယ်ကမ္ဘာနှင့် ပေါင်းစပ်နေသည်။ တောက်ပသည့် ကြယ်အလင်းများက သူ့ခန္ဓာကိုယ်အနီးတွင် စီးဆင်းနေသည်။ အချိန်များကုန်ဆုံးသွားသည်နှင့် မဟာလမ်းစဥ်၏ ပဲ့တင်ထပ်သံက သူ့ခန္ဓာကိုယ်အတွင်း တုန်ခါသံများကို ကြားလာရစေသည်။ သူ့ထံမှ တောက်ပကာ ထင်ရှားသည့် အလင်းများ ထွက်ပေါ်လာသည်။ အလင်းများသည် မဟာလမ်းစဥ်နတ်ဝင်ရိုးနှင့် တူညီပြီး ကြယ်ကောင်းကင်နှင့် တသားတည်း ဖြစ်နေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားမိသည့်အခါ လူအများက ခေါင်းများမော့ကာ သူ့ဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် နတ်သဘာဝဖြစ်စဥ်များ တောက်ပလင်းလက်လာသည်ကို မြင်တွေ့ကြရသည်။ ကြယ်အလင်းများက ရီဖူရှင်းအနီးတွင် ရွေ့လျားနေပြီး ကျန်း တစ်သောင်း အချင်းထိ ကျယ်ပြန့်လာကာ မဟာလမ်းစဥ် နတ်သဘာဝဖြစ်စဥ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ကို ကြည့်နေသည့် အခြားလူများအား မြင်သည့်အခါ သူတို့သည် သူက ကြယ်ကောင်းကင်၏ အုပ်ချုပ်သူဖြစ်ကြောင်း ခံစားမိပေသည်။ သူက စီဝေ့မဟာအင်ပါယာ ပြန်လည်မွေးဖွားလာသလို ခံစားမိ​ပေသည်။

ရီဖူရှင်းက မဟာအင်ပါယာထံမှ မည်သည့် သင်ကြားပြသမှုကို ရရှိခဲ့သနည်း။ ရန်ဟောင်ချန်းက အံ့အားတသင့်နှင့် ခေါင်းကို မော့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ လူတိုင်းသည် ရီဖူရှင်း လက်ခံရရှိခဲ့သော မဟာအင်ပါယာ၏ သင်ကြားမှုအကြောင်း သိရှိချင်နေကြသည်။ သို့သော် ရီဖူရှင်းက ၎င်းကို မည်သို့ ရရှိခဲ့သည်နှင့် သူ မည်သို့သော စွမ်းအားကို ဆက်ခံရရှိခဲ့သည်အား မည်သူမှ တိတိကျကျ မသိကြပေ။

ရီဖူရှင်း၏ နောက်တွင် ကြယ်သဘာဝဖြစ်စဥ်က ပို၍ တောက်ပထင်ရှားလာကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာသည်။ ကျင့်ကြံသူများ အားလုံးသည် သူ့ခန္ဓာကိုယ်က ကြယ်ကမ္ဘာနှင့် ပေါင်းစပ်သွားကြောင်း ခံစားမိသည်။ အရောင်စုံသည် ကြယ်အလင်းက သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် တောက်ပလာနေသည်။

"ဒါက..." ရီဖူရှင်း ခန္ဓာကိုယ်အတွင်းမှ အားကောင်းလှသည့် မဟာလမ်းစဥ်စွမ်းအားကို ခံစားမိသည့်အခါ လူအများ၏ မျက်လုံးများက ကျဥ်းမြောင်းလာသည်။

ရုတ်တရက် အခြားများပြားလှသော နတ်သဘာဝဖြစ်စဥ်များက ကြယ်အလင်းရောင်နှင့်အတူ ပေါက်ကွဲထွက်လာသည်။ တေးသွားသံစဥ်များ၊ ဓားရိုက်ခတ်သံများနှင့် ဆင်အော်မြည်သံများ ထွက်ပေါ်လာသည်။ သူ၏ မှော်မျက်ဝန်းမှ နတ်အလင်းတို့လည်း ထွက်ပေါ်လာ၏။ ထို့ပြင် ကြယ်များနှင့်အတူ နေမင်းလမင်းတို့က အတူတကွ​ ပေါ်ပေါက်လာပြီး အကြွင်းမဲ့လေဟာနယ်တစ်ခု ဖြစ်တည်လာသည်။ ၎င်းသည် မဟာလမ်းစဥ်၏ အဆုံးမဲ့စွမ်းအားတို့က ထိုနေရာ အတွင်း၌ ထွက်ပေါ်လာသည်။

