← Chapters

ကဝေမငယ်

Vol. 2 Ch. 23

ကဝေမငယ်

Vol. 2 Ch. 23

တာအိုခန္ဓာ အဆင့် ၈သို့ ရောက်ရှိပြီး နောက်တွင် အန်လင်းအနေဖြင့် ကျင့်ကြံခြင်း နည်းစနစ်ရှိ “မြေ” အမျိုးအစားကို စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

“အဆင့်၁ အထွတ်အထိပ် မြေကြာပန်း အတတ် သတ်မှတ်ချက်  မဟူရာ ကျောက်တောင် ထွတ်ထိပ်တွင် တစ်ရက် ကျင့်ကြံပါ...”

မဟူရာ ကျောက်တောင်ထွတ်သည် တောင်ထွတ်တစ်ထောင် တောအုပ်တွင် အလွန်ကျော်ကြားသည့် တောက်ထွတ် ဖြစ်သည်။ ထိုတောင်သည် မည်းနက် ချောမွေ့နေသဖြင့် လက်ဗလာဖြင့် တက်ရောက်ဖို့ရာ မဖြစ်နိုင်ဟု ကောလဟာလများ ရှိသည်။

မဟူရာ ကျောက်တောင်ထိပ်သို့ ရောက်ရှိလိုပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ ပျံသန်းသွားဖို့ရန်သာ ဖြစ်သည်။

“အား... ငါ့မှာ ဓားပျံတွေသာ ရှိမယ်ဆိုရင် လုပ်နိုင်မှာပဲ...” အန်လင်က စိတ်ပျက်စွာ ညည်းညူ လိုက်သည်။

ဓားပျံ စီးနင်းဖို့ရန်အတွက် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းနှင့် အထက် ရှိသည့် ကျင့်ကြံသူများ သာလျှင် သင်ကြားနိုင်မည် ဖြစ်သည်။

သူ့အဆင့်မှာ မလုံလောက်သေးပေ။ ထို့ကြောင့် ဓားပျီစီးနင်းခြင်း အတတ်ကို နားလည် တတ်ကျွမ်းလျှင်တောင်မှ ပျံသန်းဖို့ရန် မဖြစ်နိုင်သေးပေ။

မပျံသန်းနိုင်တော့ကော ဘာဖြစ်လဲ... ငါကလည်း အထွတ်အထိပ် မြေကြာပန်း အတတ်ကို ကျင့်ကြံဖို့ ဘေးချိတ် ထားလိုက်မှာပေါ့...

အန်လင်းက စနစ်နှင့် ပတ်သက်သည့် အရာများကို တွေးတောခြင်းမှ ရပ်တန့်လိုက်သည်။ သူ့အတွက် အရေးအကြီးဆုံးသော လုပ်ဆောင်ရန်မှာ ရှေ့တည့်တည့်တွင် ရှိနေသည့် တောင်ကုန်းလေးဆီသို့ ရောက်ရှိရန်သာ ဖြစ်သည်။

သေချာတာပေါ့... နောက်ထပ် အရေးကြီးသည့် ကိစ္စတစ်ရပ်လည်း ရှိနေသေးသည်လေ။ သူ့အတွက် တစ်ချက်ထိုး ပစ်မှတ်လေးများကို ရှာဖွေရပေဦးမည်။

ကန့်သတ်မဲ့ ပြိုင်ပွဲအတွင်း ဖြစ်နေသေးသည့် အတွက်ကြောင့် သူ့အနေဖြင့် တစ်ချက်ထိုး အကွက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည့် အခွင့်အရေး ရှိနေသေးသည်။ ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ ဒဏ်ရာရနေသည့် သူများကို သူ့အနေဖြင့် မည်သည့်နေရာတွင် ရှာဖွေ တိုက်ခိုက်နိုင်ပါမည်နည်း။

ထိုအချိန်မှာပင် အန်လင်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် စီနီယာ တစ်ဦးကို တွေ့လိုက်ရသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့် အသံရှိရာသို့ သူက အလျင်အမြန် သွားလိုက်ပြီး သူရောက်ရှိသည့် အချိန်တွင် အောင်ပွဲ ခံနေသည့် စီနီယာ တစ်ဦးအား မြင်လိုက်ရသည်။

