← Chapters

တစ်ဦးချင်းတိုက်ပွဲ

Vol. 2 Ch. 24

တစ်ဦးချင်းတိုက်ပွဲ

Vol. 2 Ch. 24

လူတစ်ဦးသည် အသက်အန္တရာယ် ခြိမ်းခြောက် ခံနေရပါက ပုံမှန်ထက် လွန်ကဲသည့် စွမ်းရည်များ ရရှိလာတတ်ကြသည်။ အန်လင်းသည်လည်း ခြွင်းချက် မဟုတ်ပေ။

သူ့အနောက်ဘက် ဆီမှ စွမ်းအင် အများအပြားကို ခံစားမိသည့်အခါတွင် သူပေါက်ကွဲ ထွက်တော့သည်။

"ကြယ်စင် စောင့်ရှောက်သူ Lux ခင်ဗျာ.... ကျွန်တော့်ကို ချမ်းသာပေးပါ... ကျွန်တော်က ဘာမှမသိရပါဘူး..."

ယခင်က အန်လင်း၏ အသံသည် အော်သည့်အခါတွင် ၁၀၀ ဒယ်ဆီဘယ်သာ ရှိခဲ့သည်။ ယခုအခါတွင်တော့ သေခြင်းတရားက ခြိမ်းခြောက်နေသဖြင့် ၂၀၀ ဒယ်ဆီဘက်ထက် ကျော်လွန်သည်အထိ အော်ဟစ် လိုက်သည်။ (သာမန်လူသားများအတွက် ၂၀၀ ဒယ်ဆီဘယ်ထက် ကျော်လွန်အောင် အော်ဟစ်ရန်မှာ မဖြစ်နိုင်ပေ။)

ထိုသို့ပေါက်ကွဲခြင်း မရှိပါက ဘာဖြစ်လာမည် ဆိုသည်ကို မသိနိုင်ပေ။

"ဟမ်..." သူ့နောက်ရှိ မိန်းမပျိုသည် အနည်းငယ် အံ့ဩသွားပြီး သူမတောင်ဝှေးတွင် စုဝေးနေသည့် စွမ်းအင်များသည် လွင့်ပါး ပျောက်ကွယ်သွားသည်။

"ဒါ... ဒါက အလုပ်ဖြစ်တယ်ဟ..." အန်လင်းက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

သူ့နောက်ကျောမှ ဖိအားသည် လျော့ကျ သွားသည်ကို အန်လင်းက ခံစားမိသည်။ သူ့အား ချုပ်နှောင်ထားသည့် အလင်းများသည်လည်း ပျောက်ကွယ် သွားသည်။

မကြာမီတွင် သူ့အား တစ်စုံတစ်ဦးသည် အနောက်ဘက်မှ အသာအယာ တို့လာသည်ကို ခံစားမိသည်။

သူလှည့်ကြည့် လိုက်သည့် အခါတွင်တော့ အသက်ရှုရပ်မတတ် လှပလွန်းသည့် မိန်းမပျိုလေးသည်   မျက်မှောင်ကြုတ်ကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူ့အား သေချာစွာ စူးစမ်း လေ့လာနေသေးသည်။

"နင်ဘယ်သူလဲ... ငါ့ကို ကြယ်စင် စောင့်ရှောက်သူ Luxလို့ သိနေတယ်ပေါ့..." ထိုမိန်းမပျိုလေးသည် ငှက်မွှေး ၆ခု တောင်ဝှေးထိပ်တွက် ထိုင်ကာ ခေါင်းကို အသာ စောင်းလိုက်သည်။ လှပသည့် သူမ၏ ခရမ်းရောင် မျက်ဝန်းလေးများသည် အန်လင်းကို စူးစမ်းလိုစိတ် အပြည့်နှင့် ကြည့်နေသည်။

"ငါက အန်လင်းပါ... ကမ္ဘာမြေက လာခဲ့တာပါ... နင်က ငါဂိမ်းထဲမှာ မြင်ဖူးနေတဲ့ ကာရိုက်တာ တစ်ခုနဲ့ အတော်လေး တူနေတာကို တွေ့လိုက်ရလို့လေ... အဲဒါကြောင့် အော်လိုက်မိတာ..." အန်လင်းက ရိုးသားစွာ ဖြေလိုက်သည်။

"ကမ္ဘာမြေ..." သူမ မျက်ဝန်းများ လက်လာပြီးနောက် အန်လင်းအား လက်ညှိုးထိုးကာ "ဪ... ငါမှတ်မိပြီ... နင်က ငါတို့ကျောင်းရဲ့ နောက်ခံ အကောင်းဆုံး မရိုးဖြောင့်တဲ့ကျောင်းသား... အန်လင်း ပဲ..."

