← Chapters

ဆရာဖန်ချီ၏ တိုက်ခိုက်မှု

Vol. 2 Ch. 21

ဆရာဖန်ချီ၏ တိုက်ခိုက်မှု

Vol. 2 Ch. 21

အချိန်က ကုန်လွန်သွားခဲ့၏။

နှစ်နာရီ ကြာသွားလေပြီ။

ပြိုင်ပွဲနေရာ၌ ဆေးပြင်းဖိုများက ရံဖန်ရံခါ ပေါက်ကွဲနေလေသည်။ သို့မဟုတ် ဆေးပြင်းဖိုတစ်ချို့၏ မီးတောက်များက ရုတ်ချည်း မြင့်တက်လာပြီး ဆေးဖက်ဝင်အပင်များကို ပြာအဖြစ် ပြောင်းသွားစေခဲ့၏။

ရလဒ်အနေဖြင့် လူအများအပြားသည် စိတ်ပျက် လက်ပျက်ဖြစ်ကာ ပြိုင်ပွဲနေရာကနေ ထွက်ခွာသွားကြတော့သည်။

အဂ္ဂိရတ်ပညာရှင်ဖြစ်ခြင်းက လူတိုင်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ စစ်ထုတ်ခြင်း၏ ပထမအဆင့်မှာတင် လူအများအပြားကို ဖယ်ရှား ပစ်နိုင်ခဲ့၏။

ထို့အပြင် ပေါင်းစပ်ခြင်းအဆင့်၌ ကြီးမားသော ပေါက်ကွဲမှုများတောင် ရှိခဲ့ပြီး လူတစ်ချို့က ဒဏ်ရာရ ခဲ့ကြသည်။

ပြိုကွဲခြင်းအဆင့်တွင် ဆေးရည်အများအပြား၏ ဂုဏ်သတ္တိများက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အဆိပ် သို့မဟုတ် အနံ့ဆိုးတစ်ခုခုအဖြစ် တိုက်ရိုက်ပြောင်းသွားခဲ့၏။

အတိုချုပ်ပြောရလျှင် ဆိုးရွားသောမြင်ကွင်းများစွာ ရှိခဲ့သည်။

"ဟေး! ကြည့်ဦး၊ ချန်မိသားစု...မင်းသမီးလေးရဲ့ သက်စောင့်ဆေးက ပုံစံပေါ်နေပြီ!"

"မြန်မြန်ကြည့်လိုက်! အဲ့ဒီသက်စောင့်ဆေးရဲ့အရောင်က ဆီပွက်နေသလိုမျိုး မြန်မြန် ပြောင်းလဲနေတာ"

"ပြိုကွဲခြင်းအဆင့်မှာ ဆေးဖက်ဝင်အပင်အမျိုးမျိုးရဲ့ အစွမ်းသတ္တိပြောင်းလဲမှုတွေအတွက် စိတ်ဝိညာဉ်စွမ်းအင်နဲ့ လမ်းညွှန်ပေးဖို့ လိုအပ်တယ်၊ ဒီအဆင့်မှာ မြင့်မားတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို လိုအပ်တယ်လို့ ကျုပ် ကြားဖူးတယ်"

"ချန်မိသားစုရဲ့မင်းသမီးလေးမှာ ငယ်ငယ်လေးကတည်းက ထူးခြားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ရှိတယ်လို့ ပြောကြတယ်၊ ဒါကြောင့် ပြဿနာမရှိလောက်ဘူး"

"ဒီတစ်ခေါက်ရဲ့အနိုင်ရသူက သူမ ဖြစ်လောက်တယ်၊ အဲ့ဒီချင်ကျီအတွက်ကတော့…ဟားဟား၊ သူက ဟာသတစ်ခုပါပဲ…"

"ငါ ပြီးသွားပြီ"

ထိုအချိန်တွင် မာနမကြီး၊ မနှိမ့်ချသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံက စကားပြောနေသော လူအပေါင်း၏ အမူအရာများကို ချက်ချင်း အေးခဲသွားစေခဲ့၏။

