← Chapters

ပထမတိုက်ပွဲ

Vol. 134 Ch. 1728

ပထမတိုက်ပွဲ

Vol. 134 Ch. 1728

ရွှင်ပျော်ပျော်ကျေးရွာစစ်တပ် ရောက်လာသည်နှင့် ကောင်းကင်နတ်ဘုံ၏ တန်ပြန်တိုက်စစ်ဆင်မှုကလည်း အလွန်တရာ ပြင်းထန်လှ၏။

ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံသို့ ရောက်လာကတည်းက ထိုးစစ်သာ ဆင်ခဲ့၏။ အနိုင်အရှုံး ရှိခဲ့သော်လည်း ထိုးစစ်ကတော့ မပြောင်းလဲခဲ့ပေ။

ယခုတွင် ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့သည် အခြေအနေအား ပြောင်းပြန်လှန်နိုင်ရန်အတွက် သတ္တိမွေးကာ ထိုးစစ်ဖြင့် တိုက်ခိုက်ချေပြီ။ ဤသည်က ကောင်းကင်နတ်ဘုံဘက်တော်သား စစ်သည်တော်များအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။

ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်နတ်ဘုံ စစ်စခန်းရှေ့သို့ ရောက်လာသည့်အချိန်တွင် ကောင်းကင်နတ်မင်းဟွမ်ထျန်းရှီသည် အငြိမ်ထိုင် မနေနိုင်တော့ဘဲ သူ၏စစ်တပ်ကို ဦးဆောင်ကာ ချီတက်လာ၏။ ကောင်းကင်နတ်ဘုံစစ်တပ်က ဒီရေလှိုင်းများအလား အရှိန်ပြင်းပြင်း ချီတက်လာရင်း နေလုံးများကိုပင် ဖုံးကွယ်သွားသည်။

ခေါင်းတလားကို သယ်ဆောင်လာကြသော ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်သည်တော်များက ရှေတန်း၌ ရပ်ကာ ကျားရဲများ၊ ဝံပုလွေများသဖွယ် သူတို့ဆီ ပြေးဝင်လာနေသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးအား ကြည့်လိုက်သည်။ အမျိုးမျိုးသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက အဆုံးအစမရှိသော နတ်အလင်းတန်းများကဲ့သို့ သူတို့ထံ ချက်ချင်း ပြေးဝင်လာကြ၏။ ဤမြင်ကွင်းက မျှော်လင့်ချက်ကင်းမဲ့စေသည်။

ကောင်းကင်နတ်ဘုံစစ်သည်တော်များ၏ ကောင်းကင်နတ်သိုင်းများအပြင် ထောင်သောင်းပေါင်းများစွာသော ကောင်းကင်လက်နက်တို့ကလည်း သူတို့ထံ ပြေးဝင်လာကြ၏။ ထိုရတနာများက ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကို ဖောက်ထွက်လာကြပြီး အသွင်သဏ္ဍာန်များ ချက်ချင်း ပြောင်းလဲတတ်ကြသည်။ စွမ်းအားတို့ကိုလည်း မှန်းဆ၍ပင် မရပေ။

ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများနှင့် စစ်သည်တော်တို့မှာ နဖူးမှ ချွေးတဒီးဒီး ကျနေကြသော်လည်း လုံးဝမလုပ်ရှားကြပေ။ တန်ခိုးရှင်သစ်ခုတ်သမား၏ အမိန့်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

သူတို့သည် တန်ခိုးရှင်သစ်ခုတ်သမားအပေါ် အကြွင်းမဲ့ ယုံကြည်၏။ ယခုလို အခြေအနေအား ရင်ဆိုင်နေရသည့်တိုင် တန်ခိုးရှင်သစ်ခုတ်သမားအပေါ် ထားရှိသည့် ယုံကြည်ချက်က အနည်းငယ်မှ လျော့ကျမသွားပေ။

ကောင်းကင်နတ်ဘုံဘက်မှ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်တို့က အလွန်တရာ လျင်မြန်သော အမြန်နှုန်းဖြင့် ပြေးဝင်လာနေပြီး ပိုပို၍ နီးကပ်လာနေသည်။ သို့သော် တန်ခိုးရှင်သစ်ခုတ်သမားက အမိန့်မပေးသေး။

ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များက လျှပ်တပြက်အတွင်း မိုင်တစ်ရာ ဖြတ်သန်းလာကြချေပြီ။ သူတို့နှင့် မိုင်တစ်ထောင်မျှသာ ကွာဝေးတော့၏။ ကောင်းကင်နတ်သိုင်းများ၏ အနောက်တွင်တော့ အရှေ့ကောင်းကင်နတ်မင်း ဟွမ်ထျန်းရှီ၏ ကျားရဲဝံပုလွေစစ်တပ် လိုက်ပါလာသည်။

ထိုအခိုက်အတန့်တွင် တန်ခိုးရှင်သစ်ခုတ်သမား၏ အသံက သူတို့အနောက်မှ ထွက်ပေါ်လာသည်။ “ခေါင်တလားကို ဖွင့်လိုက်… စစ်ပွဲကို ရင်ဆိုင်ကြ”

စစ်သည်တော်များလည်း ခေါင်းတလားကို အားကုန်တွန်းဖွင့်လိုက်ရာ တာအိုအင်အားတို့ ရုတ်တရက် ဖြာထွက်လာသည်။ လောကသစ်ပင်က ကောင်းကင်သို့ မြင့်တက်သွားချေသည်။

ချင်မူက သစ်ပင်အောက်ရှိ ခေါင်းတလားထဲ၌ မလှုပ်မယှက် ထိုင်နေသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ရတနာနယ်ပယ် ပေါ်ထွက်လာကာ ပြန့်ကားလာသည်။

ဟွမ်ထျန်းရှီသည် ကောင်းကင်နတ်ဘုံ၏ အရှေ့ကောင်းကင်နတ်မင်း ဖြစ်သည်။ ဇာမဏီနတ်မင်းကဲ့သို့သော အရောင်နတ်မင်းလေးပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဟု ဆိုရမည်။ ချင်မူ သခင်လေးသုံးနှင့် သခင်လေးလေးတို့အား တိုက်ခိုက်ခဲ့သည့်အချိန်၌ သူသည်လည်း ချင်မူ့နယ်ပယ်ထဲသို့ ကျရောက်ခဲ့ရသည်။ ထိုအဖြစ်အပျက်က သူ၏စိတ်ထဲတွင် အရိပ်မည်းကြီးပမာ စွန်းထင်းနေခဲ့သည်။ ချင်မူ့နယ်ပယ် ပေါက်ကွဲထွက်လာသည်ကို မြင်လျှင် သူ့မှာ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ “ငါတော့ ကိစ္စတုံးပြီ”

သို့သော် ချင်မူ့ကောင်းကင်ရတနာနယ်ပယ်သည် ပြန့်ကားထွက်လာပြီး ဟွမ်ထျန်းရှီ၏ စစ်တပ်ကို အထဲသို့ ထည့်သွင်းလိုက်သော်လည်း ကောင်းကင်ရတနာနယ်ပယ်က လှည့်ပတ်မနေချေ။ ထိုအစား ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်အပေါ် အလုံးစုံ လွှမ်းခြုံသွားသည်။

ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်၏ စစ်သည်တော်များမှာ စစ်ပွဲကြီးငယ်မျိုးစုံ တွေ့ကြုံခဲ့ဖူးလေသည်။ ရွှင်ပျော်ပျော်ကျေးရွာ ဖျက်ဆီးခံခဲ့ရသည့် တိုက်ပွဲ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နောက်ဆုတ်ရသည့် တိုက်ပွဲနှင့် လန်ဖုန်းခံစစ်တိုက်ပွဲတို့ကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ ယခုတွင် စစ်သည်တော် နှစ်သိန်းသာ ကျန်ရစ်တော့သည်။

ကောင်းကင်နတ်ဘုံမှ ထမင်းစားရေသောက်ပမာ စေလွှတ်နိုင်သည့် သန်းချီသော စစ်သည်တော်များနှင့်ယှဥ်ပါက ဤပမာဏမှာ သွားကြားပင် မညပ်ချေ။

