← Chapters

အခန်း (၃၉၆-၃၉၇)

Vol. 16 Ch. 396-397

အခန်း (၃၉၆-၃၉၇)

Vol. 16 Ch. 396-397

အခန်း(၃၉၆) မပျော်စေရဘူး

အထူးသဖြင့် ရှုထျန်းဖေးက လူသတ်ချင်စိတ် ပေါက်နေပါသည်။

သူ့အကြည့်တွေက သူ့ရှေ့ရှိ ပြူတင်းပေါက်မှန်ကို ထိုးခွင်းပြီး လမ်းတစ်ဖက်ရှိ ချင်းမိသားစုကို ချိန်ရွယ်နေသလားဟု ထင်ရသည်။

သူ့သားနှစ်ယောက် တရားရုံးမှာ အမိန့်ချမှတ်ခံလိုက်ရပါပြီ။ တစ်ယောက်က ထောင် ၁၀ နှစ်ကျမည်ဖြစ်ပြီး နောက်တစ်ယောက်က ၆ နှစ်ကျမည်ဖြစ်သ်ည။

အခုချိန်ကစပြီး သူ့သားတွေကို မြင်ချင်ပါက ထောင်ထဲမှာသာ သွားတွေ့ရတော့မည်။

ချင်းမိသားစုရဲ့ သားတွေကတော့ အောင်မြင်ဖြစ်ထွန်းနေကြသည်။ တစ်ယောက်က စီးပွားရေးပညာရှင်၊ တစ်ယောက်က အနုပညာရှင်၊ တစ်ယောက်က စားသောက်ဆိုင်အသစ်တောင် ဖွင့်ထားသေးသည်။

မိသားစုထဲ ပြဿနာအရှာဆုံး ချင်းယုကျီးတောင် ရန်တွေမဖြစ်တော့ဘဲ စာမေးပွဲအတွက် စာကြိုးစားနေသည်ဟု သူတို့ ကြားသိခဲ့ရသည်။

သူတို့ မိသားစုနဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေသဖြင့် ရှုထျန်းဖေး အငြှိုးမထားဘဲ နေနိုင်ပါ့မလား။

ကျန်းကျန့်မင်လည်း ချင်းမိသားစုကို မကျေနပ်သေးပါ။ ရှားပါးကျောက်တွေကို ရရှိနိုင်ဖို့ သူ့ကုမ္ပဏီက အများကြီး ရင်းနှီးခဲ့ရသည်။

လူသားရင်းမြစ်တွေ၊ ကုန်ကြမ်းတွေ၊ ငွေကြေးတွေအားလုံး ရင်းနှီးခဲ့ရသော်လည်း နောက်ဆုံးမှာတော့ အကုန်သဲထဲရေသွန် ဖြစ်သွားခဲ့သည်။

ရှားပါးကျောက်တွေကို ရယူဖို့ မအောင်မြင်ရုံတင်မကဘဲ ချင်းမိသားစု၏ ထုတ်လုပ်ရေး ပြန်လည် လည်ပတ်လာသဖြင့် မားကတ်ရှယ်ယာတွေလည်း ကျဆင်းကာ သူ့ကုမ္ပဏီ အရှုံးကြီးကြီးမားမား ပေါ်ခဲ့ရပါသည်။

ထို့အပြင် ချင်းစူစူနဲ့ သူမ ကြောင်လေးက သူတို့နှစ်ယောက်ကို သတ္ထုတွင်းမှာ ရိုက်နှက်ခဲ့ပြီး ဆေးရုံအရောက် ပို့ခဲ့သည်။

ရဲတိုင်ဖို့ ကြိုးစားသော်လည်း ဘယ်သူမှ မယုံကြပါ။

ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်သူ့ကို ဒေါသပုံချရမှန်းမသိ ဖြစ်နေကြလေသည်။

“ဘော့စ်ရှု။ ခင်ဗျားကျုပ်ကို ခေါ်လိုက်တာ ချင်းယုချဲရဲ့ စားသောက်ဆိုင်ဖွင့်ပွဲကို ဒီတိုင်းထိုင်ကြည့်ခိုင်းဖို့တော့ မဟုတ်ပါဘူးနော်”။ ကျန်းကျန့်မင်က ပြောလိုက်သည်။

