← Chapters

အခန်း (၃၄၀-၃၄၁)

Vol. 14 Ch. 340-341

အခန်း (၃၄၀-၃၄၁)

Vol. 14 Ch. 340-341

အခန်း(၃၄၀) လူဆိုးတွေ တံခါးလာခေါက်ပြီ

ထိုစကား ကြားသောအခါ ချင်းရှင်းကျစ်က ရယ်မောလိုက်ပြီး အမြန်ပြောလိုက်ပါသည်။ “ဟုတ်ပါပြီ။ နောက်တစ်ခါဆို အစ်ကိုကြီးက ရွှေနဲ့ လုပ်ခိုင်းလိုက်မယ်နော်။ ဒီဟာလေးတွေတော့ လက်ခံမယ်မလား။ စူစူလေးရဲ့ ယောက်မက လက်ဆောင် ပေးတာလေး”

“အွန်းပါ”။ စူစူလေး လက်ခံလိုက်ပါသည်။

လူကြီးသူမတွေ လက်ဆောင်ပေးတာ မငြင်းသင့်ပါ။

ထို့အပြင် SpongeBob ကို သူမ တကယ်သဘောကျပါသည်။

စူစူလေး လက်ဆောင်ယူပြီးနောက် ဝမ်ချင်းကို ပြန်မော့ကြည့်လိုက်သောအခါ သူမ ဘေးနားရှိ အနက်ရောင် အငွေ့အသက်များ အနည်းငယ် လျော့နည်းသွားတာကို မြင်လိုက်ရသည်။

ထို့နောက် အဖြူရောင်အခိုးငွေ့တွေထဲက ကောင်လေးသေးသေးလေး ပျော်ရွှင်စွာ ရယ်မောနေတာကို မြင်ခဲ့ရသည်။

ဦးလေးပိုင်ဟူကျစ်ကို သူမ ဆေးကူဖော်စပ်ပေးလိုက်လို့ နေမယ်!

နောက်တစ်ခါလည်း ချစ်စရာကောင်းတဲ့ တူသေးသေးလေးအတွက် ဦးလေးပိုင်ဟူကျစ်ကို ထပ်ကူညီပေးရဦးမှာပေါ့!

“ကဲ ကဲ ဆေးသောက်ဖို့ အချိန်ရောက်ပြီ”။ အဘိုးယန်က ချင်းရှင်းကျစ်လက်ထဲ ဆေးတွေ စိတ်မရှည်စွာ ထိုးထည့်ပေးလိုက်သည်။

သူက အမြဲတမ်း ဒီအတိုင်းပဲဖြစ်၏။ လူတိုင်းကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံသည်။ လူနာတွေတောင် ချွင်းချက်မထားပါ။

စူစူလေးနဲ့ အဘိုးယန်တို့ အောက်ထပ်သို့ ပြန်ဆင်းလာကြစဉ် ဧည့်ခန်းထဲမှ ဆူညံသံတွေ ကြားလိုက်ရသည်။

လှေကားတစ်ဝက်လောက်ကို ရောက်သောအခါ စူစူလေး အမုန်းတီးဆုံး လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူမ ဖေဖေနဲ့ မေမေကို ဒေါသထွက်အောင်လုပ်သည့် လူဆိုးကောင်ကြီး အိမ်ရောက်နေသည်။

စူစူလေး အောက်ထပ်သို့ အမြန်ပြေးဆင်းလိုက်ပါသည်။

ဧည့်ခန်းထဲတွင် ချင်းကျင်းဖန်က ရဲတွေခေါ်လာပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ဖမ်းဆီးခိုင်းနေသည်။

“ရဲအရာရှိကြီး သူတို့ပဲ! ကျွန်မ ချွေးမနဲ့ မြေးမလေးကို ဒင်းတို့ ဖွက်ထားတာ! ကျွန်မ ချွေးမလေးနဲ့ မြေးမလေးကို ပြန်ရှာပေးကြပါ!” ဟုံပေါင်ကျူးလည်း ပါလာပြီး ချင်းမိသားစုကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်ကာ လက်ညှိုး ငေါက်ငေါက်ထိုးလျက် စွပ်စွဲလိုက်ပါသည်။

“ဟုံပေါင်ကျူး စကားကို ကြည့်ပြောနော်။ ဘယ်သူမှ နင့်ချွေးမနဲ့ မြေးမကို ဖွက်မထားဘူး”။ အဘွားချင်းက ဆိုဖာပေါ်မှာ တည်တည်ငြိမ်ငြိမ်ထိုင်လျက် ပြောလိုက်ပါသည်။

