← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 13 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 13 Ch. 313-314

အခန်း(၃၁၃) သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု

“မိသားစုဆရာဝန် ခေါ်လိုက်မယ်”။ ချင်းယုဟွိုင်းက အလောတကြီး ပြောလိုက်၏။

“မိသားစုဆရာဝန် ဘာလုပ်ဖို့ ခေါ်မှာလဲ။ ငါ့ကို မရှိဘူးလို့ သဘောထားနေကြတာလား”။ ဆရာကြီးရှုယီက သူ့မုတ်ဆိတ်သူ ဘဝင်မြင့်စွာ ပွတ်သပ်ရင်း ဖြေးညှင်းစွာ လျှောက်လာခဲ့သည်။

ဟုတ်သားပဲ! သူတို့အိမ်မှာ ဆရာကြီးရှုယီ ရှိနေတာပဲ!

ဆရာကြီးရှုယီက နောက်ကျမှ အိပ်ရာထတတ်သဖြင့် ချင်းမိသားစုနဲ့အတူတူ မနက်စာ မစားတတ်ပါ။

ခုနကမှ အိပ်ရာနိုးတာဖြစ်ပြီး ချင်းမိသားစု ဧည့်ခန်းထဲ ဝင်လာစဉ် ဆရာဝန်ခေါ်မည့်အကြောင်း ပြောနေကြတာကို နားစွန်နားဖျား ကြားသွားခြင်းဖြစ်၏။

“ဆရာကြီးရှုယီ!”။ ချင်းရှင်းကျစ်က ဆရာကြီးရှုယီကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဆရာကြီးရှုယီ ရှိနေလို့ တော်သေးတာပေါ့! ကျွန်တော့်မိန်းမကို ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး။ သူ့ကျန်းမာရေးတစ်ခုခု ဖြစ်နေမှာ စိုးရိမ်မိတယ်”

“ဟုတ်ပြီ။ သွေးခုန်နှုန်းအရင် စမ်းကြည့်မယ်”။ ဆရာကြီးရှုယီက ဝမ်ချင်းနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

ထို့နောက် ဝမ်ချင်း၏ လက်ကောက်ဝတ်ကို သူ့လက်ဖြင့် ကျွမ်းကျွမ်းကျင်ကျင် စမ်းသပ်လိုက်သည်။

အားလုံး အသက်ပင်မရှူရဲဘဲ စိုးရိမ်ပူပန်စွာ ဝိုင်းကြည့်နေကြသည်။

စူစူလေးတစ်ယောက်တည်းသာ ဘာမှ နားမလည်ဘဲ အူတူတူမျက်နှာလေးနဲ့ ခေါင်းစောင်းပြီး ကြည့်နေပါသည်။

ဝမ်ချင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ မြူခိုးငွေ့လို အရာ ၂ ခု စူစူလေး မြင်နေရသည်။ တစ်ခုက အဖြူရောင်ဖြစ်ပြီး တစ်ခုက အနက်ရောင်ဖြစ်သည်။ ဒီလိုအရာတွေကို စူစူလေး မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

အနက်ရောင်မြူခိုးတွေက ကံဆိုးမှုကို ကိုယ်စားပြုပြီး အဖြူရောင်က ကံကောင်းမှုကို ကိုယ်စားပြုသည်ဟု နတ်ယုတ်မာ ပြောဖူးတာကို သူမ မှတ်မိသလိုလို ရှိသည်။

အဖြူရောင် မြူခိုးတွေကြားထဲမှာ သူမကို ပြုံးပြနေသည့် ကောင်လေးသေးသေးလေး တစ်ယောက်၏ ပုံရိပ်လေးကို မြင်နေရသည်။

အရင်တုန်းက စူစူလေး ဒီလို မြူခိုးတွေကို မမြင်ရပါ။ ထို့ကြောင့် နတ်ယုတ်မာက သူမကို အသုံးမကျဘူးဟု ဆိုခဲ့ခြင်း ဖြစ်သည်။!