ကြယ်ကောင်းကင်အတွင်းမှ လူတိုင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်နေသော အော်မြည်သံများကို ကြားနိုင်ပေသည်။ သူ၏ အသွေးအသားများက လမ်းစဥ်ဖြစ်လာသည်။ မဟာလမ်းစဥ်၏ အော်မြည်သံက ပို၍ ပြင်းထန်လာပြီး ကြယ်ကောင်းကင်တစ်ခွင်လုံးက ၎င်းနှင့် ပေါင်းစည်းလာသည်။ ယင်းသည် ကောင်းကင်မှ ကြယ်များအော်မြည်နေသကဲ့သို့ ထင်မှတ်ရသည်။

ရီဖူရှင်းက နောက်တစ်ဆင့်သို့ ချိူးဖျက်တက်ရောက်တော့မည်လား။ လက်ရှိ ရှိနေသော ကျင့်ကြံသူများအားလုံး၏ နှလုံးသားများက တုန်ယင်နေကြသည်။ ရီဖူရှင်းက အဆင့်​ခြောက်ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။ သူက နောက်တစ်ဆင့်သို့ ချိုးဖျက်ခဲ့လျှင် အဆင့်မြင့်ရန်ဟောင် ဖြစ်လာတော့မည် ဖြစ်သည်။

ထို့ပြင် သူသည် သိပ်မကြာကပင် အဆင့်ခြောက်ရန်ဟောင်သို့ ချိုးဖျက်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သူ၏ လတ်တလော အတွေ့အကြုံများက သူ့ကို အဆင့်မြင့်ရန်ဟောင်အ​ဖြစ် တိုးတက်လာရန် တွန်းအားပေးခဲ့သည်လား။ သို့ဆိုလျှင် သူ၏ တိုးတက်မှုနှုန်းက ကြောက်ခမန်းလိလိအင် ဖြစ်သည်။

ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်နှင့် သူက အဆင့်မြင့်ရန်ဟောင် ​ဖြစ်လာပြီးနောက် အထွတ်အထိပ်ပုဂ္ဂိုလ်များအောက်မှ လူအများကြားတွင် ပြိုင်ဘက်ကင်းသည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာပေတော့မည်။

ကောင်းကင်အတွင်းမှ နတ်သဘာဝဖြစ်စဥ်က ပြင်းထန်လာသည်။ ကြယ်အလင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း တဟုန်ထိုး တိုးဝင်လာ၏။ လူတိုင်း၏ ခန့်မှန်းချက်က မှန်ကန်သွားခဲ့ပေသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက အလယ်အလတ် ရန်ဟောင်အဆင့်၏ အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားနေပြီး အဆင့်မြင့်ရန်ဟောင်အဖြစ် တိုးတက်လာနိုင်ပေသည်။

ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်က ကြယ်ကောင်းကင်နှင့် တသားတည်း ဖြစ်လာသည်ကို ခံစားမိသည်။ သူ့စိတ်က ခရီးဆန့်သွားရာ နေရာတိုင်း သူ့ပိုက်နက်နယ်မြေ ဖြစ်လာသည်။ သူ၏ စိတ်ဝိညာဥ်နှင့် အသွေးအသားများသည် လောက မဟာလမ်းစဥ်နှင့် ပေါင်းစပ်ကာ ဖျက်ဆီး၍ မရနိုင်ဖြစ်လာသည်။

ဤခံစားချက်က ထူးခြားဆန်းလှသည်။ သူက နက်ရှိုင်းသည့် အခြေအနေသို့ ရောက်ရှိသွားသည်နှင့် မဟာလမ်းစဥ်နတ်အလင်းက ပို၍ တောက်ပလင်းလက်လာသည်။ မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းတို့က ကြယ်ကောင်းကင်တစ်ခွင် လင်းလက်လာ၏။

ဤအခြေအနေသည် လူတိုင်းကို ခေါင်းမော့ကာ ကောင်းကင်သို့ စိုက်ကြည့်မိစေသည်။ သူတို့၏ နှလုံးသားများက တုန်ယင်လာသည်။

