← Chapters

လူကောင်းလော၊ လူဆိုးလော

Vol. 134 Ch. 1723

လူကောင်းလော၊ လူဆိုးလော

Vol. 134 Ch. 1723

ရှုရှန်းဟွာက တာအိုအစီအရင်သံချောင်းများအား ချင်မူ၏ တစ်ကိုယ်လုံးအတွင်းသို့ ‘စေတနာဖြင့်’ စိုက်သွင်းပေးနေသည်။ ချင်မူမှာ နာကျင်နေသော်လည်း ဒဏ်ရာများမှ သွေးမထွက်တော့သည့်အတွက် အနည်းငယ် သက်သာလာသည်။

တာအိုအစီအရင်သံတို့သည် တာအိုအသုဘခေါင်းတလား၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ သံတို့၏ အဓိကရည်ရွယ်ချက်ကား အသုဘခံရမည့်သူ၏ စွမ်းအားကို ချုပ်ချယ်ကန့်သတ်ကာ ခေါင်းတလားထဲမှ မလွတ်မြောက်နိုင်အောင် ဖြစ်သည်။

တာအိုအစီအရင်သံတို့အား သူ၏ ဒဏ်ရာများထဲသို့ ထိုးသွင်းလိုက်သည့်အချိန်တွင် ငုပ်လျှိုးနေသော တာအိုဒဏ်များအား ဖိနှိပ်ပေးထားနိုင်သည်။

သခင်လေးသုံးသည် ပြိုင်ဘက်ကင်းသော ကောင်းကင်နတ်သိုင်းကို သုံး၍ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာ အချက်ငါးဆယ် ချန်ထားခဲ့သည်။ တာအိုဒဏ်ရာများက အလွန်တရာ ထူးဆန်းသောကြောင့် ကုသရန် ခက်ခဲလှ၏။ တာအိုအစီအရင်သံချောင်းများကြောင့်သာ ချင်မူ စောလျင်စွာ နိုးထလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှုရှန်းဟွာသည်လည်း ဤအချက်ကို သတိထားမိသောကြောင့် သံများဖြင့် ဒဏ်ရာတို့ကို ပိတ်ဆို့ရန် ချင်မူ့အား အကြံပေးခဲ့ခြင်းပင်။

“မင်းကို သံရိုက်ခဲ့တဲ့သူက တလွဲကြီး ရိုက်ထားတာ”

ရှုရှန်းဟွာက သံတစ်ချောင်းကို စေ့စေ့စပ်စပ် ကြည့်နေရင်း ပြောသည်။ “ငါသာဆိုရင် ဒီဒဏ်ရာတွေကို ရှောင်ပြီး ရိုက်မှာပဲ… ထူးဆန်းလိုက်တာ… ဘယ်သူက မင်းကို ဒီလို ကူညီမှာလဲ”

ချင်မူလည်း အကြောင်းအရင်းကို ဂဃနဏ မသိသောကြောင့် စဉ်းစားသွားမိသည်။ “အဲဒီပုဂ္ဂိုလ်က ကောင်းကင်နတ်ဘုံမှာ ရှိနေပေမယ့် နှလုံးသားထဲမှာတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုပဲ ထည့်ထားတဲ့ ရှားရှားပါးပါး စစ်သည်တော်ကောင်းတစ်ယောက် ဖြစ်လောက်တယ်”

“အဲ့လိုပဲ‌ နေမှာပါ”

ရှုရှန်းဟွာက ခေါင်းညိတ်ကာ ဆိုသည်။ “ဘိုးဘေးနန်းတော်အတွက် မင်းမှာ ဘာအစီအစဉ် ရှိလဲ”

ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။ သူ့တွင် တခြားဒဏ်ရာ မရှိသော်လည်း လက်ရှိဒဏ်ရာများက အလွန်ပြင်းထန်နေသေးပြီး အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် မလွယ်ပေ။၊ တာအိုဒဏ်ရာများတွင် ငုပ်လျှိုးနေသော လမ်းစဉ်များ၊ ကျင့်စဥ်များနှင့် ကောင်းကင်နတ်သိုင်းများကို ဖြည်ဖြည်းချင်း သိမြင်နားလည်ရင်း နက်နဲဆန်းကြယ်မှုတို့ကို ဖော်ထုတ်နိုင်မှသာ ချိုးဖျက်နိုင်မည်။

ဤသည်ကား အချိန်လိုအပ်၏။

သူ၏ လက်ရှိစွမ်းဆောင်ရည်ဖြင့်ဆိုလျှင် ဘိုးဘေးနန်းတော်၏ ကြီးလေးသော ပြောင်းလဲမှုများကို လုံးဝ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ဘိုးဘေးနန်းတော်၏ ပြောင်းလဲမှုများမှာ မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်တို့ကြောင့် ထွက်ပေါ်လာခြင်းပင်။ သူတို့၏ ရည်ရွယ်ချက်က လောကသစ်ပင်၏ အမြစ်အောက်၌ ပိတ်မိနေကာ မလွတ်မြောက်နိုင်သော အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များကို လွှတ်ပေးရန်ပင်။

အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များ ပိုမိုသတ်ဖြတ်လေလေ သွေးယဇ်ပူဇော်ခြင်းသည် အားကောင်းလေလေ ဖြစ်မည်။ နောက်ဆုံးတွင် မီလော့နန်းတော်အနေဖြင့် ဤစကြဝဠာသို့ ဆင်းသက်လာနိုင်ပေလိမ့်မည်။

ခိုးဝင်လာသူများကား အာဏာပိုင်စိုးနိုင်ရေးအတွက် ဤစကြ၀ဠာ၏ ကမ္ဘာလောကအသီးသီးကို သေချာပေါက် တိုက်ခိုက်ကြလိမ့်မည်။ သခင်လေးသုံး ဆင်းသက်လာနိုင်အောင်လည်း သွေးယဇ်ပူဇော်မှုကို မလွဲမသွေ လုပ်ဆောင်ကြလိမ့်မည်။ သူတို့ထဲမှ တစ်စုံတစ်ယောက်သာ တာအိုရရှိ၍ အန္တိမဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်လိုက်ပါက ဤစကြဝဠာ၏ပျက်စီးခြင်းသည်လည်း ပိုမိုမြန်ဆန်လာမည်။

ထို့ကြောင့် ထိုအတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင်များကို မလွဲမသွေ ဖယ်ရှားရပေမည်။

သို့သော် သူတို့ကို ဖယ်ရှားရန်မှာ မလွယ်ကူချေ။ လောကသစ်ပင်၏ အမြစ်များမှ ခိုးဝင်လာသော အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များသည် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်သိမ်းပိုက်ရန်ပင် ကြံရွယ်နေကြသည်ဟု ရှုရှန်းဟွာ ယခုလေးတင် ပြောပြခဲ့၏။

လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်ဘုံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ ထိုခိုး၀င်လာသူများကို ရင်ဆိုင်ရန် အင်အားအပို မရှိပေ။

“အရင်ဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ကြတာ‌ပေါ့”

ရှုရှန်းဟွာက ချင်မူက တဖန် မ,ချီ၍ ခေါင်းတလားထဲသို့ ထည့်လိုက်သည်။ ချင်မူမှာ မဝင်ချင်ပေ။

“ဒီခေါင်းတလားက မင်းအတွက် လုပ်ထားတာ” ရှုရှန်းဟွာက ရှင်းပြသည်။ “မင်းရဲ့ တာအိုဒဏ်ရာတွေကို ဖိနှိပ်ပေးနိုင်တယ်… သံတွေထက်တောင် ပိုထိရောက်သေးတယ်… အထဲမှာနေရင် တာအိုဒဏ်ရာတွေကို ဘယ်လိုချိုးဖျက်ရမလဲ ဖြည်ဖြည်းချင်း သိမြင်နားလည်နေလို့ ရလိမ့်မယ်”

ချင်မူ ကပျာကယာ သတိပေးလိုက်သည်။ “ခေါင်းတလားကို သံရိုက်ပြီး မပိတ်လိုက်နဲ့နော်”

“မစိုးရိမ်ပါနဲ့… အဖုံးအုပ်ရုံပံ အုပ်ထားမှာပါ”

ရှုရှန်းဟွာသည် ခေါင်းတလားအဖုံးကို ပိတ်၍ အနည်းငယ်မျှ ဟထားကာ သယ်ဆောင်သွား၏။ “ဂိုဏ်းသခင်ချင်၊ ဟင်းလင်းပြင်မှာ ထိုက်ချူ၊ ‌ကောင်းကင်နတ်ဧကရီတို့နဲ့ တိုက်နေဝာာ ဘယ်သူလဲ.. သူ့တိုက်ကွက်က တကယ် ပြိုင်ဘက်ကင်းတယ်… သိပ်လည်း ထက်မြက်တယ်… အန္တိမဟင်းလင်းပြင်ကို အသုံးချပြီး ‌ကောင်းကင်နတ်ဧကရီရဲ့ စွမ်းဆောင်ရည်‌တွေကို ကန့်သတ်နေတာ”

“အဲဒါ ရှန့်ကျွင်းပဲ”

ချင်မူ ဖြေ၏။ “ငါ့ဒဏ်ရာ‌တွေက ပြင်းလွန်းလို့ အန္တိမဟင်းလင်းပြင်အထိ မမြင်ရဘူး… ရှန့်ကျွင်းက တစ်ယောက်တည်း ထိုက်ချူနဲ့ ‌ကောင်းကင်နတ်ဧကရီတို့ကို ရင်ဆိုင်နေရတာ .. တိုက်ပွဲအခြေအနေ ဘယ်လိုလဲ”