သူတို့သည် အံ့အားသင့်နေသောပုံစံဖြင့် ခေါင်းလှည့်ကာ ကြည့်လိုက်မိကြသည်။ ချင်ကျီ၏ ဆေးပြင်းဖိုက ဖြည်းဖြည်းချင်း ငြိမ်းသွားသည်ကို သူတို့ မြင်လိုက်ရ၏။ ထိုနှင့်အတူ အနီရောင်ဖျော့ဖျော့သန်းနေသော ဆေးတစ်လုံးက လေထဲ၌ ပျံဝဲနေလေသည်။

ထိုဆေး၏ မျက်နှာပြင်မှာ ကြည်လင်နေကာ အရည်တစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး အမျှင်တစ်ချို့စီးဝင်နေပုံပေါ်၏။

"ဒါက..."

ဘေးမှာကြည့်နေသောလူများသည် သူတို့၏ ပါးစပ်များကို ဖွင့်လိုက်သော်ငြား စကားမပြောနိုင်ခဲ့ကြပေ။ သူတို့၏နားထဲ၌ တိုးလျသော အသံများ ပဲ့တင်ထပ်နေလသည်။

ဖြန်း! ဖြန်း! ဖြန်း!

သူတို့၏မျက်နှာများပင် အနည်းငယ် နာလာသလို ခံစားနေရ၏။

"ကျွန်မ ပြီးပြီ"

ထိုအချိန်မှာ ချန်ပိလင်ကလည်း ပြောလာပြီး သူမ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။ ထို့နောက် စိတ်သက်သာရာရသောအပြုံးတစ်ခုကို ပြလိုက်၏။ ဒီတစ်ကြိမ်မှာ ကံက သူမဘက်မှာ ရှိနေသည်ဟု ခံစားရသည်။

သို့သော် ချင်ကျီ၏ဆေးကို မြင်သောအခါ သူမ ထိတ်လန့်ပြီး မျက်လုံးများပြူးသွားခဲ့၏။

"ဒါက ဘယ်လိုဖြစ်သွားတာလဲ…"

ထိုအချိန်၌ ဆရာဖန်ချီက ထရပ်လာပြီး ပြောသည်။

"မင်းတို့နှစ်ယောက်စလုံးက ဆေးဖော်စပ်လို့ ပြီးသွားပြီဆိုတော့ ဒီလူအိုကြီးကို ကြည့်ခွင့်ပေးပါ"

ဆရာဖန်ချီက သူ့ညာဘက်လက်ကို ဆန့်လိုက်ရာ လက်ဖဝါးကနေ စုပ်ယူနိုင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး ထိုဆေးနှစ်လုံးအား သူ့ဆီသို့ ပျံသန်းလာစေ၏။

"မင်းတို့နှစ်ယောက်စလုံးက အချိန်တိုတိုလေးအတွင်းမှာ ပုံသဏ္ဌာန်ရှိတဲ့ သက်စောင့်ဆေးကို ဖော်စပ်နိုင်ခဲ့လို့ အရမ်းကို အထင်ကြီးစရာကောင်းပါတယ်၊ ဒီနေ့မှာ အနိုင်ရရှိသူက ဒီလူအိုကြီးရဲ့တပည့် ဖြစ်လာလိမ့်မယ်၊ ပြီးတော့ အနာဂတ်မှာ ဒီလူအိုကြီးရဲ့ ဆေးဖော်စပ်နည်းတွေကိုတောင် ဆက်ခံနိုင်တယ်"

ဆရာဖန်ချီက ပြောလာသည်။

လေရှိုက်သွင်းသံ!