သို့သော် စစ်သည်တော်နှစ်သိန်းသည် ချင်မူ့နယ်ပယ်ထဲ ရောက်သွားသည့်အခါ သူတို့တစ်ကိုယ်လုံး၌ မျက်လုံးများ ပေါက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်သိုင်းများကို အနှေးပြကွက်ဖြင့် ကြည့်နေရသကဲ့သို့ ရှင်းလင်းပြတ်သားစွာ မြင်နေရလေသည်။

သူတို့တစ်ယောက်ချင်းစီသည် ကောင်းကင်နတ်ဘုံ နတ်ဘုရားမိစ္ဆာများ၏ ကောင်းကင်နတ်သိုင်းများကို ရှုထောင့်အမျိုးမျိုးမှ တွေ့မြင်နေရ၏။ အတွင်းပိုင်းကို မြင်ရသည်သာမက ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီ၏ တည်ဆောက်ပုံကိုပါ ထွင်းဖောက်မြင်နေရသည်။

ထိုမျှသာမက ကောင်းကင်နတ်ဘုံ၏ ကောင်းကင်လက်နက်များကိုပါ ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ ကောင်းကင်လက်နက်များထဲရှိ သင်္ကေတများပြောင်းလဲပုံ၊ အလုပ်လုပ်နေသည့် သဘောတရားများ၊ ကောင်းကင်လက်နက်များ၏ အတွင်းတည်ဆောက်ပုံများနှင့် အထဲတွင် ကွဲဝှက်ထားသည့် ၀င်္ကပါအားလုံးကို တိကျစွာ မြင်နေရသည်။

ဤသည်က ချင်မူ့ကောင်းကင်ရတနာ၏ ထူးခြားအံ့ဩဖွယ် အသုံးဝင်ပုံပင် ဖြစ်သည်။

စစ်သည်တော်များက ချက်ချင်းပင် ပထမဦးဆုံး တိုက်စစ်လှိုင်းကို ဖြိုခွင်း၍ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များ ရွှင်ပျော်ပျော်ကျေးရွာနှင့် ချင်မူ့ခေါင်းတလားဆီသို့ မရောက်လာအောင် တားဆီးလိုက်ကြသည်။

ရွှပ် ရွှပ် ရွှပ်

ချင်မူ့ခေါင်းတလားကို သယ်ဆောင်ထားကြသော စစ်သည်တော်များ၏ မျက်နှာများနှင့် ခန္ဓာကိုယ်များမှာ ကွဲထွက်သွားသော ကောင်းကင်လက်နက်အစအနများ ဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။ ဒဏ်ရာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသော်လည်း ခေါင်းတလားကို သယ်ဆောင်ထားကြသေးပြီး မလှုပ်ကြချေ။

သူတို့ထဲမှ တချို့ဆိုလျှင် ရင်ဘတ်အား ဓားသွားအစများ ထုတ်ချင်းဖောက်ထွက်သွားသော်လည်း ရပ်နေသေး၏။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်ဘုံ၏စစ်စခန်းတွင် စစ်သူကြီဂများက တပ်ဖွဲ့များကို ဦးဆောင်၍ စခန်းအတွင်းမှ ပြေးထွက်လာကြသည်။ အခြေအနေကို မြင်လျှင် ချက်ချင်း ရပ်တန့်သွားကြပြီး ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။

ဟွမ်ထျန်းရှီသည်လည်း ချက်ချင်းပင် ချီတက်နေသည်ကို ရပ်တန့်ပြီး သူ့အ‌ရှေ့ရှိ ခေါင်းတလားထဲတွင် ထိုင်နေသော ချင်မူ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။

ဟွမ်ထျန်းရှီ၏ ပထမဦးဆုံးတိုက်စစ်မှာ ဖြိုခွင်းခံလိုက်ရ၍ နတ်အလင်းရောင်တို့ လွင့်ပြယ်သွားသည့်အခါ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်က ပို၍ရှင်းလင်းပြတ်သားလာသည်။