အန်လင်းက သူ့ခေါင်းကိုကုတ်ကာ ရယ်မောလိုက်သည်။ သူက ကျောင်းတော်မှာ အတော်လေး နာမည် ကျော်ကြားနေပုံ ရသည်။ ကဝေမငယ်တောင် သူနဲ့ သူ့ဂုဏ်ပုဒ်ကို သိနေပြီ မဟုတ်ပါလား။

သို့သော်လည်းပဲ ထိုဂုဏ်ပုဒ်ကို ကြားလိုက်သည့် ခါတိုင်းတွင် အာခေါင်ခြစ် အော်ဟစ်ပစ် လိုက်ချင်သည်။

ထိုမိန်းမပျိုလေးက တောင်ဝှေးပေါ်မှနေ ခုန်ဆင်း လိုက်ပြီးနောက် အန်လင်းဆီသို့ လမ်းလျှောက်လာသည်။ "League of Legends ဘယ်လို ဆော့ရတယ်ဆိုတာ နင်သိတယ်ပေါ့... ဟုတ်လား..." သူမက ရယ်ပြသည်။

အန်လင်းက ခေါင်းညိတ် လိုက်သည်။ သူကျောင်းတက်စဉ်တုန်းက အတန်းဖော်များနှင့် အမြဲဆိုသလို ကစားနေကျ ဖြစ်သည်။ နောက်ဆုံးရာသီတွင် သူက Diamond Tier အထိ ရောက်ရှိခဲ့သဖြင့် ထိုဂိမ်းတွင် အတော်လေး ကျွမ်းကျင်သူဟုပင် ဆိုရမည် ဖြစ်သည်။

“အာ... မိုက်တယ်...”

ထိုမိန်းမပျိုလေးသည် အလွန်အမင်း စိတ်လှုပ်ရှား လာပြီးနောက် မိုဘိုင်းဖုန်းကို ထုတ်ယူကာ အန်လင်းအား ပေးလိုက်သည်။

အန်လင်းက ကြီးမားလှသည့် မျက်နှာပြင်နှင့် ပန်းရောင်ဖုန်းကို ကြည့်ပြီးနောက် နေရာတွင်ပင် ကြက်သေ သေသွားတော့သည်။

“နင်က မိုဘိုင်းဖုန်း ဘယ်လို သုံးရတယ်ဆိုတာ မသိဘူးလား...” အန်လင်း၏ အံ့အား သင့်နေသည့် အမူအရာကြောင့် မိန်းမပျိုလေးက မေးလိုက်သည်။

“အာ... သိပါတယ်...” အန်လင်းက အသိပြန်ဝင် လာပြီးနောက် ဖုန်းကို ဖွင့်လိုက်သည်။

ကျင့်ကြံသူ တစ်ယောက်က သူ့အား မိုဘိုင်းဖုန်း ပေးလာသည်။

ထိုမြင်ကွင်းသည် ထူးဆန်းသည်ထက် ပိုလို့ပင် ထူးဆန်း နေသေးသည်။

“ပြောပါဦး... ငါ့ကို ဘာလို့ ဒီဖုန်းပေးရတာလဲ ဆိုတာ...” အန်လင်းက စဉ်းစား မရနိုင်အောင် ရှိနေသည်။

ထိုမိန်းကလေးက နောက်ထပ် ကြီးမားလှသည့် မျက်နှာပြင်နှင့် ပန်းရောင်ဖုန်း တစ်လုံးကို ထုတ်လိုက်ပြန်သည်။ “LoL မှာ တစ်ယောက်ချင်း တိုက်ကြတာပေါ့... နင်နိုင်ရင် သွားခွင့်ပေးမယ်...” သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

အန်လင်း : “…”

အန်လင်းက စိတ်ထဲမှနေ တသီတတန်းကြီး ကျိန်ဆဲလိုက်ပြီးနောက် အတော်လေး ဝေခွဲမရ ဖြစ်မိသည်။

ပြောစမ်းပါဦးဗျာ... ဒီမိန်းမက ကျင့်ကြံသူ အစစ်ရော ဟုတ်ရဲ့လား... သူက ကမ္ဘာမြေပေါ်က အင်တာနက်ကို အလွန်အမင်း စွဲလမ်းနေတာလို့ မပြောနဲ့နော်...

ပြီးတော့ ဘာ... LoL ကို ဖုန်းနဲ့ဆော့မယ်... ဟုတ်စ...

