← Chapters

ဒီတိုက်ပွဲကြောင့် နာမည်ကြီးလာတယ်

Vol. 58 Ch. 795

ဒီတိုက်ပွဲကြောင့် နာမည်ကြီးလာတယ်

Vol. 58 Ch. 795

“ဒီနေရာကို ရောက်လာတဲ့သူတွေထဲက လူတစ်မျိုးကိုပဲ မင်း အထူးအာရုံစိုက်ရမယ်”

မီးလျှံဂြိုလ်သခင်က စုမင်ကို သတိပေးလိုက်သည်။

“ငါသင်ပေးတဲ့ပုံရိပ်ဝါးမျိုတဲ့စွမ်းရည်နဲ့ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကနဦးအဆင့်ရှိသူကိုပဲ သတ်နိုင်မယ်..ကျင့်နန်ကျစ်လို လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ရှိသူကိုတော့ ခက်ခက်ခဲခဲခဲတိုက်ယူရမယ်..လောကမှော်ယာဉ်ပျံနယ်ပယ်နှောင်းပိုင်းအဆင့်ရှိသူဆိုရင်တော့ မင်း သေချာပေါက်သေလိမ့်မယ်...”

“အဲဒီလူတွေထဲမှာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ သုံးဆယ့်ခုနှစ်ယောက်ရှိတယ်..အဲဒီထဲက သုံးဆယ့်ခြောက်ယောက်က အသူရာနတ်ဘုရားနယ်ပယ်ကနဦးအဆင့်မှာရှိနေပေမဲ့ ကျန်တစ်ယောက်ကတော့ အသူရာနတ်ဘုရားနယ်ပယ်အလယ်အလတ်အဆင့်မှာရောက်နေပြီ..အဲဒီလူကို သတိထားရမယ်”

“သူ့မှာ မင်းကို ထောင်ချောက်ဆင်နိုင်တဲ့ စွမ်းအားရှိတယ်...မင်း ပိတ်မိသွားရင် မင်းရဲ့ လှုပ်ရှားသွားလာနိုင်စွမ်း ဆုံးရှုံးလိမ့်မယ်...ဒီလို ရာနဲ့ချီတဲ့လူတွေကိုတွေ့ရရင် မင်းတော့ အသက်ရှင်မှာ မဟုတ်ဘူး..”

စုမင်က လေထုထဲတွင် ရပ်နေပြီး

သူ့လက်ထဲမှခေါင်းပြတ်ကို လွှတ်ပစ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ သူ့ဆီသို့ ဦးတည်နေသောအလင်းတန်းရှည်များကို

မျှော်ကြည့်မိသည်။ သူ့မျက်လုံးများက တည်ငြိမ်နေသော်လည်း မကြာမီ သတ်ဖြတ်လိုစိတ်များ အစားထိုးဝင်ရောက်သွားလေသည်။

“မဟာလောကကြီးလေးခုကပေးအပ်တဲ့ဆုကြေးတွေက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူတွေနဲ့လောကမှော်ယာဉ်ပျံနယ်ပယ်ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်..သူတို့က လောကအမြုတေကျောက်တုံးတွေကို အရမ်းမက်မောနေကြတာ..ဒါပေမဲ့ လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်ရှိသူတွေအတွက်တော့ သူတို့ရဲ့လောကက မဟုတ်တဲ့အမြုတေကျောက်တုံးတွေကိုအသုံးပြုတဲ့အခါ ကျောက်တုံးတွေရဲ့တွန်းကန်အားကိုခံရလိမ့်မယ်...”

“ပြီးတော့ လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ရှိသူတွေက ဒီအားကိုသိပ်ဂရုမစိုက်ကြဘူး..ဘာလို့ဆို သူတို့က ကျောက်တုံးတွေက ပိုးစုန်းကြူးအလင်းရောင်သာသာရတယ်ဆိုရင်..အလယ်လတ်ရှိသူတွေက တောက်ပတဲ့လရဲ့အလင်းရောင်ကို ရကြတယ်..”

“လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ရှိသူတွေကတော့ ကွဲပြားတယ်. လောကအမြုတေကျောက်တုံးတွေများမှ တွက်ခြေကိုက်မယ်..ဒါပေမဲ့ ကျောက်တုံးအရေအတွက်နည်းရင် သူတို့အတွက် အကျိုးသက်ရောက်မှုသိပ်မရှိဘူး...”