အန်လင်းက တွေးမနေတော့ဘဲနှင့် ရုတ်တရက် ခုန်ထွက် လိုက်သည်။ သူ့ကိုယ်သူ အကျဉ်းချုံး မိတ်ဆက်ပြီးသည့် နောက်တွင် ထိုစီနီယာ ကျောင်းသားအား မရပ်မနား လိုက်လံ တိုက်ခိုက်တော့သည်။

ဟုတ်သည်။ ထိုစီနီယာအား ရိုက်နှက်ဖို့ရာ အတွက် လိုက်လံ ဖမ်းဆီးနေခြင်းပင်။

ထိုစီနီယာသည် အခြေအနေ မကောင်းမှန်း ရိပ်မိသဖြင့် အန်လင်းနှင့် တိုက်ခိုက်မည့်အစား ထွက်ပြေးဖို့ရန် ရွေးချယ်လိုက်သည်။

သို့ပေမဲ့လည်း အန်လင်းက သူ့ရှေ့ ရောက်နေသည့် သားကောင်ကို အလွတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် တစ်စက္ကန့်မျှပင် တုံ့ဆိုင်း မနေတော့ပါ။

“ဟဟ... ငါ့လက်သီးကို မြည်းကြည့်လိုက်...”

အန်လင်းက ထိုစီနီယာအား မီသွားသည့် နောက်တွင် တောင်ခွင်း လက်သီးဖြင့် ထိုးနှက် လိုက်တော့သည်။

တောင်ခွင်း လက်သီးသည် အလွန်အမင်း စွမ်းအားကြီးသဖြင့် စီနီယာ၏ အကာအကွယ် မန္တန်ပါ ချက်ချင်းဆိုသလို ပျက်စီး သွားခဲ့ရသည်။ ထို့နောက်တွင် ကျန်ရှိနေသေးသည် စွမ်းအား အကြွင်းအကျန်များသည် ခြေထောက်များအား ထိခတ်မိသည်။

မြေပြင်ပေါ်တွင် တုန်ရီကာ သွေးအန်နေသည့် စီနီယာ ပတ်လည်တွင် ရွှေရောင် အကာအကွယ် စတင် အသက်ဝင်လာခဲ့သည်။

ထိုသည်ကို ကြည့်နေရင်း အန်လင်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“အေပေး အန်လင်း... မင်းမှာ ကိုယ်ကျင့်သိက္ခာ မရှိဘူးလားကွ...”

ထိုစီနီယာသည် စာရိတ္တ မကောင်းသည့် ကောင်၏ နိုင်လိုမင်းထက် ပြုကျင့်ခြင်းကို ခံလိုက်ရသည်။ သူ့ဘဝတွင် ထိုမျှလောက် အရှက်မဲ့သည့် သူကို မမြင်ဖူးခဲ့ပေ။

ထိုစီနီယာ ပြောသမျှကို အန်လင်းက ဖြုံတောင်မဖြုံချေ။ စနစ်၏ စစ်ဆင်ရေး ပြည့်မြောက်ဖို့ရန် အတွက် သူက ကိုယ်ကျင့် သိက္ခာကို ဘေးဖယ်ထားပြီးသား ဖြစ်သည်။

သနားစဖွယ် စီနီယာသည် ပြိုင်ပွဲပြင်ပသို့ နေရာ ရွှေ့ပြောင်းခြင်း ခံလိုက်ရပြီးနောက် အန်လင်းသည် စနစ်ကို စစ်ဆေးလိုက်သည်။ “စစ်ဆင်ရေး တိုးတက်မှု __ ၁/၁၀”

အန်လင်းက ကျေနပ်အားရစွာ ခေါင်းညိတ် လိုက်ပြီးနောက် အမဲလိုက်ခြင်းကို ဆက်လက် ဆောင်ရွက်လိုက်သည်။

တောင်ကုန်းလေးနှင့် သိပ်မဝေးသည့် နေရာတွင် အန်လင်းက တိုက်ပွဲ ဖြစ်ပွားနေသည့် အသံကို ကြားလိုက်ရပြန်သည်။ ကံတရားသည့် သူ့ဘက်တွင် ရှိနေသည်ဟု ခံစားနေရပြီ ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပေါ်ရာ နေရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီးနောက် အန်လင်းမှာ ရုတ်တရက် ဆိုသလို ထိတ်လန့် သွားတော့သည်။ မန္တန်များ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ ပြင်းထန်သည့် ပေါက်ကွဲမှုများကြောင့် ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင် အများအပြား ပြန့်ကြဲလျက် ရှိသည်။

ဒီနှစ်ယောက်က အတော်လေး ခွန်အားကြီးတဲ့ ပုံပဲ...