“ဘာကို ဖွက်မထားရမှာလဲ! နင်တို့ဖွက်ထားတာ သေချာတယ်။ နင်တို့သာ အပြစ်မရှိရင် ဘာလို့ ငါတို့ကို ရှောင်နေတာလဲ။ ငါတို့ ရဲသာမခေါ်ရင် နင်တို့ကို တွေ့ခွင့်တောင် ရမှာမဟုတ်ဘူး!”။ ဟုံပေါင်ကျူးက ဒေါသတကြီး ပြောလိုက်၏။

ချင်းကျင်းဖန်ကလည်း ရဲတွေကို တိုင်တောလိုက်သည်။ “ရဲအရာရှိကြီးတို့ ကူညီပေးကြပါ! သူတို့ ကြံစည်လို့ ကျွန်တော်တို့သားလေး ဆေးရုံရောက်နေပြီ။ ပြီးတော့ ကျွန်တော့် ချွေးမနဲ့ မြေးမလေးတို့ကိုလည်း သူတို့ ဖွက်ထားကြတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်ကို ဒုက္ခရောက်အောင် သူတို့ တမင်သက်သက် လုပ်နေတာ!”

“ပေါက်ကရတွေ စွပ်စွဲမနေစမ်းပါနဲ့။ မင်းဆီမှာ ငါတို့ ကြံစည်ရလောက်အောင် ဘာတွေ ရှိနေလို့လဲ။ မင်းကို ငါတို့ ဘာမှ လုပ်စရာမလိုဘူး”။ အဘိုးချင်းက ပြန်ပြောလိုက်သည်။

“မင်းတို့ ဘာတွေ အကောက်ကြံထားလဲ ဘယ်ပြောနိုင်မှာလဲ! အိမ်ဟောင်းကြီးကို ဖြိုချတော့မှာမို့လို့မလား။ မင်းတို့ ရှယ်ယာလျော်ကြေးများများလိုချင်လို့ ငါတို့မိသားစုကို ပစ်မှတ်ထားနေတာ! ငါပြောထားမယ်နော်။ အဲ့ဒီ အိမ်ဟောင်းကို ငါ့မိဘတွေ ထားခဲ့တာ! မင်းတို့လုဖို့ မကြိုးစားနဲ့!”။ ချင်းကျင်းဖန်က မောက်မာစွာ ပြောလိုက်သည်။

“ငါ ဘာလျော်ကြေးမှလည်း စိတ်မဝင်စားဘူး။ အဲ့လောက် ငွေလေးအတွက် မင်းလိုလူမျိုးနဲ့ ရန်ဖက်ဖြစ်ပြီး အချိန်ဖြုန်းရမှာ မတန်ဘူး”။ အဘိုးချင်းက ပြောလိုက်ပါသည်။

“ဟား! ငါမသိဘူးလို့ ထင်နေတာလား။ ခုတလော မင်းတို့မိသားစု ငွေရေးကြေးရေး အခက်အခဲတွေ ကြုံနေတာဆို။ ဒေဝါလီတောင် ခံရတော့မှာဆို။ မင်းတို့ ငွေအသည်းအသန်လိုနေတာပဲ! ငါတို့အိမ်ဟောင်းကြီး ဖြိုချမယ့် ရှယ်ယာလျော်ကြေးကို မလိုချင်ဘဲ နေမလား”။ ချင်းကျင်းဖန်က ထပ်ပြီး စွပ်စွဲလိုက်ပါသည်။

သတင်းတွေ ဘယ်ကကြားလာလဲမသိသော်လည်း ချင်းမိသားစု ဘဏ္ဍာရေး ကပ်ဆိုင်နေသည်ဆိုတာကို ချင်းကျင်းဖန် အလွန်ယုံကြည်နေပါသည်။

ချင်းကျင်းဖန်၏ သတင်းက အနည်းငယ် နောက်ကျနေမှန်း သိသာသည်။ ချင်းမိသားစု ပြဿနာတချို့ ကြုံခဲ့ရတာ မှန်သော်လည်း အခုအားလုံး ပြေလည်သွားပြီဖြစ်၏။