“ပြီးတော့ လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲရှိတယ်..သူ ဒီနေရာကိုလာတဲ့အကြောင်းရင်းတော့ ရှိရမယ်..”

မီးလျှံဂြိုလ်သခင်က တည်ငြိမ်စွာ ရှင်းပြသည်။

“အချိန်ကြာလာတာနဲ့အမျှ မဟာလောကကြီးလေးခုက ဆုလာဘ်တွေ တိုးပေးနေတာလား...”

စုမင်က လေပြင်းသမုဒ္ဒရာထဲသို့ ဆက်သွားရင်း သူ့စိတ်ထဲရှိစကားများကိုမီးလျှံဂြိုလ်သခင်ထံသို့ ပေးပို့လိုက်သည်။

“အဲလိုဖြစ်နိုင်ချေများတယ်...”

စုမင်က ဆက်မပြောတော့ပေ။ သူ၏ ခန္ဓာကိုယ်က လေထဲတွင် ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် အလင်းတန်းရှည်များက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး အဆုံးမဲ့လှိုင်းဂယက်များကို လှုံ့ဆော်ပေးနေသည်။

ဤနေရာသို့ လာရောက်သူများလွန်းလာသောကြောင့် လေပြင်းပင်လယ်က တဒုန်းဒုန်း တုန်လှုပ်လာသည်။ မြောက်မြားစွာသောလူများက စုမင်၏တည်ရှိမှုကို ခံစားသိရှိနိုင်ကြသည်။ ထို့နောက် သူတို့က စုမင်ရှိရာသို့ အရပ်ရပ်မှ တိုးဝင်သွားလေသည်။ ထိုအခါ ဆူညံသောပေါက်ကွဲသံများ ထွက်ပေါ်လာပြီး

လေထဲတွင် ပဲ့တင်ထပ်နေသည်။

စုမင်က လေပြင်းသမုဒ္ဒရာတွင် ရပ်နေသည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သွေးနီရောင်လှံရှည်က ချက်ချင်းပင် ရုပ်လုံးပေါ်လာသည်။ သူ လှံကို ဖမ်းဆုပ်လိုက်စဉ်

ရေခဲပမာအအေးဓာတ်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။

သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လေထုကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်။ သူ့လက်ထဲတွင် သွေးနီရောင်ဓားတစ်ချောင်း ပေါ်လာသည်။ စုမင်က ဓါးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားစဉ် သူ့ခန္ဓာကိုယ်မှအအေးဓာတ်က ပိုပို၍ ထူထဲလာသည်။

သူ့ဘယ်ဘက်လက်တွင် ဓါးနှင့် ညာဖက်လှံကိုကိုင်လျက်၊ သူ၏ဝတ်ရုံနီနှင့် မီးခိုးရောင်ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်ခတ်နေလေသည်။ ရာနှင့်ချီသောအလင်းတန်းရှည်များက လေပြင်းသမုဒ္ဒရာထဲသို့ ပြေးဝင်လာသောအခါ စုမင်က တုပ်တုပ်မှ မလှုပ်ပေ။ သူက အလင်းတန်းရှည်များကိုကြည့်ရင်း သူ့ကိုယ်ကိုဝန်းရံထားသော နကျယ်ကောင်၏တည်ရှိမှုကို ခံစားလိုက်ရသည်။

“သူက ဟိုမှာဟေ့...”

“သူက ဟိုမှာရပ်နေပြီး လှုပ်တောင်မလှုပ်ပါ့လား... ကြောက်လွန်းလို့ရူးကြောင်ကြောင်ဖြစ်သွားတာလား...”

“သူက လေပြင်းသမုဒ္ဒရာရဲ့ စွမ်းအားချေးငှားချင်ပေမဲ့..တစ်ချိန်တည်းမှာပဲ လေပြင်းသမုဒ္ဒရာက ငါတို့ကိုအားနည်းစေရုံတင်မကဘူး..သူ့ကိုပါ အားနည်းစေတယ်...”