ချင်မူ့ကောင်းကင်ရတနာနယ်ပယ် ပြန်ကားထွက်လာသည့်အချိန်တွင် တိုင်လုံးကြီးများသည် အေးစက်သော အလင်းရောင်တို့ဖြင့် တဖျတ်ဖျတ် လက်လျက် ရှိပြီး သူ၏ ကောင်းကင်ဘုံ ၃၃ လွှာကို ဖောက်ထွက်နေကြသည်။ ၎င်းတို့က အချောင်းငါးဆယ်သော တာအိုအစီအရင်သံချောင်းများပင် ဖြစ်ပေသည်။

သံများက ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ထဲသို့ စိုက်ဝင်နေကြ၏။ ချင်မူ့နယ်ပယ်အား ထိုးဖောက်နေသည့်အပြင် သခင်လေးသုံး ချန်ထားခဲ့သည့် သူ၏ရုပ်ခန္ဓာအပေါ်ရှိ ဒဏ်ရာများတွင်လည်း ထိုးစိုက်နေကြသည်။

ချင်မူ့ကောင်းကင်ရတနာမှာ သူ၏ရုပ်ခန္ဓာနှင့် တစ်သားတည်း ဖြစ်နေသည့် အမှီအခို ကင်းမဲ့သော စကြဝဠာတစ်ခုအလားပင်။ သူ၏ရုပ်ခန္ဓာအား ထိုးဖောက်ထားသည့် သံချောင်း ၅၀ က ကောင်းကင်ရတနာကိုလည်း ထိုးဖောက်ထားကြလည်။

ထိုမျှသာမက သခင်လေးသုံး ချန်ထားခဲ့သည့် ဒဏ်ရာ ၅၀ ကလည်း သူ၏ကောင်းကင်ရတနာထဲတွင် နက်ရှိုင်းစွာ တံဆိပ်ခတ်နှိပ်ခံထားရသည်။ သို့သော် ထိုဧရာမသံချောင်းကြီး ၅၀ က ၎င်းတို့ကို ဖြတ်သန်းလျက် ဒဏ်ရာများထဲရှိ တာအိုအကြွင်းအကျန်တို့အား ဖိနှိပ်ပေးထားသည်။

သူ၏ဒဏ်ရာများက မြင်နေရသည်ထက် ပို၍ ဆိုးရွားလေသည်။

ဤမြင်ကွင်းသည် ကောင်းကင်နတ်ဘုံတွင် ရှိသမျှသူအားလုံးကို စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိစေ၏။ ကောင်းကင်နတ်ဘုံစစ်စခန်း၏ အလယ်ဗဟိုတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်း တက်လိုက်သည်။ သူ၏မျက်နှာထက်တွင် အံ့သြဝမ်းသာနေသည့် အရိပ်အရောင်များ ဖုံးဖိမရစွာ ပေါ်လွင်နေပြီး သူက ကျယ်လောင်စွာ ရယ်မောနေတော့၏။ “သူပုန်မူ၊ မင်းလည်း ဒီလိုနေ့ကို ရောက်လာရပြီပေါ့လေ… စစ်သည်တော်တို့ ငါ့အမိန့်ကို နာခံကြ… သစ္စာဖောက်တွေကို အမြစ်ပြတ်ချေမှုန်းကြစမ်း… အဲဒီသစ္စာဖောက်တွေရဲ့ ခေါင်းကို ငါ့ရဲ့နန်းဆောင်မှာ ချိတ်ဆွဲထားမယ်”

ကောင်းကင်နတ်ဘုံကို စိုးရိမ်ထိတ်လန့်စေသည့် အရာသည် ထူးဆန်းပြီး နားလည်ရခက်သည့် ချင်မူ၏ ကောင်းကင်ရတနာသာ ဖြစ်၏။ ချင်မူနှင့် သခင်လေးနှစ်ယောက်အကြားရှိ တိုက်ပွဲတုန်းက သူ၏ကောင်းကင်ရတနာနယ်ပယ်က ကောင်းကင်နတ်ဘုံတွင် ရှိသမျှသူတိုင်း၏ ယုံကြည်ချက်တို့ကို ပျက်ပြားသွားစေခဲ့သည်။ ချင်မူသာ ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းနိုင်သေးပါက မည်သူမှ သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် လက်ရှိအခြေအနေ၌ ချင်မူ့အသွင်သည် ရှိန်စဖွယ်မကောင်းတော့ပေ။ ရွှင်ပျော်ပျော်ကျေးရွာကသာ တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် ‌ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်အပေါ် ကြောက်ရွံ့ခြင်းအလျဉ်း မရှိတော့ပေ။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်များက ချက်ချင်းပင် ချီတက်လာကြသည်။ ဟွမ်ထျန်းရှီက တပ်ဖွဲ့များကို ရှေ့ဆုံးမှ ဦးဆောင်လာ၍ အော်ဟစ်လိုက်၏။ “ရွှင်ပျော်ပျော်ကျေးရွာကို ဖျက်ဆီးပြီး ကောင်းကင်နတ်အရှင်မူကို အရှင် ဖမ်းဆီးကြ..”