ဟွန်း!

အခုတော့ မြင်နိုင်ပြီလေ! ရှုပ်ရှက်ခက်နေတဲ့ အငွေ့တွေ ဘာထူးဆန်းလို့လဲ!

နောက်တစ်ခါ ထိုနတ်ယုတ်မာကို တွေ့ရင် မြင်နိုင်ပြီလို့ အကျယ်ကြီး ပြောပစ်လိုက်ဦးမယ်။ ဒါမှ သူ့ကို အထင်မသေးရဲမှာ!

ဒါပေမယ့် နေပါဦး…။

အခု အနက်ရောင်မြူခိုးတွေ ဘာလို့ မြင်နေရတာလဲ။ အဲ့တာတွေက ကံဆိုးမှုကို ကိုယ်စားပြုတာမဟုတ်ဘူးလား။

စူစူလေးက သူမ ဖေဖေ၊ မေမေနဲ့ အစ်ကိုကြီးတို့ကို မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည်။ သူမ ဘာလုပ်ရမလဲ။

ခဏကြာတော့ ဆရာကြီးရှုယီက သွေးခုန်နှုန်းကို စမ်းသပ်ပြီးသွားပြီဖြစ်သည်။ သို့သော် အဖြေကို ချက်ချင်း ထုတ်မပြောသေးပါ။

သူ့ရဲ့ တိတ်ဆိတ်မှုကြောင့် အားလုံး စိတ်တွေ ပိုလေးလံဿွားသည်။

“ဘာဖြစ်လို့လဲ ဆရာကြီးရှုယီ”။ ချင်းရှင်းကျစ်က စိုးရိမ်တကြီး မေးလိုက်သည်။

“သတင်းကောင်းတစ်ခုရယ် သိပ်မကောင်းတဲ့သတင်းတစ်ခုရယ်ရှိတယ်”။ ဆရာကြီးရှုယီက ပြန်ပြောလိုက်၏။

မိသားစုဝင်တွေကြားထဲက စူစူလေးကို ဆရာကြီးရှုယီ လှမ်းကြည့်လိုက်သည်။ စူစူလေးကြောင့် ဆရာကြီးရှုယီ အဖြေကို ထုတ်မပြောသေးခြင်း ဖြစ်ပါသည်။

“ဆရာကြီးရှုယီ။ ကျွန်မကို လန့်အောင် မလုပ်ပါနဲ့!”။ သတင်းဆိုးဟူသည့် အသံကို ကြားလိုက်ရသောအခါ ဝမ်ချင်း သိသိသာသာ ထိတ်လန့်သွားခဲ့ပါသည်။

ဆရာဝန်ပါးစပ်ကနေ သတင်းဆိုးဆိုတဲ့ စကားလုံးကို ဘယ်လူနာက ကြားချင်မှာလဲ။

ချင်းရှင်းကျစ်က ဝမ်ချင်းကို နှစ်သိမ့်ဖို့ ကြိုးစားသည်။ “အာ့ချင်း မကြောက်ပါနဲ့။ ဆရာကြီးရှုယီက သတင်းဆိုးလို့ ပြောတာမဟုတ်ပါဘူး။ သိပ်မကောင်းတဲ့သတင်းလို့ ပြောတာ။ ပြီးတော့ သတင်းကောင်းတစ်ခုလည်း ရှိသေးတယ်! ဆရာကြီးရှုယီပြောတာကို အရင်နားထောင်ရအောင်”

ဝမ်ချင်းခေါင်းငြိမ့်လိုက်ပြီး ဆရာကြီးရှုယီကို စိတ်ဖိစီးစွာ ကြည့်လိုက်သည်။

“သတင်းကောင်း အရင်ပြောမယ်။ သတင်းကောင်းက မင်းမိန်းမ ဗိုက်ကြီးနေပြီ”။ ဆရာကြီးရှုယီက ကြေညာလိုက်သည်။

ဘာ…။

ဗိုက်ကြီးနေပြီ ဟုတ်လား။

အားလုံး ကြက်သေသေသွားကြသည်။ သူမ တကယ်ဗိုက်ကြီးနေတာပဲ!