“အခုလေးတင် တိုက်ခိုက်နေခဲ့ကြသေးတယ်… ဒါပေမဲ့ ငါ မင်းကို ခေါင်းတလားထဲက ထုတ်ပြီး မင်း နိုးလာတော့ ထိုက်ချူနဲ့ ‌ကောင်းကင်နတ်ဧကရီတို့ ထွက်သွားကြပြီ”

ရှုရှန်းဟွာက ပြောသည်။ “အဲဒီရှန့်ကျွင်းက အခု ငါ့အရိပ်ထဲ ရောက်နေတယ်”

ချင်မူ ခပ်ကျယ်ကျယ် ရယ်မောလိုက်ရာ ရုတ်တရက် ဒဏ်ရာများ ပြန်ပွင့်သွားသည်။ သူက တဟွဟ်ဟွတ် ချောင်းဆိုးလျက် မာန်တက်နေသည်။ “ငါက အင်အားကြီးနေတုန်းပါလား… ထိုက်ချူနဲ့ ‌ကောင်းကင်နတ်ဧကရီတို့ပါ လန့်ပြီး ထွက်ပြေးရတဲ့အထိပဲ”

ရှုရှန်းဟွာက ခေါင်းငဲ့ကာ တခဏ စဉ်းစားနေသည်။ “ငါ ရောက်လာတာက တွေ့လို့ သူတို့ ထွက်သွားတာပဲ ဖြစ်သင့်တယ်.. မင်းက အခု အားတောင် မရှိတဲ့ဟာ”

ချင်မူ ဟမ့်ခနဲ နှာတစ်ချက် မှုတ်လိုက်၏။

တစ်ဖက်တွင်

ထိုက်ချူတစ်ယောက် ငေးကြောင်နေသည်။ ရှုရှန်းဟွာသည် တာအိုအသုဘခေါင်းတလားကို ယခုလေးတင် ဖွင်ခဲ့၏။ ယင်းက သူ့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေသဖြင့် အပြေးအလွှား ဆုတ်ခွာလာမိသည်။

အန္တိမဟင်းလင်းပြင်၌ ရှန့်ကျွင်းနှင့် တိုက်ခိုက်ခဲ့ရစဉ်တုန်းကလည်း ရှန့်ကျွင်းကို ထိတ်လန့်နေသည့်စိတ်က သူ့ကို မသက်မသာ ဖြစ်စေခဲ့သည်။

ရှန့်ကျွင်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။ ပြီးခဲ့သည့် တိုက်ပွဲတွင် သူ့မှာ ရှန့်ကျွင်းကြောင့် ဒဏ်ရာရခဲ့၏။ ရှန့်ကျွင်း ထိုက်ချူတာအိုကို နားမလည်ခဲ့ခြင်းကြောင့်မဟုတ်လျှင် ဒုက္ခလှလှ ရောက်ခဲ့ရမည်မှာ မလွဲဧကန်ပင်။

ဤတစ်ကြိမ်တွင်မူ ရှန့်ကျွင်းသည် အန္တိမဟင်းလင်းပြင်တွင် တာအိုသိုင်းပညာရှင်များဖြစ်သည့် သူနှင့် ‌ကောင်းကင်နတ်ဧကရီတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ဤတိုက်ပွဲသည်လည်း သူ၏နှလုံးသားကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

သခင်လေးနှစ်၏ ကိုယ်ပွားမှာ အန္တိမဟင်းလင်းပြင်တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။ ကောင်းကင်နတ်အရှင်ယွင်၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ပင် အပြင်းအထန် ဒဏ်ရာရခဲ့သည်ကို သူ သိထား၏။

‌ကောင်းကင်နတ်ဧကရီဆိုသည်မှာ သခင်လေးနှစ်နှင့် တစ်ထေရာတည်းပင် မဟုတ်လော။ နှစ်ယောက်စလုံး အဆုံးသတ်မြို့ပျက်တာအိုလမ်းစဉ်ကို လျှောက်လှမ်းကြ၏။ ထို့ကြောင့် အန္တိမဟင်းလင်းပြင်တွင် ချောင်ပိတ်ခံထားရသည့်အခါ သတိထားနေကြရသည်။ မရဏလေအေးတို့က အဆက်မပြတ် တိုက်ခတ်ရင်း ကောင်းကင်နတ်ဧကရီ၏ မရဏလေပူကို အင်အားကျဆင်းလာစေသောကြောင့် ကောင်းကင်နတ်ဧကရီအတွက်လည်း အခြေအနေမဟန်ခဲ့ပေ။

သူတို့နှစ်ယောက်လုံး ရှန့်ကျွင်းကို တိုက်ခိုက်နေကြသော်လည်း တိုက်ပွဲသည် အလွန်တရာ ခက်နေ၏။