“ဘယ်ဟုတ်ပါ့မလား။ ဘော့စ်ကျန်းကြည့်ဖို့ ကျုပ်ရှိုးပွဲတစ်ခု ပြင်ဆင်ထားပါတယ်”။ ရှုထျန်းဖေးက ပြောလိုက်သည်။

ရှုထျန်းဖေး ချင်းမိသားစုကို မဖျက်ဆီးနိုင်ရင်တောင် သူတို့ ပျော်ရမည့်အချိန်မှာ ပြည့်ပြည့်ဝဝ ပျော်ခွင့်မပေးနိုင်ပါ။

သူတို့ရဲ့ မဟာဖွင့်ပွဲကြီးကို ချောချောမွေ့မွေ့ ပြီးမြောက်သွားစေချင်တယ်ပေါ့။ ဒါဆို အားလုံး အရှက်ကွဲအောင် လုပ်ပေးရမှာပေါ့!

“ဪ ဘယ်လို ရှိုးပွဲမျိုးလဲ”။ ကျန်းကျန့်မင်က စိတ်ဝင်စားသွားသည်။

“စတော့မယ် သေချာ စောင့်ကြည့်နေ”။ ရှုထျန်းဖေးက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်ပါသည်။

ထိုစကားကြားသောအခါ ကျန်းကျန့်မင်လည်း လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်ဆီ အကြည့်ပြန်လွှဲလိုက်ပါသည်။

လူတွေ စည်းကားနေသည့် လမ်းမပေါ်တွင် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ လျှောက်လာကြသည်။

လခွမ်း။ အဲ့ဒီ ချင်းယုချဲရဲ့ စားသောက်ဆိုင်က ဘယ်မှာလဲ။

ဒီနေရာကို သူတို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သဖြင့် စားသောက်ဆိုင် ဘယ်မှာရှိနေသလဲဆိုတာ အတိအကျ မသိပါ။။။ ရှုထျန်းဖေး၏ တပည့်က ပို့ပေးထားသော ဆိုင်ရှေ့ မျက်နှာစာ ဓာတ်ပုံတစ်ပုံကိုသာ သူတို့ မြင်ဖူးကြပါသည်။

နောက်ဆုံးတော့ ချင်းယုချဲ၏ စားသောက်ဆိုင်ကို သူတို့ ရှာတွေ့သွားကြသည်။

စည်ကားသိုက်မြိုက်နေသည့် ဆိုင်ဝင်ပေါက်ကို ကြည့်ပြီး ဟုံပေါင်ကျူး အံကြိတ်ကာ မကျေမနပ် ပြောလိုက်ပါသည်။ “အဲ့ဒီဆိုင်စုတ်က ဘာတွေကောင်းနေလို့ ဒီလောက် လူတွေများနေတာလဲ။ အကုန် ပိုက်ဆံပေးငှားထားတဲ့ သရုပ်ဆောင်တွေလား”

“ဟုတ်တယ်! ၉၀ ရာခိုင်နှုန်းလောက်က ပိုက်ဆံပေးပြီး ခေါ်ထားတာ ဖြစ်မှာ!”။ ချင်းကျင်းဖန်လည်း ဒေါသတကြီး ပြောလိုက်ပါသည်။ “အဲ့လိုလုပ်လို့ ရမှန်း စောစောကသာ သိရင် ငါလည်း ငါ့ဆိုင်အတွက် လူတွေ ငှားခဲ့ပါတယ်! ဒါဆို ငါ့ဆိုင်တွေ အရင်းပြုတ်ခဲ့မှာမဟုတ်ဘူး”

သူ့အစ်ကိုပေးသည့် ပိုက်ဆံများဖြင့် ချင်းကျင်းဖန် ဆိုင်တွေဖွင့်ကြည့်ပါသေးသည်။ သို့သော် ဆိုင်တိုင်းက ကြာရှည် မခံလိုက်ဘဲ ပိတ်ပစ်လိုက်ရသည်။