ချင်းရှင်းကျစ် အပျော်လွန်ကာ အော်ပင်မအော်နိုင်ဘဲ ၅ စက္ကန့်လောက် အေးခဲသွားပါသည်။

“အာ့ချင်း! မင်းတကယ် ကိုယ်ဝန်ရှိနေတာပဲ! တကယ် ကိုယ်ဝန်ရှိနေတာ!”။ ချင်းရှင်းကျစ်တစ်ယောက် လူငယ် တစ်ယောက်သဖွယ် အော်ဟစ်ခုန်ပေါက်နေသည်။

ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့နှစ်ယောက်လည်း ထိတ်လန့်သွားကြသည်။

သို့သော် အဖြစ်မှန်ကို လက်ခံဖို့အတွက် ၂ စက္ကန့်သာ ကြာခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် အသက် ၃ နှစ်ခွဲအရွယ် ဒေါ်လေး တစ်ယောက်တောင် ရထားပြီးပြီပဲဥစ္စာ။ နောက်ထပ် ညီလေး သို့မဟုတ် ညီမလေးတစ်ယောက် ထပ်ရမှာ ဘာထူးဆန်းသေးလို့လဲ။

အဘိုးချင်းနဲ့ အဘွားချင်းတို့မျက်နှာတွေမှာတော့ အပြုံးပန်းများ ပွင့်နေပါပြီ။

… … …

အခန်း(၃၁၄) ဝမ်ချင်း အရှက်ရခြင်း (၁)

သူတို့က ကလေးချစ်တတ်ကြသည်။ မိသားစုထဲ နောက်ထပ် ကလေးလေးတစ်ယောက် ရောက်လာတော့မည် ဖြစ်သဖြင့် သူတို့ ပျော်ရွှင်ကြတာ မထူးဆန်းပါ။

ဝမ်ချင်းတစ်ယောက်တည်းသာ မျက်လုံးကြီးပြူးပြီး အချိန်အတော်ကြာအောင် ကြက်သေသေသွားခဲ့သည်။

သူမက… ကိုယ်ဝန်ရှိနေတယ်တဲ့လား။

မဖြစ်နိုင်ဘူး! ဘယ်လိုမှ မဖြစ်နိုင်ဘူး!

ဒီအသက်ဒီအရွယ်ကြီးရောက်မှ ဘယ်လိုဖြစ်တာလဲ။ ပြီးတော့ သူမ သားကြောတောင် ဖြတ်ပြီးသွားပြီလေ!

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးနော်။ ဆရာကြီးရှုယီ မှားတာများလား။ နောက်တစ်ခါ ပြန်စစ်ဆေးကြည့်ပါဦး”။ ဝမ်ချင်း လက်မခံနိုင်သေးပါ။

“ဒီအဘိုးကြီးက ဘယ်တော့မှ မမှားနိုင်ဘူး”။ ဆရာကြီးရှုယီ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

ဆေးပညာကို နှစ်ပေါင်းများစွာ သင်ယူထားတာဖြစ်ပြီး သူသာ တကယ်မတော်လျှင် ဒီလောက် နာမည်ကြီးနေမှာ မဟုတ်ပါ။

“မဟုတ်ဘူး… ကျွန်မ…”။ ဝမ်ချင်း ခံစားချက်တွေကို ဘယ်လိုထုတ်ပြောရမလဲပင် မသိတော့ပါ။

ဆရာကြီးရှုယီရဲ့ ပညာကို သူမ သံသယမဖြစ်ချင်ပါ။ သို့သော် သူမ ကိုယ်ဝန်ရှိနေတာကို လက်ခံနိုင်ဖို့က ပိုခက်ခဲနေသည်။

“အာ့ချင်း ဒါသတင်းကောင်းလေ! ပျော်သင့်တာပေါ့!”