ထိုမျှသာမက ရှုရှန်းဟွာက တာအိုအသုဘခေါင်းတလားကို အလွန်လျင်မြန်စွာ ချိုးဖျက်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုက်ချူအနေဖြင့် ရှုရှန်းဟွာ၏ အင်အားကို အကဲခတ်မှားသွား၍ အန္တိမဟင်းလင်းပြင်အား တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားခြင်း ဖြစ်သည်။

“အဲဒါ ဘယ်သူလဲ… ဘာလို့ သခင်လေးသုံး လင်းရှောင် သင်ပေးတဲ့ တာအိုအသုဘခေါင်းတလားကိုတောင် အလွယ်တကူ ချိုးဖျက်နိုင်ရတာလဲ” ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်က ထိကပ်တော့မတတ် တွန့်ချိုးနေလေသည်။

‌ကောင်းကင်နတ်ဧကရီက ဖြေ၏။ “အဲ့ဒါ အထက်ကောင်းကင်က ရှုရှန်းဟွာပဲ… အရင်တုန်းက သူ့ကို ဖိတ်ခေါ်ပြီး ခေါင်းဆောင်တစ်ယောက်အဖြစ် ပျိုးထောင်ချင်ခဲ့‌ဖူးတယ်… သူ့ရဲ့ အရည်အချင်းနဲ့ ဟန်ပန်က ဒီခေတ်မှာ ပြိုင်ဘက်ကင်းပဲ…. ငါတောင် သူ့ကို အထင်ကြီးပြီး အသိအမှတ်ပြုခဲ့မိတယ်… တာအိုမိတ်ဆွေအဖြစ်လည်း သတ်မှတ်ခဲ့မိတယ်”

ထိုက်ချူက မျက်ခုံးပင့်၍ နှာခေါင်းရှုံ့လိုက်သည်။ “မင်းက အရင်တုန်းက ကောင်းကင်နတ်အရှင်ယွီလို ကနွဲ့ကလျ အသည်းနုတဲ့ ကောင်မျိုးကို စွဲလမ်းခဲ့တာလေ... အခုကျ ရှုရှန်းဟွာကို စွဲလန်းနေပြန်ပြီတဲ့လား … ‌ကောင်းကင်နတ်ဧကရီ မင်းက ဒီလိုယောက်ျားမျိုးကို ကြိုက်တာပေါ့ ဟုတ်စ”

‌ကောင်းကင်နတ်ဧကရီသည် တည်ငြိမ်အေးဆေးစွာ တုံ့ပြန်၏။ “ငါနဲ့ ကောင်းကင်နတ်အရှင်ယွီကြားမှာ ဘာကိစ္စမှ မရှိခဲ့ဘူး… သခင်လေးရှုနဲ့ ငါ့ဆက်ဆံရေးကလည်း ဖြူစင်တယ်… နင့်ဆီက‌နေ ဘာမှ ဖုံးကွယ်ထားစရာ မရှိဘူး…. နင် အဲ့ဒီခွေးမနဲ့ ဖောက်ပြန်ခဲ့ကတည်းက ငါ မရေမတွက်နိုင်တဲ့သူတွေနဲ့ တွေ့ပြီး နင့်ကို ကလဲ့စားချေချင်ခဲ့တာ.. ဒီကိစ္စကို နင့်ဆီက ဖုံးကွယ်စရာ လိုမနေဘူး… သူတို့နှစ်ယောက်လုံးက အကျင့်စရိုက် ကောင်းပြီး နှိမ့်ချတတ်တဲ့ ယောက်ျားကောင်းတွေ… ငါ့နှလုံးသားထဲမှာ သူတို့အပေါ် လေးစားကြည်ညိုမှုပဲ ရှိတယ်”

ထိုက်ချူ၏ မျက်နှာကြီး မည်းမှောင်သွားသည်။ သူက တဟားဟား ရယ်လျက် ခနဲ့သည်။ “လန်ယွီတျန်း မင်းကို အကောက်ကြံခဲ့တာ မေ့သွားပြီလား”

“လန်ယွီတျန်းက လန်ယွီတျန်းပဲ…. ကောင်းကင်နတ်အရှင်ယွီ မဟုတ်ဘူး”

ကောင်းကင်နတ်ဧကရီ နှာ‌ခေါင်းရှုံ့လိုက်သည်။ “ထိုက်ချူ၊ ငါ့နှလုံးသားထဲမှာ နင်ဆိုတဲ့ အယုတ်တမာကောင်ဟာ ဖြူစင်မြင့်မြတ်တဲ့ ကောင်းကင်နတ်အရှင်ယွီကို ဘယ်တော့မှ မှီမှာမဟုတ်သလို နှိမ့်ချတတ်ပြီး တည်ငြိမ်အေးဆေးတဲ့ သခင်လေးရှုကိုလည်း မမှီဘူး”

ထိုက်ချူသည် ဒေါသတကြီးဖြင့် ချာခနဲ လှည့်ကာ ထွက်ခွာသွား၏။ “ခွေးမ”