၎င်းက အလွန် ပြင်းထန်လှသည်။

"ဒါက တစ်စုံတစ်ယောက် အဆင့်မြင့်ရန်ဟောင်အဖြစ် ချိုးဖျက်ဖို့ ကြိုးစားတဲ့အချိန်မှာ ဒီလောက် ကြီးမားတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာကို မြင်ဖူးတာ ပထမဆုံးပဲ။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ သူက စီဝေ့အင်ပါယာနန်းတော်မှ မဟာအကြီးအကဲ ဖြစ်သည်။ သူသည် ထူးချွန်သည့် ပုဂ္ဂိုလ်များကို မရေတွက်နိုင်အောင် မြင်ဖူးခဲ့ပြီး ကောင်းကင်၏ ဂုဏ်ယူရသော သားတော်များ အဆင့်မြင့်ရန်ဟောင် အဆင့်သို့ ချိုးဖျက်တက်ရောက်သည်ကိုလည်း မြင်ဖူးပေသည်။ သို့သော် သူတို့ထဲက မည်သူကမှ ရီဖူရှင်းကို မယှဥ်နိုင်ပေ။

ဤအခြေအ​နေက အလွန် ထိတ်လန့် အံ့သြဖွယ်ပင် ဖြစ်သည်။ ရီဖူရှင်းက ကြယ်ကမ္ဘာတစ်ခွင်လုံးနှင့် တသားတည်း ဖြစ်နေခဲ့သည်။

အင်ပါယာရှီနှင့် ကျန်သည့်သူများက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူတို့သည်လည်း မြင်ရသော မြင်ကွင်းကြောင့် ထိတ်လန့်ခဲ့ရပေသည်။

အင်ပါယာရှီက ထပ်ပြောလိုက်သည်။ "ပြီးတော့ ရီဖူရှင်းအတွက် အဆင့်မြင့်ရန်ဟောင် ဖြစ်လာဖို့ အတားအဆီးက မတည်ရှိသလိုပဲ။ သူက အတားအဆီးမရှိဘဲ နောက်တစ်ဆင့်ကို စိတ်တိုင်းကျ ချိုးဖျက်နိုင်တယ်။" မရေတွက်နိုင်သော ကျင့်ကြံသူများအတွက် အဆင့်မြင့်ရန်ဟောင်အဆင့်သို့ ချိုးဖျက်စဥ်တွင် ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ထိန်းသိမ်းထားရန်အတွက် ခက်ခဲ​ပေသည်။ သို့သော် ကြည့်ရသည်မှာ ၎င်းက ရီဖူရှင်းအတွက် လွယ်ကူသော ဖြစ်စဥ်ဖြစ်သည်ဟု ထင်မှတ်ရသည်။ သူသည် အတားအဆီးကို ချက်ချင်းပင် စိတ်ရှိသလို ချိုးဖျက်နိုင်ခဲ့ပေသည်။

နောက်ဆုံးတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ကောင်းကင်သို့ နတ်အလင်းတန်းများ ထိုးတက်လာခဲ့သည်။ သူ့ကို ဝန်းရံထားသည်ဘ အားလုံးသော မဟာလမ်းစဥ်နတ်ဝင်ရိုးများက တစ်ချိန်တည်းတွင် မဟာလမ်းစဥ် မြည်ဟီးသံများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လူအုပ်ကြီးသည် ရီဖူရှင်းက တင်ပျဥ်ခွေထိုင်နေရာမှ မျက်လုံးများ ဖွင့်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ငွေရောင်ဆံပင်များက ကြယ်ကောင်းကင်၌ တဖျတ်ဖျတ်လွင့်နေခဲ့သည်။ သူ၏ အရှိန်အဝါက ထူးခြားလှသည်။

သူ့အနီးရှိ နတ်အလင်းက လှုပ်ရှားသွားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပြောင်းလဲသွားသည်။ ၎င်းသည် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ ထို့ပြင် ၎င်းသည် ကြီးမားလှသော အသွင်ပြောင်းခြင်း အခြေအနေအောက် ရောက်နေခြင်း ဖြစ်သည်။

"သူက အခု အဆင့်ခုနစ် အဆင့်မြင့်ရန်ဟောင် ဖြစ်သွားပြီ။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်အံ့သြနေသော အကြည့်များနှင့် ပြောလိုက်သည်။ ရီဖူရှင်းသည် အဆင့်မြင့်ရန်ဟောင် အဖြစ်သို့ ချိုးဖျက်ခြင်းကို အလွယ်တကူ လုပ်ဆောင်သွားပေသည်။

"နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီ။" ရီဖူရှင်းက သက်ပြင်းရှည်ကို ချကာ ပြောလိုက်သည်။ ဤတစ်ကြိမ်၌ နောက်တစ်ဆင့်ကို ချိုးဖျက်ရန်မှာ သူ့အတွက် အရေးကြီးလှပေသည်။ လက်ရှိတွင် သူသည် ပို၍ အစွမ်းထက်လာသော ရန်သူများနှင့် ရင်ဆိုင်ရလိမ့်မည်။ ထိုသည်မှာ အဆင့်ခြောက်ရန်ဟောင်တစ်ပါးအတွက် ခက်ခဲသော အခြေအနေပင် ဖြစ်သည်။ အဆင့်ခုနစ်ရန်ဟောင်တစ်ပါးအနေနှင့်ပင် သူက ရင်ဆိုင်ရန် ခက်ခဲနိုင်သည်။ သို့သော် သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြုနိုင်ပြီး သူ့ စွမ်းရည်က အမျိုးမျိုးသော ကျင့်ကြံသူများကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။

ထိုကဲ့သို့သော ဖိအားကို သည်းခံနိုင်ရန်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ ယခု သူ၏ ကျင့်ကြံဆင့် မြင့်မားလာသောအခါ သူ၏ ခံနိုင်ရည်ကလည်း အများအပြား တိုးတက်လာသည်။ သူ့နှင့် ဆရာသခင်အပြင် မည်သူကမှ မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ယခု ထိုရုပ်ကြွင်းကို ဆရာသခင်က လေးမျက်နှာကျေးရွာသို့ ယူဆောင်သွားသည့်အတွက် ရီဖူရှင်းသည် အခွင့်အရေးရသည့်အခါ ကျေးရွာသို့ ပြန်ရန် လိုအပ်ပေသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက သူ့ဘေးတွင် ရှိလျှင် အနည်းဆုံး သူ့တွင် ဝှက်ဖဲအဖြစ် အစွမ်းထက်လက်နက်တစ်ခု ရှိလာပေလိမ့်မည်။

နောက်တစ်ဆင့်ကို ချိုးဖျက်သွားပြီးနောက် ရီဖူရှင်း၏ ပုံရိပ်က အောက်သို့ ဆင်းသက်လာသည်။ ကျင့်ကြံသူများစွာက သူ့ထံ ရောက်လာခဲ့၏။ ဆေးအင်ပါယာက ပြောလိုက်သည်။ "မင်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပထမဆုံးရောက်လာတုန်းက တုန်းဟွာနယ်မြေရဲ့ အထူးချွန်ဆုံး ပုဂ္ဂိုလ်လေး​ယောက်က မင်းအတွက် လက်လှမ်းမီဖို့ အဝေးကြီးမှာ ရှိခဲ့တာ။ နှစ်အနည်းငယ်အတွင်းမှာ မင်းက ဒီအဆင့်ထိ ရောက်လာအောင် လုပ်နိုင်ခဲ့မယ်လို့ ထင်မထားခဲ့မိဘူး။ အခု မင်းက နင်ဟွာနဲ့ တခြားလူတွေကိုတောင် ယှဥ်နိုင်လုနီးပါးပဲ။"

ဆေးအင်ပါယာက ယခု စိတ်ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူ၏ တပည့် ကျုံးချန်က ကံမကောင်း နင်ဟွာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဤအဆင့်ထိ မရောက်နိုင်ခဲ့သည်မှာ နှမြောစရာပင် ဖြစ်သည်။ မဟုတ်လျှင် သူသည်လည်း ဆက်လက်ကြီးထွားလာပေလိမ့်မည်။

"နင်ဟွာ။" ရီဖူရှင်းက ထပ်မံရေရွတ်လိုက်သည်။ သူက ဤအမည်ကို ကြားသည့်အခါ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တို့က သူ့မျက်လုံးထဲ လင်းလက်လာသည်။ သူသည် အနှေးနှင့်အမြန် တုန်းဟွာနယ်မြေ၏ ဒုနယ်မြေသခင်အား သတ်ဖြတ်ရပေလိမ့်မည်။

"ကျွန်တော်တို့ အရင်ဆုံး မူလဘုံကို ပြန်ပြီး အဲဒီက အင်အားစုတွေကို ရင်ဆိုင်ကြတာပေါ့။" ရီဖူရှင်းက ပြောလိုက်သည်။ အရှင်ထိုက်ရွှမ်နှင့် အခြားလူများက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ကိစ္စကို အချိန်ကြာမြင့်စွာ နှောင့်နှေးနေပြီးနောက် သူတို့နှင့် ရန်ကြွေးကို ဖြေရှင်းရန် အချိန်ရောက်ပြီ ဖြစ်သည်။

***

All Chapters