Arena of Valor မဟုတ်ဘဲ  League of Legends ဆိုတာကို ခင်ဗျားက သေချာရဲ့လား... ပြီးတော့ ကျင့်ကြံခြင်း ကမ္ဘာမှာ အင်တာနက် ရှိနေတယ်တဲ့လား... တစ်ခါမှတောင် မကြားဖူးပါဘူးဗျာ...

အန်လင်း အော်ဟစ် ပစ်လိုက်ချင်သည့် အကြောင်းအရင်းများစွာ ရှိသည်။ သို့‌သော်လည်း ကဝမငယ်၏ နိုင်လိုမင်းထက် ပြောဆိုမှုအောက်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ League of Legends icon ကိုသာ တိတ်တဆိတ် ထိလိုက်ဖို့သာပဲ ဖြစ်သည်။

သေချာတာပေါ့... ဂိမ်းထဲသို့ ဝင်လိုက်သည်နှင့် Arena of Valorက ကြိုဆိုလျက် ရှိနေသည်။

သူ့အကောင့်နာမည်မှာ “နှစ်လိုဖွယ်ပန်းသီးလေး” ဖြစ်သည်။

ဂိမ်းထဲသို့ ဝင်ရောက် ပြီးသည်နှင့် အကွက်တစ်ကွက် ပေါ်လာသည်။

“လှပသည့်ပန်းသီးလေး” က သင့်အား တစ်ဦးချင်း တိုက်ပွဲတွင် စိန်ခေါ်ထားသည်။

ထိုစိန်ခေါ်မှာသည် မိန်းမပျိုလေးဘက်မှ ပို့ထားသည်မှာ သိသာနေသည်။ အဲဒီတော့ ဒီဖုန်းက တကယ်ကြီး အင်တာနက် ချိတ်ဆက်လို့ ရတယ်ပေါ့...။

အန်လင်းမှာ အလွန် အံ့အားသင့်မိ တော့သည်။ “လက်ခံမည်” ကို ထိလိုက်သည့် နောက်တွင် ချန်ပီယံ ရွေးချယ်ခြင်းသို့ ဝင်ရောက်သွားသည်။

ထိုထဲသို့ ရောက်သည့် အခါတွင် အန်လင်းက ခေါင်းခြောက် သွားရတော့သည်။

သေလိုက်ပါတော့... Arena of Valorက ချန်ပီယံတွေက ဘာလို့ League of Legendsက ကောင်တွေ ဖြစ်နေရတာတုန်း...

ထိုအချိန်မှာပင် ဆံပင်ပန်းရောင် မိန်းမပျိုသည် အန်လင်းကို မှီလိုက်သည်။ "ဒီဖုန်းတွေက ဝေးဝေးမှာနေပြီး ဆော့မရဘူး... အကန့်အသတ်ရှိတယ်... ငါနဲ့နီးနီးကို လာခဲ့... အဲဒါမှ လိုင်း ပိုကောင်းလာလိမ့်မယ်..."

အန်လင်း : “…”

မျှော်လင့်ထားသလိုပင် ထိုဖုန်းသည် မှော်အတတ်ဖြင့် ပြုလုပ်ထားခြင်းပင်။ ထို့အပြင် ဒီဂိမ်းသည်လည်း မှော်အတတ်ဖြင့် စီရင် ထားခြင်းပင်။

သူမရဲ့ အရည်အချင်းက ငါစိတ်ကူးထားတာ ထက်တောင် သူလွန်နေသေးတယ်... သူမရဲ့ တီထွင်တတ်တဲ့ ဉာဏ်စွမ်းကို ချီးကျူး လိုက်သင့်သလား...

အန်လင်းက LeBlanc the Deceiver ကို ရွေးလိုက်သည်။ ကနဦးတွင် သူပိုကျွမ်းကျင်သည့် Riven the Exileကို ရွေးချင်ခဲ့သည်။ သို့ပေမဲ့လည်း ဒီဂိမ်း၏ ဖုန်းဗားရှင်းတွင် Q.A တွဲဖက်အသုံးက မည်သို့ ဖြစ်မည်မှန်း သူမသိချေ။

နှစ်ဦးစလုံး ရွေးချယ်ပြီးသည့် နောက်တွင် အန်လင်းကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တစ်ဦးချင်း တိုက်ပွဲ စတင်ပါပြီ။

