← Chapters

အခန်း (၃၈၈-၃၈၉)

Vol. 16 Ch. 388-389

အခန်း (၃၈၈-၃၈၉)

Vol. 16 Ch. 388-389

အခန်း(၃၈၈) အစ်ကိုလတ်နဲ့ ယောက်မတို့ ထပ်လာလည်ပြီ

ချင်းယုကျိုးလည်း ပြန်စဉ်းစားကြည့်လိုက်သည်။ သူ့အေးဂျင့် ပြောတာ မှန်ပါသည်။

သိပ်မကြာသေးခင်တုန်းက သူ့ကိုယ်သူ ကံအလွန်ခေနေသည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း အန်းအန်းနဲ့ ပြဿနာကို စူစူလေးတို့ ကူညီဖြေရှင်းပေးပြီးကတည်းက အနုပညာလောကထဲမှာ နာမည်ပျက်မည့် ကပ်ဘေးကို ရှောင်ရှားနိုင်ခဲ့သလို ပရိတ်သတ်တွေပါ တိုးလာသေးသည်။

ရုတ်တရက် ချင်းယုကျိုး၏ ခေါင်းထဲ သူ့အဘိုးအဘွားတွေ ပြောဖူးသော စကားတစ်ခွန်း ပြန်ပေါ်လာလေသည်။

စူစူလေးက သူတို့ရဲ့ အဖိုးတန်လေးဖြစ်ရုံသာမကဘဲ ကံကောင်းစေသော ကြယ်ပွင့်လေးလည်း ဖြစ်သည်။

ချင်းယုကျိုးက အယူမသည်းသူဖြစ်သဖြင့် ဒါတွေ မယုံကြည်ခဲ့ပါ။ သို့သော်လည်း အခုတော့ ချင်းယုကျိုး ယုံကြည်စ ပြုလာပါပြီ။

စူစူလေးက ကံကောင်းစေသောကြယ်ပွင့်လေးဖြစ်တာ မဖြစ်တာ အရေးမကြီးပါ။

သူမ တည်ရှိနေရုံနဲ့ ချင်းယုကျိုး စိတ်ချမ်းမြေ့ရသည်။

အိမ်မှာ ချစ်စရာကလေးမလေးတစ်ယောက်ရှိနေသဖြင့် သူ့ဘဝကြီး ပြန်လည်စိုပြည်လာခဲ့ရပါသည်။

… … …

စူစူလေး မူကြိုဆင်းပြီး အိမ်ထဲရောက်လာနဲ့တစ်ပြိုင်နက် လူတစ်ယောက်က သူမရှေ့သို့ ခုန်ပေါက်လာပြီး သူမကို ပွေ့ချီကာ အနမ်းမိုးတွေ ချွေပစ်လိုက်ပါသည်။

“အီးးး…”။ စူစူလေး ရုန်းထွက်ဖို့ကြိုးစားသော်လည်း သူမကို ချီထားသူက သူမရဲ့ ဒုတိယယောက်မဖြစ်သဖြင့် အားသုံးပြီး တွန်းထုတ်လိုက်လို့မဖြစ်ပါ။

“ငါ့အလှည့်! ငါ့အလှည့်! ငါ့ကိုလည်း ပေးပါဦး ပေပေ!”။ ဒုတိယအစ်ကိုကြီး ချင်းယန်ကျစ်ကလည်း ဘေးမှ အတင်းဝင်လုသည်။

စူစူလေးကို သူ့မိန်းမ အကြာကြီးဖက်နမ်းနေတာကိုမြင်ပြီး ချင်းယန်ကျစ် သူ့အလှည့်ရောက်ဖို့ မစောင့်နိုင်တော့ချေ။

“ကျွန်မ သူ့ကို ၂ စက္ကန့်လောက်ပဲ ချီရသေးတယ်!’။ ရှောင်းပေပေက စူစူလေးကို ဆက်ချီထားပြီး သူမယောက်ျားကို ပေးဖို့ ငြင်းဆန်နေပါသည်။

“အစ်ကိုလတ်နဲ့ ဒုတိယယောက်မ…”။ စူစူလေးက ခေါ်လိုက်သည်။

“အင်း~~~”။ ရှောင်းပေပေက ပျော်ပျော်ကြီး ပြန်ထူးလိုက်သည်။ “ငါတို့စူစူလေးရဲ့ အသံလေးက ချိုမြိန်လိုက်တာ။ ယောက်မလို့အခေါ်ခံရရင် သဘောကျတယ်။ နုပျိုသွားသလို ခံစားရတယ်!”