အန်လင်းက ဧရာမ ကျောက်တုံးတစ်တုံး အနောက်တွင် ပုန်းနေပြီး အဝေးမှ မြင်ကွင်းကို ချောင်းကြည့်နေသည်။

ထိုနှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်နေရင်းနှင့်ပင် အန်လင်းမှာ အံ့ဩ တုန်လှုပ် နေမိသည်။

“Light Binding...” ပန်းရောင် ဆံပင်တိုနှင့် မိန်းမပျိုလေးသည် တောင်ဝှေးကို ဝှေ့ယမ်းကာ အော်လိုက်သည်။

သူမလက်ထဲရှိ တောင်ဝှေးမှနေ အလင်းစက်ဝန်း တစ်ခု ပစ်လွှတ်လိုက်သည်။

ထိုအလင်းစက်ဝန်းသည် မယုံနိုင်စရာ အရှိန်ဖြင့် ရွေ့လျားပြီးနောက် စက္ကန့်ဝက် အတွင်းမှာပင် အနီရောင် အသားအရည်ရှိသည့် အမျိုးသားကို ဖမ်းချုပ် ထားလိုက်နိုင်သည်။

“ဝေါင်း....”

ထိုအမျိုးသားသည် ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ အနီရောင် မီးတောက်များ ထွက်ပေါ် လာပြီးနောက် သူ့အား ချုပ်နှောင်ထားသည့် အလင်း စက်ဝန်းမှနေ လွတ်မြောက်သွားသည်။

သူ့ခန္ဓာကိုယ်မှ မီးတောက်များသည် ကောင်းကင်သို့ ဆန်တက် သွားပြီးနောက် အပြင်ဘက်သို့ ပျံ့နှံ့ ရောက်ရှိသွားသည်။

ဧရာမ ကျောက်တုံးကြီး နောက်တွင် ရှိနေသော်လည်းပဲ အန်လင်းသည် အပူလှိုင်းများကို ခံစားနေရသည်။

အဝေးတွင်တော့ ပန်းရောင်ဆံပင်နှင့် မိန်းမပျိုလေးသည် သူမ လက်ဖဝါးများကို ပင့်ကာ ထိုအမျိုးသားအား ချိန်ရွယ်ထားသည်။ ငှက်မွှေး ၆ ခုဖြင့် အလှဆင်ထားသည့် တောင်ဝှေးသည် သူမရှေ့တွင် လျင်မြန်စွာ လှည့်ပတ်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင် ပမာဏသည် သူမရှေ့တွင် စတင် ကြီးထွားလာသည်။

“ငါ့ရဲ့  ပေါင်းစပ်ထားတဲ့ တိုက်ခိုက်မှုကို ဘယ်သူကမှ မကျော်လွှားနိုင်ဘူး... ယူလိုက်တော့... Final Spark...” ထိုမိန်းမပျိုက ညင်သာစွာ ကြွေးကြော် လိုက်သည်။

တောင်ဝှေးမှနေ အားကောင်းသည့် စွမ်းအင်လုံးတစ်လုံး ပေါက်ကွဲ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းသည် လေဆာရောင်ခြည်နှင့် အလားတူပြီး ကောင်းကင်သို့ မီတာ ရာပေါင်းများစွာ ထိုးဖောက်သွားသည်။ အနီရောင် အသားအရည်နှင့် အမျိုးသား၏ မီးတောက်များကို ပြိုကွဲသွားစေပြီး ရင်ဘက်မှ ထုတ်ချင်း ပေါက်သွားစေသည်။ ထို့နောက် မြေပြင်တွင် ရှည်လျား နက်ရှိုင်းသည့် မြောင်းတစ်ခု ဖြစ်ပေါ် လာစေသည်။