ဒါကိုကြားတော့ အဘွားချင်းက ဝင်ပြောလိုက်ပါသည်။ “နင်ပြောမှ ငါသတိရတယ်။ အဲ့ဒီအိမ်ဟောင်းကြီးကို နင်တို့ပဲ ပိုင်တာ မဟုတ်ဘူး။ ငါတို့က ပိုက်ဆံလိုနေတယ်လို့ နင်စွပ်စွဲတော့လည်း လျော်ကြေးတစ်ဝက် ဝင်ယူရတာပေါ့”

… … …

အခန်း(၃၄၁) စူစူလေးရှိရင် ဘယ်သူမှ မလှုပ်ရဲကြဘူး (၁)

အဘိုးချင်းနဲ့ အဘွားချင်းတို့က ချင်းချင်းဖန်ထံမှ အိမ်ဖြိုသည့် လျော်ကြေးငွေ မယူဘဲနေလို့ရသည်။ သို့သော်လည်း ချင်းကျင်းဖန်ကိုယ်တိုင်က ပြောနေသဖြင့် သူတို့ ရသင့်သည့် ဝေစုကို ရအောင် ယူပါမည်။

ဒါကိုကြားတော့ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ထိတ်လန့်သွားကြ၏။ ထို့နောက် ဟုံပေါင်ကျူး စကားလမ်းကြောင်း လွှဲလိုက်ပါသည်။ “အဲ့တာတွေ အခု မပြောစမ်းပါနဲ့ဦး။ အခုအရေးကြီးတာက နင်တို့ ငါ့ချွေးမနဲ့ မြေးမလေးကို ဖွက်ထားတဲ့ ကိစ္စပဲ။ အဲ့တာ တရားမဝင်ဘူးနော်!”

ထို့နောက် ဟုံပေါင်ကျူးက ရဲအရာရှိတစ်ဦး၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ “ရဲအရာရှိကြီး။ သူတို့ အကုန်လုံးကို ဖမ်းပြီး ထောင်ချပေးပါ!”

ပိုင်ဆိုင်မှုတွေပါ အကုန်သိမ်းပြီး သူမတို့ကို ပေးလိုက်လျှင် ပိုကောင်းပါသည်။

“မလောပါနဲ့ဦး။ အရင်ဆုံး အခြေအနေကို ကျုပ်တို့နားလည်အောင် ရှင်းပြကြပါ။ သူတို့ကို ဖမ်းသင့် မဖမ်းသင့်က ခင်ဗျားတို့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး”။

ရဲအရာရှိက ဟုံပေါင်ကျူးကို စိတ်အေးအေးထားခိုင်းလိုက်ပြီး ချင်းမိသားစုကို အသေးစိတ်မေးမြန်းဖို့ ကြံထားတာ ဖြစ်သည်။

“ချင်းဖေးဖန်နဲ့ စုမင်ရွေ့! ငါ့ချွေးမနဲ့ မြေးမလေးကို ဘယ်မှာဖွက်ထားကြတာလဲ။ အခုချက်ချင်း ပြန်ပေးကြစမ်း!”

ဟုံပေါင်ကျူးက ရဲတွေရဲ့ စကားကို လုံးဝ နားမထောင်ပါ။ သူမ ရဲခေါ်လိုက်သည့် အကြောင်းအရင်းက ချင်းမိသားစု အိမ်ထဲ ဝင်ခွင့်ရဖို့သာ ဖြစ်သည်။ အိမ်ထဲရောက်တာနဲ့ ထိန်းမရသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဖြစ်သွားသည်။

ရဲအရာရှိတွေလည်း ဒီအဘိုးကြီးနဲ့ အဘွားကြီး ဒီလောက် ကြမ်းကြုတ်လိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့သော် လူကြီးသူမတွေ ဖြစ်သဖြင့် ခွန်အားသုံးလို့ မရပေ။

ရဲအရာရှိတွေ အာရုံများနေစဉ် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အဘိုးချင်းတို့ထံ ပြေးသွားကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရဲအရာရှိတွေ ထိတ်လန့်သွားကြပါသည်။ အဘိုးကြီး အဘွားကြီး ၄ ယောက် သတ်ပုတ်ရင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြမှာ စိုးတာကြောင့်ဖြစ်၏။

ထိုစဉ် အပေါ်ထပ်မှ စူစူလေး ဆင်းလာပြီး သူတို့နားသို့ အမြန်ပြေးလာခဲ့သည်။

“ငါ့ဖေဖေနဲ့ မေမေနား မကပ်နဲ့!”