“ဒုတိယယောက်မ၊ မနမ်းပါနဲ့တော့။ သမီးပါးတွေ ပိန်ကုန်တော့မယ်”။ စူစူလေးက တိုးညှင်းစွာ ပြောလိုက်ပါသည်။

“မဟုတ်တာ မဟုတ်တာ။ ယောက်မက ညင်သာပါတယ်။ သမီးဒုတိယအစ်ကိုကြီးလို အကြမ်းပတမ်း မဟုတ်ဘူး”။ ရှောင်းပေပေ ပြန်ပြောလိုက်သည်။

“မိန်းမ စူစူလေးရှေ့မှာ ငါ့ကို မတရားမပြောနဲ့လေ။ စူစူလေး ငါ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ”။ ချင်းယန်ကျစ်က ချေပလိုက်ပါသည်။

“ကောင်းတာပေါ့။ ပြိုင်ဘက်တစ်ယောက်တောင် နည်းသွားသေးတယ်”။ ရှောင်းပေပေက ပြောလိုက်ပါသည်။

“မိန်းမကလည်း~”။ ချင်းယန်ကျစ် ခေါင်းစိုက်ကျသွားပါသည်။ ထို့နောက် ဂျီကျသော လေသံဖြင့် ပြောလိုက်သည်။ “ဟွာချန့်ကို မလာခင်တုန်းက သဘောတူထားပြီးသား မဟုတ်ဘူးလား။ ငါတို့ နှစ်ယောက် မဟာမိတ်ဖွဲ့ထားရမှာလေ။ ရောက်တာနဲ့ ငါ့ကို ဘာလို့ ပြဿနာရှာနေရတာလဲ”

“ဪ ဟုတ်သားပဲ!”။ ရှောင်းပေပေ စဉ်းစားကြည့်လိုက်ပြီး သူတို့ သဘောတူထားတာကို သတိရသွားပါသည်။

ဟွာချန့်မြို့ကို ရောက်သောအခါ စူစူလေးကို ဘယ်လိုအပိုင်သိမ်းရမလဲဆိုတာ လေယာဉ်ပေါ်မှာ လင်မယားနှစ်ယောက် တိုင်ပင်ဆွေးနွေးခဲ့သည်။ ညအိပ်ရင်လည်း စူစူလေးကို သူတို့နဲ့ ခေါ်အိပ်ချင်ပါသည်။

နံနံစော်စော် ယောက်ျားသားတွေ များသည့် ဒီအိမ်ထဲမှာ မွေးပျံ့သည့်လူဆိုလို့ စူစူလေးတစ်ယောက်တည်းသာ ရှိသည်။

“မှတ်မိပြီလား။ အဲ့တာဆို စူစူလေးကို ငါ့ပေးတော့!” ချင်းယန်ကျစ်က ရှောင်းပေပေ လက်ထဲမှ စူစူလေးကို ထပ်ခေါ်ဖို့ ကြိုးစားသည်။

အရင်တစ်ခေါက် ခွဲခွာပြီးကတည်းက သူ့ညီမလေးကို မချီရတာ အတော်ကြာခဲ့ပါပြီ။ မိဘတွေနဲ့ ဗီဒီယိုကောပြောမှသာ တစ်ခါတလေမြင်ရသည်။

ဒါ သူ့ညီမလေးပဲဥစ္စာ! မတွေ့တာကြာလို့ သူစိမ်းဆန်သွားရင် ဘယ်လိုလုပ်မလဲ။ သူပဲ ရင်ကွဲရမှာ မဟုတ်လား။

ရှောင်းပေပေလည်း စူစူလေးကို မပေးချင်ပေးချင်နဲ့ ပေးလိုက်ရလေသည်။

“အစ်ကိုလတ်ကို သတိရနေတာလား ညီမလေး~”။ ချင်းယန်ကျစ်က ပြုံးရွှင်စွာ မေးလိုက်သည်။

“မရပါဘူး”။ စူစူလေးက ရိုးရိုးသားသား ပြန်ဖြေသည်။

“…”