လူတိုင်းက အံ့အားသင့်သွားကြ၏။

ဆေးဖော်စပ်နည်းများကို ဆက်ခံခြင်း။

ထိုအရာက ကြီးမားသော အကျိုးကျေးဇူးပင်။ သာမန် ဆေးဖော်စပ်နည်းလေးတစ်ခုတောင်မှ တစ်သက်တာ နေထိုင်စားသောက်ရန် လုံလောက်လေသည်။

ထို့အပြင် ဆရာဖန်ချီ၌ အထူးဆေးဖော်စပ်နည်းတစ်ခုရှိ၏။ ထိုဆေးဖော်စပ်နည်းက တတိယအဆင့်သာ ရှိသော်ငြား တန်ဖိုးကတော့ မယုံနိုင်စရာပင်။

နှစ်စဉ်နှစ်တိုင်းမှာ ရေတွက်၍မရသော အဂ္ဂိရတ်ပညာရှင်များက ထိုဆေးဖော်စပ်နည်းကို အသုံးပြုရန် လျှောက်ထားခဲ့ကြသည်။ ထို့အပြင် ဖော်စပ်လိုက်သော ဆေးများကလည်း အရေအတွက်များကာ ဈေးနှုန်းမြင့်လေ၏။

ထိုဆေးက ဆရာဖန်ချီ၏ နာမည်ကျော် ဆေးဖော်စပ်နည်းပင်။

ရင်သားဖွံ့ဖြိုးဆေး!

လက်ရှိအချိန်တွင် သူ့လက်ထဲ၌ ဆေးနှစ်လုံးစလုံးရှိနေသည်။ ဘယ်ဘက်မှာ ချန်ပိလင်၏ ဆေးဖြစ်ပြီး ညာဘက်မှာတော့ ချင်ကျီ၏ ဆေးပင်။

ဆေးနှစ်လုံးစလုံး၏ အရောင်များက ဆင်တူသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ညာဘက်မှ ဆေးက ပို၍ ကြည်လင်နေ၏။ ဆေးပုံစံကလည်း ပိုပေါ်လွင်သည်။

"အရင်ဦးဆုံး ချန်ပိလင်ရဲ့ဆေးကို အကဲဖြတ်ရအောင်"

ဆရာဖန်ချီက ဘယ်ဘက်မှ ဆေးရည်ကို ကြည့်၍...

"ဆေးလုံးရဲ့ကိုယ်ထည်က အညစ်အကြေးမရှိဘူး၊ စစ်ထုတ်ခြင်းအဆင့်က ကောင်းမွန်တယ်ဆိုတာကို ပြသနေတာပဲ၊ ပြီးတော့ ဂုဏ်သတ္တိတွေကလည်း ဆေးဖော်စပ်နည်းနဲ့ ကိုက်ညီတယ်၊ ဒါကလည်း ပေါင်းစပ်ခြင်းနဲ့ ပြိုကွဲခြင်းအဆင့်တွေ လုပ်နေစဥ်အတွင်းမှာ သူမရဲ့ ထိန်းချုပ်မှုက ကောင်းမွန်တယ်ဆိုတာကို ပြနေတယ်"

"နောက်ဆုံးအဆင့်ဖြစ်တဲ့ စိတ်ဝိညာဥ်ပိတ်လှောင်ခြင်းအဆင့်မှာတော့ နည်းနည်းလေး မစေ့စပ်မသေချာသေးဘူး၊ ဒါပေမယ့် ဆေးလုံးရဲ့အစွမ်းကို နှစ်လကြာအောင် ထိန်းထားနိုင်တုန်းပဲ၊ ဒါက တော်တော်ကောင်းတယ်"

ထို့နောက် သူ ညာဘက်မှ ဆေးလုံးကို ကြည့်လိုက်၏။ သူ ကြည့်လိုက်စဥ်မှာ သူ့မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ကျုံ့သွားလေသည်။ သူ့မျက်နှာအမူအရာက ပို၍လေးနက်လာပြီး အတိတ်နိမိတ်က သိပ်မကောင်းတော့ပေ။

ဘန်း!