နှစ်ဦးစလုံး ဧရာမ ကျောက်တုံးထိပ်တွင် ထိုင်ကာ ဖုန်းမျက်နှာပြင် များကိုသာ သည်းကြီးမည်းကြီး စိုက်ကြည့်နေကြပြီး သူတို့၏ လက်ချောင်းများသည် မျက်နှာပြင်ပေါ်တွင် ဒေါသတကြီး ဟိုဟိုဒီဒီ ရွေ့လျား နေကြသည်။

မိန်းမပျိုသည် Luxကို ရွေးချယ်ထားပြီး ကြယ်စင် စောင့်ရှောက်သူ ဝတ်စုံကိုပင် အသုံးပြုထားသည်။ သူမက ထိုဝတ်စုံကို အတော်လေး နှစ်ခြိုက်ပုံရသည်။

ကွန်ပျူတာဖြင့် ဆော့ကြမည် ဆိုပါက သူတို့ ရွေးချယ်ထားသည့် ချန်ပီယံများသည် တူညီနေဦးမည် ဆိုပါက စိန်ခေါ်သူ အဆင့်တွင် သူမ ရှိနေလျှင်တောင် အန်လင်းအနေဖြင့် အနိုင်ယူချေမှုန်းဖို့ ယုံကြည်ချက် ရှိမည် ဖြစ်သည်။ သူ့ချန်ပီယံသည် သူမချန်ပီယံအား ပင်ကိုယ်အားဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိနေသောကြောင့်ပင်။ (စိန်ခေါ်သူ အဆင့်သည် LoL တွင် အမြင့်ဆုံး ဖြစ်သည်။)

အခု အခါတွင်တော့ League of Legendsကို မိုဘိုင်းဗားရှင်းဖြင့် ဆော့နေရခြင်း ဖြစ်သည့်အတွက် သူ့ကိုယ်သူ ပြဿနာ မရှာရဲပေ။

ကံကောင်းစွာဖြင့် ဂိမ်းထဲရှိ စွမ်းရည်များသည် ပြောင်းလဲခြင်း မရှိသည့်အပြင် ချန်ပီယံများသည် တည်ငြိမ်စွမ်းရည် ၂ ခုနှင့် စွမ်းရည်အရှင် ၄ခု ရှိနေသေးသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ စွမ်းရည် အားလုံးသည် အရှင်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

တစ်ဦးချင်းပြိုင်ပွဲ၏ စည်းမျဉ်းမှာ တစ်ဖက်လူ၏ Nexusကို အရင်ဆုံး ဖျက်ဆီးနိုင်သူသည် အနိုင်ရသူ ဖြစ်သည်။

ထိုစည်းမျဉ်းသည် ရှည်ကြာသည့် တိုက်ပွဲတစ်ခု ဖြစ်မည်ကို ဆိုလိုနေသည်။ သို့ပေမဲ့လည်း အစောပိုင်း အဆင့်များတွင် အန်လင်းသည် အားသာချက် တစ်ခုမှ ရှိမနေပါ။

နှစ်မိနစ်ခန့် ကြာပြီးသည့် နောက်တွင်မှ ကွန်ထရိုးများနှင့် ကျွမ်းဝင်လာသည်။

ထိုကွန်ထရိုးများသည် Arena of Valor မှ ကွန်ထရိုးများနှင့် များစွာ ကွဲပြားခြင်း မရှိပေ။

လယ်ဗယ်၂ သို့ ရောက်သည့်အခါတွင် LeBlanc အား ရှေ့သို့တက်ကာ mana သုံးခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

Lady of Luminosity Lux ၏ E စွမ်းရည်သည် လမ်းကြောင်း လွဲသွားပြီး LeBlanc ၏ အနောက်တွင် ပေါက်ကွဲသွားသည်။

ထို့နောက် Luxသည် LeBlanc၏ Q.W တွဲဖက်အသုံးဖြင့် တိုက်ခိုက်ခံရကာ သွေး သုံးပုံ တစ်ပုံသာ ကျန်သည်အထိ လျော့ကျသွားသည်။

အန်လင်းက ပျော်ရွှင်စွာဖြင့် LeBlancအား နောက်ဆုတ်လိုက်သည်။ ထိုစွမ်းရည်ကို သုံးနေတုန်းမှာ သူက Lux ၏ သာမန်တိုက်ခိုက်မှု တစ်ချက်သာလျှင် ခံခဲ့ရသည်။

ဒီဟာက ငါ့အနိုင်ပဲ... သူက ရယ်လိုက်သည်။ ထို့နောက် သူ့သွေးကို ကြည့်လိုက်သည်။ ငါက သွေးသုံးပုံ တစ်ပုံပဲ လျော့ခဲ့တယ်...

ဘာ... သုံးပုံတစ်ပုံ...