ကောင်းကင်နတ်ဧကရီက သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရယ်နေသည်။ “သခင်လေးရှုရဲ့ စွမ်းဆောင်ရည်နဲ့ တာအိုအသုဘခေါင်းတလားကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး…. အဲ့ဒီ‌ခေါင်းတလားမှာ တစ်ခုခု သံသယ၀င်စရာ ရှိကို ရှိရမယ်… အဲ့ဒီကောင်းကင်နတ်အရှင် ရှင်းအန်းဆိုတဲ့သူ ပြုပြင်ထားတာ ဖြစ်လိမ့်မယ်”

ထိုက်ချူမှာ ဒေါသတကြီး ထွက်ခွာသွားပြီး ပျောက်ကွယ်သွား၏။

ကောင်းကင်နတ်ဧကရီက ခပ်‌ဖြည်းဖြည်းသာ လျှောက်နေသည်။ မကြာမီ ရှုရှန်းဟွာတစ်ယောက် ချင်မူ့ခေါင်းတလားအား သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။

ရှုရှန်းဟွာက ရပ်တန့်၍ ကောင်းကင်နတ်ဧကရီအား အရိုအသေပေးလိုက်သည်။ “အရှင်မ၊ မတွေ့ရတာ ကြာပါပြီ”

ကောင်းကင်နတ်ဧကရီလည်း ပြန်လည်နှုတ်ဆက်ပြီးနောက် သူမ၏အကြည့်က သူ့အနောက်ရှိ အရိပ်ပေါ်သို့ ကျရောက်သွား၏။ “ရှန့်ကျွင်း၊ အန္တိမဟင်းလင်းပြင်မှာ ကျွန်မက ရှင့်ပြိုင်ဘက် မဟုတ်ဘူး… ဒါပေမဲ့ အပြင်မှာ ရှင်က ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး… မကြိုးစားတာ ကောင်းလိမ့်မယ်… ကျွန်မ သခင်လေးရှုကို လာတွေ့တာ…. မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး”

ရှုရှန်းဟွာ၏ အရိပ်မှာ မလှုပ်ပေ။

ရှုရှန်းဟွာက ပြော၏။ “အရှင်မ ကျွန်တော့်ကို တွေ့ပြီးသွားပါပြီ”

ကောင်းကင်နတ်ဧကရီက သူ၏မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမက ခပ်တိုးတိုး ရေရွတ်လေသည်။ “ဒီလောကမှာ ထူးဆန်းတဲ့ ယောက်ျားတွေ များပေမယ့် သခင်လေးရှူလို လူမျိုးကတော့ သိပ်ကို ရှားတယ်… နင်နဲ့ ငါ ရန်သူတွေ ဖြစ်နေတာ နှမြောစရာပဲ… ရန်သူကနေ သံယောဇဉ်ဖြစ်လာပြီး သခင်လေးရှုနဲ့ ဝိုင်တူတူသောက်ရင်း စကားစမြည် ပြောနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”

ရှုရှန်းဟွာ တုံ့ပြန်မိသည်။ “အရှင်မသာ ကောင်းကင်နတ်ဘုံကို စွန့်ခွာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းရင် ရန်ကြွေးကို မိတ်ဆွေသံယောဇဉ်အဖြစ် ပြောင်းလဲနိုင်ပါတယ်”

ကောင်းကင်နတ်ဧကရီက ခေါင်းခါရမ်းသည်။ “အဲဒါကတော့ မဖြစ်နိုင်ဘူး…. ငါဟာ ကောင်းကင်နတ်ဘုံနဲ့ ဆိုးအတူ ကောင်းအတူပဲ…. လူတစ်ယောက်ကို သဘောကျမိတဲ့စိတ်ကြောင့်နဲ့ ကောင်းကင်နတ်ဘုံကို ဘယ်လိုလုပ် သစ္စာ‌ဖောက်ရမှာလဲ”

ခေါင်းတလားထဲမှ ချင်မူက မနေနိုင်သဖြင့် ထပြောတော့သည်။ “အရှင်မသာ ကောင်းကင်နတ်ဘုံကို စွန့်ခွာဖို့ ဆန္ဒရှိရင် ကျွန်တော် ကြားကနေ အောင်သွယ်တော် လုပ်ပြီး နောင်တော်ရှုကို အရှင်မနဲ့ လက်ထပ်ပေးနိုင်ပါတယ်… အရှင်မသာ ကန့်ကွက်စရာ မရှိရင် ကျွန်တော်လည်း…”

“နှာဘူး၊ နင် ပါးစပ်ပိတ်ထားစမ်း” ကောင်းကင်နတ်ဧကရီ ဒေါသူပုန်ထသွားသည်။

ရှုရှန်းဟွာသည် တစ်ချက်‌လေးမှ မျက်နှာမပျက်ဘဲ ခေါင်းတလားအဖုံးကို ပိတ်လိုက်ရာ ချင်မူ့အသံမှာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