ရုတ်ချည်းပင် သူ ဆေးလုံးကို ချေမွလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်၏။

"ပေါက်ကရတွေ! အာနိသင်က ပရမ်းပတာနဲ့! ဒါက လုံးဝကို အဆိပ်ဖြစ်သွားပြီ!"

ကျောက်တုံးတစ်လုံးက လှိုင်းတစ်ထောင် ဖြစ်စေသကဲ့သို့ လူတိုင်းက ထိတ်လန့် သွားကြသည်။

အဆိပ်လား။

ချင်ကျီ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အော်လိုက်၏။

"မဖြစ်နိုင်ဘူး! ကျွန်တော် ဒါကို ခင်ဗျား ပြခဲ့တဲ့ ဆေးဖော်စပ်နည်းအတိုင်း လုပ်ခဲ့တာ၊ အမှားမရှိနိုင်ဘူး"

"သူတို့လည်း ဒီလူအိုကြီးရဲ့ဆေးဖော်စပ်နည်းအတိုင်း လုပ်ခဲ့ကြတာပဲလေ"

ဆရာဖန်ချီက ပြိုင်ပွဲနေရာမှ ထွက်ခွာသွားခဲ့သော လူများကို လှမ်းကြည့်သည်။ သူ့အသံက ဂရုမစိုက်ဟန်အပြည့်ပင်။

"အဂ္ဂိရတ်ပညာမှာ အမှားနည်းနည်းလေးကတောင် ကြီးမားတဲ့အမှားကို ဖြစ်စေတယ်"

"အဂ္ဂိရတ်ပညာမှာ ကျရှုံးတာက ဘာမှမဟုတ်ဘူး၊ ဒါပေမယ့် ကျရှုံးတာကို ဝန်မခံနိုင်ရင် နောင်တစ်ခါကျ အောင်မြင်မှု ရရှိဖို့ ခဲယဥ်းလိမ့်မယ်"

ထိုစကားလုံးများကြောင့် ချင်ကျီ၏အမူအရာက ပို၍ ဆိုးဝါးသွား၏။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။

"ဘာလို့ ကျွန်တော်က ကျရှုံးတယ်လို့ ပြောတာလဲ၊ ခင်ဗျားမှာ သက်သေရှိလား"

သူ ဒေါသထွက်နေလေ၏။

သူ့ဆရာက သူ့ဆေးလုံး၌ "ပြဿနာမရှိဘူး၊ အဆင်ပြေတယ်" ဟု ပြောခဲ့သည်။ ဒါဆို ဘာကြောင့်များ ကျရှုံးနိုင်မည်နည်း။

"အိုး! မင်းက ဒီလူအိုကြီးကို မေးခွန်းထုတ်နေတာလား"

ဆရာဖန်ချီ၏ မျက်ခုံးများက တွန့်သွားလေသည်။ သူ့မျက်လုံးထဲကနေ ခန့်ညားထည်ဝါသော အလင်းရောင်တစ်ခု ထိုးထွက်လာပြီး ခြိမ်းခြောက်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေလေ၏။

"မေးခွန်းမေးဖို့ ခွင့်မပြုထားလို့လား"

ချင်ကျီက မကြောက်မရွံ့ ပြန်ပြောသည်။

"ဟက်! တစ်ကယ်စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးပဲ…"

ဆရာဖန်ချီက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လာ၏။ သူ ချင်ကျီအား အပေါ်စီးမှကြည့်၍ ပြောလိုက်သည်။

"မင်းက ဒီလူအိုကြီးကို ဘာလို့လဲဆိုပြီး မေးတယ်၊ ဘာလို့လဲဆိုတော့ ဒီလူအိုကြီးက ပဉ္စမအဆင့်အဂ္ဂိရတ်ပညာရှင်၊ ဒီနယ်မြေက အဂ္ဂိရတ်ပညာအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌ ဖြစ်လို့ပဲ"