ချင်းယန်ကျစ် လက်မလျှော့ဘဲ ထပ်မေးသည်။ “မရှက်ပါနဲ့ ညီမလေးရဲ့ အစ်ကိုလတ်ကို သတိရရင် သတိရတယ်ပြောပါ။ အဲ့လိုပြောရင် အစ်ကိုလတ်က အရမ်းပျော်သွားမှာ!”။

… … …

အခန်း(၃၈၉) စူစူလေးကို လင်မယားတွေ လုကြခြင်း

“တကယ်ပါ သတိမရပါဘူး”။ စူစူလေးက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

သူမရဲ့ အစ်ကိုလတ်နဲ့ ယောက်မတို့ကို သဘောကျပါသည်။ သို့သော်လည်း တခြားသူတွေလောက်တော့ သံယောဇဉ် မကြီးသေးပါ။

ထို့အပြင် သူမ နေ့တိုင်း အလုပ်တွေများသည်။ ထို့ကြောင့် သူများတွေအကြောင်း စဉ်းစားဖို့အချိန်မရှိပါ။

သူမ လိမ်တာမဟုတ်ပေ။

ချင်းယန်ကျစ် ရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားသည်။ သူ့နှလုံးသားတစ်ခုလုံး ပေါက်ကွဲသွားတာကို ကြားနိုင်ပါသည်။

ရှောင်းပေပေက ကိုယ်ချင်းမစာဘဲ ရယ်မောလိုက်ပြီး သူမယောက်ျားကို ပြောလိုက်ပါသည်။ “စူစူလေးက ကျွန်မတို့နဲ့ အဲ့လောက်မှ အနေမနီးတာ။ ပြီးတော့ ဗီဒီယိုကော ပြောရင်လည်း မျက်နှာတွေ မြင်နေရတာပဲကို။ ဘာလို့ တကူးတက သတိရရမှာလဲ”

“မိန်းမ။ ငါတို့ အလုပ်တွေ ပင်စင်ယူပြီး ဟွာချန့်မြို့ကို ဘယ်တော့မှ ပြန်လာနေနိုင်မှာလဲ”။ ချင်းယန်ကျစ် ရုတ်တရက် အနားယူချင်သွားသ်ည။

“ရှင့်အလုပ်တွေကို ဘယ်သူဆက်ခံမလဲလို့ ရှင့်သားတွေကို မေးလိုက်လေ။ အဲ့ကျရင် ကျွန်မတို့ အနားယူလို့ရတယ်”။ ရှောင်းပေပေက ပြန်ပြောလိုက်ပါသည်။

“ဒါဖြင့်ရင် ပေကျင်းမြို့ လုပ်ငန်းခွဲကို ရောင်းလိုက်မယ်လေ။ ပြီးရင် တောင်ပေါ်ဒေသမှာ ခဏလောက် သွားအနားယူလိုက်မယ်။ ဘယ်ပြောလို့ရမလဲ။ ငါတို့လည်း သမီးလေးတစ်ယောက် ထပ်ရနိုင်တယ်!”။ ချင်းယန်ကျစ်က အကြံပေးလိုက်ပါသည်။

“စိတ်ကူးပဲယဉ်နေလိုက်”

“ဘာကို စိတ်ကူးယဉ်ရမှာလဲ။ ငါ့မိဘတွေကို ကြည့်လိုက်လေ။ အခု ငါ့မရီးကပါ ကိုယ်ဝန်ထပ်ရှိနေပြီ။ ငါတို့လည်း ရနိုင်ချေများတာပဲ!”။ ချင်းယန်ကျစ်က အတည်ပြောနေတာဖြစ်သည်။

“ကျွန်မတို့ ကလေးထပ်ရရင်တောင် စူစူလေးလို ချစ်စရာသမီးလေးဖြစ်နေမယ်လို့ အာမခံနိုင်လား။ ရုပ်ဆိုးပန်းဆိုး နောက်သားတစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“အာ… အဲ့တာတော့ ငါလည်း အာမမခံနိုင်ဘူး”

“ထင်သားပဲ။ စူစူလေးလို အဖိုးတန်လေးကို ပိုင်ဆိုင်ထားရတာ ချင်းမိသားစုအတွက် လုံလောက်ပါပြီ။ လောဘ မကြီးစမ်းပါနဲ့!”