“အရှင်မ၊ ကျွန်တော်တို့ဟာ ကိုယ့်လမ်းကို လျှောက်နေကြတာပါ... လမ်းတွေဟာ မတူညီတော့ပါဘူး”

ရှုရှန်းဟွာက ဦးညွှတ်အရိုအသေပေးသည်။ “ဒီနေ့ ကျွန်တော်တို့ လမ်းခွဲကြပြီး စစ်မြေပြင်မှာ ပြန်တွေ့ဆုံကြတာပေါ့… အရှင်မဘက်က မသက်ညှာဖို့ မျှော်လင့်ပါတယ်”

ကောင်းကင်နတ်ဧကရီမှာ ပြန်လည်အရိုအသေပေးပြီးနောက် မျက်ရည်များ စီးကျလာသည်။ သူမက မျက်နှာကို ကွယ်ရင်း ထွက်ခွာသွားသည်။ “သခင်လေးရှုလည်း မသက်ညှာဖို့ မျှော်လင့်ပါတယ်… သခင်လေးရှုကို စောစော မသိကျွမ်းခဲ့ရတာကို နောင်တရမိပါတယ်.. နှစ်တစ်ရာလောက် စောတွေ့ခဲ့ရင် ဒါမှမဟုတ် သခင်လေးသာ နှစ်တစ်သန်းလောက် စောစော မွေးဖွားခဲ့ရင် ငါတို့နှစ်ယောက်ရဲ့ အဆုံးသတ်က တစ်မျိုး ဖြစ်တန်ကောင်းပါရဲ့လေ…”

ရှုရှန်းဟွာသည် သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး ခေါင်းတလားကို သယ်၍ ခရီးဆက်၏။

ချင်မူက ခေါင်းတလားကို ခေါက်လိုက်ရာ ရှုရှန်းဟွာလည်း အနည်းငယ် ဟပေးလိုက်သည်။ ချင်မူ့အသံက ခေါင်းတလားထဲမှ ထွက်လာသည်။ “နောင်တော်ရှု၊ တကယ်လို့ ကောင်းကင်နတ်ဧကရီသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းပြီး ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ရင် အပြတ်အသတ် အားသာမှာလေ… မင်း ဘာလို့ စိတ်မကောင်း အဖြစ်ခံပြီး…”

ဂျိန်း…

ရှုရှန်းဟွာက ခေါင်းတလားအဖုံးကို အပြည့်ပိတ်ချလိုက်သည်။ တခဏမျှ စဉ်းစားပြီး‌နောက် သံများ ထုတ်၍ ခေါင်းတလားအဖုံးထဲသို့ ရိုက်သွင်းလိုက်၏။

အခြားတစ်ဖက်တွင် ထိုက်ချူသည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ခရီးနှင်နေသည်။

မကြာမီ ရှုရှန်းဟွာနှင့် ကောင်းကင်နတ်ဧကရီတို့ထက် ခြေတစ်လှမ်း စောက ကမ္ဘာဦးဘုံသို့ ပြန်လည်ရောက်ရှိလာပြီး ကောင်းကင်ဘုံစစ်စခန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုပင် သွားမတွေ့ဘဲ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝုန်းဒိုင်းကြဲ ဝင်ရောက်သွားတော့သည်။

ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်ထဲရှိ ကောင်းကင်နတ်အရှင်ရှင်းအန်း၏ ပတ်ပတ်လည်တွင် ဦးနှောက်များစွာ မြောလွင့်ပျံဝဲနေကြသည်။ သူ ထိန်းချုပ်ထားသော ဦးနှောက်အရေအတွက်မှာ ပိုမိုများပြားလာသည်နှင့်အမျှ နတ်ဦးနှောက်၀င်္ကပါမှာ အရွယ်အစား ပိုကြီးလာသလို တွက်ချက်မှုကလည်း ပိုမို မြန်ဆန်တိကျလာသည်။

ထိုက်ချူ၏ ကိုယ်ပေါ်မှ အသတ်အဖြတ်စိတ်ဆန္ဒတို့မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏မျက်နှာက နွေဦးလေပြေကဲ့သို့ နူးညံ့ညင်သာသွားသည်။ သူက ဖြည်းဖြည်းချင်း လျှောက်သွားရင်း ပြုံးလျက် မေးလေသည်။ “ကောင်းကင်နတ်အရှင်ရှင်းအန်း၊ အေးဆေးနေတာပဲနော်…. ခင်ဗျား သန့်စင်လိုက်တဲ့ တာအိုအသုဘခေါင်းတလားမှာ တစ်ခုခု မှားနေတယ်မလား”

ရှင်းဟန်က သူ့အား တစ်ချက်မျှ ငဲ့ကြည့်သည်။ “ဘာက မှားနေတာလဲ”