“ရှင့်အစ်ကိုရဲ့ အပြစ်တွေပေါ့! သူ့မှာ နည်းလမ်းတွေရှိတာ ရှင့်ကို ဘာမှ သင်မပေးဘူးမလား။ ရှင့်ကို သူ့ညီအရင်းလို ဘယ်တုန်းက သဘောထားလို့လဲ”။ ဟုံပေါင်ကျူးက မခံချင်စွာ ပြောလိုက်သည်။

ဟုံပေါင်ကျူး၏ စကားကို နားထောင်ရင်း ခုတလော သူကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်မြင်ယောင်ကာ ချင်းကျင်းဖန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

“တော်တော့ တော်တော့! အဲ့တာတွေ မပြောနဲ့တော့။ ဘော့စ်ရှုပေးထားတဲ့ တာဝန် မြန်မြန်ပြီးအောင် လုပ်ကြစို့”။

ရှုထျန်းဖေးရဲ့ တာဝန်က သူတို့နဲ့ သင့်တော်ပါသည်။ သူ့အစ်ကိုကြီးနဲ့ မရီးတို့ကို အရှက်ကွဲစေနိုင်ရုံသာမကဘဲ သူတို့ကလည်း ဘော့စ်ရှုပေးမည့် ပိုက်ဆံရဦးမည်။

“ကျွန်မကို အော်စရာမလိုပါဘူး။ ကျွန်မလည်း စောင့်နေတာကြာပြီ။ ဒီနေ့ သူတို့ဖွင့်ပွဲကို ကျိန်းသေပေါက် ဖျက်ဆီးပြမယ်!”။ ဟုံပေါင်ကျူးက သွေးအေးစွာ ပြောလိုက်သည်။

ထို့နောက် ဟုံပေါင်ကျူးက မြေကြီးပေါ် ထိုင်ချလိုက်ပြီး စတင် ငိုကြွေး မြည်တမ်းလေတော့သည်။ “အောင်မယ်လေး ဘု ရားဘုရား! ငါတော့ သေတော့မှာပဲ!”

ဟုံပေါင်ကျူးရဲ့ အော်သံထွက်လာတာနဲ့တစ်ပြိုင်နက် လူအုပ်ကြီး တိတ်ဆိတ်သွားကြသည်။ ဈေးဝယ်နေသူတွေက ဈေးဝယ်တာ ရပ်တန့်သွားကြပြီး စားသောက်နေသူတွေကလည်း စားသောက်တာ ရပ်တန့်သွားကြသည်။

ဟုံပေါင်ကျူးက အရှက်ကွဲရမှာ မကြောက်တော့ပါ။ လူတွေ ပိုကြည့်လာလေလေ သူမရဲ့ ငိုသံ ပိုကျယ်လာလေလေ ဖြစ်သည်။

… … …

အခန်း(၃၉၇) လမ်းမလယ်သောင်းကျန်းခြင်း

သူမကို ပိုက်ဆံပေးထားသည့်လူက ချင်းမိသားစု စားသောက်ဆိုင်ဖွင့်ပွဲနေ့တွင် ဆိုင်ရှေ့မှာ ထိုင်ငိုပြီး ချင်းမိသားစုကို အရှက်ကွဲအောင် လုပ်ဖို့ သူမတို့ကို တာဝန်ပေးထားသည်။ ချင်းမိသားစု ပိုပြီးအရှက်ကွဲလေလေ သူတို့ ပိုက်ဆံ ပိုရလေလေ ဖြစ်သည်။

ငွေအတွက် ဟုံပေါင်ကျူး အရှက်သိက္ခာကို မငဲ့တော့ပါ။

ထိုအသံတွေကြောင့် အဘိုးချင်း၊ အဘွားချင်းနဲ့ ချင်းယုကျီးတို့ ဆိုင်ထဲမှ ထွက်လာကြသည်။

ချင်းမိသားစုဝင်တွေကို မြင်လိုက်ရသောအခါ ဟုံပေါင်ကျူုး ပိုပြီး ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့ပါသည်။

“ဘုရားဘုရား! လူမဆန်လိုက်တဲ့ အစ်ကိုနဲ့ ယောက်မတို့။ ကျွန်မတို့ မိဘတွေထားခဲ့တဲ့ အိမ်ကို အပိုင်သိမ်းသွားကြတယ်! အခု အိမ်ကိုဖြိုမယ် ဆိုရင်တောင် လျော်ကြေးတွေ အကုန်ယူပြီး ကျွန်မတို့ကို ဝေစု ခွဲမပေးဘူးတဲ့!”