သူ့လက်အောက်ရှိ စစ်သည်တော်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကြီးများ နီရဲနေကြသည်။ သူက အော်ဟစ်လိုက်ကြ၏။ “ကောင်းကင်နတ်အရှင်မူကို အရှင်ဖမ်းကြဟေ့…”

တန်ခိုးရှင်သစ်ခုတ်သမားက မူလဝိညာဉ်လမ်းညွှန်ကို အသက်သွင်းလိုက်ရင်း ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်သည်တော်များအား တစ်ပြိုင်နက် အမိန့်ပေးလိုက်သည်။ ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်၏ ဝင်္ကပါအခင်းအကျင်းသည် တမုဟုတ်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်သို့ပျံတက်ကာ ချင်မူ့လောကသစ်ပင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။

လောကသစ်ပင်၏ သစ်ကိုင်းသစ်ရွက်များက ယိမ်းနွဲ့ကာ မတူညီသော ဟင်းလင်းပြင်များ၌ တည်ရှိနေသည်။ တန်ခိုးရှင်သစ်ခုတ်သမားက ဝင်္ကပါတစ်ခု တည်ခင်းကာ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ခေါင်းတလားကို မြှောက်ပြီး ချီတက်ကြ”

ရှေ့တန်းမှ စစ်သည်တော်များလည်း ခေါင်းတလားကို အားကုန်မြှောက်ကာ ဟွမ်ထျန်းရှီ၏ စစ်တပ်ဆီသို့ ဦးတည်သွားကြသည်။ စစ်တပ်နှစ်တပ် အနီးကပ် မတိုက်ခိုက်နိုင်ခင်မှာပင် အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများ ဝင်တိုက်နေကြပြီဖြစ်၍ စစ်မြေပြင်သည်ပင် ပေါ်ထွက်နေချေပြီ။ ကောင်းကင်နတ်ဘုံနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်နတ်သိုင်းများက မိုးကောင်းကင်ကိုပင် ထိခတ်နေပြီး ကောင်းကင်လက်နက်များသည်လည်း အချင်းချင်း ဝင်တိုက်နေကြ၏။ အလင်းရောင်တို့က မျက်စိကျိန်းမတတ် တောက်ပနေကြတော့သည်။

ရှေ့တန်းစစ်သည်တော်များက ခေါင်းတလားကို မြှောက်၍ ရှေ့သို့ဆက်လက် ချီတတ်နေကြသည်။ ကောင်းကင်နတ်သိုင်းများ၏ ပုံပျက်လှိုင်းများနှင့် ကောင်းကင်လက်နက်အစိတ်အပိုင်းတို့က သူတို့ပတ်ပတ်လည်တွင် တဝှီးဝှီး ပျံသန်းလှည့်ပတ်နေကြ၏။ အချို့က သူတို့၏ခန္ဓာကိုယ်များကို ဖောက်ထွက်သွားကြပြီး ကျန်တချို့ကတော့ မူလဝိညာဉ်များအား ဖောက်ထွက်သွားကြသည်။ စစ်သည်တော် တစ်ဦးပြီးတစ်ဦး လဲကျကျန်ခဲ့သည်။