အလင်းတန်းရှည်များက ရှေ့သို့နီးကပ်လာသော်လည်း စုမင်၏ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများ ရုတ်တရက် ပြန့်ကျဲလာသည်။ စုမင်၏တောင်းဆိုမှုအရ မီးလျှံဂြိုလ်သခင်က တစ်ဖန်နေရာပြောင်းရွေ့လိုက်သည်။

စုမင်က ကျယ်လောင်သောအော်သံနှင့်အတူ စွမ်းအားလှိုင်းလုံးများကြားထဲတွင်

ပျောက်ကွယ်သွားသည်။

နီးကပ်လာသည့် ရာနှင့်ချီသောလူများက စုမင်ကို မျက်ခြေပျက်သွားလေသည်။

“ဟမ်.. သူပျောက်သွားတာလား...”

“ငါတို့က လေပြင်းပင်လယ်မှာ ကိုယ်မဖျောက်နိုင်ပေမဲ့ သူကတော့ လုပ်နိုင်တယ်..သူ့မှာ အဖိုးတန်ရတနာတွေ ရှိနေတာလား...”

“သေချာတာပေါ့.. ငါတို့ နည်းနည်းတော့ ဒုက္ခခံရမယ်..ဒါပေမဲ့ သူ့နောက်ကို ရာနဲ့ချီတဲ့လူတွေလိုက်နေတာဆိုတော့ သူဘယ်လိုပြေးပြေး မလွတ်မြောက်နိုင်ဘူး...”

“မှန်တယ်... လေပြင်းသမုဒ္ဒရာထဲမှာ သူ့ကိုအရင်ဆုံးတွေ့တဲ့သူကတော့ ကံကောင်းတာပေါ့..အနည်းဆုံးတော့ ငါတို့လို ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူတွေအတွက် သူ့ကို သတ်နိုင်ချေရှိတာပေါ့..”

ရာနှင့်ချီသောလူများက သူတို့၏ အတွေးအမြင်များကို အပြန်အလှန် ပေးပို့ခဲ့သည်။ ထို့နောက် သူတို့က လေပြင်း သမုဒ္ဒရာတစ်ခွင်လုံး တင်းကျပ်ပြီး ဂရုတစိုက်ရှာဖွေမှုကို စတင်ခဲ့ကြသည်။ ဤသည်မှာ ကျရှုံးနိုင်ခြေမရှိသော အမဲလိုက်ခြင်းဖြစ်ပြီး အန္တရာယ်အဆင့်မှာ

မမြင့်မားပေ။

ထိုဆုလာဘ်များမှာလဲ အလွန်ဆွဲဆောင်မှုရှိ၏။

ထိုအချိန်တွင် စုမင်က လေပြင်းသမုဒ္ဒရာမျက်နှာပြင်တစ်နေရာတွင် ပြန်ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်တွင် မမြင်နိုင်‌သောမီးတောက်များ ဝန်းရံနေလေသည်။ ထိုမီးတောက်များက မီးလျှံဂြိုလ်သခင်ဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။

“မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ရဲ့နတ်ဘုရားအာရုံနဲ့ဖုံးလွှမ်းထားတယ်..ဒါက မင်းရဲ့တည်ရှိမှုကို သွေးနီရောင်ပုလဲရဲ့မြင်ကွင်းကနေ ခြောက်နာရီလောက် ပျောက်ကွယ်သွားစေနိုင်တယ်..မင်းက ဒီခြောက်နာရီအတွင်းမှာ ထွက်ပြေးမှာလား..လူသတ်မှာလား...”

မီးလျှံဂြိုလ်၏အသံက စုမင်၏ခေါင်းထဲတွင် ပဲ့တင်ထပ်သွားလေသည်။

စုမင်က စကားပြန်မပြောပေ။ လေပြင်းသမုဒ္ဒရာက လူတိုင်း၏အမြင်အာရုံကို ပိတ်ဆို့ကာ ဤနေရာကို မှောင်မိုက်သောလောကအဖြစ် ပြောင်းလဲခဲ့သည်။ မှောင်မိုက်သောလေပြင်းသမုဒ္ဒရာတွင် စုမင်က မုဆိုးဖြစ်ပြီး ရာနှင့်ချီသောကျင့်ကြံသူများက သူ့သားကောင်ဖြစ်၏။

“နောက်ထပ် လိုက်လာတဲ့သူတွေ ရှိအုံးမှာပဲ.. အနာဂတ်မှာ ငါ့နောက်လိုက်မဲ့သူတွေကို ခြိမ်းခြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီတိုက်ပွဲကို အသုံးချပြီးကြီးမားတဲ့ထိုးနှက်ချက် ပေးရမယ်.. ငါ နာမည်ကြီးလာတဲ့အထိ လူသတ်ပစ်မယ်..လောကကြီး နီရဲသွားတဲ့အထိသတ်ပစ်မယ်...”