စူစူလေး၏ အသံကို ကြားသောအခါ သောင်းကျန်းဖို့ ပြင်နေသည့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့နှစ်ယောက် ရုတ်တရက် ရပ်တန့်သွားကြသည်။

မကြာသေးခင်ကမှ ရဲတွေကို မရှိသလိုတောင် သဘောထားပြီး သောင်းကျန်းဖို့ ပြင်နေကြတာဖြစ်သည်။

အခုတော့ ကျောက်ရုပ်တွေလို ငြိမ်သက်သွားပြီး နည်းနည်းလေးတောင် မလှုပ်ရဲကြတော့ပေ။

ရဲတွေစကားကိုတောင် နားမထောင်ဘဲ ဒီလို ကလေးလေးတစ်ယောက်ကို ဘာကြောင့် ကြောက်နေရတာလဲ။

စူစူလေးက လက်သီးဆုပ်ပြလျက် ပြောလိုက်၏။ “အနားထပ်တိုးလာရင် ထိုးမှာနော်!”

စူစူလေး၏ လက်သီးဆုပ် ဖြူဖြူဖွေးဖွေးလေးကို ကြည့်ရင်း ချင်းကျင်းဖန် ခန္ဓာကိုယ် တုန်ယင်သွားပါသည်။ အကြောက်တရားက မသိစိတ်မှဖြစ်ပေါ်လာသည်ဟုပင် ဆိုနိုင်သည်။

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ပြဿနာမရှာတော့သဖြင့် စူစူလေး လက်သီးဆုပ်လေးကို ပြန်ချလိုက်ပြီး ရဲအရာရှိကြီးအား ပြောလိုက်သည်။

“ရဲအစ်ကိုကြီးတို့! သမီးဖေဖေနဲ့ မေမေက လူဆိုးမဟုတ်ဘူး! သူတို့က လူဆိုးတွေ!”

စူစူလေးက ရဲအရာရှိကို သူမရဲ့ မျက်နှာသေးသေးလေးနဲ့ မော့ကြည့်ကာ ပြောလိုက်ပါသည်။ စူစူလေး၏ ချစ်စရာကောင်းသော မျက်နှာလေး၊ အထူးသဖြင့် ကြည်လင်တောက်ပနေသော မျက်လုံးလေးများကို မြင်သောအခါ အသက် ၂၀ ကျော်သာ ရှိသေးသည့် ရဲအရာရှိတစ်ယောက် အသည်းနှလုံးတွေ အရည်ပျော်သွားသည်။

သို့သော်လည်း တာဝန်ချိန်ဖြစ်သဖြင့် လေးလေးနက်နက် ပြုမူရပါမည်။

ရဲအရာရှိက စူစူလေးအား ပြောလိုက်၏။ “စိတ်မပူပါနဲ့ ညီမလေး။ အစ်ကိုကြီးတို့ သေချာစုံစမ်းမှာပါ။ လူကောင်း တစ်ယောက်ကို မှားယွင်းပြီး စွပ်စွဲတာမျိုး မဖြစ်စေရဘူး။ လူဆိုးတွေကိုလည်း သေချာပေါက် လွှတ်မပေးဘူး”

“အွန်း! ဒါကို အကောင်းဆုံး ကြိုးစားပါ ရဲအစ်ကိုကြီး။ ပြီးတော့ သမီးအကူအညီလိုရင် ပြောနော်!”။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ လိမ္မာလိုက်တာ”။ ရဲအရာရှိက ခေါင်းငြိမ့်လိုက်ပါသည်။

ဒီကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ။ စကားလည်းတတ်ပြီး သူ့ကိုလည်း အစ်ကိုကြီးလို့ ခေါ်တယ် ဟားဟားဟား။

ရဲအရာရှိ မေးခွန်းတွေ မေးဖို့ ပြင်နေစဉ် ချင်းယုဟွိုင်း အောက်ထပ်သို့ ဆင်းလာပါသည်။

“ဘာမှ မေးစရာမလိုဘူး။ ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်တို့ ဘယ်မှာရှိလဲ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် အဲ့တာနဲ့ပဲ သူတို့ကို ဖမ်းထားတယ် ဖွက်ထားတယ်လို့ မဆိုလိုဘူး။ သူတို့သားအမိကို ကျွန်တော်တို့က နေစရာနေရာပေးထားရုံပဲ”။

ထိုစကားကြားသောအခါ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ချင်းယုဟွိုင်းထံ ဒေါသတကြီး ပြေးသွားကြပြန်သည်။

… … …

All Chapters