ဤသို့ ဖြစ်ပွားတိုင်း ရွှင်ပျော်ပျော်ကျေးရွာ၏ လူ့ဘီလူးကြီးများက လောကသစ်ပင်သို့ လာရောက်၍ သေဆုံးသွားသော စစ်သည်တော်များအစား နေရာယူကာ ခေါင်းတလားကို ဆက်လက်သယ်ဆောင်သွားကြသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်သည်တော်များအနေဖြင့် ကောင်းကင်ရတနာနယ်ပယ်ထဲတွင် အားသာနေကြ၏။ ဘက်ပေါင်းစုံမှ ရှင်းလင်းစွာ မြင်ရသည့်အတွက် ရန်သူ၏ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များကို လျင်မြန်စွာ ဖြိုခွင်းနိုင်ကြသည်။ တပ်မှူးများ၏ ကောင်းကင်လက်နက်များနှင့် ကောင်းကင်နတ်သိုင်းတို့ကလည်း ရန်သူကောင်းကင်နတ်သိုင်းများကို ဖောက်ထွက်၍ ရန်သူတပ်မှူးများအား သတ်ဖြတ်နေကြသည်။ အရှေ့ကောင်းကင်နတ်မင်းစစ်တပ်၏ စစ်သည်တော်များအား အကျအရှုံး များပြားနေချေပြီ။

သို့သော် အရှေ့ကောင်းကင်နတ်မင်းစစ်တပ်၏ စစ်သည်တော်အင်အားမှာ ကြီးမားလွန်းသည့်အပြင် သိုင်းအဆင့်အရလည်း အားသာကြသည့်အလျောက် ထိုးဖောက်ဝင်ရောက်လာနိုင်သော ကောင်းကင်နတ်သိုင်းအချို့ ရှိနေသေး၏။ လောကသစ်ပင်၏ ကောင်းကင်ဘုံ ၃၃ ဘုံအတွင်းတွင် ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်တို့၏ အလောင်းများ တဘုန်းဘုန်း လဲကျနေကြသည်။

နှစ်ဖက်လုံး၏ စစ်တပ်များကား တစတစ နီးကပ်လာကြချေပြီ။ လောကသစ်ပင်၏ သစ်ရွက်များအပေါ်တွင် ယန်ယွင်ရှီ၏ စီးတော်ယာဉ် မြည်းမိစ္ဆာ လုကျန်းက မြည်းဦးခေါင်း၊ လူသားခန္ဓာကိုယ်ဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါးအသွင် ပြောင်းထား၏။ သူက တဟားဟား ရယ်မောလျက် ပြောသည်။ “ကြောင်နက်ကလေး၊ ငါးနီလေးတွေနဲ့ နွားကြီး မကြောက်ပါနဲ့… ငါ မင်းတို့အားလုံးကို ကာကွယ်ပေးမယ်…”

သူသည် မျက်လုံးတစ်ဖက်ကန်းနေပြီ ဖြစ်၏။ ရွှင်ပျော်ပျော်ကျေးရွာတိုက်ပွဲ၌ ရန်သူကြောင့် ထိခိုက်ဒဏ်ရာရခဲ့ခြင်းပင်။

ကျားနက်နတ်မင်းက ဧရာမပုဆိန်ကြီးနှစ်လက်ကို ဆွဲကိုင်လျက် နှာမှုတ်လိုက်သည်။ သူ၏မျက်နှာတွင် ညာဘက်နဖူးမှ ဘယ်ဘက်မေးစေ့အထိ ခုတ်ရာကြီးတစ်ခု ထင်းနေ၏။ ဤသည်ကလည်း ရွှင်ပျော်ပျော်ကျေးရွာတိုက်ပွဲမှ ဒဏ်ရာ ဖြစ်လေသည်။

အနီရောင်ငါးလေးနှစ်ကောင်က အနီရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် စုံတွဲအသွင် ပြောင်းထားကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာ ရထားကြသည်။

နျိုစန်းသွောနှင့် အပေါင်းအပါများက ထရပ်လိုက်ကြပြီး သူတို့၏နှာခေါင်းမှ မီးခိုးများ တထောင်းထောင်း ထွက်နေကြသည်။ “လုကျန်း၊ သတိထား… ငါက ထိုက်ချူကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ နန်းစောင့်စစ်သည်တော်ကွ… ကောင်းကင်နတ်မြစ်မှာ ပြဿနာရှာခဲ့ပြီး ရှေးဟောင်းနတ်ဘုရားတွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ သူပဲကွ…”

All Chapters