“ဒီတိုက်ပွဲကို ငါအနိုင်ရရမယ်.. ငါ ကြီးကျယ်ခမ်းနားစွာ အနိုင်ယူရမယ်.. ဒီတိုက်ပွဲက ငါ့ရဲ့စွမ်းအားနဲ့ ကျော်ကြားမှု ဖြစ်လာစေတဲ့တိုက်ပွဲဖြစ်လိမ့်မယ်...”

“ဒီတိုက်ပွဲမှာ ငါနာမည်ကြီးလာလိမ့်မယ်..”

စုမင်၏ မျက်လုံးများက တလက်လက် တောက်ပလာ၏။ ဤအချိန်တိုလေးအတွင်း သွေးနီရောင်ပုလဲက စုမင်ဧ။်တည်နေရာကို ရှာမတွေ့သောကြောင့် သူက တစ္ဆေတစ်ကောင်လို ခပ်လှမ်းလှမ်းတွင် ပေါ်လာသည်။ထိုစဥ် လေထုကိုဖြတ်သန်း၍ အရှိန်တင်လာသော အလင်းတန်းရှည်တစ်ခုရှိ၏။ ထိုအလင်းတန်းရှည်အတွင်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးရှိသည်။ သူမက ပိန်ပါးပြီး သူမ၏စွမ်းအားက ကောင်းကင်ဘုံနယ်ပယ်အထွတ်အထိပ်တွင် ရှိနေသည်။သူမက ရှေ့သို့ နီးကပ်လာသောအခါအနက်ရောင် မြူခိုးများက သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ကို ဝန်းရံထားသည်။ သူမ၏အသွင်အပြင်က ကောက်ကျစ်ယုတ်မာပုံပေါ်နေသည်။

သူမက စုမင်ကို မြင်လိုက်ရစဉ် သူမမျက်လုံးထဲတွင် ဝမ်းသာပီတိဖြစ်မှုများချက်ချင်းပေါ်လာလေသည်။

“အဲဒါ...သူပဲ..”

သူမ၏ရင်ခွင်ထဲရှိ သွေးနီရောင်ပုလဲက

အနီရောင်အလင်းတန်းဖြင့် ချက်ချင်းလင်းလက်သွားသည်။မီးလျှံဂြိုလ်သခင်၏မြင့်မြတ်သောစွမ်းရည်ကြောင့် သွေးနီရောင်ပုလဲများက စုမင်ကို ရှာဖွေရာတွင် ခက်ခဲနိုင်လေသည်။ သို့သော် စုမင်က ပုလဲများနှင့် နီးကပ်လာပါကသူ၏တည်ရှိမှုကို လုံးလုံးလျားလျား ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

“’သူထွက်မပြေးဘူးပဲ..ငါ ဒီလိုအခွင့်အရေးမျိုးနဲ့တွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိဘူး...ငါသူ့ကိုသတ်ရင် ဆုလာဘ်တွေ ရနိုင်လိမ့်မယ်’

သက်လတ်ပိုင်းအမျိုးသမီးက

အံ့သြဝမ်းသာစွာဖြင့် သူမ၏ညာလက်ကို မြှောက်လိုက်သည် ။ သူမကိုဝန်းရံထားသောအနက်ရောင်မြူခိုးများက ကျားတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ကျားကြီးက ဟိန်းဟောက်သံနှင့်အတူ စုမင်ဆီသို့ ဦးတည်သွားသည်။

“သေစမ်း...”

“မင်းကသေသင့်တဲ့သူပဲ...”

စုမင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ စုမင်၏အရှိန်က အဆပေါင်းများစွာ တိုးလာပြီး အနက်ရောင်မြူခိုးကျားကြီးထဲကို တိုးဝင်သွားလေသည်။

“မဖြစ်နိုင်ဘူး...မဟာမြေကြီးနယ်ပယ်ကျင့်ကြံသူက ဒီလိုအမြန်နှုန်း မရနိုင်ဘူး..”