အနီရောင် အသားအရည်နှင့် အမျိုးသားသည် စကားပင် မပြောနိုင်ဘဲ မြေပြင်ပေါ်တွင် လဲကျကာ သွေးအန် နေတော့သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင် အကာအကွယ် ပေါ်ထွက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူမက အနီရောင် အသားအရည်နှင့် အမျိုးသားကို အနိုင်ရရှိ လိုက်သော်လည်း ဆံပင်ပန်းရောင်နှင့် မိန်းမပျိုလေးသည် ပျော်ရွှင်သည့်ပုံ ရှိမနေပါ။

သူမက တစ်ခုခုကို စဉ်းစားနေသည့်ပုံ ပေါ်ကာ သူမခေါင်းကို ဒေါသတကြီး ရိုက်နေသည်။ “ဘာလို့လဲ... ငါက Q.E.R ကို ဆက်တိုက် သုံးလိုက်သင့်တာ... ငါ့လက်တွေက တကယ်ကို အသုံးမကျဘူး...” (Q.E.R သည် League of Legends တွင်သုံးသည့် အတိုကောက် စာလုံးများ ဖြစ်သည်။ Q နှင့် E သည် အခြေခံ စွမ်းရည်များ ဖြစ်ပြီး R သည် အထူးစွမ်းရည် ဖြစ်သည်ဟု သိရသည်။

အန်လင်း : “…”

အဝေးမှနေ ကြည့်နေခဲ့သည် အန်လင်းသည် လုံးလုံးလျားလျားကို ကြက်သေ သေနေတော့သည်။ အခုနက မြင်ကွင်းသည် သူ့အား ကမ္ဘာမြေပေါ်ရှိ ဂိမ်းတစ်ခုဖြစ်သည့် League of Legends အား အမှတ်ရစေသည်။

ထိုမိန်းမပျိုသည် အလွန်အမင်း လှပပြီး သူမ ဝတ်ဆင်ထားသည့် ခမ်းနားသည့် ဝတ်စုံသည် သူမပုံရိပ်အား ကျက်သရေ အပေါင်းနှင့် တင့်တယ် နေစေသည်။

ပန်းရောင်ဆံပင်တို၊ ပန်းရောင်နဲ့ ခရမ်းရောင် စပ်ထားတဲ့ ဝတ်စုံ၊ အဖြူရောင် ပိုးသား အသားကပ်၊ ငှက်မွှေး ၆ ခု တောင်ဝှေး...

ဒီကောင်မလေးက Star Guardian Lux ပုံစံ ဝတ်ထားတာပဲ... ဟုတ်တယ်မလား... (Star Guardian Lux ဆိုတာ LoL မှ ကာရိုက်တာ တစ်ခုဖြစ်တဲ့ Lux ရဲ့ Skin ဟု သိရသည်....)

ခဏလေး... သူက “Light Binding” နဲ့ “Final Spark” ဆိုပြီးတော့ သုံးလိုက် နိုင်သေးတယ်...

ဒါကြီးကတော့ လိုတာထက် အများကြီး ပိုသွားပြီ... တကယ်ကြီး ကဝေမ အစစ်ကြီးပေါ့ဟ...

အန်လင်းက အာခေါင်များပင် ခြောက်လာသည်။ ထိုထူးဆန်းသည့် မိန်းမပျို မည်သည့် အတွက်ကြောင့် ထွက်ပေါ်လာသည်ကို သူမသိချင်တော့ပေ။

တိုက်ပွဲ ကြည့်ပြီးသည့် နောက်တွင် ချွေးအေးများ ထွက်လာပြီး ထိုကြောက်မက်ဖွယ် နေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာဖို့ရန်သာ တွေးမိတော့သည်။

အဆုံးတွင်တော့ အန်လင်းက သတိပြုမိလိုက်ပါပြီ။ ထိုဖိအား... ထိုအဖျက်အဆီး စွမ်းအား... ထိုတိုက်ပွဲသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ပွဲဖြစ်သည်။

ထိုကဲ့သို့သော ရန်သူများနှင့် ရင်ဆိုင်ရမည် ဆိုပါက တစ်ချက်ထိုး တိုက်ကွက်ကို အသုံးပြုဖို့ အခွင့်အရေးသည် သုညမှ အနုတ် ဘက်သို့သာ ရှိသည်။

ဆိုရိုးစကား ရှိသည်မှာ ဆာလောင်မှုကြောင့် သေဆုံးသွားသည့် ကုလားအုတ်သည် မြင်းတစ်ကောင်ထက် ပိုကြီးနေတုန်းပင် ဖြစ်သည်။ (ဆိုလိုသည်မှာ အင်အားကြီးသူ တစ်ဦးသည် နိမ့်ကျနေလျင်တောင် အင်အားနည်းသူ တစ်ဦးထက် သာလွန်သေးသည်ဟု ဖြစ်သည်...)