ထိုက်ချူက ဖော်ရွေစွာ ဖြေသည်။ “ယွီလင်နန်းစောင့်တပ် တာအိုအသုဘခေါင်းတလားကို ဘိုးဘေးနန်းတော်ဆီ သယ်သွားတဲ့ လမ်းမှာ ရှုရှန်းဟွာဆိုတဲ့ လူတစ်ယောက်က ခေါင်းတလားကို လုပြီး ထွက်ပြေးသွားတယ်” သူက ပြုံးလျက် ဆက်ပြော၏။ “အဲဒီရှုရှန်းဟွာက ခေါင်းတလားကို ချက်ချင်း ဖွင့်ပြီး ကောင်းကင်နတ်အရှင်မူကို လွှတ်ပေးလိုက်တယ်… တကယ့် တာအိုအသုဘခေါင်းတလားသာ ဆိုရင် ဒီလောက် လွယ်လွယ်ကူကူ ဖွင့်နိုင်ပါ့မလား”

ရှင်းအန်းက အံ့ဩမှင်သက်စွာဖြင့် ထရပ်လိုက်သည်။“ကျုပ် ရှုရှန်းဟွာရဲ့ အစွမ်းအစကို သိတယ်…” သူက သံသယအပြည့်ဖြင့် ပြောသည်။ “အရင်တုန်းက အနောက်ကမ္ဘာမြေဆီ သွားပြီး သူနဲ့ သွားတွေ့ဖူးတယ်…. သူ့အစွမ်းအစတွေက တကယ်ကို ထက်မြက်တာ … အဲဒီတုန်းက ကျုပ် သူ့ဆီမှာ ရှုံးခဲ့တယ်… ဒါပေမဲ့ ကျုပ် သွန်းပေးထားတဲ့ တာအိုအသုဘခေါင်းတလားကို သေချာပေါက် ချိုးဖျက်နိုင်မှာ မဟုတ်ဘူး…. အဲဒီလောက် အင်အား မရှိဘူး”

ထိုက်ချူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တို့ ဖြတ်ပြေးသွား၏။ သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုမိုတောက်ပလာသည်။ “သူ တာအိုအစီအရင်သံ လေ့ဆယ်ကိုးချောင်းကို အလွယ်တကူ ဆွဲနှုတ်လိုက်တာ ကျုပ် မျက်ဝါးထင်ထင် တွေ့ခဲ့တာ…” သူက အေးဆေးစွာ ပြော၏။ “ကောင်းကင်နတ်အရှင်မူရဲ့ ကိုယ်ပေါ်က သံချောင်း ငါးဆယ်ကိုလည်း သူက အလွယ်တကူပဲ… ”

“နေပါဦး”

ရှင်းအန်းက လက်ကာပြကာ နားမလည်နိုင်စွာ မေးလိုက်သည်။ “လေးဆယ့်ကိုးချောင်းလား… ကိုးဆယ့်ကိုးချောင်း မဟုတ်ဘူးလား”

ထိုက်ချူ၏ မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဖြည်းဖြည်း သျှံကျလာသည်။ သူ့မျက်မှာရှိ အပြုံးက ပို၍တောက်ပလာပြန်သည်။ “ခင်ဗျားပဲ ကျုပ်ကို ပြောခဲ့တာလေ… ဒီသံ ကိုးဆယ့်ကိုးချောင်းရဲ့ တစ်ဝက်ကို ခေါင်းတလားပေါ်မှာ ရိုက်ပြီး တစ်ဝက်ကို ကောင်းကင်နတ်အရှင်မူရဲ့ ကိုယ်ပေါ်မှာ ရိုက်ရမယ် ဆိုပြီးတော့လေ…”

ရှင်းဟန်က ခေါင်းညိတ်၏။ “ဟုတ်တယ်လေ”

ထိုက်ချူ၏ အပြုံးကား အေးစက်သွားတော့သည်။ “ကျုပ် အဲဒီလိုပဲ လုပ်ခဲ့တာပဲ… ဒါပေမဲ့ လုံးဝ အသုံးမဝင်ဘူး”

ရှင်းအန်း၏ ချီစွမ်းအင်က ရှည်လျားသော သံတစ်ချောင်းကို ဖွဲ့တည်လိုက်သည်။ ခေါင်းတလားတစ်ခုနှင့် ချင်မူ၏ အလောင်းအသွင် တို့လည်း ပေါ်လွင်လာသည်။ သူက လက်ကို မြှောက်ကာ သံအား ခေါင်းတလားထဲသို့ ရိုက်သွင်းလိုက်၏။ သံတစ်ဝက်မှာ ခေါင်းတလားထဲသို့ ၀င်သွားပြီး တစ်ဝက်က “ချင်မူ့အလောင်း” ထဲသို့ ထိုးဖောက်သွားလေသည်။