"ဒီနယ်မြေအတွင်းမှာ တခြားကိစ္စတွေအကြောင်း ငါ မပြောရဲပေမယ့် အဂ္ဂိရတ်ပညာအတွက်ဆိုရင်တော့ ငါ့မှာ ပြောပိုင်ခွင့်တစ်ချို့ ရှိတယ်"

"ငါ့လို ရာထူးနဲ့ဂုဏ်သိက္ခာရှိတဲ့လူက မင်းလိုမျိုး အဂ္ဂိရတ်ပညာမှာ အစပြုတုန်းဖြစ်တဲ့ လူငယ်လေးတစ်ယောက်အတွက် တမင်တကာ အခက်အခဲ ဖန်တီးလိမ့်မယ်လို့ ထင်နေတာလား"

"ဒါမှမဟုတ် ဒီလူအိုကြီးရဲ့မျက်လုံးတွေက အားနည်း နေပြီလို့ မင်း ပြောချင်တာလား၊ ဆေးလုံးတစ်ခုကိုတောင် မမှတ်မိတော့ဘဲ မင်းကို အရှုံးပေးခိုင်းတယ် ထင်နေလား"

"ဒီလူအိုကြီးက အာဏာကို အသုံးပြုပြီး ဖိနှိပ်နေတယ်လို့ မင်းက စွပ်စွဲနေတယ်၊ ဖြစ်နိုင်တာက မင်းရဲ့မောက်မာတတ်တဲ့စိတ်ကြောင့်ပဲလား၊ လောကကြီးအကြောင်းကိုပဲ မသိသေးလို့လား"

ချင်ကျီသည် ထိုစကားလုံးများကြောင့် ခေတ္တ ကြောင်အသွားရ၏။

သူ့စိတ်က အနည်းငယ် ယိမ်းယိုင်သွားသလို ခံစားရသည်။ သူ့စိတ်ထဲမှ ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးကို သူ ထပ်မေးမိ၏။

"ဆရာ ကျွန်တော့်ရဲ့ဆေးမှာ တကယ်ကို ပြဿနာမရှိဘူးလား"

"အဲ့ဒါက ပြဿနာလုံးဝမရှိနိုင်ဘူး"

ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေသည်။

"ဒါဆို ဘာလို့ သူက အဲ့ဒီလို ပြောနေရတာလဲ၊ သူ့ရဲ့ရာထူးနဲ့ဆိုရင် ကျွန်တော့်အတွက် အခက်အခဲတွေ လိုက်ဖန်တီးဖို့ မလိုအပ်ဘူးလေ"

ချင်ကျီက စိတ်ရှုပ်ထွေးစွာ မေးမိ၏။

"ဟက်! အဲ့ဒီအဘိုးကြီးရဲ့ရည်ရွယ်ချက်က *ဝိုင်ထဲမှာမဟုတ်ဘူး၊ ဝိုင်ရဲ့ပတ်ပတ်လည်မှာရှိတဲ့ အရာထဲမှာပဲ"

(T/N - အပြင်ပန်းမှာ တစ်စုံတစ်ရာလုပ်ပြနေပေမယ့် စိတ်ထဲမှာတော့ တခြားရည်ရွယ်ချက်အစစ်အမှန်ရှိနေတာမျိုးပါ)

ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက နှာမှုတ်လိုက်လေသည်။

"ပတ်ပတ်လည်မှာ ရှိတဲ့အရာလား"

ချင်ကျီမှာ ဇဝေဇဝါ ဖြစ်နေ၏။

"ဟုတ်တယ် အဲ့ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ပုံစံက တော်တော်လေးထူးခြား တယ်၊ အဲ့ဒီအဘိုးကြီးက သူမကို စိတ်ဝင်စားနေလောက်တယ်"

ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။

"အဲ့ဒီမိန်းကလေးလား"

ချင်ကျီမှာ အံ့အားသင့်စွာ မေးမိ၏။

"ဟုတ်တယ်၊ ငါ ထင်တာမမှားဘူးဆိုရင် သူမမှာ ရှားပါးပြီးတော့ ညှို့ယူဆွဲဆောင်နိုင်တဲ့ အပျိုစင်ခန္ဓာကိုယ်တည်ဆောက်ပုံရှိရမယ်၊ အဲ့ဒီခန္ဓာကိုယ်က နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် သင့်လျော်တယ်လေ"

ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီး၏အသံမှာ စိတ်မသက်မသာ ဖြစ်နေပုံရသည်။

"အာ...ဆရာ အဲ့ဒီအကြောင်းကို မတိုင်ခင်က ကျွန်တော့်ကိုလည်း မပြောပြခဲ့ဘူး"

ချင်ကျီက အံ့ဩစွာ ပြော၏။

"ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ၊ အဲ့ဒီမိန်းကလေးက နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် သင့်တော်တယ်ဆိုတဲ့အကြောင်းကို မင်းကို ပြောပြီး သူမကိုလိုက်ဖို့ တိုက်တွန်းရမှာလား"

ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက မျက်လုံးလှိမ့်လိုက်လေသည်။

သူမက မကျေနပ်မှုတချို့ဖြင့် ပြော၏။

"မင်း အဲ့ဒီလိုမျိုး လုပ်မှာကို ငါ ရွံတဲ့အကြောင်းကို ထည့်မပြောနဲ့ဦး၊ ငါက မင်းကို လုပ်စေချင်ရင်တောင်မှ မင်းအဖေက သဘောတူချင်မှ တူလိမ့်မယ်"

"မင်းအဖေလို အင်အားကြီးတဲ့လူတစ်ယောက်က ဘာတွေကိုများ မမြင်ဖူးသေးလို့လဲ၊ ရိုးရိုးသာမန် ညှို့ယူဆွဲဆောင်နိုင်တဲ့ အပျိုစင်ခန္ဓာကိုယ်အတွက်နဲ့ သူ့သားကို ဒီလိုမျိုး ဂုဏ်သိက္ခာမဲ့တဲ့အလုပ်ကို လုပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး"

သူမ၏မျက်လုံးထဲတွင်။

ထိုလူ၏ပုံရိပ်က အလွန်အဆင့်အတန်းမြင့်ကာ ကြီးမြတ်လေသည်။

"ဟုတ်တယ် ဆရာ ပြောတာမှန်တယ်"

ချင်ကျီလည်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။မည်သည့်ခန္ဓာကိုယ်တည်ဆောက်ပုံဖြစ်ပါစေ ထိုနည်းလမ်းများကို အသုံးပြုခြင်းက ရွံစရာကောင်းသည်။

ချစ်ခြင်းမေတ္တာက စင်ကြယ်ပေ၏။

ငါ မင်းကို ကြိုက်ရင် ကြိုက်တာပဲ!

ငါ မင်းကို မကြိုက်ရင် မကြိုက်ဘူးပေါ့!

မင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ငါနဲ့ ဘာဆိုင်လို့လဲ။

ငါက ပြိုင်ဘက်ကင်းဖခင်ရဲ့ သားတစ်ယောက်အနေနဲ့ကိုယ်ပိုင်နတ်ဘုရားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတယ်...ဘာလို့များ ရိုးရိုးသာမန် အခွင့်အရေးတစ်ခုလောက်အတွက် တစ်စုံတစ်ယောက်ကို ကြိုက်ဖို့လိုမှာလဲ။

မဖြစ်နိုင်ပေ။

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အမြင့်မှာရှိနေသော ဆရာဖန်ချီကိုကြည့်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။

"ခင်ဗျားပြောတာမှန်တယ်၊ ခင်ဗျား အမှားလုပ်မိတယ်လို့ ကျွန်တော် သံသယရှိတယ်၊ ဒါပေမယ့် ကျွန်တော် အမှားလုပ်မိတာလည်း ဖြစ်နိုင်ပါတယ်"