“ဟုတ်ပါတယ် ဟုတ်ပါတယ်”။ ချင်းယန်ကျစ် သက်ပြင်းချလိုက်သည်။ ထို့နောက် စူစူလေးကို ငုံ့ကြည့်လိုက်ပါသည်။

သူ့ညီမလေးက အလွန်ချစ်ဖို့ကောင်းပြီး မွှေးလည်းမွှေးပျံ့နေပါသည်။

အဘွားချင်းက အပေါ်ထပ်မှဆင်းလာပြီး သူတို့လင်မယားနှစ်ယောက်ကို လှမ်းပြောလိုက်သည်။ “နင်တို့နှစ်ယောက် အသံတွေ အပေါ်ထပ်ကတောင် ကြားရတယ်။ ငါ့အသဲလေးကို ကြောက်အောင် လုပ်နေပြန်ပြီလား”

သားလတ်နဲ့ ချွေးမတို့ကို ဆူရင်း စူစူလေးကို အဘွားချင်း ပြန်ခေါ်လိုက်သည်။

နောက်ဆုံးတော့ စူစူလေး ကယ်တင်ခံလိုက်ရပါပြီ။

ဟူး… တော်သေးတာပေါ့~

အစ်ကိုလတ်နဲ့ ယောက်မတို့က ကြောက်ဖို့ကောင်းလွန်းတယ်! သူမရဲ့ ပါးဖောင်းဖောင်းလေးတွေ ပိန်သွားတော့မလို့!

“အမေ ကျွန်တော့် ညီမလေးကို စိတ်ညစ်အောင် မလုပ်ရဲပါဘူး”။ ချင်းယန်ကျစ်က ပြန်ပြောလိုက်သည်။

“ပြီးတာပဲ။ ယုချဲရဲ့အလုပ်ကိစ္စကြောင့် နင်တို့လာကြတာဆို။ အိမ်ရောက်တာနဲ့ ယုချဲအကြောင်း တစ်ခွန်းမှ မမေးဘဲ ဘာလို့ စူစူလေးကိုပဲ ဒုက္ခပေးနေကြတာလဲ”။ အဘွားချင်းက ဆက်ကျီစယ်လိုက်ပါသည်။

ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ လိပ်ပြာမလုံစွာ အချင်းချင်း ကြည့်လိုက်ကြသည်။

ရှောင်းပေပေက ရှင်းပြသည်။ “အမေ။ ယုချဲကို သမီးတို့ ဂရုမစိုက်သလိုမျိုးဖြစ်အောင် မပြောပါနဲ့။ ဒီကိုမလာခင်ကတည်းက ယုချဲအကြောင်း အားလုံးနီးပါး သိပြီးသွားပြီ။ သူ့ဆိုင်ဖွင့်ပွဲကို အားပေးဖို့သာ လာခဲ့တာ။ ဆိုင်ဖွင့်ပွဲက သန်ဘက်ခါမှဆိုတော့ စူစူလေးနဲ့ နေဖို့ အချိန်ရှိတာပေါ့”။

အဘွားချင်းက ရယ်မောလိုက်သည်။ “နင်တို့ယူလာတဲ့ လက်ဆောင်ဘူးတွေကကော”။

ပြောပြောဆိုဆိုနဲ့ ချင်းမိသားစုဧည့်ခန်းထဲက များစွာသော ခရီးဆောင်အိတ်ကြီးများကို လက်ညှိုးထိုးပြလိုက်သည်။

ချင်းယုချဲအတွက် တစ်လုံးတည်းသာပါသည်။ ကျန်တာက စူစူလေးအတွက်ဖြစ်၏။

ဒီတစ်ခါတော့ ချင်းယန်ကျစ်က ရှင်းပြလိုက်သည်။ “အမေကလည်း။ အဲ့တာ အရင်တစ်ခေါက်က စူစူလေးကို လက်ဆောင်ပေးမယ်လို့ ကျွန်တော်ကတိပေးထားလို့ပါ။ ကျွန်တော်က သူ့အစ်ကိုအရင်းလေ။ အဲ့တာကြောင့် လက်ဆောင်ပေးတာ ဘာထူးဆန်းလို့လဲ။ ယုချဲကတော့ အရွယ်ရောက်ပြီးသားမို့လို့ ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်တယ်။ ပြီးတော့ မိန်းမလည်းမရှိဘူး ကလေးလည်း မရှိဘူးဆိုတော့ ဘာလက်ဆောင် လိုလို့လဲ”

… … …

All Chapters