အန်လင်း : “…”

ခဏလေးနေပါဦး... ငါက ပေါက်ကရတွေ မြင်နေမိတာလား... ငါ့သွေးက သုံးပုံနှစ်ပုံပဲ ဘာလို့ ကျန်နေရတာတုန်း...

အန်လင်းက မျက်တောင် ခပ်လိုက်သည်။ သူက အတော်လေး အံ့အားသင့်နေပြီ ဖြစ်သည်။

ထိုအချိန်တွင်ပင် သူက ရုတ်တရက် ဆိုသလို Lux ၏ A စွမ်းရည်ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ ထို့နောက်တွင် သူ့သွေးက သုံးပုံတစ်ပုံသာ ကျန်ရှိတော့သည်။

အန်လင်းစိတ်ထဲတွင် ကြောက်ရွံ့မှုတို့ ကြီးထွား လာကြသည်။ သူ့လက်ချောင်းများက တုန်ယင်စွာဖြင့် Lux ၏ အရည်အချင်းကို ဖွင့်ကြည့် လိုက်သည့်အခါ သူမ၏ အချက်အလက်များကြောင့် အန်လင်းသည် ထိတ်လန့်တကြား ဖြစ်မိတော့သည်။

အချက်အလက်များမှာ …

Attack Damage: ၆၅+၁၅၀

Magic Resistance: ၂၅+၁၅၀

အန်လင်းက အချက်အလက် အကွက်ကို ပြန်ပိတ်လိုက်သည်။ မျက်ရည်များ ဝဲတက်လျက် သူ့နံဘေးရှိ မိန်းမပျိုအား ကြည့်လိုက်သည်။ သူမသည် ဂိမ်းထဲတွင် လုံးဝကို နစ်မျောနေသည် ဖြစ်သည်။

ထိုအချိန်မှာပင် သူ၏ LeBlancသည် Lux၏ သာမန်တိုက်ခိုက်မှု နောက်တစ်ကြိမ် ခံလိုက်ရသည်။

"ပထမဆုံး သွေး"

ဂိမ်းထဲရှိ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ရေး..." မိန်းမပျိုက ကျယ်လောင်စွာ အော်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လက်သီးလက်မောင်း တန်းလိုက်သေးသည်။

ထို့နောက်တွင် သူမက အန်လင်း အမူအရာကို သတိပြုမိသဖြင့် သူနှင့် မျက်နှာချင်းဆိုင် လိုက်သည်။ "ဟမ်... နင်က ဘာလို့ ငါ့ကို ကြည့်နေတာလဲ... ငါက အတော်လေး လှတယ် ဆိုတာကို သိပါတယ်ဟယ်... ဒါပေမဲ့လည်း ကျေးဇူးပြုပြီး ဂိမ်းထဲကိုပဲ အာရုံ စိုက်ပေးပါနော်... စိတ်ဝင်စားမှု မရှိဘူးဆိုရင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့် သွားလိမ့်မယ်... ငါက မျှတတဲ့ တိုက်ပွဲ တစ်ပွဲကိုပဲ လိုချင်တာ..."

မျှတတဲ့ တိုက်ပွဲ ဟုတ်လား...

အန်လင်း နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာသည်။ သူက သတ္တိစုပြီးနောက် "ငါ့မှာ မေးစရာ တစ်ခုရှိတယ်... နင့် Lady of Luminosity  ရဲ့ အချက်အလက်တွေက ဘာလို့ အရမ်း..."

"ဪ... အဲဒါလား..." မိန်းမပျိုက တခစ်ခစ် ရယ်လိုက်သည်။ "ငါက Lux the Lady of Luminosityကို အရမ်း သဘောကျတာလေ... အဲဒါကြောင့် သူမကို “ဘုရားသခင်ရဲ့ ကောင်းချီး” အသုံးပြုထားတာ" သူမက ရှင်းပြသည်။

ထိုအဖြေကို ကြားလိုက်သည့်အခါ အန်လင်းက ခေါင်းကိုသာ ညိတ်ပြီး ဂိမ်းထဲ အာရုံ ပြန်စိုက်လိုက်သည်။

ထိုစကားလုံး နောက်ကွယ်က အနက်အဓိပ္ပါယ်ကို သူက ကောင်းကောင်းကြီး နားလည် သဘောပေါက်သည်လေ။ ထိုမိန်းမပျို ဆိုလိုသည်မှာ...

အေး... ငါက ခိုးထားတာ... အဲဒီတော့ နင်ဘာလုပ်ချင်တုန်း...

**

All Chapters