သက်လတ်ပိုင်းအမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားလေသည်။ ကျားနက်မှတစ်ဆင့် သူမ၏စွမ်းရည်များ ပျက်ယွင်းသွားသည်ကို တွေ့လိုက်ရပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။ သူမက စူးစူးဝါးဝါးအော်ဟစ်လိုက်သောအခါ စုမင်က သူမ၏

ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည်။

စုမင်က သက်လတ်ပိုင်းအမျိုးသမီး၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။ သူ့ဘယ်လက်ရှိဓါးမှ သွေးတစ်စက်စက်ကျလာပြီး သွေးလမ်းကြောင်းများ ချန်ရစ်ခဲ့သည်။

“သူမ မသေခင် ငယ်သံပါအောင်မအော််ခဲ့ဘူး...ဒါက တခြားသူတွေကို ခြိမ်းခြောက်ဖို့ မလုံလောက်ဘူး..”

စုမင်၏အမူအရာမှာ အေးစက်မည်း မှောင်သွားလေသည်။ သူ့ခေါင်းကို နောက်ပြန်လှည့်မကြည့်ဘဲ အဝေးသို့ အရှိန်တင်လိုက်လေသည်။ ခဏအကြာတွင် စူးစူးဝါးဝါးနာကျင်သံက လေထဲတွင် ပျံ့လွင့်လာသည်။ ထိုအသံတွင် ဝမ်းနည်းမှုနှင့်မယုံကြည်နိုင်မှုများ ရှိနေပြီး နေရာအရပ်ရပ်သို့ ရွေ့လျားသွားလေသည်။

“ဟာ.. နှစ်ယောက်သေသွားပြီလား..”

“လူနှစ်ယောက်တောင်... သူတို့က ကောင်းကင်ဘုံနယ်ပယ်ကနဦးအဆင့်မှာ ရှိတယ်...အဲဒီ ရာဇဝတ်ကောင်မှာ သူ့ကိုကူညီပေးနေတဲ့ရတနာတစ်ခု ရှိလိမ့်မယ်..သူ ထွက်ပြေးလာရင်း အားနည်းတဲ့လူနှစ်ယောက်နဲ့ ကြုံကြိုက်မိတာပဲဖြစ်မယ်...”

“လူတွေသေတာတော့ ပုံမှန်ပဲ၊ ဒါပေမဲ့ သူ ငါနဲ့တွေ့ရင်တော့ သေတဲ့သူက သူပဲဖြစ်ရမယ်”

လေပြင်းသမုဒ္ဒရာထဲရှိ ရာနှင့်ချီသောလူများက သိပ်ဦးနှောက်အခြောက်မခံကြပေ။ သူတို့က အော်ဟစ်သံများပေါ်လာသော လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။

အထူးသဖြင့် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများအတွက် အဆင်ပြေလေသည်။ သူတို့၏ အမူအရာများက ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ သူတို့က အမြန်ဆုံး ခရီးဆက်ကြပြီး အော်သံလာဂာလမ်းကြောင်းဆီသို့ လျင်မြန်စွာနီးကပ်လာကြသည်။

ထိုအချိန်တွင် နာကျင်စွာအော်ဟစ်သံက လေထုထဲတွင် ထွက်ပေါ်လာသည်။ သိပ်မကြာခင်မှာပဲ နောက်ထပ်အော်သံသုံးသံက အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ အမွှေးတစ်တိုင်စာအချိန်ကြာပြီးနောက် နာကျင်စွာအော်ဟစ်သံသုံးဆယ်ကျော်မှာ လေပြင်းသမုဒ္ဒရာတွင် ထွက်ပေါ်လာခဲ့သည်။

ကျယ်လောင်သောအော်ဟစ်သံများကိုကြည့်လျှင် ပိုင်ရှင်များက မသေဆုံးမီ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကိစ္စများကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။

နောက်ဆုံးတော့ လေပြင်းသမုဒ္ဒရာထဲရှိ လိုက်ဖမ်းသူများကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

“သုံးဆယ့်တစ်... လူပေါင်းသုံးဆယ်ကျော် သေသွားတယ်”

“အမွှေးတစ်တိုင်စာကုန်တဲ့အချိန်အတွင်းမှာ လူသုံးဆယ်ကျော်တောင်သေသွားပြီ..အော်သံကြားတဲ့နေရာကိုရောက်တိုင်း

အလောင်းတွေပဲ တွေ့တယ်..ရာဇဝတ်ကောင်ကိုတော့ ရှာမတွေ့ဘူး..”