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သက်သေကသာ လူတိုင်းကို ယုံကြည်စေနိုင်တယ်၊ ဒါကြောင့် ကျွန်တော် မေးပါရစေ… ဘာလို့များ ခင်ဗျားက ကျွန်တော့်ရဲ့ဆေးရည်ကို ဖျက်ဆီးဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေခဲ့တာလဲ"

"ဟက်! ပဉ္စမအဆင့်အဂ္ဂိရတ်ပညာရှင်...သက်သေမရှိနေတဲ့အချိန်မှာ လူတိုင်းက ခင်ဗျားကို ယုံကြည်ဖို့ သဘာဝကျကျ ရွေးလိုက်ကြတယ်၊ သေနေတဲ့လူက မှားတယ်ဆိုတာကို ထောက်ပြဖို့အတွက် သက်သေမရှိတာနဲ့ တူနေတယ်၊ တကယ်ကို *ချင်း(ဂျင်း)အရင့်တွေက ပိုစပ်တာပဲ!"

(T/N - *အသက်ကြီးတဲ့လူတွေက တစ်ခုခုလုပ်ရင် ပိုကျွမ်းကျင်ကြတယ်၊ အတွေ့အကြုံပိုရှိကြတယ်ပေါ့)

"ဒါပေမယ့် ကျွန်တော် လက်မခံဘူး!"

ချင်ကျီက ခိုင်မာပြင်းထန်စွာ ပြောသည်။

လူတိုင်းက တုန်လှုပ်သွားကြလေ၏။

ဒီလူငယ်လေးက ဆရာဖန်ချီအား ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရဲနေသည်။

သူ့မှာ အသက်ရှင်သန်လိုစိတ် မရှိတော့ဘူးလား။

ဆရာဖန်ချီက ပဉ္စမအဆင့်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်ရုံတင် မကဘဲ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်မှ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်၏။

"ဒီလူအိုကြီးရဲ့လုပ်ရပ်တွေက မင်းရဲ့နှလုံးသားထဲက ယုံကြည်မှုကို လိုအပ်တယ်ထင်နေလား၊ မင်းရဲ့အတွေးတွေက ဒီလူအိုကြီးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီလူအိုကြီးက ဒုက္ခပေးရမှာကို စက်ဆုပ်တယ်"

ဆရာဖန်ချီသည် မြင့်မားသောနေရာကနေ ချင်ကျီကို ငုံ့ကြည့်နေပြီး သူ၏ အားကောင်းသောစွမ်းအင်က ထိုးထွက်လာခဲ့သည်။

"ဒါပေမယ့် မင်းက ထပ်ပြီး ရဲတင်းနေဦးမယ်ဆိုရင်တော့ ဒီလူအိုကြီးက မင်းကို ဒီနေရာမှာတင် သတ် ပစ်ဖို့ ဝန်မလေးဘူး!"

ထိုအော်ရာက ပူပြင်း၍ ခက်ထန်နေပြီး သတ်ဖြတ်လိုစိတ်များ ပါဝင်နေကာ လူအများအပြားကို အသက်ရှူရန် ခက်ခဲစေလေ၏။

ချင်ကျီ၏ သွေးများလည်း ဆူပွက်လာခဲ့သည်။ သူ ထိုဖိအားကို ဆန့်ကျင်၍ ခေါင်းမော့လိုက်၏။ သူ့မျက်နှာပေါ်၌ အေးစက်သော အပြုံးတစ်ခု ရှိနေသည်။

သူ အထက်စီးဆန်သော စကားလုံးအချို့ကို ပြောရန် ပြင်တော့မလို့ပင်။

ထိုအချိန်၌ ဆုံးဖြတ်ချက်ချထားကာ ကလန်ကဆန်လုပ်လိုသော မိန်းကလေးတစ်ယောက်၏ အသံက ထွက်ပေါ်လာ၏။ "လုပ်ရင်လုပ် မဟုတ်ရင် သေ"ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျယ်လောင်စွာအော်လိုက်လေသည်။

"ချင်ကျီ ငါ မှားသွားပါတယ်!"

All Chapters