ချင်းရှင်းကျစ်က သူ့မိန်းမကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ပါသည်။

ဝမ်ချင်း မျက်နှာလွှဲလိုက်သည်။ သူမ မျက်နှာထားက အလွန်ရှုပ်ထွေးနေပြီး အရှက်ရနေပုံပေါ်သည်။

ဒီကိစ္စကို သူမ ယောက္ခမတွေနဲ့ ပြောထားပြီးသားမဟုတ်လား။ အခု သူမကိုယ်တိုင် ကိုယ်ဝန်ရလာပြီဖြစ်သဖြင့် ရှက်စရာ မကောင်းလွန်းဘူးလား။

သူမ မျက်နှာတစ်ခုလုံး ပူလောင်နေပါသည်။

အလွန်ရှက်ရွံ့ကာ ဒေါသလည်းထွက်နေပြီး ဘယ်တွင်းထဲ ဝင်ပုန်းနေရမလဲ စဉ်းစားနေမိသည်။

သူမ ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။

“အာ့ချင်း ဘာဖြစ်လို့လဲ။ နေလို့မကောင်းဘူးလား။ ဘယ်နား နာနေလို့လဲ”။ ဝမ်ချင်း၏ ဖြူရော်သွားသော မျက်နှာကို ကြည့်လျက် ချင်းရှင်းကျစ် စိတ်ပူစွာ မေးလိုက်ပါသည်။

ဝမ်ချင်း ဘာမှ မပြောခဲ့ပါ။

“အမေ ဒီတစ်ခါ ညီမလေးမွေးရင် မကောင်းဘူးလား”။ ချင်းယုကျီးက မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။ “အရင်တုန်းက သမီးလေးမမွေးနိုင်ခဲ့တာကို နောင်တရတယ်လို့ တဖွဖွပြောနေတာလေ။ ပြီးတော့ ချစ်စရာ သမီးလေးတွေ ရထားတဲ့ အမေ့သူငယ်ချင်းတွေကိုလည်း အားကျနေတာ မဟုတ်ဘူးလား”

ချင်းယုကျီး၏ စကားလုံးများကြောင့် ဝမ်ချင်း ခေတ္တရပ်တန့်သွားခဲ့သည်။ သူမ အာရုံထဲမှာ ချစ်စရာကောင်းပြီး နူးညံ့သည့် သမီးလေးတစ်ယောက်ကို ပွေ့ချီထားရသည်ဟု မြင်ယောင်လာသည်။ ထိုသမီးလေးက သူမကို မျက်လုံးပြူးပြူးလေးများဖြင့် ကြည့်နေလေသည်။

ဝမ်ချင်းက သမီးမိန်းကလေးတွေကို ချစ်ပါသည်။ သို့သော် သူမ ယောက္ခမ ကလေးမွေးထားသည့် ကိစ္စအား လက်မခံနိုင် ဖြစ်ခဲ့သည်။

“ဟုတ်တယ် ဟုတ်တယ် သမီးလေးမွေး!”။ ချင်းရှင်းကျစ်ကလည်း ဝမ်းသားလုံးဆို့လျက် ဝင်ပြောလိုက်သည်။

သူ့မိန်းမသာ သမီးတစ်ယောက်မွေးပေးလျှင် ချင်းရှင်းကျစ်၏ ဆန္ဒ ၂ ခု စလုံး ပြည့်ဝသွားပါပြီ.

ညီမလေးတစ်ယောက်ကော၊ သမီးလေးတစ်ယောက်ကော ရသွားပြီ!