ဟုံပေါင်ကျူး သောင်းကျန်းနေတာကိုမြင်ပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ မျက်နှာများ မှောင်မိုက်သွားကြသည်။

“ချင်းကျင်းဖန် မင်းနဲ့ မင်းမိန်းမ ဘာတွေလာပြောနေတာလဲ”။ အဘိုးချင်းက ခက်ထန်စွာ မေးလိုက်သည်။

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့၏ အပြုအမူတွေကို မြင်ရတာ အဘိုးချင်း ဒေါသထွက်မိပါသည်။

ချင်းကျင်းဖန်က ပြန်ဖြေလိုက်၏။ “ဘာပြောရမှာလဲ အစ်ကိုကြီးရဲ့။ ငါတို့ အိမ်ဟောင်းကို ဖြိုမယ့်ကိစ္စမှာ မင်းက လျော်ကြေးတွေ အပိုင်သိမ်းချင်နေတာ မဟုတ်ဘူးလား။ မင်းမှာ အာဏာတွေ ပါဝါတွေ အပြည့်ရှိတယ်။ ငါတို့က ဘာမှ မရှိဘူး။ အဲ့တာကြောင့် ငါတို့ ဝမ်းနည်းကြောင်း လာငိုပြလို့ပဲရတာပေါ့”

“အပိုင်သိမ်းတယ်ဆိုတဲ့ စကားက ဘာလဲ။ မင်းကို ပညာကောင်းကောင်းသင်ဖို့ ငါဆုံးမခဲ့တုန်းက မင်းနားမထောင်ဘူး။ အခု မင်းလူရမ်းကား ဖြစ်နေပြီကွ!”။ အဘိုးချင်းက ဒေါသတကြီး ပြောလိုက်ပါသည်။

ထိုအိမ်ဟောင်းကို သူတို့ မိဘတွေက ညီအစ်ကိုနှစ်ယောက်အတွက် အမွေပေးခဲ့တာဖြစ်သည်။ ထို့ကြောင့် တစ်ယောက်တစ်ဝက် ပိုင်ဆိုင်သည်။

ယခု အဘိုးချင်းနဲ့ အဘွားချင်းတို့က သူတို့ပိုင်သည့် တစ်ဝက်ကိုသာ တောင်းနေတာဖြစ်သည်။ အကုန်အပိုင်သိမ်းနေတာ မဟုတ်ပေ။

“ငါတို့က လာရမ်းကားနေတယ်လို့ ဘယ်သူပြောလဲ! မင်းသာ အာဏာတွေ ပါဝါတွေသုံးပြီး ငါတို့ကို ဖိနှိပ်မထားရင် ငါတို့ ဒီလိုလုပ်ဖို့လိုမလား! အားလုံး မင်းအပြစ်တွေကြီးပဲ!”။ ချင်းကျင်းဖန်က ပြန်ငေါက်လိုက်ပါသည်။

“ချင်းကျင်းဖန် မဟုတ်တာတွေ မပြောနဲ့နော်။ ငါတို့ အာဏာကို အသုံးချပြီး မင်းကို အနိုင်ကျင့်နေသလို လူတွေထင်အောင် မပြောနဲ့!”။ အဘိုးချင်း ဒေါသတကြီး ပြောလိုက်သည်။

တခြားသူသာ ဆို အဘိုးချင်း ဒီလောက် ဒေါသထွက်မှာမဟုတ်ပါ။ သူ့ညီအရင်းက ဒီလိုတွေ လာပြောနေတာကြောင့်သာ။

“လူတွေထင်အောင် ပြောတာမဟုတ်ဘူး။ တကယ်ဖြစ်နေတာကို ပြောပြတာကွ!”။ ချင်းကျင်းဖန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ပြောပြောဆိုဆိုနဲ့ ချင်းကျင်းဖန်က သူ့သား ဆေးကုသမှု ကုန်ကျစရိတ်တွေကို ထုတ်ပြလိုက်သည်။