“အဲဒီလူက မဟာမြေကြီးနယ်ပယ်ကျင့်ကြံဆင့်မကလောက်ဘူး...”

“ဒါပေမဲ့ သူသတ်ခဲ့တဲ့သူတွေအားလုံးက ကောင်းကင်ဘုံနယ်ပယ်ကနဦးအဆင့်မှာ ရှိတယ်..ဒါကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းတော့ မမြင့်လောက်ဘူး...”

တစ်နာရီကြာပြီးနောက် နာကျင်စွာအော်ဟစ်သံများ မရပ်မနား ဆက်တိုက်

ထွက်ပေါ်လာခဲ့သည်။ စုမင်က လေပြင်းသမုဒ္ဒရာပြင်ကို လှည့်ပတ်သွားလာခဲ့သည်။ ထို့နောက် အနီရောင်လှံရှည်ကကောင်းကင်ဘုံနယ်ပယ်အထွတ်အထိပ်ကျင့်ကြံသူ၏ရင်ဘတ်ကို နဂါးတစ်ကောင်ကဲ့သို့ စိုက်ဝင်သွားလေသည်။

“ဗုန်းးးးးး...”

ကောင်းကင်ဘုံနယ်ပယ်ရှိအဖိုးအို၏မျက်နှာတွင် မယုံကြည်မှုများနှင့် ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။ သူ့အခြေတည်နတ်ဘုရားလဲ လုံးဝပျက်စီးသွားခဲ့သည်။ သွေးနီရောင်လှံရှည်က ကွဲအက်နေသော ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး လေထဲသို့ ပေထောင်ပေါင်းများစွာ ဝေးလံစွာ ခရီးဆက်ခဲ့သည်။ စုမင်က ဖျတ်ခနဲပေါ်လာပြီး ထိုလှံရှည်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူက လှံနှင့်အတူ လေပြင်းသမုဒ္ဒရာထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

မကြာခင်မှာ ဆူညံသံများ ထပ်မံထွက်ပေါ်လာပြီး ဒါဇင်နှင့်ချီသောလူများ ရောက်ရှိလာသည်။ သူတို့က ရေမျက်နှာပြင်ပေါ်ရှိ အလောင်းများကို မြင်လိုက်ရ၏။သူတို့၏ အမူအရာများ ပျက်ယွင်းသွားပြီး သူတို့၏စိတ်နှလုံးမှာလဲ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။

“လူ ရှစ်ဆယ့်သုံးယောက်.. သူက နှစ်နာရီအတွင်း လူ ရှစ်ဆယ့်သုံး ယောက်ကို သတ်နိုင်ခဲ့တယ်...”

“သူ့ကိုယ်သူ မုဆိုးတစ်‌ယောက်လိုထင်ပြီး

ကျုပ်တို့အားလုံးကို သားကောင်လိုဆက်ဆံနေတာပဲ..”

တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက်တွင် လူဒါဇင်ပေါင်းများစွာက လျင်မြန်စွာ ဖြန့်ကျက်ထွက်ခွာသွားကြသည်။ တစ်ချိန်တည်းမှာပင် နှစ်နာရီကြာချိန်အတွင်း သတ်ဖြတ်မှုများကြောင့် ပင်လယ်ပြင်တွင် သွေးနီရောင်လွှမ်းသွားလေသည်။

မည်သူမှ သေဆုံးသူများအကြောင်းကို မပြောတော့ပေ။ နှစ်နာရီအတွင်း လူရှစ်ဆယ်သေဆုံးသွားပြီးနောက် အသက်ရှင်နေသေးသူများ၏ လှောင်ပြောင်မှုနှင့် ယုံကြည်မှုတို့က မှိန်းဖျော့သွားခဲ့သည်။

“လူအယောက်ကိုးဆယ်...”

စုမင်၏ဝတ်ရုံက သွေးများဖြင့် စိုရွှဲနေသည်။ သူက လေပြင်းသမုဒ္ဒရာတွင် လှည့်ပတ်သွားလာရင်း သူ့မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူ့ပုံစံက တည်ငြိမ်နေပုံရသော်လည်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေ၏။

‘ဒီတိုက်ပွဲမှာ ငါ့ကိုလိုက်ရှာသူအားလုံး... ငါသတ်ချင်ရင် သူတို့ပေးရမဲ့ အဖိုးအခကို သိစေရမယ်....’

All Chapters