ယောက်ျားဖြစ်သူနဲ့ သားဖြစ်သူတို့၏ မျှော်လင့်ချက်များကြောင့် ဝမ်ချင်းလည်း အနည်းငယ် စိတ်ယိုင်သွားခဲ့သည်။

ဒီအဖြစ်ကို သူများတွေ ကြုံတွေ့ခဲ့ရတုန်းက သူမ လက်မခံနိုင်ခဲ့ပါ။

သို့သော် သူမ ကိုယ်တိုင် ကြုံတွေ့လာရသည့်အခါကျတော့လည်း လက်မခံဘဲ မနေနိုင်ပေ။

သူမ ယောက္ခမဖြစ်သူ အသက်ကြီးမှ ကလေးမွေးတာကို မသင့်တော်ဘူးဟု ထင်ခဲ့မိသည်။ အခုတော့ သူမ အလှည့်ကို ရောက်လာပြီဖြစ်ပြီး သူမ အတွေးတွေကလည်း ယောက္ခမဖြစ်သူနဲ့ မခြားနားတော့ပါ။ သူမလည်း ကလေး မွေးပေးချင်ပါသည်။

“ဒါပေမယ့် ကျွန်မ အသက်အရွယ်နဲ့ ကလေးမွေးတာ အန္တရာယ်မရှိနိုင်ဘူးလား”။ ဝမ်ချင်းက စိတ်ပူစွာ မေးလိုက်၏။

ထိုသို့မေးလိုက်ရင်း ဝမ်ချင်း၏ မျက်လုံးများက အဘွားချင်းဆီ ရောက်သွားပါသည်။

သူမ အသက်အရွယ် မပြောနဲ့၊ သူမထက် အသက်အများကြီး ပိုကြီးသည့် ယောက္ခမဖြစ်သူ ဘယ်လို ကလေးမွေးခဲ့သလဲ ဆိုတာ ဝမ်ချင်း တွေးကြည့်လို့တောင် မရပါ။

အဘွားချင်းက ပြုံးလိုက်ပြီး နူးညံ့စွာ ရှင်းပြလိုက်ပါသည်။ “စိတ်မပူပါနဲ့။ ဆရာဝန်တွေကိုသာ အားကိုးလိုက်။ နင့် ကျန်းမာရေးက ကလေးမွေးဖို့ သင့်တော်လား မသင့်တော်ဘူးလားဆိုတာ သူတို့ ပြောပြပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ စူစူလေးကို မွေးတုန်းက အဲ့လောက် မခံစားခဲ့ရဘူး”

သားသမီးတွေထဲမှာ စူစူလေးကို မွေးပေးရတာက အဘွားချင်းအတွက် အလွယ်ကူဆုံးဖြစ်သည်။ ၁၀ မိနစ်တောင် မကြာလိုက်ပါ။

ထိုအချိန်တုန်းက အိမ်နီးချင်း ဒေါ်လေးနျို့ကတောင် စူစူလေးကို မွေးပေးတာထက် အိမ်သာတက်တာက ပိုကြာသည်ဟု စနောက်ခဲ့သေးသည်။

အဘွားချင်း၏ စကားကြောင့် ဝမ်ချင်း စိတ်သက်သာရာ ရပါသည်။

ထို့နောက် အဘွားချင်းက ဆက်ပြောလိုက်၏။ ‘အာ့ချင်း။ ကလေးတစ်ယောက်ရတယ်ဆိုတာ မိဘတွေအတွက် ကောင်းချီး မင်္ဂလာပဲ။ သားကြောဖြတ်ထားလျက်နဲ့ ကလေးတစ်ယောက် ရလာတာဆိုတော့ ဒီကလေးနဲ့ ရေစက်အရမ်းပါလို့ပဲဖြစ်မှာ။ ပျော်သင့်တာ ပျော်ပါ။ ငါတို့ မိသားစုက ကလေးဘယ်နှယောက်မွေးမွေး ကျွေးနိုင် မွေးနိုင်တယ်။ တကယ်လို့ မမွေးချင်ဘူးဆိုရင်လည်း တခြားနည်းလမ်းတွေ စဉ်းစားလို့လည်း ရတယ်”

… … …

All Chapters