ထိုအပြင် ထို ကဝေမငယ်သည် တိုက်ပွဲ ပြီးဆုံးသွားသည့် နောက်တွင်တောင်မှ ဆာလောင်မှုကြောင့် သေဆုံးသွားခြင်း မရှိသေးသလို အသက်ရှင်သန် နေတုန်းပင် ဖြစ်သည်။

အန်လင်းက သူ၏ အားနည်းသည့် အငွေ့အသက်များကို ဖုံးကွယ်ပြီး အဝေးသို့ တိတ်တဆိတ် ထွက်ခွာရန် ကြိုးပမ်းလိုက်သည်။

ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ခါသွားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖမ်းချုပ်ထားသည့် အတွက် လှုပ်ရှားနိုင်ခြင်း မရှိတာ့ချေ။

တလက်လက် တောက်ပနေသည့် အလင်းရောင်သည် အန်လင်းအား လှည့်ပတ်နေပြီး အလွန် အားကောင်းသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သေစမ်း... ငါ့ကို ရှာတွေ့သွားပြီ...

အအေးလှိုင်က အန်လင်း တစ်ကိုယ်လုံး ဖြတ်သန်း စီးဆင်း သွားပြီးနောက် စိတ်ထဲတွင်ပင် သက်ပြင်း ချလိုက်တော့သည်။ ငါအကြောက်ဆုံးအရာ ဖြစ်လာတာပါလား...

"ဟဟ... ငါ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ ဘယ်သူမှ မရှိတော့ဘူးဆိုပြီး စိုးရိမ်နေခဲ့တာ... အဲဒီ အချိန်မှာပဲ နင်က ရုတ်တရက် ပေါ်လာခဲ့တယ်လေ..."

မိန်းမပျိုလေး၏ သာယာ ငြိမ့်ညောင်းသည့် အသံသည် အန်လင်း အနောက်မှနေ ထွက်ပေါ်လာသည်။

"ဒီတစ်ကြိမ်မှာတော့ ငါ့ရဲ့ Q.E.R သုံးမျိုး အသုံးကို ပြီးမြောက်စေရမယ်..."

"ဟမ့်.... ငါသေချာပေါက် လုပ်နိုင်တယ်..."

ထိုမိန်းမပျို၏ သူမကိုယ်ကိုယ် အားပေးသည့် အသံသည် အန်လင်း အနောက်မှနေ ထွက်ပေါ်လာသည်။

Q.E.R သုံးမျိုး အသုံးတဲ့လား... ထိုသည်ကို ကြားလိုက်သည့်အခါ အန်လင်း မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီ လာတော့သည်။

Q.R နှစ်မျိုးနဲ့တင် ဟို စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိတဲ့ အနီရောင် အသားအရည်နဲ့ လူက သေလုမျောပါး ဖြစ်သွားခဲ့တာလေ...

တာအိုခန္ဓာ အဆင့် ၈ ပဲရှိသေးတဲ့ အငယ်တန်း ကျင့်ကြံသူလေးအတွက် ခင်ဗျားရဲ့ အကြံအစည်က မရက်စက် လွန်းဘူးလားဗျာ...

အန်လင်းက နှာတရှုပ်ရှုပ် ဖြစ်လာသည်။ သူ့အသိစိတ်က ပြောကြားနေသည်မှာ “Final Spark”ဖြင့် ရိုက်ခံရပါက အရာအားလုံး ချုပ်ငြိမ်းသွားမည်ဟု ဖြစ်သည်။

သေချာတာပေါ့... ကန့်သတ်မဲ့ တိုက်ပွဲများတွင် ကံဆိုးလှသည် ဆိုသော ၁၀ ဦးထက် နည်းပါးသည့် ကျောင်းသားများထဲမှ တစ်နေရာသည် အန်လင်း အတွက်သာလျှင် ဖြစ်သည်။

***

All Chapters