ရှင်းဟန်က သံရှည် ကိုးဆယ့်ကိုးချောင်းကို ဆက်တိုက် ရိုက်သွင်းရင်း ပြော၏။ “ဒီလို လုပ်လိုက်ရုံနဲ့ ဒဏ်ရာရထားတဲ့ ကောင်းကင်နတ်အရှင်မူကို ချုပ်နှောင်နိုင်တယ်… ကောင်းကင်နတ်အရှင်မူ မပြောနဲ့… တာအိုသိုင်းပညာရှင်တွေတောင်မှ ခေါင်းတလားထဲမှာ ပိတ်မိပြီး ထွက်လာနိုင်မှာ မဟုတ်ဘူး”

ထိုက်ချူ မျက်လုံးများ ပြူးကျယ်သွား‌တော့သည်။ “ခင်ဗျားပြောတော့ တစ်ဝက်ကို ခေါင်းတလားထဲ ရိုက်သွင်းရမယ်ဆို… ”

ရှင်းအန်း၏ မျက်နှာပေါ်ရှိ အံဩမှုတို့က ပို၍ထင်ရှားလာပြီး ခေါင်းရမ်းနေသည်။ “ကိုးဆယ့်ကိုးချောင်းကို ဘယ်လိုလုပ် အညီအမျှ ခွဲလို့ရမှာလဲ… နန်းစွန့်ဧကရာဇ် ဒီအချက်ကို စဉ်းစားမိသင့်တယ်.. ကျုပ် လုပ်စရာရှိတာ ဆက်လုပ်တော့မယ်.. နန်းစွန့်ဧကရာဇ် ကြွပါတော့”

ထိုက်ချူမှာ တွေတွေဝေဝေဖြင့် အပြင်သို့ ထွက်သွားသည်။ သူ၏ဦးနှောက်ထဲတွင် အတွေးများ ဗလောင်ဆူနေ၏။ “ကိုးဆယ့်ကိုးချောင်း… တစ်ဝက်ဆိုတော့ ‌လေးဆယ့်ကိုးချောင်းနဲ့ ငါးဆယ်…”

ရှင်းအန်းက သူ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှ ထွက်သွားသည်အထိ စောင့်နေပြီး ချက်ချင်းပင် လက်ခုပ်တီးလိုက်သည်။ သေတ္တာတစ်လုံးသည် တဗြုန်းဗြုန်းမြည်သံများဖြင့် ပြေးလာ၏။

ရှင်းအန်းမှာ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းပြီး သေတ္တာထဲသို့ ထည့်နေသည်။ “ထိုက်ချူက သိပ်ကို တုံးတာပဲ… ငါ့စကားကို နားလည်မှု လွဲသွားတယ်…” သူက ပြော၏။ “ဒါပေမဲ့ သူ့အတွက် အပြစ်ပုံချစရာလူ လိုလာလိမ့်မယ်… အဲ့ဒီလူက ငါပဲ ဖြစ်လာမှာ… သူ ဒီတစ်ခေါက် ထွက်သွားပြီး အသိစိတ် ပြန်၀င်လာတဲ့အခါ ငါ့ကို လာသတ်လိမ့်မယ်…ငါတို့ ဒီနေရာမှာ ကြာကြာနေလို့မရတော့ဘူး… အမြန်ဆုံး ထွက်သွားကြစို့”

သေတ္တာကား ဝမ်းမြောက်စွာဖြင့် မရပ်မနား ခုန်ပေါက်နေလေသည်။

ရှင်းအန်းက သေတ္တာထဲမှ နတ်ဘုရားမိစ္ဆာ ကိုယ်အင်္ဂါအချို့ကို ထုတ်ယူပြီး လူတစ်ယောက် ဖန်တီးလိုက်၏။ သူ၏ မူလဝိညာဉ်က ခန္ဓာကိုယ်အသစ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ မူလရုပ်ခန္ဓာကို ချန်ထားခဲ့သည်။

သူက သေတ္တာကို ကောင်းကင်ရတနာထဲသို့ ထည့်လိုက်ပြီး လျှပ်တပြက် ထွက်ခွာသွားချေပြီ။ ထို့နောက် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှ ထွက်ခွာကာ ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများအကြား ၀င်ရောက်ပျောက်ကွယ်သွားသည်။

ထိုစဉ် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ ထိုက်ချူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “ကောင်းကင်နတ်အရှင်ရှင်းအန်းက ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်… အကြိမ်တစ်ထောင် သေဒဏ် ပေးသင့်တယ်… ငါ သူ့ကို ကွပ်မျက်လိုက်ပြီ”

ရှင်းအန်းက ကောင်းကင်နတ်ဘုံ စစ်စခန်းမှ ထွက်ခွာလာ၍ ပြုံးနေသည်။ သူက သေတ္တာကို ထုတ်ပေးပြီးနောက် ထိုမကောင်းဆိုးဝါးလေးနှင့်အတူ တောအုပ်ထဲသို့ ဝင်ရောက်သွားတော့သည်။ “ငါ အခု လွတ်လပ်သွားပြီ”

All Chapters