“ငါတို့သား အခု ဆေးရုံတင်ထားရတယ်။ ဆေးကုသစရိတ်တွေက အရမ်းများလွန်းလို့ ငါတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ငါတို့အိမ်ဟောင်းကြီးကို ဖြိုလိုက်ရင် ငါတို့သားအတွက် ဆေးဖိုးဝါးခ လုံလောက်မှာပဲလို့ ထင်ထားတာ။ အခုတော့ ငါတို့ အစ်ကိုကြီးနဲ့ မရီးတို့က အာဏာကိုအသုံးချပြီး ပိုက်ဆံတွေ အကုန်အပိုင်သိမ်းသွားတယ်…။ ငါတို့က ပိုက်ဆံမရှိလို့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် ငါတို့သားကို ဆေးကုပေးဖို့လိုတယ်…”

ချင်းကျင်းဖန်က ကုတ်ကျစရိတ် မှတ်တမ်းများအား လူတွေမြင်အောင် မြှောက်ပြလိုက်ပါသည်။

အကြောင်းမသိသည့် လူတွေလည်း မျက်မှောင်ကြုတ်ကုန်ကြပြီး ထိုင်ငိုနေကြသော အဘိုးကြီးတို့လင်မယားကို ဂရုဏာ သက်သွားကြသည်။

အဘိုးချင်း တော်တော်လေး ဒေါသထွက်နေပါပြီ။

ကျေးဇူးမသိတတ်သည့် ဒီနှစ်ယောက်ကို အာရုံမစိုက်ဖို့ ဆုံးဖြတ်ထားသော်လည်း တွေ့လိုက်တိုင်း ပိုပြီး ဒေါသထွက်မိသည်။

ချင်းယုကျီးမျက်နှာ မှောင်မိုက်သွားပြီး ချင်းကျင်းဖန်ကို ကိုယ်ထိလက်ရောက် ဆုံးမဖို့ ပြင်လိုက်သည်။ သို့သော်လည်း အဘွားချင်းက ဆွဲတားထားပါသည်။

“ယုကျီး စိတ်လိုက်မာန်ပါ မလုပ်လိုက်နဲ့”။ သူမ မြေးလေးက မကြာခင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မှာဖြစ်သည်။ အခုလိုအချိန်ကြီး ရန်ထဖြစ်လို့ မရပါ။

ချင်းယုကျီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သို့သော်လည်း စူစူလေး၏ စကားကို ပြန်သတိရကာ စိတ်ထိန်းထားခဲ့သည်။

လက်မပါတော့ဘဲ ချင်းယုကျီး မေးလိုက်သည်။ “ခင်ဗျားတို့ ဘာလိုချင်နေတာလဲ။ အိမ်ဖြိုတဲ့ လျော်ကြေး တစ်ဝက်ကို ပေးစေချင်တာလား”

“ငါမင်းကို ပြောနေတာ မဟုတ်ဘူး!”။ ဒီနေ့ စကားအတိုက်အခံပြောလို့ ဘာမှမထူးမှန်း ချင်းကျင်းဖန် သိသည်။

သူတို့ ဘာမှ မညှိနှိုင်းချင်ပါ။ ဒီနေ့ သောင်းကျန်းဖို့သက်သက် လာခဲ့တာဖြစ်သည်။

ဟုံပေါင်ကျူးက မြေပေါ်မှာထိုင်ရင်း မြေကြီးကို လက်ဖြင့် ထုရိုက်ကာ ငိုနေပါသည်။

ဒီလို ရမ်းကားသည့် အပြုအမူမျိုးတွေကို ချင်းမိသားစုဝင်တွေ ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ပါ။

ယခုဆို စားသောက်ဆိုင်သစ်ရှေ့မှာ လူအုပ်ကြီးတစ်ခု ဖြစ်ပေါ်လာပါပြီ။

လူတွေက လက်ညှိုးတွေ ထိုးပြီး တီးတိုး ပြောဆိုနေကြလေပြီ။

… … …

All Chapters